May Mon Kyaw shared Aye Chan Mon's photo.
အနီးမီးယားဆိုတာဘာလည်း .....?
အနီးမီးယားဆိုတာဟာ သွေးထဲမှာ ပုံမှန်ရှိရမယ့် သွေးနီဥတွင် အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးသော အရာ သံဓါတ်ပါသောအရာ Hemoglobin ပမာဏသို့မဟုတ် သွေးနီဥဆဲလ် red blood cells (RBCs) တွေဟာ ပုံမှန်မမာဏထက်လျော့ နည်းနေခြင်းကို ဆိုလိုပါတယ် ။ တခါတလေမှာတော့ သွေးပမာဏ Blood volume လျော့နည်းနေခြင်း Hypovolemia ကိုလည်း အနီးမီးယားလို့ခေါ်ပါသေးတယ် ။ သွေးယိုခြင်းကြောင့်ဖြစ်ပေါ် တတ်တဲ့ သွေးပမာဏလျော့နည်းခြင်း Hypovolemia ဟာလည်း သွယ်ဝှိုက်သောနည်းနဲ့ အနီးမီးယားကို ဖြစ်စေပါတယ် ။ ဒါပေမယ့် hemoglobin ပမာဏကတော့ များနေပြီး hypovolemia ကိုဖြစ်စေတဲ့ အခြားအချက်တွေလည်း ရှိပါသေးတယ် ။ အဲဒါတွေကတော့ ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ အလွန်အမင်း အန်ခြင်းတို့ပဲဖြစ်ပါတယ် ။
ပုံမှန်သွေးပမာဏ လူတွေမှာ ဘယ်လောက်ရှိရမလည်း .....?
ပုံမှန်ရှိရမည့် ဟေမိုဂလိုဘင်ပမာဏ
ယောက်ျား .....................13.0 - 18.0 g/dl
မိန်းမ........................
အနီးမီးယားကို ဘာတွေက ဖြစ်ပေါ်စေသလဲ ....?
အသိများတဲ့ ထင်ရှားတဲ့ အနီးမီးယားဖြစ်ပေါ်စေတဲ့ အချက်တွေကတော့
သွေးထွက်များခြင်းကြောင့် အနီးမီးယားဖြစ်ခြင်း ။ ။ ရာသီလာတဲ့ သွေးပမာဏဟာ အလွန်အမင်း များပြားနေခြင်း ၊ သွေးထွက်များသော အနာများ ၊ အစာအိမ်နှင့် အူလမ်းကြောင်း တွင် အနာများဖြစ်ပေါ်ခြင်း ကင်ဆာများ အထူးသဖြင့် အူမကြီးကင်ဆာ စသည်တို့မှာ သွေးကို တဖြည်းဖြည်း ခြင်း စိမ့်ထွက်စေတဲ့ အတွက်ကြောင့် အနီးမီးယားကိုဖြစ်ပေါ်စေပါတယ် ။
Iron သံဓါတ်ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်သော အနီးမီးယား ။ ။ ရိုးတွင်းခြင်ဆီဟာ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ဖို့အတွက် အိုင်းယွန်းကို လိုအပ်ပါတယ် ။ အိုင်းယွန်းဟာHemoglobin molecules တွေဖြစ်ပေါ်ဖို့ ပုံစံအတွက် အရေးကြီးတဲ့နေရာကနေ ပါဝင်ဆောင်ရွက်ပေးပါတယ် ။ အကယ်၍ အိုင်းယွန်းရရှိမှုဟာ ကန့်သတ်ထားတယ် ဒါမှမဟုတ်အစားအသောက်မှာ သံဓါတ်အလုံအလောက်မပါဝင် ဘူးဆိုရင် အကျိုးဆက်အနေနဲ့ အနီးမီးယား ဖြစ်နိုင်ပါတယ် ။ ဒါကိုတော့ Iron deficency anemia လို့ခေါ်ပါတယ် ။
နာတာရှည်ရောဂါများကြောင့် ဖြစ်ပေါ်သော အနီးမီးယား ။ ။ မည်သည့် နာတာရှည်ရောဂါမဆို အနီးမီးယားကို ဖြစ်ပေါ်စေနိုင်ပါတယ် ။ ဒါပေမယ့် တိကျတဲ့ဖြစ်စဉ်ကိုတော့ယနေ့တိုင်
ကျောက်ကပ်ရောဂါနှင့် ဆက်နွယ်သော အနီးမီးယား ။ ။ ကျောက်ကပ်ဟာ erythropoietin လို့ခေါ်တဲ့ ဟော်မုန်းတမျိုးကို ထုတ်လုပ်ပေးပါတယ် ။ အဲဒီကောင်က ရိုးတွင်းခြင် ဆီတွေ သွေးနီဥဆဲလ်တွေ ထုတ်လုပ်တဲ့ နေရာမှာ ကူညီပေးပါတယ် ။ နာတာရှည်ကျောက်ကပ် ရောဂါရှိတဲ့လူတွေမှာ ဒီဟော်မုန်းထုတ်လုပ်မှုဟာ လျော့နည်းသွားပါတယ် ။ တဆက်တည်းမှာပဲ သွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုဟာလည်း လျော့နည်းသွားပါတယ် ။ ဒီလိုမျိုးကိုတော့ anemia related to chronie kidney diseases လို့ခေါ်ပါတယ် ။
အာဟာရ ချို့တဲ့မှုကြောင့်ဖြစ်ပေါ်သော အနီးမီးယား ။ ။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေဟာ သွေးနီဥဆဲလ်ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ် ။ အိုင်းယွန်းအပြင် B12 နဲ့ folate ကလည်း hemoglobin ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ် ။ ဒီအထဲက ဘယ်အရာပဲ ဖြစ်ဖြစ်ချို့ယွင်းသွားမယ်ဆိုရင
Pernicious Anemia ။ ။ အစာအိမ်တွင် ပြသနာတခုခုရှိနေခြင်း သို့မဟုတ် အူတွေက ဗီတာမင်ဘီတွဲကို စုပ်ယူမှုနည်းခြင်းကြောင့် ဖြစ်ပေါ်စေနိုင်ပါတယ် ။ ဒီလိုမျိုး B12 deficiency ကြောင့်ဖြစ်ပေါ်တဲ့ အနီးမီးယားကို pernicious anemia လို့ခေါ်ပါတယ် ။
Sickle cell anemia ။ ။ အချို့လူတွေမှာ ပုံမှန်မဟုတ်တဲ့ hemoglobin molecules တွေထုတ်လုပ်တဲ့ပြသနာ ရှိတတ်ပါတယ် ။ ဒီလိုအခြေအနေမျိုးမှာဆိုရင် hemoglobin ဟာ ပမာဏရော လုပ်ငန်းဆောင်ရွက်မှုမှာပါ ပြဿနာရှိလာပါတယ် ။ ပုံမှန်မဟုတ်တဲ့ hemoglobin molecules တွေက သွေးနီဥပုံစံတွေကို မှုမမှန်ဖြစ်စေပြီး Crescent shaped ( sickle cells ) တံစဉ် ပုံစံလိုမျိုးဖြစ်ပေါ်စေပါတယ် ။သူ့ရဲ့ ပြင်းထန်မှု အဆင့်ပေါ်မှုတည်ပြီး Sickle cell anemia ကို အမျိုးအစားများစွာခွဲခြားနိုင်ပ
Thalassaemia ။ ။ ဟေမိုဂလိုဘင်နဲ့ ဆက်နွယ်ပြီး အနီးမီးယားကို ဖြစ်ပေါ်စေတဲ့ အခြားအုပ်စုတစ်ခုဖြစ်ပါတယ် ။ Thalassaemia အုပ်စုများစွာ ရှိပါတယ် ။ ရောဂါပြင်းထန်မှု အပေါ်မူတည်ပြီးကွဲသွားလေ့ရှိပါတယ
Ref;emedicine health( october 6 2009)
;wikipedia
သက်တန့်ချို
အေးချမ်းမွန်မှ သက်တန့်ချို တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။