Royal Hero Media
SEXY ဆိုတာ ။ ။ sexy ဆိုတဲ့စကားလုံးကို တဖက်လိင်ကို ဆွဲဆောင်နိုင်တဲ့ အစွမ်းရှိသူတွေ အတွက် သုံးရတဲ့စကားပါ ဘိုဆန်ဆန် ပြောရမယ်ဆိုရင်တော့ sex appeal ရှိတဲ့ လူမျိုးတွေအတွက် သုံးတွေပါ ဒီစကားလုံးဟာ မိန်းမတွေ အတွက် ချည်းပဲ မဟုတ်ပါဘူး ယောင်္ကျားတွေ အတွက်လဲ အသုံးပြုခွင့် ရှိပါ တယ်။
ဥပမာဗျာ အခုခေတ် နာမည်ကြီးနေတဲ့ Foreign Celebrity - Angelina Jolie ပေါ့ သူမ ဟာဆိုရင် ကမ္ဘာ့ sexy အကျဆုံး အမျိုးသမီးတွေထဲမှာ ပါဝင်တဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပါ ဒါပေမယ့် သူအဲ့လို နာမည်ကြီးရတဲ့ အကြောင်းရင်းက သူမရဲ့ ဖက်ရှင်ကြောင့် မဟုတ်ပဲ သူမရဲ့ညှို့ယူမှု့ အားကောင်းလှတဲ့ နှုတ်ခမ်းလေးတွေ ကြောင့်ပါပဲ (အဲ့လိုတော့ ပြောကြတာပဲ ကျွန်တော်ကတော့ ဘယ်လိုမှကို ခံစားကြည့်လို့ မရဘူး) သူမရဲ့ခင်ပွန်း Brad Pitt ဟာဆိုရင်လဲ မိန်းကလေးထုရဲ့အလယ်မှာ sexy ကျတဲ့ ယောကျာင်္း တစ်ယောက် အဖြစ် ရပ်တည်နေပါတယ်။
...
နိုင်ငံခြားမှာဆိုရင် sexy ကျတယ်လို့အပြောခံရတဲ့ မိန်းကလေး တစ်ယောက်ဟာ သူ့ကို သူအရမ်းကို ဂုဏ်ယူပါတယ် ဘာလို့လဲ ဆိုတော့ ဒီ sexy ကျတယ် ဆိုတဲ့စကားဟာ သူမဟာ တဖက်သားအား အရမ်းကို ညှို့ယူနိုင်တဲ့ အစွမ်းရှိသူလို့ပြောတာနဲ့ အတူတူပါပဲ ဒီနေရာမှာ ကျွန်တော် အဓိက ပြောချင်တာက sexy ကျတယ်ဆိုတာ အ၀တ်အစားကို လျပ်ပေါ် လော်လီစွာ ၀တ်စားတာ (provocative style) ကိုဆိုလိုတာ မဟုတ်တာ ကိုပါပဲ ဒါပေမယ့် အခုခေတ်မှာ လူတော်တော် များများဟာ sexy ဆိုတဲ့ စကားလုံးကို အဓိပ္ပာယ် မှားယွင်းစွာ သုံးနေကျတာ တွေ့မြင်နေရပါတယ် ။
ထားပါတော့ဗျာ ဥပမာအနေနဲ့ပေါ့ မြန်မာမိန်းကလေး တယောက်က မြန်မာ ဆန်ဆန်ဝတ် ထားပြီး အရမ်းလှနေတယ် ပေါ့ဗျာ အဲ့မှာသူမရဲ့အပြုံးဟာ မြင်လိုက်ရတဲ့ တဖက်လူ ယောင်္ကျားသားတွေရဲ့ ဘ၀င်ကို ခွေ့သွားစေတယ် ဆိုရင် သူမကို sexy ကျတယ်လို့ ပြောလို့ရပါတယ် ဘာလို့လဲဆိုတော့ သူမရဲ့ အပြုံးဟာ တဖက်လိင်ဖြစ်တဲ့ ယောင်္ကျားတွေကို ဆွဲဆောင်နိုင်တာကိုး ဒါကြောင့် sexy ကျခြင်းနှင့် လူမြင် မကောင်းအောင် ဟိုပေါ် ဒီဖော် ၀တ်စားခြင်း (Provocative Style) ကို ခွဲခြား နိုင်ကြပါစေလို့ .
MMG
Myawady News
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။