Royal Hero Media
ကန်ဘာရာ ဖေဖော်ဝါရီ ၂၇
သြစတြေးလျ ဘီလျံနာ သူဌေးကြီး Clibe Palmer သည် ဘဏ္ဍာရေး ထောက်ပံ့မှုများ ပြုလုပ်၍ ကမ္ဘာကျော် တိုက်တန်းနစ် သင်္ဘော ပုံသဏ္ဌာန်နှင့် တထေရာတည်း တူသော မနစ်မြုပ်နိုင်သည့် "Titanic II" သင်္ဘော ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ "Titanic II" သင်္ဘောကို
မူလ သင်္ဘော တည်ဆောက် ရာတွင် အသုံးပြုခဲ့သည့် အထောက်အကူ ပစ္စည်းများနှင့် အတူ လေအေးပေးစက်၊ အင်တာနက်နှင့် အခြား သော အစီအစဉ် များကိုလည်း ထပ်မံ အသုံးပြု၍ တရုတ် နိုင်ငံတွင် တည်ဆောက်သွားမည် ဖြစ်ပြီး ယင်းသင်္ဘော တည်ဆောက်မှုနှင့် စပ်လျဉ်းသည့် အသေး စိတ် အချက်အလက်များ ကိုလည်း Palmer က ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းသင်္ဘော သည် မူလ တိုက်တန်းနစ် ရေကြောင်း မြေပုံအတိုင်း အင်္ဂလန် နိုင်ငံ ဆောက်သမ်ပတန်မြို့မှ အမေရိ ကန် နိုင်ငံ နယူးယောက် မြို့တော်သို့ ၂ဝ၁၆ ခုနှစ်တွင် ပထမဆုံး အကြိမ် ရေကြောင်း ခရီးရှည် ထွက်ခွာမည် ဖြစ်သည်။ မူလ တိုက်တန်းနစ် သင်္ဘောသည် ၁၉၁၂ ခုနှစ် ဧပြီ ၁၅ ရက်က နယူးေ ယာက် မြို့တော်သို့ ခရီးရှည် ထွက်ခွာရာတွင် ရေခဲတောင်နှင့် တိုက်မိပြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ ယခု "Titanic II" သင်္ဘော တည်ဆောက်ခြင်းသည် "Titanic " ရုပ်ရှင် ချစ်ပရိသတ်များ အတွက် ရည်ရွယ် တည်ဆောက်ခြင်း ဖြစ်သလို ဇိမ်ခံ သင်္ဘောဖြင့် အပျော် ခရီးရှည် ထွက်လိုသူ ခရီးသည် များ အတွက် ရည်ရွယ် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း Palmer က ပြောကြား ခဲ့သည်။
http://bit.ly/Y5DrZf

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။