ကိုဝိုင် ဝိုင်ကေ shared မင်းလူ၏ ၀တ္တုတိုများ's photo.
"တန်းဆင်းဇုန်"
ဆရာဝင်းငြိမ်းအနေဖြင့် သူ့ညီ ကိုမျိုးမြင့်ညိမ်းကို နည်းနည်းပါးပါး ဆုံးမထားဖို့ကောင်းပါသည်။ ဆရာဝင်းငြိမ်းသည်
အလွန်လူကြီးလူကောင်းပီသသူဖြစ်၏။ ဣနြေ္ဒသိက္ခာလည်း ရှိသည်။ တစ်ခါတစ်ရံ ပေါင်ချိန်ပြုံး ပြုံးတတ်တာလေး
တစ်ခုကလွဲလျှင် သဘောလည်းကောင်းသည်။ စာမူတောင်းရာမှာလည်း နားပူနားဆာလုပ်လေ့မရှိ။ "အဆင်ပြေတဲ့
အချိန် ရေးပေးပေါ့ကွာ" နားလည်စာနာမှုရှိစွာ ချိုချိုသာသာပြောတတ်တဲ့ သူတော်ကောင်းကြီးပါ။ ကိုမျိုးမြင့်ညိမ်း
ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ဒီလိုမဟုတ်။ လူပုံကိုက ထိုးထိုးထောင်ထောင်နဲ့ စာမူတောင်းရာမှာလည်း ချေချေငံငံမဟုတ်။
မီးကင်းကြေးတောင်းတဲ့ လေသံမျိုးနဲ့။
"အထူးထုတ်အတွက် စာမူတစ်ပုဒ်လိုချင်တယ်။ တစ်ပတ်အတွင်း ပြီးအောင်ရေးပေးပါ။ ဒါပဲ"
စဉ်းစားကြည့်ပေါ့ဗျာ။ ဒါဟာ စာမူတောင်းတဲ့စကားလား။ တကယ်ဆိုရင်-
"သူငယ်ချင်းရေ ကိုယ်တို့ဂျာနယ် အထူးထုတ်အတွက် စာမူလေး မစပါလားကွာ၊ သူငယ်ချင်းဆီက စာမူတောင်းလို့
မရရင် အလုပ်ထုတ်ပစ်မယ်လို့ ကိုဝင်းငြိမ်းကလည်း ကြိမ်းနေတယ်။ အဲဒါ ကိုယ့်ကို ကူညီပါဦးနော်။ သြော်..ဒါနဲ့
အခုအသစ်ထွက်တဲ့ စပီရူလိုင်းနားဘီယာဆိုတာ မြည်းပြီးပြီလား၊ စိတ်ဝင်စားရင် ကိုယ်တိုက်မယ်လေ"ဆိုတာမျိုး
လာသင့်တာပေါ့။ ခုတော့ မဟုတ်ပေါင်။ သူကပဲ အကျောကြီးနဲ့။
တကယ်တော့ ကိုမျိုးမြင့်ညိမ်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ ခုမှမဟုတ်။ ဟိုးအရင် ပေဖူးလွှာမှာ လုပ်ခဲ့တုန်းကတည်းက ထောင့်မကျိုးခဲ့တာ။
မကြာခဏဆိုသလို..."ဒီလအတွက် ၀တ္ထုနည်းနေတယ်။ တစ်ပုဒ်လောက် အမြန်ရေးပြီး လာပို့စမ်းပါ" လုပ်တတ်သည်။ စာမူကို
မီးသွေးအော်ဒါမှာသလို မှာလို့ရတယ်များ မှတ်နေသလားမသိ။ ကျွန်တော်ကလည်း လက်ဖက်ရည်ဆိုင်ထိုင်ဖို့ဆိုရင်သာ
ဝီရိယကောင်းပြီး တက်ကြွတတ်တာ။ စာရေးဖို့ကျတော့ အပျင်းက ထူချင်သည်။ ဟိုလှည့် ဒီပတ်နဲ့ စာမူတစ်ပုဒ်ကို
တော်တော်နဲ့မပြီးနိုင်။
ခုတလောမှာ စိတ်က နည်းနည်းလေနေသည်။ အလုပ်ကို ဖိဖိစီးစီးမလုပ်ချင်။ လုံးချင်းဝတ္ထုအသစ်တစ်ပုဒ်ရေးဖို့  ကြိုးစားနေတာ။
ပထမဆုံးအခန်းကို ဘယ်လို စဖွင့်ရမလဲ စဉ်းစားရင်း စိတ်ကြိုက်မတွေ့လို့ ခက်နေတာ။ အရေးထဲမှာ သူတို့ဂျာနယ်ကတစ်မှောင့်။
အထူးထုတ်တဲ့။ ထူးပဲ ထူးနိုင်လွန်းသည်။ ကိုယ်က ဒီရက်ပိုင်းမှာ စာအုပ်ကလေးတစ်အုပ်ကို ဇိမ်နဲ့ဖတ်ရင်း နှပ်ချင်နေသည်။
လောလောလတ်လတ် လက်ဆောင်ရထားသောစာအုပ်တွေကလည်း မဖတ်ဘဲ မနေနိုင်အောင် ဆွဲဆောင်နေကြသည်။ ဆရာမ
သန်းမြင့်အောင်၏ ရွှေရောင်ည၊ ဆရာချစ်ဦးညို၏ ရတနာဂီရိ အကျဉ်းသား၊ ဆရာကျော်ဝင်းရဲ့စိန်ခေါ်ကြသူများ ၊ ဆရာ
တက္ကသိုလ်နေ၀င်းရဲ့ အင်းဝရွှေနန်းရောက် ဗြိတိသျှအဖွဲ့မှတ်တမ်း၊ ဆရာအောင်သင်းရဲ့ မျိုးဆက်သစ်တိုးတက်ရစ်ဖို့-၃၊
ဆရာပါရဂူရဲ့ သီဟသေနာပတိ အားလုံး အဖိုးတန် အကောင်းစားတွေချည်းပဲ။
စာမရေးချင်တဲ့အကြောင်းတစ်ခုကတော့  ခုတလောမှာ တစ်ရက်ခြားဆိုသလို "အန်ပလပ်"ဖြစ်နေသည်။ ညဘက်ကျလျှင်
"ငါ့ဘက်ထရီအိုး ဘယ်သူရွှေ့သလဲ"လို့ မေးရတာ အလုပ်တစ်ခု။ ဒီကြားထဲမှာ ဘောလုံးပွဲက ကြည့်လိုက်ချင်သေးသည်။
အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲတွေက ရာသီကုန်ကာနီးမှာမှ ပိုပြီးကြည့်ကောင်းလာသည်။ ဗိုလ်စွဲမယ့်အသင်းကို ခန့်မှန်းလို့
ရနေပြီဖြစ်သော်လည်း ချန်ပီယံလိဂ်ပွဲကို တိုက်ရိုက်ဝင်နွှဲခွင့်ရနိုင်သော အဆင့်ထဲဝင်ဖို့ကိစ္စက ရှိသေးသည်။ ဒါက
ထိပ်တန်းအသင်းကြီးတွေ အပြိုင်အဆိုင် ကြိုးစားနေတဲ့ကိစ္စ။
ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက တန်းဆင်းဇုန်ထဲကျနေတဲ့အသင်းတွေနဲ့ အဲဒီဇုန်နားကပ်နေတဲ့အသင်းတွေပါပဲ။ ဘောလုံးပွဲ
ရာသီတစ်ခုပြီးတဲ့အခါ အမှတ်ပေါင်း အနည်းဆုံးရတဲ့ အောက်ဆုံးကအသင်းတချို့ အဆင့်မြင့်တန်းကနေ အောက်တစ်ဆင့်
နိမ့်သော ပထမတန်းသို့ ပြန်ဆင်းရသည်။ ထိုအခြေအနေကို တန်းဆင်းဇုန်ဟု ခေါ်သည်။ ဒီဘ၀ကလွတ်အောင် အသည်းအသန်
ကြိုးစားရုန်းကန်နေကြရသည်။ ဒီလိုအသင်းမျိုးတွေကို အသင်းကြီးတွေက သတိထားကြရသည်။ သူတို့က အောက်တန်း
ပြန်မဆင်းရရေးအတွက် အသေအလဲ ခံကစားပြီး အသင်းကြီးတွေကို ဒုက္ခပေးတတ်သောကြောင့်ဖြစ်၏။
တစ်ခါက တီဗွီမှာလာသောပွဲတစ်ပွဲ ကြည့်ဖူးသည်။ နှစ်သင်းစလုံး အောက်ဆုံးနားက အသင်းငယ်လေးတွေပဲ။ ဘောလုံးသမားတွေ
ကလည်း သိပ်မထူးချွန်လှ။ သို့ရာတွင် ပွဲက အကြိတ်အနယ်ရှိပြီး ကြည့်ကောင်းလှသည်။ ကြိုးကြိုးစားစား အပြန်အလှန်ထိုးဖောက်
ကစားကြတာ ဗိုလ်လုပွဲလး အောက်မေ့ရ၏။ အိမ်ရှင်အသင်းက တစ်ဂိုးရှုံးနေသည်။ ပြန်လည်ချေပနိုင်ရေးအတွက် အားကြိုးမာန်တက်
တွန်းတွန်းတိုက်တိုက်ကစားရာမှ အ၀ါကတ်တွေ၊ အနီကတ်တွေ ပလူပျံသွားသည်။ ပရိသတ်ကလည်း တစ်ခဲနက်အားပေးနေသည်။
ပွဲပြီးခါနီး စက္ကန့်ပိုင်းအလိုကျမှ အိမ်ရှင်အသင်းက ချေပဂိုးသွင်းလိုက်နိုင်သည်။
ထိုအခါ အိမ်ရှင်ပရိသတ်များသည် ကွင်းထဲသို့ ပြေးဆင်းလာကြပြီး သူတို့ဘောလုံးအသင်းသားတွေကို ပခုံးပေါ်ထမ်းပိုးပြီး ချီးကျူး
ဂုဏ်ပြုကြသည်။ တစ်ကွင်းလုံး ခုန်ပေါက်မြူးထူးပြီး အောင်ပွဲခံကြသည်။ ရုတ်တရက်တော့ နားမလည်နိုင်အောင်ဖြစ်ရ၏။ ဘယ့်နှယ်လဲ
နိုင်သွားတာလည်းမဟုတ်။ ဗိုလ်စွဲခွင့်ရဖို့ဆိုတာ အိပ်မက်တောင် မမက်နိုင်တဲ့အသင်းက ဘာကြောင့် ဒီလောက်ဝမ်းမြောက်ဝမ်းသာ
ဖြစ်နေရတာလဲ။ ဘောလုံးပွဲကြေညာသူပြောသောစကားကို ကြားတော့မှ သဘောပေါက်သည်။ ဒီနေ့ပွဲမှာ သရေကျလို့ရလိုက်တဲ့
အဖိုးတန်အမှတ်တစ်မှတ်ကြောင့် သူတို့အသင်း အောက်တန်းပြန်ဆင်းရမယ့်အခြေအနေက လွတ်မြောက်သွားလို့ပါပဲတဲ့။
ဒီနေရာမှာ အတွေးတစ်ခု ဖျတ်ခနဲပေါ်လာသည်။ ထိပ်ဆုံးအဆင့်က ဗိုလ်စွဲခွင့်ရလို့ ပျော်ရွှင်တာနဲ့ အောက်ဆုံးအဆင့်ကနေ
လွတ်မြောက်ခွင့်ရလို့ ပျော်ရွှင်ရတာ ဘယ်ဟာက ပိုသာသလဲ။ ဘယ်ဟာက ပိုပြီးအရသာရှိလဲ ဆိုသောအချက်ပင်ဖြစ်၏။
နောက်တစ်ခု စဉ်းစားမိတာရှိသေးသည်။ ဘောလုံးသမားတစ်ယောက် အလွန်ခြေစွမ်းထက်နေချိန်မှာ ထိပ်တန်းအသင်းကြီးတွေက
ငွေပိုပေးပြီး အလုအယက်ခေါ်တတ်ကြသော်လည်း ခြေကျသွားပြီ ဆိုတဲ့အခါမှာတော့ အရန်ခုံမှာ နှစ်ပေါက်အောင် ထိုင်နေရတာမျိုး၊
တခြားမထင်မရှားအသင်းကလေးကို ငွေကြေးအနည်းငယ်နဲ့ ပြောင်းရွှေ့ပြီး မှေးမှိန် ပျောက်ကွယ်သွားရတာမျိုး တွေ့မြင်ရတတ်သည်။
အုပ်ချုပ်သူနည်းပြဆရာအဖြစ် ကူးပြောင်းပြီး ဂုဏ်သိက္ခာရှိရှိ ဆက်လက်ရပ်တည်နိုင်သူတချို့လည်း ရှိသည်။
ကျွန်တော်တို့ အနုပညာသမားတွေနဲ့မတူဘူးလား။ တစ်ချိန်ချိန်မှာ လျှမ်းလျှမ်းတောက်ကျော်ကြားပြီး နာမည်ကျသွားတဲ့အခါကျတော့
ဘယ်သူကမှ အရေးမစိုက်တော့တာမျိုး၊ ပရိသတ်က မေ့တောင်မေ့သွားတာမျိုး ကြုံရတတ်သည်။ နှစ်ပေါင်းများစွာကြာအောင် ဂန္ထ၀င်
မြောက်နေသူတွေလည်းရှိသည်။ ကျွန်တော်ကတော့ တန်းဆင်းဇုန်ထဲ ပြုတ်မကျအောင် အစဉ်သဖြင့် ကြိုးစားရုန်းကန်နေရဆဲပါပဲ။
မင်းလူ
----------------
အလင်းတန်းဂျာနယ်၊
၂၆-၄-၂၀၀၄၊
(၃၀၀ ပြည့် အထူးထုတ်)
ဆရာဝင်းငြိမ်းအနေဖြင့် သူ့ညီ ကိုမျိုးမြင့်ညိမ်းကို နည်းနည်းပါးပါး ဆုံးမထားဖို့ကောင်းပါသည်။ ဆရာဝင်းငြိမ်းသည်
အလွန်လူကြီးလူကောင်းပီသသူဖြစ်၏။
တစ်ခုကလွဲလျှင် သဘောလည်းကောင်းသည်။ စာမူတောင်းရာမှာလည်း နားပူနားဆာလုပ်လေ့မရှိ။ "အဆင်ပြေတဲ့
အချိန် ရေးပေးပေါ့ကွာ" နားလည်စာနာမှုရှိစွာ ချိုချိုသာသာပြောတတ်တဲ့ သူတော်ကောင်းကြီးပါ။ ကိုမျိုးမြင့်ညိမ်း
ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ဒီလိုမဟုတ်။ လူပုံကိုက ထိုးထိုးထောင်ထောင်နဲ့ စာမူတောင်းရာမှာလည်း ချေချေငံငံမဟုတ်။
မီးကင်းကြေးတောင်းတဲ့ လေသံမျိုးနဲ့။
"အထူးထုတ်အတွက် စာမူတစ်ပုဒ်လိုချင်တယ်။ တစ်ပတ်အတွင်း ပြီးအောင်ရေးပေးပါ။ ဒါပဲ"
စဉ်းစားကြည့်ပေါ့ဗျာ။ ဒါဟာ စာမူတောင်းတဲ့စကားလား။ တကယ်ဆိုရင်-
"သူငယ်ချင်းရေ ကိုယ်တို့ဂျာနယ် အထူးထုတ်အတွက် စာမူလေး မစပါလားကွာ၊ သူငယ်ချင်းဆီက စာမူတောင်းလို့
မရရင် အလုပ်ထုတ်ပစ်မယ်လို့ ကိုဝင်းငြိမ်းကလည်း ကြိမ်းနေတယ်။ အဲဒါ ကိုယ့်ကို ကူညီပါဦးနော်။ သြော်..ဒါနဲ့
အခုအသစ်ထွက်တဲ့ စပီရူလိုင်းနားဘီယာဆိုတာ မြည်းပြီးပြီလား၊ စိတ်ဝင်စားရင် ကိုယ်တိုက်မယ်လေ"ဆိုတာမျိုး
လာသင့်တာပေါ့။ ခုတော့ မဟုတ်ပေါင်။ သူကပဲ အကျောကြီးနဲ့။
တကယ်တော့ ကိုမျိုးမြင့်ညိမ်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ ခုမှမဟုတ်။ ဟိုးအရင် ပေဖူးလွှာမှာ လုပ်ခဲ့တုန်းကတည်းက ထောင့်မကျိုးခဲ့တာ။
မကြာခဏဆိုသလို..."ဒီလအတွက် ၀တ္ထုနည်းနေတယ်။ တစ်ပုဒ်လောက် အမြန်ရေးပြီး လာပို့စမ်းပါ" လုပ်တတ်သည်။ စာမူကို
မီးသွေးအော်ဒါမှာသလို မှာလို့ရတယ်များ မှတ်နေသလားမသိ။ ကျွန်တော်ကလည်း လက်ဖက်ရည်ဆိုင်ထိုင်ဖို့ဆိုရင်သ
ဝီရိယကောင်းပြီး တက်ကြွတတ်တာ။ စာရေးဖို့ကျတော့ အပျင်းက ထူချင်သည်။ ဟိုလှည့် ဒီပတ်နဲ့ စာမူတစ်ပုဒ်ကို
တော်တော်နဲ့မပြီးနိုင်။
ခုတလောမှာ စိတ်က နည်းနည်းလေနေသည်။ အလုပ်ကို ဖိဖိစီးစီးမလုပ်ချင်။ လုံးချင်းဝတ္ထုအသစ်တစ်ပုဒ်ရေးဖို
ပထမဆုံးအခန်းကို ဘယ်လို စဖွင့်ရမလဲ စဉ်းစားရင်း စိတ်ကြိုက်မတွေ့လို့ ခက်နေတာ။ အရေးထဲမှာ သူတို့ဂျာနယ်ကတစ်မှောင့်။
အထူးထုတ်တဲ့။ ထူးပဲ ထူးနိုင်လွန်းသည်။ ကိုယ်က ဒီရက်ပိုင်းမှာ စာအုပ်ကလေးတစ်အုပ်ကို ဇိမ်နဲ့ဖတ်ရင်း နှပ်ချင်နေသည်။
လောလောလတ်လတ် လက်ဆောင်ရထားသောစာအုပ်တွေကလည်း မဖတ်ဘဲ မနေနိုင်အောင် ဆွဲဆောင်နေကြသည်။ ဆရာမ
သန်းမြင့်အောင်၏ ရွှေရောင်ည၊ ဆရာချစ်ဦးညို၏ ရတနာဂီရိ အကျဉ်းသား၊ ဆရာကျော်ဝင်းရဲ့စိန်ခေါ်ကြသူများ
တက္ကသိုလ်နေ၀င်းရဲ့ အင်းဝရွှေနန်းရောက် ဗြိတိသျှအဖွဲ့မှတ်တမ်း၊ ဆရာအောင်သင်းရဲ့ မျိုးဆက်သစ်တိုးတက်ရစ်ဖို့-၃၊
ဆရာပါရဂူရဲ့ သီဟသေနာပတိ အားလုံး အဖိုးတန် အကောင်းစားတွေချည်းပဲ။
စာမရေးချင်တဲ့အကြောင်းတစ်ခုကတော
"ငါ့ဘက်ထရီအိုး ဘယ်သူရွှေ့သလဲ"လို့ မေးရတာ အလုပ်တစ်ခု။ ဒီကြားထဲမှာ ဘောလုံးပွဲက ကြည့်လိုက်ချင်သေးသည်။
အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲတွေက ရာသီကုန်ကာနီးမှာမှ ပိုပြီးကြည့်ကောင်းလာသည်။ ဗိုလ်စွဲမယ့်အသင်းကို ခန့်မှန်းလို့
ရနေပြီဖြစ်သော်လည်း ချန်ပီယံလိဂ်ပွဲကို တိုက်ရိုက်ဝင်နွှဲခွင့်ရနိုင်သော
ထိပ်တန်းအသင်းကြီးတွေ အပြိုင်အဆိုင် ကြိုးစားနေတဲ့ကိစ္စ။
ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက
ရာသီတစ်ခုပြီးတဲ့အခါ အမှတ်ပေါင်း အနည်းဆုံးရတဲ့ အောက်ဆုံးကအသင်းတချို့ အဆင့်မြင့်တန်းကနေ အောက်တစ်ဆင့်
နိမ့်သော ပထမတန်းသို့ ပြန်ဆင်းရသည်။ ထိုအခြေအနေကို တန်းဆင်းဇုန်ဟု ခေါ်သည်။ ဒီဘ၀ကလွတ်အောင် အသည်းအသန်
ကြိုးစားရုန်းကန်နေကြရသည်။ ဒီလိုအသင်းမျိုးတွေကို အသင်းကြီးတွေက သတိထားကြရသည်။ သူတို့က အောက်တန်း
ပြန်မဆင်းရရေးအတွက် အသေအလဲ ခံကစားပြီး အသင်းကြီးတွေကို ဒုက္ခပေးတတ်သောကြောင့်ဖြစ်၏။
တစ်ခါက တီဗွီမှာလာသောပွဲတစ်ပွဲ ကြည့်ဖူးသည်။ နှစ်သင်းစလုံး အောက်ဆုံးနားက အသင်းငယ်လေးတွေပဲ။ ဘောလုံးသမားတွေ
ကလည်း သိပ်မထူးချွန်လှ။ သို့ရာတွင် ပွဲက အကြိတ်အနယ်ရှိပြီး ကြည့်ကောင်းလှသည်။ ကြိုးကြိုးစားစား အပြန်အလှန်ထိုးဖောက်
ကစားကြတာ ဗိုလ်လုပွဲလး အောက်မေ့ရ၏။ အိမ်ရှင်အသင်းက တစ်ဂိုးရှုံးနေသည်။ ပြန်လည်ချေပနိုင်ရေးအတွက် အားကြိုးမာန်တက်
တွန်းတွန်းတိုက်တိုက်ကစားရာမှ အ၀ါကတ်တွေ၊ အနီကတ်တွေ ပလူပျံသွားသည်။ ပရိသတ်ကလည်း တစ်ခဲနက်အားပေးနေသည်။
ပွဲပြီးခါနီး စက္ကန့်ပိုင်းအလိုကျမှ အိမ်ရှင်အသင်းက ချေပဂိုးသွင်းလိုက်နိုင်သည်။
ထိုအခါ အိမ်ရှင်ပရိသတ်များသည် ကွင်းထဲသို့ ပြေးဆင်းလာကြပြီး သူတို့ဘောလုံးအသင်းသားတွေကို ပခုံးပေါ်ထမ်းပိုးပြီး ချီးကျူး
ဂုဏ်ပြုကြသည်။ တစ်ကွင်းလုံး ခုန်ပေါက်မြူးထူးပြီး အောင်ပွဲခံကြသည်။ ရုတ်တရက်တော့ နားမလည်နိုင်အောင်ဖြစ်ရ၏။ ဘယ့်နှယ်လဲ
နိုင်သွားတာလည်းမဟုတ်။ ဗိုလ်စွဲခွင့်ရဖို့ဆိုတာ အိပ်မက်တောင် မမက်နိုင်တဲ့အသင်းက ဘာကြောင့် ဒီလောက်ဝမ်းမြောက်ဝမ်းသာ
ဖြစ်နေရတာလဲ။ ဘောလုံးပွဲကြေညာသူပြောသောစကားကိ
အဖိုးတန်အမှတ်တစ်မှတ်ကြောင့် သူတို့အသင်း အောက်တန်းပြန်ဆင်းရမယ့်အခြေအနေက
ဒီနေရာမှာ အတွေးတစ်ခု ဖျတ်ခနဲပေါ်လာသည်။ ထိပ်ဆုံးအဆင့်က ဗိုလ်စွဲခွင့်ရလို့ ပျော်ရွှင်တာနဲ့ အောက်ဆုံးအဆင့်ကနေ
လွတ်မြောက်ခွင့်ရလို့ ပျော်ရွှင်ရတာ ဘယ်ဟာက ပိုသာသလဲ။ ဘယ်ဟာက ပိုပြီးအရသာရှိလဲ ဆိုသောအချက်ပင်ဖြစ်၏။
နောက်တစ်ခု စဉ်းစားမိတာရှိသေးသည်။ ဘောလုံးသမားတစ်ယောက် အလွန်ခြေစွမ်းထက်နေချိန်မှာ ထိပ်တန်းအသင်းကြီးတွေက
ငွေပိုပေးပြီး အလုအယက်ခေါ်တတ်ကြသော်လည်း ခြေကျသွားပြီ ဆိုတဲ့အခါမှာတော့ အရန်ခုံမှာ နှစ်ပေါက်အောင် ထိုင်နေရတာမျိုး၊
တခြားမထင်မရှားအသင်းကလေးကို ငွေကြေးအနည်းငယ်နဲ့ ပြောင်းရွှေ့ပြီး မှေးမှိန် ပျောက်ကွယ်သွားရတာမျိုး တွေ့မြင်ရတတ်သည်။
အုပ်ချုပ်သူနည်းပြဆရာအဖြစ် ကူးပြောင်းပြီး ဂုဏ်သိက္ခာရှိရှိ ဆက်လက်ရပ်တည်နိုင်သူတချို့လည်း ရှိသည်။
ကျွန်တော်တို့ အနုပညာသမားတွေနဲ့မတူဘူးလား။ တစ်ချိန်ချိန်မှာ လျှမ်းလျှမ်းတောက်ကျော်ကြားပြီး
ဘယ်သူကမှ အရေးမစိုက်တော့တာမျိုး၊ ပရိသတ်က မေ့တောင်မေ့သွားတာမျိုး ကြုံရတတ်သည်။ နှစ်ပေါင်းများစွာကြာအောင် ဂန္ထ၀င်
မြောက်နေသူတွေလည်းရှိသည်။ ကျွန်တော်ကတော့ တန်းဆင်းဇုန်ထဲ ပြုတ်မကျအောင် အစဉ်သဖြင့် ကြိုးစားရုန်းကန်နေရဆဲပါပဲ။
မင်းလူ
----------------
အလင်းတန်းဂျာနယ်၊
၂၆-၄-၂၀၀၄၊
(၃၀၀ ပြည့် အထူးထုတ်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။