Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 28, 2013

"ခင်ဘုဏ်း ပြောတဲ့ Life, Love, Loyalty (ဘဝ၊ အချစ်၊ သစ္စာတရား) "


 Royal Hero Media
Life

Life ဆိုတာက ဘဝပေါ့။ ဘဝ ဆိုတာကို အမျိုးမျိုးတော့ ပြောကြလိမ့်မယ်။ ခင်ဘုဏ်း အဖြစ်ချင်ဆုံး ဘဝကတော့ ဘယ်အရာမဆို အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်း ချမ်းချမ်းလေး ပဲ ဖြစ်ချင်တယ်။ ဒါကြောင့် ခင်ဘုဏ်း အနေနဲ့ ဘဝ ဆိုတာကို အဓိပ္ပာယ် ဖွင့်ပါဆိုရင် ငြိမ်းချမ်း မှုကို ရှာဖွေခြင်းလို့ ပဲ ပြောချင် တယ်။ ခင်ဘုဏ်းရဲ့ဘဝ မှာတော့ အချိုးအကွေ့တွေ နဲ့ တွေ့ခဲ့ ရတာပဲ။ လူက ကိုယ့် ဘဝကို ငြိမ်းချမ်းတယ်၊ မငြိမ်းချမ်းဘူး ဆိုတာက ကိုယ့်ရဲ့ ခံယူတဲ့စိတ် နဲ့ပဲ ဆိုင်တယ်။ ဘဝကို တိုက်ပွဲ တစ်ခုလို သတ်မှတ်ထားတဲ့ သူတွေကတော့ အမြဲပဲ တိုက်ယူနေကြမှာပဲ။


ခင်ဘုဏ်း ကတော့ ဘဝဆို တာက ငြိမ်းချမ်းမှု လို့ ခံယူထားတော့ မငြိမ်း ချမ်း၊ ငြိမ်းချမ်းအောင် နေတယ်။ လူ့ဘဝ ဆိုတာက အကောင်းရော၊ အဆိုးရော က လောကဓံ ပါပဲ။ အကောင်းပဲ တွေ့ရလို့ ကောင်းနေတယ် လို့ပဲ ပြောလို့မရဘူး။ အဆိုးတွေ့ လို့လည်း ဒါလောကဓံလို့ ပြောလို့ မရဘူး။ အကောင်းရော အဆိုးရောက လောကဓံတရားပါပဲ။ ဒီနှစ်ခု လုံး ကြားမှပဲ ဘယ် အရာကိုမှ စိတ်မလှုပ်ရှားဘဲ လက်ခံနိုင်အောင် ကြည့်ပြီး နေတတ်ဖို့ က ပိုပြီး လိုအပ်ပါတယ်။ ခင်ဘုဏ်း ဆိုရင် အရွယ် နဲ့မမျှတဲ့ လောကဓံတွေ ကို ခံခဲ့ရဖူးပါတယ်။ ခင်ဘုဏ်း က ကလေးအရွယ် အနေနဲ့ ဖြတ်သန်း ခဲ့ရ တာက အချိန်နည်းပါတယ်။ လူကြီးတွေ ကိုလည်း ခင်ဘုဏ်းက သိတတ် တယ်။ အမှန်တော့ ဘဝဆိုတာ နေတတ်ဖို့ပဲ လိုတာပါ။ တချို့ ကျတော့ လည်း တစ်ခုခုကို တစ်ယောက် ယောက်ကို နင်းပြီးမှ ကိုယ့်ဘဝကို တည်ဆောက်ကြ တယ်။ အဓိကကတော့ ကိုယ့် ဘဝမှာ ကိုယ့်ရဲ့စိတ် ပျော် သလား၊ စိတ်လုံခြုံလားက အရေးကြီး တာပါ။ ကောင်းမွန်တဲ့ ခံယူ ချက်လေးနဲ့ ကိုယ့်ဘဝကို လျှောက်ဖို့ တိုက်တွန်းချင်ပါတယ်။

Love

Love ဆိုတာကတော့ မေတ္တာတရားပါပဲ။ မေတ္တာတရား ဆိုတာ လူတိုင်းမှာ ရှိနေရမယ့် အရာလေးပါပဲ။ မေတ္တာ ဆိုတာက ကိုယ့်ချစ်သူ အပေါ်၊ ကိုယ့်မိသားစု အပေါ်၊ ကိုယ့်ရဲ့ အလုပ်ပေါ် ရှိရမယ်။ I Love You ဆိုတဲ့စကားက ယောက်ျားလေးနဲ့ မိန်းကလေး ကြားမှာ ပဲ ပြောလို့ရတဲ့ စကား မဟုတ်ပါဘူး။ မိဘကလည်း သားသမီး ကို ပြောလို့ရတယ်။ သမီးက လည်း မိဘကို ပြောရမယ်။ ကိုယ်ကချစ်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းကို လည်း ပြောလို့ ရတယ် ။ မြန်မာပြည် မှာက Valentine Day ဆိုတာကို ချစ်သူတွေ နဲ့ပဲ ဆိုင်တယ်လို့ ထင်နေကြတာ။ အမှန်တော့ ဒီလိုနေ့ မှ သူငယ်ချင်းတွေ၊ မိသားစုတွေ ကိုလည်း ချောကလက်လေးတွေ လက်ဆောင်ပေးရင်း ကိုယ့်ရဲ့ မေတ္တာတရား ကို ဖော်ထုတ် လို့ ရပါတယ်။ ပြီးတော့ ခင်ဘုဏ်း မြင်မိတာက ခင်ဘုဏ်းတို့ မိန်းကလေးတွေက ဗဟုသုတ နည်းနေကြတယ်။ ဒါကြောင့် ယောက်ျားလေးတွေ ပြောသမျှကို ယုံလွယ်ကြပြီး ကိုယ့်ရဲ့ အပျိုစင်ဘဝ ကို လျစ်လျူရှု လိုက်ကြတယ်။ အမှန်တော့ အိမ်ထောင် မပြုရသေးတဲ့ မိန်းကလေး တစ်ယောက် အတွက် တန်ဖိုးရှိဆုံး အရာ ဆိုရင် အပျိုစင် ဆိုတဲ့ ဂုဏ်ပါပဲ။ ဒါလေးကို စောင့်ထိန်းဖို့ အတွက် ခင်ဘုဏ်းတို့ မိန်းကလေးတွေက ဗဟုသုတတွေ အခြေခံ ရှိထားရမယ်။ စာတွေ များများ ဖတ်ရ မယ်။

Loyalty

Loyalty ဆိုတာက သစ္စာတရားပေါ့။ သစ္စာ ဆိုတာက လူတိုင်းက ကိုယ့် အပေါ် သစ္စာ ရှိဖို့တော့ မျှော်လင့်တတ်ကြတယ်။ ဒါပေမဲ့ ကိုယ်က သစ္စာ ထားဖို့တော့ တစ်ခါ တလေ မှာ မေ့နေတတ်ကြ တယ်။ ခင်ဘုဏ်းတို့ လူ့လောကကြီး အတွက် မေတ္တာတရားက အရေးပါသလို၊ သစ္စာတရား လည်း အရေးကြီး ပါတယ်။ Love ပဲ ရှိပြီး သစ္စာ မရှိခဲ့ ရင်လည်း အဲဒီ အချစ်တွေကမြဲမှာ မဟုတ် တော့ဘူး။ သစ္စာ ဆိုတာမှာလည်း မိသားစု အပေါ်၊ အိမ်ထောင်ဘက် အပေါ်၊ အလုပ် အပေါ် အဲဒီလို တွေသစ္စာ ရှိရမယ်။ မိတ်ဆွေ အချင်းချင်း၊ လုပ်ဖော် ကိုင်ဖက် အချင်းချင်း သစ္စာရှိရမယ်။ သူများ နောက်ကျောကို ဓားနဲ့ ထိုးတာမျိုး မလုပ်ရဘူး။ ကိုယ့်နိုင်ငံ အပေါ်လည်း သစ္စာ ရှိရမယ်။ သစ္စာဖောက် ဆိုတာက လူ့ဝန်းကျင်မှာ လုံးဝ မရှိသင့်တဲ့ အရာပါပဲ။ ဒါကြောင့် သစ္စာတရားကို အလေးထားပြီး မြတ်နိုး တတ်တဲ့ လူငယ်တွေ ဖြစ်ဖို့ ခင်ဘုဏ်းက တိုက်တွန်းချင်ပါတယ်။

ဖြိုးစုပိုပို

Yati Magazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။