အူတက်အောင်ရီရသောဟာသများနဲ့အခြား
လူလစ်သည်နှင့် သူခိုးဘမောင်သည်....တိုက်ခန်း
သို့သော် တိုက်ခန်းတွင်းဝယ်...လေးနှစ် အရွယ်ရှိ ချာတိတ်တစ်ယောက်ကို မထင်မှတ်ဘဲ တွေ့ရလေသည်။
“ ဟေ့ ချာတိတ် ...မင်းအဖေနဲ့ အမေ အိမ်မှာ မ ရှိဖူးလား ကွ ”ဟု လန့်မအော်စေ ရန် အလိမ္မာ သုံးလိုက်၏။
ချာတိတ်မှ “ မရှိဘူး ”.....ဟုပြန်ဖြေ၏။
ချာတိတ်လေးမှ ထိုသို့ပြန် ဖြေပြီး လူစိမ်းကို စူးစမ်းသည့် မျက်လုံးများဖြင့် ကြည့်နေသည်။
သို့နှင့်ဘမောင်လည်း....“ အဲဒါဆို ဦးဦး ကို ရေတစ်ခွက်လောက် ယူခဲ့ ပေးပါ့လားကွာ ”
ဤသို့.ပြောပြီး သူခိုးက တွေးသည်၊ ချာတိတ်လေး ရေသွားယူနေတုန်း၊ အဝတ်ဘီဒိုကို ဖွင့်ပြီး လိုချင်တာ ယူလိုက်မည်ဟု တွေးသည်။
သို့သော် ဘီဒို ဖွင့်ရုံသာ ရှိသေးသည် ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို လှမ်းပေးလိုက်သည်။
ဘာမှ မတတ်နိုင် ရေခွက်ထဲက ရေကို သောက်ချလိုက်ရသည်။
“ နောက်ထပ် တစ်ခွက်လောက် ခပ်ပေးပါဦးကွာ ”
ဘီဒိုထဲမှ သိုးမွှေးအကျီင်္ကို ထည့်ရရုံ ရှိသေး ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို ကမ်းပေးသည်။
စတုတ္ထ အကြိမ်မြောက် ရေနောက်တစ်ခွက် ယူရန်ပြောသောအခါ ချာတိတ်လေးက ပြန်ဖြေသည်။
“ ဦးလေးကြီး ကျွန်တော် မယူလာနိုင်တော့ဘူး..... ရေပိုက်ခေါင်းကို ကျွန်တော် လက်နဲ့ မမှီဘူး၊
အိမ်သာထဲက ရေကလည်း ကုန်နေပြီ ခင်ဗျ ”.....တဲ့
တိန်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။