Ko Htun and 2 others shared ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ's photo.
ကျွန်တော်တို့ချစ်ခင်လေးစားရတဲ့ သမ္မတကြီးခင်ဗျာ...
မကြာမီက သမ္မတကြီးရောက်ခဲ့သည့်မြို့မှ မြို့သူမြို့သားများက ကျေးဇူးကုဋေကုဋာဖြင့် ဤစာကို ရေးသားလိုက်ခြင်းဖြစ်ပါသည်။...
ကျွန်တော်တို့မြို့သို့ အလည်အပတ်ရောက်မည်ဆိုသည်ကို သမ္မတကြီးမှ သုံးရက်သာ ကြိုတင်၍ အသိပေးခဲ့သည်မှန်သော်လည်း မြို့နယ်အာဏာပိုင်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များသည် ဤအချိန်တိုလေးနှင့် ပင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တည်သည့် ကာလတစ်လျှောက်လုံးအတွင်း လုပ်ဆောင်နိုင်ခဲ့သည်ထက်ပို၍ မြို့နယ်စည်ပင်သာယာဝပြောရေးကိုေ ဆာင်ရွက်နိုင်ခဲ့ကြပါသည်။
ပထမဆုံးအနေဖြင့် သမ္မတကြီးအား တင်ဆောင်လာသည့် မော်တော်ယာဉ် ဖြတ်သန်းသွားမည့် လမ်းတစ်ဖက်တစ်ချက်ရှိ အိမ်များကို ဆေးသုတ်ခဲ့ပါသည်။လမ်းအပေါက်များ ကိုလည်း စည်ပင်သာမှ နေ့မအားညမအား ဖာထေးခြင်းများပြုလုပ်ခဲ့ပါသည်။ သို့သော် သမ္မတကြီးသည်စီစဉ်ထားသည့်အတိုင်း သွားလေ့မရှိကြောင်း တစ်စုံတစ်ဦးက သတိပေးလာပါသည်။သို့ဖြင့် မြို့နယ် အာဏာပိုင်တို့သည် အခြားအိမ်များကိုပါ ဆေးသုတ်ခဲ့ကြရပါသည်။ဤကိစ္စတွင်မည်မျှ အားထုတ်ခဲ့ကြသလဲဆိုရင် အချို့အိမ်တို့၏ အိမ်ခေါင်မိုးများကိုပါ ဆေးသုတ်မိကြပါသည်။
ဒုတိယ အချက်အားဖြင့် သမ္မတကြီးမရောက်မီ လမ်းများအားလုံးမီးလင်းလာပါသည်။ နိုင်လွန်ကတ္တရာလမ်းများ ဖြစ်ကုန်ကြပါသည်။ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေအောင်လည်း လုပ်ဆောင်နိုင်ခဲ့ကြပါသည်။လူကြီးမင်းမရောက်မီတစ်ညအလိုတွင် ကုန်းကျော်တံတားကြီးတစ်ခုကို ဖောက်လုပ်ပြီးသားဖြစ်နေပါသည်။ဌာ နဆိုင်ရာရုံးများမှာလည်း နိုင်ငံတော် အလံအသစ်များလွှင့်ထူ၍ တက်တက်ကြွကြွ အလုပ်လုပ်လာကြပါသည်။ အစဉ်အမြဲပိတ်ထားသော တိုက်နယ်ဆေးပေးခန်းများမှာလည်း ချက်ချင်းသန့်ရှင်းရေးလုပ်၍ ဖွင့်လှစ်ထားသည်ကို အံ့အားသင့်စွာတွေ့မြင်လာရပါသည်။
တတိယအချက်အားဖြင့်လွန်ခဲ့သော ငါးနှစ်စီမံကိန်းကာလကတည်းက အခမ်းအနားဖြင့် ဖွင့်လှစ်ထားခဲ့သော စာကြည့်တိုက်ကြီးမှာလည်း စာအုပ်များမရှိသော်လည်း ယခုအခါတွင် စာအုပ်များမှ ဘယ်လိုကဘယ်လိုရောက်လာမှန်းမသိပဲ စာအုပ်များပြည့်နှက်လျက်ရှိပါသည်။
လိုင်စင်မဲ့မော်တော်ယာဉ်များဖြင့် ရှုပ်ထွေးနေတတ်သော မြို့လေးတွင် တာဝန်ကျ ယာဉ်ထိန်းရဲများမှာလည်း အရင်လို အရိပ်တွင်ခို၍ ၀ီစီမမှုတ်တော့ဘဲ ယခုအခါတွင် လက်အိတ်အဖြူကိုစွပ် ယူနီဖောင်းကို စမတ်ကျကျဝတ်ကာ လမ်းလည်ခေါင်များတွင် အားတက်သရောလမ်းရှင်းနေသည်ကိုလည်း စိတ်အားတက်ဖွယ် တွေ့နေရပါသည်။
ထို့ပြင် သမ္မတကြီးသည် ပြည်သူလူထု၏ ဘ၀အမှန်ကို သိလိုသည်ဟု တစ်စုံတစ်ဦးက ထပ်မံအသိပေးလာသောကြောင့် မြို့နယ်အာဏာပိုင်များသည် ရပ်ကွက်ကျေးရွာအလိုက် ပြည်သူများကိုအစည်းအဝေးခေါ်ကာ သမ္မတကြီးက မေးမြန်းလာပါ အစစအရာရာအဆင်ပြေကြောင်းဖြေကြားရ န် သင်ကြားပေးပါသည်။ထို့ပြင် သမ္မတကြီးသည် ပြည်သူတစ်ဦးချင်း၏အိမ်များသို့ ၀င်ရောက်၍ နေရေးထိုင်ရေး စားရေးသောက်ရေးကို လေ့လာတတ်သောကြောင့် ရုတ်တရက်ပင် ကျွန်တော်တို့၏အိမ်များမှာ မီးများလင်းလာပါသည်။ ဖယောင်းတိုင်မီးထွန်း၍
ထမင်းတစ်နပ်လျှော့စားရမလိုလိုဖြ စ်နေသော လယ်သမားများမှာလည်း သမ္မတကြီးအလာကို နေ့မအိပ်ညမအိပ်စောင့်ဆိုင်းလျက် ရှိနေကြပါသည်။
နိဂုံးချုပ်အနေဖြင့် ကျွန်တော်တို့မြို့ကို တကူးတကလာရောက်ခဲ့သောသမ္မတကြီးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ ကျွန်တော်တို့၏ လူနေမှုဘ၀မှာလည်းနေ့ချင်းညချင်း ပဲ မြင့်မားလာပါသည်။ ဟဲလို ဟဲလို ဟု ခဏခဏအော်ပြောနေရသော တယ်လီဖုန်းလိုင်းမှာလည်း သမ္မတ လာရောက်လည်ပတ်နေစဉ်အတွင်း အထူးပင် ကောင်းမွန်လျက်ရှိနေပါသည်။
သို့သော် သမ္မတကြီးပြန်သွားပြီးသည့်နောက်ပိုင်း....
ဆေးသုတ်ထားသော အိမ်များမှာ ဆေးများအဖတ်လိုက်ကွာကျလာပါသည်။ လမ်းမီးများမှာလည်း တစ်ဖြည်းဖြည်း မှောင်မဲလာပါသည်။ စကိတ်ကွင်းများကဲ့သို့ ချောမွတ်နေသော လမ်းများမှာလည်း နဂိုအတိုင်း အပေါက်အပြဲများနှင့် ပြန်ဖြစ်လာပါသည်။တယ်လီဖုန်းလို င်းများမှာလည်း ဟဲလို ငါးဆယ်ပြန်ဖြစ်လာပါသည်။ စာကြည့်တိုက်များမှာလည်း စာအုပ်များ ရုတ်တရက်ကြီးပျောက်ဆုံးသွားလျက် ရှိပါသည်။
ထို့ကြောင့် နောင်အချိန်တွင် သမ္မတကြီး ကိုယ်တိုင် မလာနိုင်ခဲ့သည် ရှိသော် လာမည်ဟု အသံလွှင့်စေချင်ပါသည်။ ကျွန်တော်တို့ မီးလင်းလင်းနှင့် စာကျက်ချင်လှပါပြီခင်ဗျား။ ။
(မောင်ကောင်းထိုက်စာအုပ်မှ နောက်တစ်ခေါက်အရောက်လာပါအုံး စာတိုကို
ဆီလျော်အောင် ပြုပြင်ထားပါသည်)
Moekyashweco
မကြာမီက သမ္မတကြီးရောက်ခဲ့သည့်မြို့မှ မြို့သူမြို့သားများက ကျေးဇူးကုဋေကုဋာဖြင့် ဤစာကို ရေးသားလိုက်ခြင်းဖြစ်ပါသည်။...
ကျွန်တော်တို့မြို့သို့ အလည်အပတ်ရောက်မည်ဆိုသည်ကို သမ္မတကြီးမှ သုံးရက်သာ ကြိုတင်၍ အသိပေးခဲ့သည်မှန်သော်လည်း မြို့နယ်အာဏာပိုင်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များသည် ဤအချိန်တိုလေးနှင့် ပင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတေ
ပထမဆုံးအနေဖြင့် သမ္မတကြီးအား တင်ဆောင်လာသည့် မော်တော်ယာဉ် ဖြတ်သန်းသွားမည့် လမ်းတစ်ဖက်တစ်ချက်ရှိ အိမ်များကို ဆေးသုတ်ခဲ့ပါသည်။လမ်းအပေါက်များ
ဒုတိယ အချက်အားဖြင့် သမ္မတကြီးမရောက်မီ လမ်းများအားလုံးမီးလင်းလာပါသည်။
တတိယအချက်အားဖြင့်လွန်ခဲ့သော ငါးနှစ်စီမံကိန်းကာလကတည်းက အခမ်းအနားဖြင့် ဖွင့်လှစ်ထားခဲ့သော စာကြည့်တိုက်ကြီးမှာလည်း စာအုပ်များမရှိသော်လည်း ယခုအခါတွင် စာအုပ်များမှ ဘယ်လိုကဘယ်လိုရောက်လာမှန်းမသိပဲ
လိုင်စင်မဲ့မော်တော်ယာဉ်များဖြင
ထို့ပြင် သမ္မတကြီးသည် ပြည်သူလူထု၏ ဘ၀အမှန်ကို သိလိုသည်ဟု တစ်စုံတစ်ဦးက ထပ်မံအသိပေးလာသောကြောင့် မြို့နယ်အာဏာပိုင်များသည် ရပ်ကွက်ကျေးရွာအလိုက် ပြည်သူများကိုအစည်းအဝေးခေါ်ကာ သမ္မတကြီးက မေးမြန်းလာပါ အစစအရာရာအဆင်ပြေကြောင်းဖြေကြားရ
ထမင်းတစ်နပ်လျှော့စားရမလိုလိုဖြ
နိဂုံးချုပ်အနေဖြင့် ကျွန်တော်တို့မြို့ကို တကူးတကလာရောက်ခဲ့သောသမ္မတကြီးကို
သို့သော် သမ္မတကြီးပြန်သွားပြီးသည့်နောက်ပ
ဆေးသုတ်ထားသော အိမ်များမှာ ဆေးများအဖတ်လိုက်ကွာကျလာပါသည်။ လမ်းမီးများမှာလည်း တစ်ဖြည်းဖြည်း မှောင်မဲလာပါသည်။ စကိတ်ကွင်းများကဲ့သို့ ချောမွတ်နေသော လမ်းများမှာလည်း နဂိုအတိုင်း အပေါက်အပြဲများနှင့် ပြန်ဖြစ်လာပါသည်။တယ်လီဖုန်းလို
ထို့ကြောင့် နောင်အချိန်တွင် သမ္မတကြီး ကိုယ်တိုင် မလာနိုင်ခဲ့သည် ရှိသော် လာမည်ဟု အသံလွှင့်စေချင်ပါသည်။ ကျွန်တော်တို့ မီးလင်းလင်းနှင့် စာကျက်ချင်လှပါပြီခင်ဗျား။ ။
(မောင်ကောင်းထိုက်စာအုပ်မှ နောက်တစ်ခေါက်အရောက်လာပါအုံး စာတိုကို
ဆီလျော်အောင် ပြုပြင်ထားပါသည်)
Moekyashweco
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။