Mails From Freinds ဖေဖော်ဝါရီလ ၂၀ ရက်၊ ကွာလာလမ်ပူ- ပုံပြင်ဆန်သောအဖြစ်အပျက်တစ်ခု…အမွှာညီအစ်မ ၂ ဦး သည် မွေးကင်းစအချိန်တွင် တစ်နေရာစီခွဲ၍အသက်ကြီးပြင်းခဲ့ပြီး ၂၅ နှစ်အကြာမှတစ်ဦးနှင့်တစ်ဦး ပြန်လည်တွေ့ရှိခဲ့ကြသည်။
သို့သော် အသက် ၂၅ နှစ်ကိုယ်စီရှိကြသော ၀ိုင်အမ်စီအေ(YMCA)အမှု ဆောင်ဂရေ့စ်လိုး(Grace Loo)နှင့် သူနာပြုအယ်လီဇာချန်(Eliza Chang)ညီအစ်မ ၂ ဦး၏ပြန်လည် ဆုံဆည်
...းမှုမှာ ပုံပြင်ထဲမှနတ်သမီး၏မျက်လှည့်ပြကွက်တန်ခိုးကြောင့်မဟုတ်ခဲ့ပါ။
ယင်းမှာ လူမှုမီဒီယာကြောင့်တည်း။ ‘ကျွန်မမှာ အမွှာရှိတယ် ဆိုတာသိတာနဲ့ပထမဆုံးသိချင်ခဲ့တာက သူ့ကိုပြန်ရှာတွေ့ဖို့ပဲ။ ဒါပေမဲ့ကျွန်မတို့ကိုမွေးဖွားတဲ့မိဘတွေ ကိုယ်တိုင်က မွေးပြီးတာနဲ့အဲဒီရွာမှာပဲ ကလေးကိုပေးခဲ့တယ်လို့ သိရတယ်။ ဂူးဂဲလ်(Google)မှာ အမွှာ ပျောက်တဲ့အကြောင်းအရာတွေကို ရှာဖတ်တယ်။ နောက်ပြီး ဖေ့စ်ဘုတ်(Facebook)မှာလည်း သူ့ကို ရှာတွေ့နိုးနိုးနဲ့အကောင့်တွေဖွင့်တယ်။ ဘာသတင်းမှမရခဲ့ဘူး’ဟု မိနစ်ပိုင်းကြီးသောအမွှာအစ်မလိုးက ရှင်းပြသည်။
မိဘနှစ်ပါးသည် ငွေ ကြေးအခက်အခဲကြောင့် အမွှာ ၂ ဦးကိုမွေးဖွားပြီးမကြာမီတွင် ချန့် ကိုရာအပ်ဘ်(Raub)ရှိမိသားစုတစ်စု ထံအပ်နှံခဲ့ကာလိုးကိုလည်းစင်ကာပူရှိမိသားစုတစ်စုသို့မွေးစားရန် ပေးအပ်
ခဲ့ကြသည်။
နောက်ဆုံးတွင် မွေးစားဖခင်မှအမွှာညီမတစ် ဦးရှိကြောင်း လိုးကိုပြောပြခဲ့သည်။ အစတွင် လိုးက မယုံနိုင်အောင်ဖြစ်ခဲ့သော်လည်း ညီမဖြစ်သူအား ရှာဖွေဆက်သွယ်ရန် ဆုံးဖြတ်ခဲ့သည်။
၃ နှစ်ခန့်ညီမဖြစ်သူအား အချိန်ယူရှာဖွေခဲ့ပြီး ဖေ့စ်ဘုတ်ရှိ မွေးရပ်ဇာတိအဖြစ် ရာအပ်ဘ်(Raub)ရေးသားထားသူများကို ဆက် လက်လေ့လာခဲ့ရာ ယခုနှစ်ဇန်န၀ါရီလတွင် ညီမဖြစ်သူချန်ကိုလိုးက ရှာတွေ့ခဲ့သည်။
‘အမျိုးသမီးတစ်ယောက်ရဲ့ ပရိုဖိုင်း(profile)ကိုဝင်ကြည့်ဖို့ ညွှန်ကြားခံရတယ်။ သူ့မိတ်ဆွေ စာရင်းကိုစစ်ကြည့်တဲ့အခါမှာ အယ်လီ ဇာ့ပရိုဖိုင်းတွေ့သွားပြီး ကျွန်မညီမဆိုတာ သိလိုက်တယ်။ ကျွန် မပျော်လိုက်တာစကားနဲ့တောင်ထုတ် ပြောလို့မရနိုင်အောင်ပါပဲ။ ရုံးကနေ ရှာတွေ့တာဆိုတော့ အဲဒီနေ့ ဆိုဘာအလုပ်မှမလုပ်နိုင်ခဲ့ဘူး’ဟု လိုးက ယမန်နေ့တွင် ပြောပြသည်။
‘ကျွန်မ လိုးဆီကနေ သူငယ်ချင်းဖြစ်ခွင့်တောင်းတဲ့စာတိုလေးရတော့ စိတ် ထဲမှာအရင်ဆုံးပေါ်တာက သူ့ပရိုဖိုင်းပုံကိုကြည့်ပြီး ဟေ့ ဒီပုံရိုက်ထားတာငါမမှတ်မိပါလားပေါ့’ဟု ချန် က စိတ်လှုပ်ရှားစွာပြောခဲ့သည်။ ထို့နောက်တွင် ဖေ့စ်ဘုတ်မှတစ်ဆင့် အပြန် အလှန်စကားပြောဖြစ်ကြကာ လိုးက စင်ကာပူမှရာအပ်ဘ်သို့လေယာဉ်ဖြင့် ပျံသန်းဆင်းသက်ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပျော်ရွှင်စွာလူချင်းတွေ့ခဲ့ကြသည်။
‘ကျွန်မတို့ ၂ ယောက်လူချင်းမတွေ့ခင် ရက်အနည်းငယ်အလိုတုန်းကပေါ့ ကျွန်မက စကားနည်းတဲ့သူဆိုတော့ နည်းနည်းစိတ်ပူတယ်။ ကျွန်မညီမကလည်းပြောတယ်..သူလည်း စကားအ ရမ်းနည်းတယ်တဲ့။ ဒါကြောင့် ကျွန်မတို့ ၂ ယောက်တွေ့ရင် ကြောင်တောင်တောင်ဖြစ်မလား၊ ဘာအ ကြောင်းတွေ ပြောကြမှာလဲ’ဟု လိုးက သူမစိုးရိမ်ပူပန်ခဲ့မှုကိုပြန်ပြောပြသည်။
‘ဒါပေမဲ့နော်..တစ်ကယ်တည်း ကျွန်မတို့ ၂ ယောက်ဘတ်စ် ကားမှတ်တိုင်မှာတွေ့လည်းတွေ့ရော ဟိုးအရင်ကတည်းက သိခဲ့ဖူးတဲ့သူငယ်ချင်းဟောင်းတွေလို ခံစား ရတယ်’ဟု ချန်က ပြောပြသည်။
အမွှာညီအစ်မ ၂ ဦးသည် ၄င်းတို့တွင် တူညီမှုများပြားနေသည်ကိုသိရှိချိန်တွင် အလွန်ပင်အံ့အားသင့် သွားကြသည်။ ‘ကျွန်မတို့ရဲ့အကျင့်တွေကလည်း အကုန်လုံးနီးပါးတူတယ်။ ကျွန်မတို့ရဲ့ဓါတ်ပုံဟောင်းတွေကိုပြန်ယှဉ်ကြည့်အခါ ဆံပင်ပုံစံနဲ့ဝတ်စားတဲ့ပုံစံတွေ တော်တော်လေး တူညီနေတာတွေ့ရတယ်။ ကျွန်မတို့ ၂ ယောက်လုံးအစပ်ကြိုက်တယ်။ ခရီးသွားတာနဲ့အိပ်တာလည်း ကြိုက်ကြတယ်’ဟု လိုးက ရယ်မော၍ပြောခဲ့သည်။ မေလတွင် ကျရောက်မည့် ၄င်းတို့မွေးနေ့တွင် နောက်တစ်ကြိမ်ထပ်ဆုံရန် ညီအစ်မ ၂ ဦးက အချိန်းအချက်လုပ်ထားကြသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။