Myawady News
ညီမလေးရေ...
ခုတလော Bra showပွဲအကြောင်းတွေ လူပြော တော်တော်များနေတယ်။ အပြစ်တင်နေတာတွေပေါ့။ အစ်ကိုကတော့ အပြစ်မတင်မိဘူး။
ဘာ့ကြောင့် အပြစ်မတင်သလဲဆိုရင် သူတို့က ဖျော်ဖြေတဲ့ လူတွေလေ။ သူတို့ဝတ်တိုင်း ညီမလေးတို့က လိုက်မ၀တ်ဖို့ပဲ လိုပါတယ်။ ဥပမာ မင်းသားတစ်ယောက်က ဘီလူးခေါင်းကို ဆောင်းပြီး ကနေရင် ပရိသတ်က အားကျပြီး
ဘီလူးခေါင်းကို လိုက်မဆောင်းဘူး။
တောင်ရှည်ပုဆိုးနဲ့ လှပနေတဲ့မင်းသားကို အတုယူပြီး ပရိသတ်က တောင်ရှည်လိုက်မ၀တ်သင့်ပါဘူး။ လိုက်ဝတ်တယ်ဆိုရင် မင်းသားအပြစ်မပာုတ်ဘူးလေ။ ပရိသတ်အပြစ်ပါ။
အဆိပ်သင့်စေတဲ့ ယဉ်ကျေးမှုဆိုပေမယ့် ဒါပာာ တားဆီးလို့ မရတော့ဘူး။ သူတို့တွေပာာ အပြင်လောကမှာ ဒါမျိုးမ၀တ်ပါဘူး။ ဒါ့ကြောင့် ပရိသတ်ဖြစ်တဲ့ ညီမလေးတို့က သူတို့တွေကို အားကျစရာမလိုဘူး။ အတုလည်း မယူသင့်ဘူး။
ဘုပြောတတ်တဲ့ လူတစ်ချို့ပာာ ဒီယဉ်ကျေးမှုကို နန်းခင်ဇေယျာ သယ်ဆောင်လာတာလို့ ပြောသံကြားပေမယ့်
ဒါပာာ လုံးဝ မှားယွင်းတဲ့ စကားသံပဲလေ။ အချိန်နဲ့ နေရာအလိုက် ၀တ်ဆင်ခဲ့ပေမယ့်
အပြင်လောကမှာ ယဉ်ကျေးသိမ်မွေ့တဲ့ ၀တ်စားဆင်ယဉ်မှုကိုပဲ သုံးစွဲနေတာ မြင်တွေ့
ရတယ်။
အစ်ကို ပြောချင်တာက အတုမယူသင့်တာကို အတုမယူဘဲ အတုယူသင့်တာတွေကို ရှာဖွေပြီး အတုယူသင့်တယ်။ Bra show ပွဲကို မပုတ်ခတ်ပါဘူး။ ဒါပေမယ့် လူကြီးလူကောင်းတွေ မြင့်မြတ်တဲ့လူတွေ မကြည့်ဘူး။ ညီလေးတို့ ညီမလေးတို့ပာာ မြင့်မြတ်တဲ့လူတွေမို့ ဒီပွဲမျိုးကို နောက် ဘယ်တော့မှ မကြည့်ဘူးလို့ ယုံကြည်ပါတယ်။
အားလုံးကို ခင်မင်လေးစားလျက်
ပြည်ငြိမ်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။