အူတက်အောင်ရီရသောဟာသများနဲ့အခြား
(က)
ကျွတ်တယ်= ကြောက်တယ်။ လန့်တယ်။
ကျွေးလိုက်ရ= ချလိုက်ရ။ ဆော်လိုက်ရ။ ထိုးလိုက်ရ။
ကြီးပေါ=အသက်ကြီးမှပေါသောသူ။
ကီးလိုက်ရ= ကုန်းတိုက် ပေးလိုက်ရ။ ချောက်တွန်း ပေးလိုက်ရ။
ကက= (အနက်မပြန်လိုပါ) မကောင်းသောမိန်းမ။ မိန်းခလေးများ ကိုယ့်ကို
ထိုသို့အခေါ်ခံရလျှင် ချစ်စနိုးနှင့် ညည ဟုခေါ်သလိုမျိုးဟု
မထင်လိုက်ပါနှင့်။ ပါးလှည့်တီးထည့်လိုက်ပါ (စကားချပ်)
ကြောင်းသည်= လိုက်စကားပြောသည်။ လမ်းကြောင်းထွင်သည်ဟု အနက်ယူ။ (ဥပမာ-
ငါဟိုကောင်မလေးကို လိုက်ကြောင်းလိုက်ဦးမယ်)
ကြူသည်= အီစီကလီပြောသည်။
ကူလီကူမာ = မကောင်းကြံစည်ခြင်း။
ကြပ်သည် = အနဲငယ် ချောက်တွန်းလိုက်သည်။တိုင်သည်။ ဒုက်ခရောက်အောင်
လုပ်သည်။ ဥပမာ ငါဟိုကောင်ကို နဲနဲကြပ်ပေး လိုက်ဦးမယ်။
ကျွတ်ကျဲ= ကြောက်လန့်သွားခြင်း ။ အသံကြားရုံမျှနှင့်
ကြောက်လန့်သွားခြင်း (မောင်မောင်၏ ဗလကို မြင်ရသောအခါ မမမှာ
ကျွတ်ကျဲသွားလေတော့သည် )
ကလော်တုတ် = ပြင်းပြင်းထန်ထန် အော်ဆဲသည်။ (အေ..ဘယ်ရမလဲ ငါဒင်းကို
ကလော်တုတ် ပစ်လိုက်တာပေါ့.. ဟင်း)
ကလိန်ကကျစ် = သူတစ်ပါး ဒုက်ခရောက်အောင် လိမ်လည်သည်။ လှည့်ဖျားသည်။
(ဟိုမှာလေ ဟိုချတ်ရွန်းထဲမှာ ဟိုကောင် ကလိန်ကကျစ်တွေ လုပ်နေပြန်ပြီ
ဟိုကောင်မလေးတော့ ဟိုဒင်းဖြစ်တော့မယ်)
ကြွက်= ပြည်သူ့ရဲ...(ဟိုလူတွေလေ။)
ကျွဲ = သဘော်သား လောကမှ ကပ်ပလီ မလေးများကို ခေါ်သော
နာမည်။
ကြောင်တောင်နှိုက် = ပိုင်ရှင်ရှိသော ပစ်စည်းကို ယူခြင်း။ ယူသောသူ။
(တောက် ဟိုကောင် ငါ့ရည်းစားကို ကြောင်တောင်နှိုက် သွားလေ ခြင်း
(မျက်ရည်စက်ကလေးများနှင့်) )
ကြားးကားဆွဲ= သူတစ်ပါးရည်းစားကို ဖြတ်ခုတ်သည်။
ကလေကချေ= အပေအတေကောင်။
(ခ)
ခိုက်သည်=...ကြိုက်သည် ( ဥပမာ- မောင်ဖြူ...ဟို စာအရမ်းရေးတဲ့ ကောင်မလေးကို
ခိုက်နေတယ် )
ချီးပေါက်သည် = ပါးစိပါးစပ်များသည်။
ချီးထုတ်ပဲ = အရှုပ်ထုတ်တွေပဲ။
ချီးကြီးသည် = ကြီး-ကျယ်သည်။ ဘဝင်မြင့်သည်။
ခေါက်ထားလိုက်ပါ= အေးအေးဆေးဆေးထားလိုက်ပါ။
ခိုကြီး= ရေသာခိုလွန်းသောသူ။
ခေါင်း= ပြည့်တန်ဆာမှု လုပ်စားသူ ခေါင်းဆောင်။
(ဂ)
ဂေါက်သီး= ကြောင်နေ ဂေါက်နေသောသူ။
ဂျီပုန်း = အခြောက်။ ( ပုန်းနေသော ဂျီကလေး ဟု အဓိပါယ်ရ၏။ ထပ်ကာ အနက်
မဖွင့်ပါရစေနှင့်တော့)
ဂေါ်လီ = ခေတ်မီသော ခေတ်ဆန်သော ဆိုရှယ်ကျသောသူ။ မှတ်ချက်စကား။ (ဟို
ကောင်မလေးကတော့ ဂှေါလီပဲ)
ဂွင် = အခွင့်အရေး။ (ဒါကတော့ တကယ့် ဂွင်ပဲကွာ)
ဆက်လက်ဖော်ပြပါမည်။ ယခု...က...မှ..ဂ..အထိပီး၏။
ပျော်ရွှင်ပါစေ...
by ;Lon Elys ...........See More
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။