Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, February 26, 2013

နတ်ရေကန်


 Myawady News
ညှို့မြှူဆွဲငင် ရမ္မက်သွေးကြွစေသည့် သီချင်းသံမြူးကြွကြွ ကျယ်ကျယ်လောင်လောင် စည်းချက်အလိုက် ကိုယ်ဟန်ကို လှုပ်ကာနွဲ့ကာဖြင့် စင်ပေါ်တွင် အမျိုးသမီးငယ် ကပြဖျော်ဖြေနေ သည်မှာ မူဟန်ပါလှသည်။ အောက်ရှိ ပရိသတ်ကလည်း မှင်တက်နေဟန် ဖြင့် မျက်လုံး မခွာတမ်း၊ စပါးကြီးမြွေ အညှို့ခံရဘိသကဲ့သို့။ အကကောင်း၊ အမူအရာကောင်း၊ အားလုံးကွက်တိ၊ လိုလိုသေး မရှိသလိုလို။ သို့သော် ရင်ထဲစိတ်ထဲ တစ်မျိုးကြီး မွန်းသလိုလို ကျပ်သလိုလ...ို ဟာတာတာဖြင့်။

ကပြနေသော အမျိုးသမီးငယ်သည် ခုနစ်နှစ်သမီး ခန့်သာရှိဦးမည်။ ကလေးအရွယ် လူမမည်၊ ကသည့် အကက ရမ္မက်သွေးကြွအောင် ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်သည့် အက Erotic Dance။ မည်သို့မျှ မလိုက်ဖက်။ ကလေးတို့ကို မကြီးကြီးအောင်၊ လင်စိတ်သားစိတ် ဝင်အောင် ခပ်မြန်မြန်ဖန်တီးပြီး ဇွတ်တွန်းပို့ကြသည့် သဘော။

ကျွန်တော်တို့ ငယ်ငယ်တုန်းက ပြုစုစောင့်ရှောက် စိုးရိမ်ပူပန်ရ လွန်းသောကြောင့် မိခင်က နတ်ရေကန်ထဲ ချလိုက်ချင်သည့် အကြောင်း ကြီးလာသည့်အခါ အကြိမ်ကြိမ် ပြောပြခဲ့သည်။ နတ်ရေကန်ထဲ ချလိုက်လျှင် မည်သည့်အရွယ်မဆို ဆယ့်ခြောက်နှစ်အရွယ် ဖြစ်သွားသည် ဟူသော ဒဏ္ဍာရီကို အစွဲပြုကာ သားသမီးများကို ဘေးမသီရန်မခ အမြန် ကြီးစေချင်သည့် မိခင်၏ မေတ္တာဖြစ်သည်။

ယနေ့တွင်မူ မိခင် လိုလားတောင့်တခဲ့သော နတ်ရေကန်တို့ အပြိုင်းအရိုင်း ပေါ်ထွန်း လာခဲ့ပြီလောမသိ။ ကလေးတို့သည် အလွန် အကြီးမြန်ကြသည်။ ကလေးငယ် အချင်းချင်း နမ်းလျှင်ပင် ပါးချင်း အပ်၊ နှာခေါင်းနှင့် ပါးအပ်သည့် အနမ်းမျိုး မဟုတ်တော့၊ သုံး လေးနှစ် သားသမီးတို့ ယောက်ျားလေးနှင့် မိန်းကလေးဆိုလျှင် နှုတ်ခမ်းချင်း နမ်းတတ်နေကြပြီ။ ဉာဏ်ရည် ထက်မြက်လာခြင်းတို့မှာ အလွန်အားရဖွယ် ဖြစ်သော်လည်း ကြီးမှသိရမည့် အရာတို့ကို အလွန့်အလွန် စောပြီး သိလာခြင်းမှာ အရွယ်ရောက်ခြင်း ဖြစ်စဉ်တွင် အခန်းကျော်လိုက်ခြင်း ဖြစ်သည်။ ဒီအတိုင်းဆိုလျှင် ကောသလအိပ်မက် ဆယ့်ခြောက်ချက် အနက် “ဒန့်ကျွဲပင် ပုခက်ဆင်” သည့်ခေတ်သို့ မြန်မာတို့ အရင် ရောက်တော့မည်။ ထိုသို့ အခန်းကျော်ခြင်းကို ကလေးမိဘများက သိသိသော် လည်းကောင်း၊ မသိတသိ သော်လည်းကောင်း လက်သင့်ခံ ထားပုံရ သည်၊ သို့မဟုတ် ဤနည်းဖြင့် နတ်ရေကန်ထဲ ချနေပုံရသည်။

နာမည်ကျော်တို့၏ သမီးများ၊ သားများဆိုလျှင် အရွယ်ရောက် ပိုမြန်သည်။ အရွယ် အပျိုဘော်ဝင်စ ကလေးနှင့် သနားကမား ရှိလျှင် စီးပွားရေးသမားတို့က မျက်စိကျပြီး ထိုကလေးငယ်များကို အပျိုကြီး တို့ အသွင်ပြင်ဆင်ပေး၊ ထိုကလေးငယ် တို့ကလည်း ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်သည့် အမူအရာ တို့ဖြင့် ပွဲထုတ်ကြသည်၊ ကြော်ငြာ ဘုတ်များ ထောင်ကြသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် နာမည်ကျော် အောင်မြင် သည်မှာ ဂုဏ်ယူစရာ ဖြစ်သော်လည်း နောက် ၂နှစ်ခန့် စောင့်လိုက်လျှင် လည်း ထိုကလေးတို့ အောင်မြင်ဦးမည်ကို ကြည့်လျှင် လောစရာမလို။ ထိုကလေးတို့သည် ကလေးဘဝကိုမှ ကောင်းစွာ ကျော်ဖြတ်နိုင်မည် လား သံသယဝင်စရာ။ အပျိုမြန်မြန်ဖြစ်၊ ဆန့်ကျင်ဘက် လိင်ကို မြန်မြန် စိတ်ဝင်စားအောင် အားပေး သကဲ့သို့ ဖြစ်နေသည်။

ယနေ့ခေတ် ကလေးငယ်တို့သည် ယခင်ခေတ်များက မွေးဖွားခဲ့သော ကလေးငယ်များနှင့် မတူ ဖိအားများစွာ ခံရသော ကလေးငယ်များ ဖြစ်သည်။ ယခင်ခေတ် များက ကလေးတို့ အတွက် လက်ဦး ဆရာသည် မိဘဖြစ်သည်။ ယခု ကလေးများအတွက် လက်ဦးဆရာသည် ရုပ်မြင်သံကြား ဖြစ်သည်။ မိဘတို့သည် ကလေးများကို ချစ်သည်။ ရုပ်မြင် သံကြားသည် ကလေးတို့ကို မိဘကဲ့သို့ ချစ်မည်မဟုတ်။ မိဘကဲ့သို့ မချစ်နိုင်သော ရုပ်မြင်သံကြားမှ မြင်သမျှ၊ ကြားသမျှတို့ကို ကလေး တို့က အတု လိုက်လုပ်ကြသည်။ ကလေးတို့ အတွက် ရည်ရွယ်ထုတ်လွှင့် ထားသော လိုင်းမှလွဲလျှင် ရုပ်မြင်သံကြားသည် အသိဉာဏ်ရှိပြီး လူကြီး တို့အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ငယ်ရွယ်နုနယ် အတုမြင် အတတ်သင်သော ကလေးတို့အတွက် မဟုတ်။ ထို့ကြောင့် အစစ်နှင့် အတု မခွဲခြားတတ် သေးသော ကလေးတို့အတွက် ရုပ်မြင်သံကြား သည် အလွန် အန္တရာယ်များသည်။

ယခင် နာမည်ကျော် ရုပ်ရှင်မင်းသမီးကြီး တစ်ဦးသည် သူ၏ကလေးငယ်များကို ရုပ်မြင်သံကြားပင် ပေးမကြည့်ကြောင်း သိရသည်။ သူအခြေချ နေထိုင်သော အရပ်မှာ ရုပ်မြင်သံကြား လိုင်းများ ပေါများ လှသည့် အမေရိက ဖြစ်သော်လည်း ကလေးတို့၏ လက်ဦးဆရာကို မိဘသာ ဖြစ်အောင် ခက်ခက်ခဲခဲ စီမံထားခြင်းဖြစ်သည်။ ကလေးတို့ အတုခိုးမှားမည် စိုးသောကြောင့် သူတို့ ဇနီးမောင်နှံသည် ဇနီးမောင်နှံ အချင်းချင်း တန်းတူရည်တူ ပြောသည့်စကားများကိုပင် မပြောဘဲ သိမ်သိမ် မွေ့မွေ့ ယဉ်ယဉ်ကျေးကျေး မြန်မာစကားများ ဖြစ်သည့် “ရေသောက် ပြီးပါပြီလား” “သိပါရစေ” ဟုပင် ကြိုးစား ပြောဆိုကြရသည်ဟု သိရ သည်။ သို့မဟုတ်ပါက မိဘကို “မင်း” “ငါ” သုံးစွဲကြမည်၊ အတုယူမှား မည် စိုးသောကြောင့်။

ယနေ့ခေတ်တွင် ကလေးငယ်များ၏ ဘဝသည် သက်သောင့် သက်သာပိုရှိလာသလို သနားစရာလည်း ကောင်းလာသည်။ ကလေး များသည် ဈေးကွက်၏ ပစ်မှတ်ဖြစ်လာသလို ရောင်းချရန် ကုန်ပစ္စည်း သဖွယ် (Commodification of Children) လည်း ဖြစ်လာသည်။
အဘယ်ကြောင့်ဆိုသော် ကလေးများသည် မိဘများ၏ အညှာသဖွယ် ဖြစ်သည်။ မိဘသည် မိမိဘာသာ စားချင်မှ စားမည်၊ သုံးချင်မှ သုံးမည်၊ ကလေးအတွက် ဆိုလျှင် ရက်ရောသည် လက်ဖွာသည်။ ထို့ကြောင့် ဈေးကွက်တင်သမား တို့က ကလေးများကို လက်နက်သဖွယ် လည်းကောင်း၊ ပစ်မှတ်သဖွယ် လည်းကောင်း သုံးလာကြသည်။ သုံးကြသည့် နည်းနာများသည် ကလေးများကို အထိနာစေသည့် နည်းနာများ ဖြစ်လာကြသည်။ အထက်တွင် တင်ပြခဲ့သည့် ကလေးငယ်ကို လိင်သွေးကြွ အကဖြင့် ဖျော်ဖြေစေခြင်းသည် ဈေးကွက်သဘောအရ လူအများကို ဆွဲဆောင်နိုင်သော်လည်း ကာယကံရှင် ကလေးငယ်ကိုမူ အထိနာစေနိုင်သည်။

လူတစ်ဦး၏ Personality (လူ့စရိုက်) တည်ဆောက်ခြင်းတွင် ငယ်နုစဉ် အသက်လေးငါးဆယ်နှစ် အရွယ်သည် အလွန်အရေးပါ သည်။ ထိုအရွယ်သည် လူတစ်ယောက်၏ သင်ယူခြင်း စတင်ချိန်ဖြစ် သည်။ ထိုအရွယ်ကလေးများ၏ သင်ယူမှုလောကကို စူးစမ်းမှု၊ အတုယူမှုသည် အလွန်တက်ကြွ မြင့်မားသည်။

မိဘတိုင်း၏ ရတနာများဖြစ်သော ကလေးငယ်တို့ကို မပျိုးထောင် တတ်လျှင် “မိဘတစ်လီ ရန်သူမည်” သည်။ ငယ်စဉ်အခါက ကလေး ကို လမ်းကြောင်းမှားအောင် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ ဖန်တီးမိလျှင် ထိုမိဘသည် သားသမီး၏ ရန်သူပင် ဖြစ်သည်။ ဟိုးလူသားတို့ပေါ်စ ကျောက်ခေတ်က ကလေးငယ်တို့တွင် အနာ ရောဂါ၊ သားရဲ ရန်သူတို့ ပေါသလို ယခုခေတ် တွင်လည်း ကလေးတို့၏ ဖွံ့ဖြိုးမှုကို လမ်းလွဲ ရောက်စေနိုင်သည့် ရန်သူများ နဂိုကတည်းက ပတ်လည် ဝိုင်းနေပြီးသား။ မိဘက မကာကွယ်နိုင်သည့်ပြင် အလိုတူအလိုပါ ကလေးငယ်ထံသို့ အရောက် ပို့ဆောင်နေလျှင် ကလေးငယ်တို့ဘဝ သည် ဆိုဖွယ်ရာမရှိတော့ပြီ။

စီးပွားရေးသဘောအရ ဘယ်သူသေသေ ငတေမာပြီးရော၊ ဘနဖူး သိုက်တူးသူ များကြောင့် ဈေးကွက်အန္တရာယ်မှ ကလေးသူငယ်များကို ကာကွယ်ရန် နိုင်ငံများတွင် အမျိုးမျိုး ကြံဆောင် ထားရသည်။ ဥပမာ အားဖြင့် အာဟာရတန်ဖိုး နည်းပါး လွန်းသောကြောင့် အမှိုက်စာ (Junk Food) ဟု ခေါ်ရသည့် ပြောင်ပြောင်လက်လက် ထုပ်ပိုးထား သည့် သရေစာများကို ကလေးတို့ မျက်လုံးနှင့် တည့်တည့်တွင် ချိတ်ဆွဲခြင်း မပြုရန် တားမြစ်ကြသည်။ ကလေးတို့သည် အာဟာရ တန်ဖိုးကို ပိုင်းဖြတ်နိုင်ခြင်း မရှိသေး သောကြောင့် လှလှပပမြင်လျှင် အငမ်းမရ တောင်းဆိုမည် စိုးသောကြောင့် ထိုသို့ တားမြစ်ထားကြခြင်း။

ကျွန်တော်တို့နိုင်ငံရှိ မိဘများ၊ တရားဥပဒေနှင့် အစိုးရ၊ လွှတ်တော် တို့သည် ကျွန်တော်တို့၏ ရင်သွေးငယ်များကို ကာကွယ်နိုင်စွမ်း နည်းပါး နေပုံရသည်။ ယခုကလေးငယ်များ အရေးကိစ္စများ ဘက်သို့ မလှည့်နိုင် ကြ။ မသိသောကြောင့်လော၊ သိရက်နှင့်လော ကျွန်တော် မသိပါ။ စင်ပေါ်က ကလေးငယ်၏ ကလေးမဆန်သော ညှို့ပြုံး၊ ဝေ့ဝိုက် ကော့ပျံ ကဟန်တို့သည် ကလေးအပြာကား (Child Porn) နှင့်ပင် ဆင်ဆင်တူနေလေပြီ။ တီးလုံးတီးကွက် တို့သည် နားထောင်ရင်း နားထောင်ရင်း ပိုပိုပြီး ကြမ်းတမ်းသယောင် ခံစားလာရသည်။

သန့်ရှင်းစင်ကြယ်သော နတ်ရေကန်များ ထဲသို့သာ မြန်မာ့ကလေး ငယ်များကို နှစ်စေလိုသည်။
The Voice Weekly

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။