Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, February 12, 2016

ထိုအပြုံး

ထိုအပြုံး
=======
ပြင်သစ်စာရေးဆရာ အန်တွိုင်း ဆန်တက်ဇူပေရီ၏`မင်းသားလေး´(The Little Prince) ၀တ္ထုကို စာသမားအတော်များများသိကြပါသည်။ကလေးများအတွက် နှစ်ခြိုက်ဖွယ်ပုံပြင်တစ်ပုဒ်ဖြစ်သကဲ့သို့ လူကြီးများအတွက် အတွေးပွားစေသော စာတစ်အုပ်လည်းဖြစ်ကြောင်း ဖတ်မိသူတို့လေးစားသိမှတ်ခဲ့ကြပါသည်။
`မင်းသားလေး´ကိုသိသော်လည်း ဆန်တက်ဇူပေရီ၏ အခြားဝတ္ထုတို - ရှည်များကိုကား သိသူနည်းလှပါသည်။


ဆန်တက်ဇူပေရီသည် တိုက်လေယာဉ်မှူးတစ်ယောက်ဖြစ်၍ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့နှင့်တိုက်ခိုက်စဉ် ကျဆုံးသွားခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်မတိုင်မီကလည်း သူသည်စပိန်ပြည်တွင်းစစ်တွင် ဖက်ဆစ်များအား ဆန့်ကျင်သည့်ဘက်က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ပွဲကာလ သူ့အတွေ့အကြုံတစ်ရပ်ကို မူတည်၍`ထိုအပြုံး´(The Smile)အမည်ရှိ ၀တ္ထုတစ်ပုဒ် ရေးခဲ့သည်။ ၄င်းဝတ္ထုလေးအကြောင်း ကျွန်တော် ယခုပြောလိုပါသည်။`ထိုအပြုံး´ကိုသူသည် ကိုယ်တွေ့ဖြစ်ရပ်တစ်ခုအနေဖြင့်ရေးသည်လား၊ ၀တ္ထုတစ်ပုဒ်အဖြစ် ဖန်တီးခဲ့ခြင်းလား ကျွန်တော်မခွဲခြားတတ်ပါ။ သို့သော် ဖြစ်ရပ်မှန်ဟူ……ပဲ ကျွန်တော်ယူခဲ့ပါသည်။

၎င်းစာ၌ ဆန်တက်ဇူပေရီက……….
သူ့အား ရန်သူတို့ဖမ်းမိသွားပြီး အချုပ်ခန်းတစ်ခုထဲထည့်ထားလိုက်ကြောင်း၊ ဖမ်းဆီးချုပ်နှောင်သူတို့၏ စက်ဆုပ်မုန်းတီးပုံရသောအကြည့်နှင့် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပုံများအရ နောက်နေ့မှာတော့ သူ့အား သတ်မှာမုချဟု သူယူဆခဲ့ကြောင်း ရေးပါသည်။
သည့်နောက် သူဆက်လက်ရေးသားပုံကို ကျွန်တော်မှတ်မိသလိုပြန်ပြောပြပါမည်။

ငါ့ကို သတ်ကြတော့မှာမုချဟု ကျွန်တော်သိနေပြီ၊ လူကအကြီးအကျယ် တုန်လှုပ်ချောက်ချားကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာသည်။ အိတ်တွေထဲ လျှောက်နှိုက်ကာ စီးကရက်တစ်လိပ်တလေများ သူတို့ရှာတုန်းကမတွေ့ဘဲ ကျန်ရစ်လေမည်လားဟု စမ်းကြည့်မိသည်။ ကံအားလျော်စွာ တစ်လိပ်ရသည်။ သို့သော် လက်တွေအကြီးအကျယ်တုန်နေသဖြင့် စီးကရက်ကို နှုတ်ခမ်းမှာပင် ကောင်းစွာတပ်၍မရချင်။ ဆေးလိပ်ရပြန်တော့ မီးခြစ်ကလိုလာပြန်သည်။ မီးခြစ်လည်းသူတို့ယူသွားသဖြင့် မရှိတော့။
ကျွန်တော့်အား စောင့်ကြပ်နေသူကိုသံတိုင်ကြားမှနေ၍ ကြည့်မိသည်။သူက ကျွန်တော်နှင့်မျက်လုံးချင်းမဆိုင်။ သေသူတစ်ယောက်နှင့် ဘယ်သူမျက်လုံးချင်းဆိုင်ချင်မည်လဲ။`မီးခြစ်ရှိရင် တစ်ဆိတ်လောက်ဗျာ´ ကျွန်တော် လှမ်း၍ပြောလိုက်သည်။ သူ ကျွန်တော့်ကို လှမ်းကြည့်ပြီး ပခုံးတစ်ချက်တွန့်ကာ စီးကရက်မီးညှိပေးရန် လျှောက်လာသည်။
သူအနားကပ်ပြီးမီးညှိပေးနေစဉ် အမှတ်မထင်သူနှင့်ကျွန်တော် မျက်လုံးချင်းဆိုင်မိသည်။ အဲသည်အခိုက် ကျွန်တော်ပြုံးပြလိုက်သည်။ ဘာကြောင့် ပြုံးပြမိသလဲ ကျွန်တော့်ဘာသာမသိ။ ကျွန်တော် စိတ်ဂနာမငြိမ် ဖြစ်နေတာကြောင့်လည်းဖြစ်နိုင်သည်။ ဒါမှမဟုတ် လူတစ်ယောက်နှင့်တစ်ယောက် အဲသည်လောက်နီးကပ်နေသည့်အခါမျိုးမှာ ပြုံးမပြနိုင်ဘဲ မနေနိုင်တာလားမပြောတတ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပြုံးပြလိုက်မိသည်။ အဲသည့်အခိုက်အတန့်မှာ သူ့နှလုံးသားနှင့်ကျွန်တော့်နှလုံးသားကြား တစ်နည်းပြောရသော် ကျွန်တော်တို့လူသားဝိညာဉ်နှစ်ခုအကြား လျှပ်စစ်ဝါယာနှစ်ခု ပူးမိသည့်အခါမှာဖြစ်သလို မီးပွားတစ်ခုခုန်ကူးသွားသည်ဟု ထင်လိုက်ရသည်။ သူ့မှာ နဂိုမူလက ကျွန်တော့်အား ပြန်လည်ပြုံးပြရန် ဆန္ဒမရှိဆိုတာ ကျွန်တော်သိသည်။ သို့သော် ကျွန်တော့်အပြုံးက သံတိုင်များကြားမှနေ၍ သူ့ထံခုန်ကူးသွားပြီးသည့်နောက်တွင် သူ့နှုတ်ခမ်းပေါ်၌လည်းအပြုံးတစ်ခုပေါ်လာသည်။ သူကကျွန်တော့်စီးကရက်ကို မီးညှိပေးပြီးနောက် အနားမှခွာမသွားသေးဘဲ ကျွန်တော့်မျက်လုံးများကို စူးစိုက်စွာပင်ကြည့်ကာ ပြုံး၍နေသည်။
ကျွန်တော်လည်း သူ့ကိုဆက်၍ပြုံးကြည့်နေသည်။သူသည် အချုပ်ထောင်စောင့်တစ်ယောက်မဟုတ်တော့၊သူကိုလူတစ်ယောက်အဖြစ် ကျွန်တော်မြင်နေပြီ၊ ကျွန်တော့်ကို သူကြည့်ရှုပုံ၌လည်း အဓိပ္ပာယ်သစ်တွေပါလာပြီ။ `ခင်ဗျားမှာ သားသမီးရှိလား´သူကမေးသည်။
`ရှိပါတယ်ခင်ဗျ၊ ဟောဒီမှာ ဟောဒီမှာ´ ကျွန်တော် ပျာပျာသလဲ ပိုက်ဆံအိတ်ကိုဖွင့်ကာ ကျွန်တော့် မိသားစုဓာတ်ပုံကို ထုတ်ယူပြီး သူ့အားပြသည်။ သူလည်း သူ့ကလေးများဓာတ်ပုံတွေထုတ်လာကာ သည်ကလေးတွေနှင့်ပတ်သက်သည့် သူ့အစီအစဉ်များ၊ စိတ်ကူးများ၊ သူတို့အတွက် မျှော်မှန်းထားသည်များကိုပြောပြနေသည်။ တဖြည်းဖြည်း ကျွန်တော့်မျက်လုံးထဲမှာ မျက်ရည်တွေအိုင်လာသည်။ ကျွန်တော့်မိသားစုကို ကျွန်တော်မတွေ့ရတော့မှာ စိုးရိမ်ထိတ်လန့်လှကြောင်း၊ သည်ကလေးတွေကြီးပြင်းအောင် စောင့်ရှောက်နိုင်ခွင့်မရှိတော့မှာ ပူပန်နေသည့်အကြောင်းများ ကျွန်တော်ပြောမိသည်။ ကျွန်တော့်စကားတွေနားထောင်ရင်း သူ့မျက်လုံးမှာလည်း မျက်ရည်တွေရစ်ဝဲလာသည်။
သည့်နောက်မှာမူ ဘာစကားတစ်ခွန်းမှမပြောဘဲ သူကရုတ်တရက် ကျွန်တော့်ကို အပြင်ထုတ်သည်။ အချုပ်ထောင်ပြင်ဘက်ရောက်လာပြီးနောက် လမ်းကြိုလမ်းကြားများအကြား တိတ်ဆိတ်စွာပင်ဖြတ်သန်းခေါ်ဆောာင်လာပြီး မြို့စွန်နားရောက်သည့်အခါ ကျွန်တော့်ကိုလွှတ်ပေးလိုက်သည်။ ထို့နောက် နှုတ်ဆက်စကားတွေဘာတွေလည်းပြောမနေတော့ဘဲ မြို့ဘက်ဆီသူလှည့်ပြန်သွားသည်။

`ကျွန်တော့်အသက်ကို အပြုံးတစ်ခုက ကယ်ဆယ်လိုက်ခြင်းပေတည်း။´
မှန်သည်။ ဟန်ဆောင်မှုကင်းသောကြိုတင်ကြံရွယ်ချက်မပါသော ပင်ကိုသဘာဝအပြုံး၊ သို့မဟုတ် လူနှစ်ဦးအကြား အရိုးသားအပွင့်လင်းဆုံး ပေါင်းကူးဆက်သွယ်မှု။
ဆန်တက်ဆူပေရီ၏ သည်ဝတ္ထုလေးကို အလုပ်ခွင်မှာ ကျွန်တော်ပြောပြလေ့ရှိသည်။ အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့တစ်တွေမှာ ဂုဏ်သိက္ခာတွေ၊ ဘွဲ့ထူး ဂုဏ်ထူး ရာထူးအဆင့်အတန်းတွေ၊ ကိုယ့်ကိုအများကဘယ်လိုမြင်စေချင်သည်ဟူသော ကိုယ်ပိုင်သတ်မှတ်ချက်တွေ အလွှာအထပ်ထပ်ဖုံးကာ ကိုယ့်ကိုယ်ကို ကွယ်ကာထားကြသည်။ သို့သော် ဘာတွေဘယ်လိုဖုံးဖုံးအောက်ဆုံးမှာတော့ တကယ့်လူပုဂ္ဂိုလ်အစစ်အမှန်က ရှိနေသည်ဆိုတာ သိကြမြင်ကြစေလို၍ပဲဖြစ်သည်။
အဲသည်အတွင်းပိုင်း အနက်အရှိုင်းထဲကအရာကို ၀ိညာဉ်ဟုပဲ ကျွန်တော်ဆိုလိုက်ပါမည်။ ကျွန်တော့်ကိုယ်တွင်းက အဲသည်ဝိညာဉ်ဟု ကျွန်တော်အမည်ပေးလိုက်သော အစိတ်အပိုင်းနှင့်သင့်ကိုယ်တွင်းက အလားတူအစိတ်အပိုင်းတို့ အပြန်အလှန်သိကျွမ်းကြပြီဆိုလျှင် ကျွန်တော်တို့ဘယ်နည်းနဲ့မျှရန်သူတွေမဖြစ်နိုင်၊ ကြောက်ရွံ့ထိတ်လန့်ခြင်း
လည်းမရှိနိုင်တော့။

ယခုတော့ ကျွန်တော်တို့ တစ်သက်ပတ်လုံး ကြိုးစားတည်ဆောက်ထားကြသည့် အလွှာအထပ်တွေ ရစ်ပတ်ဖုံးကွယ်နေသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် အစစ်အမှန်မတွေ့ဆုံနိုင်ကြဘဲရှိနေသည်။ ဆန်တက်ဇူပေရီ၏ ၀တ္ထုက ၀ိညာဉ်နှစ်ခုအပြန်အလှန်တွေ့ထိ သိမြင်သွားကြသည့် ထူးခြားသောအခိုက်အတန့်လေးအကြောင်း ရေးဖွဲ့ထားခြင်းဖြစ်သည်။
ကျွန်တော်ကိုယ်တိုင်လည်း အဲသည်လိုအခိုက်တန့်လေးတချို့တော့ ကြုံဖူးပါသည်။ ဥပမာ တစ်ခုပြောရလျှင် တစ်စုံတစ်ယောက်ကို ရုတ်တရက် ချစ်ကျွမ်းဝင်သွားမိခြင်းမျိုးဆိုပါစို့။

နို့စို့အရွယ်ကလေးငယ်များနှင့်တွေ့ရသည့်အခါမျိုးမှာလည်း အလားတူဖြစ်မိတတ်ကြသည်။ သည်လိုကလေးငယ်မျိုးကိုတွေ့ရသည့်အခါ ကျွန်တော်တို့ဘာကြောင့် ပြုံးမိတတ်ကြသလဲ။
အပေါ်ယံလွှာတစ်ခုမှ
ကွယ်ကာထားခြင်းမရှိသူတစ်ဦးကို တွေ့လိုက်မြင်လိုက်ရ၍လား။ သူ၏အပြုံးမှာဟန်ဆောင်မှုအကင်းဆုံးအပြုံး၊ အစစ်မှန်ဆုံးအပြုံးဖြစ်ကြောင်း ကျွန်တော်တို့သိနေကြ၍လား။ ဒါမှမဟုတ် ကျွန်တော်တို့ရင်ထဲရှိ ငယ်ဝိညာဉ်က ရွယ်တူအချင်းချင်း သိကျွမ်းခင်မင်ကာ နှစ်လိုအားရစွာ ပြုံးလိုက်မိခြင်းလား။

[မူရင်း။ ။Hanoch McCarty ၏ The Smile]
( ဆရာဖေမြင့်၏ နှလုံးသားအာဟာရစာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်…….)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။