ရန်ကုန်မြို့တော် ပြန်လည်တည်ဆောက် မွမ်းမံရန် စီစဉ်နေသည့် ကာလတွင် မြို့တော်ကောင်း ဖြစ်ရန်အတွက် လက်တွေ့ အကောင်အထည် ဖော်ခဲ့သူ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယူး၏ အတွေ့အကြုံမှာ နမူနာကောင်း တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် အောက်ပါ လီကွမ်ယူးနှင့် အင်တာဗျူးကို ဘာသာပြန် တင်ပြအပ်ပါသည်။
...........................................................................................................................................................
ဆန့်ကျင်ဘက် နမူနာတွေ ကနေ ကျွန်တော် သင်ခန်းစာ ယူပါတယ်။ ဟောင်ကောင်ဆိုရင် လူတွေ ပြည့်ကျပ်နေတယ်။ တိုက်အမြင့်ကြီးတွေ ရှိတယ်။ လမ်းမကြီးတွေပေါ်မှာ နေရောင်ခြည် ရခဲတယ်။ စိမ်းစိမ်းစိုစို မရှိဘူး။ ဒီတော့ ကျွန်တော်တို့က ဒါမျိုးတွေကို ရှောင်ရှား ရမယ်။ ပြင်သစ်မြို့တော် တွေမှာ မြေအောက်လမ်းတွေကို ဘယ်လိုလုပ်ထား သလဲဆိုတာ ကျွန်တော်အသေအချာ ကြည့်တယ်။ အဲဒါအပြင် အီကွေတာ ဒေသတစ်လျှောက် သွားပြီး စင်ကာပူမှာ ဖြစ်ထွန်းနိုင်တဲ့ အပင်မျိုးစုံကို စုတဲ့ အဖွဲ့တွေရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ အမျိုးအမည်စုံရတာပေါ့။ ကျွန်တော် တို့တစ်မြို့တည်း ရှိတာ မဟုတ်ဘူးလေ။ တခြားမြို့တွေ အများကြီးရှိတာပဲ။ ဒီတော့ သူတို့လုပ်ခဲ့တဲ့ အမှားတွေကို လေ့လာ နိုင်တယ်ဗျာ။ သူတို့လုပ်ထားတဲ့ ကောင်းတာတွေလည်း လေ့လာနိုင် တယ်။
စင်ကာပူအတွက် အောင်မြင်စေတဲ့ တကယ့် အကြောင်းအချက်တွေက ဘာတွေလို့ ခင်ဗျားထင်ပါသလဲ။
ပထမအချက်အနေနဲ့ အရည် အသွေးပြည့်ဝတဲ့ စီမံခန့်ခွဲမှုစနစ် ရှိရမယ်။ တစ်ပွဲတိုး လုပ်လို့မရဘူး။ ပုံမှန် လုပ်နေ ရမယ်။ ဒါကို အာရုံစိုက် လုပ်မယ့် အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် အဖွဲ့အစည်းတွေ ရှိရမယ်။
စင်ကာပူကို အဖွဲ့အစည်းကြီး နှစ်ခု နဲ့ ပြန်လည်တည်ဆောက်မှု ကျွန်တော် တို့ စတင်ခဲ့တယ်။ အိုးအိမ်နှင့် ဖွံ့ဖြိုး တိုးတက်ရေး ဘုတ်အဖွဲ့ (H.D.B) နဲ့ နောက်ပိုင်းမှာ ပေါ်လာတဲ့ မြို့ပြပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင် အဖွဲ့ (U.R.A) တို့ပါပဲ။
တရုတ်ပြည်မှာတော့ ဒီလို မဟုတ်ဘူး။ ပြန်လည် နေရာချထားရေးနဲ့ ပတ်သက်ပြီး ပြဿနာတွေ ကြုံရတယ်။ ဘာကြောင့်လဲ ဆိုတော့ သစ်ပင်စိုက်တဲ့ အဖွဲ့တွေ၊ လမ်းခင်းတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်း ညှိနှိုင်းပြီး အိုးအိမ် တည်ဆောက်ပေးတဲ့ အထူးအဖွဲ့အစည်း မရှိလို့ပဲ။ U.R.A-H.D.B နဲ့ ဥယျာဉ်မြို့တော် အကောင်အထည်ဖော်ရေး ကော်မတီ (GCAC) တို့ဟာ အထူးအရေးပါတဲ့ ကဏ္ဍက ပါဝင်ကြတယ်လို့ ကျွန်တော် ထင်တယ်။
ဒုတိယအချက် ကတော့ အားလုံး အတွက် တန်းတူညီမျှ ပါဝင်လှုပ်ရှားနိုင်တဲ့ ပြင်ညီကွင်း ဖြစ်ရမယ်။ လူထုက တရားမျှတမှု ရှိတယ်လို့ ယုံကြည်တဲ့လူ့ အဖွဲ့အစည်း ရှိရမယ်။ ကျွန်တော်တို့ လူဦးရေက တရုတ်၊ ကုလား၊ မလေးနဲ့ တခြားလူမျိုးစုံ ပါနေတယ်။ ဒီတော့ အသားအရောင် လူမျိုးမခွဲဘဲ တန်းတူညီ မျှတဲ့ ပေါ်လစီရှိရတယ်။
အရေးကြီးတာက ဖွံ့ဖြိုးလာမှာကို စောင့်မျှော်ပြီး ပါးနပ်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက အရေးပါတဲ့ နယ်မြေတွေမှာ ရှိတဲ့ မြေကွက်ကြီးတွေ ကို ကိုင်ထားခွင့် မပေးဖို့ဘဲ။ ကိုယ့်လူတွေ အပေါ် အမြတ်ထုတ်တာကို တားနိုင်အောင် ကျွန်တော်တို့က သူတို့ကို ကြိုထိန်းထားရမယ်။
(နိုင်ငံပိုင် မြေများကို သတ်မှတ်ကာလ အတွင်း အဆောက်အအုံ တည်ဆောက်ရမည် ဟူသော စည်း ကမ်းဘောင် အတွင်းမှ ရောင်းချပေး သည်။ ဈေးကစားမှုကို ဟန့်တားနိုင်ရန် အတွက် ဖြစ်သည်။)
တတိယအချက် အနေနဲ့ လာဘ်ပေး လာဘ်ယူ ကင်းရှင်းရမယ်။ ဒီအတွက် အခြေခံအကျဆုံး ကတော့ လာဘ်မစား တဲ့ဗျူရိုကရေစီ ယန္တရား ရှိရမယ်။ အထူးသဖြင့် လာဘ်မစားတဲ့ ရဲတပ်ဖွဲ့ရှိရမယ်။ လာဘ်ပေးလာဘ်ယူ အတွက် ကြီးလေးတဲ့ပြစ်ဒဏ် ပေးရမယ်။ တိကျခိုင်မာတဲ့ တရားဥပဒေ စိုးမိုးမှုရှိရမယ်။ ဒီနေ့လူထု က ဒီအချက်ကို လက်သင့် ခံထားပြီ။ တရားဥပဒေကို လေးစား လိုက်နာကြရမယ် ဆိုတဲ့ အချက်ပဲ။
ဘန်ကောက်နဲ့ ဂျာကာတာမှာလို အစီအစဉ်တကျ မရှိဘဲ ဆောက်ထားတဲ့ အဆောက်အအုံတွေ မရှိဘူး။ မိုးမျှော် တာဝါ နှစ်ခုရှိထားတဲ့ ကွာလာလမ်ပူမှာတောင် ကျူးကျော် နေထိုင်သူတွေက အများကြီး။ ဒီမှာက တိကျတဲ့စီမံချက် ရှိတယ်။ အဲဒီစီမံချက်အတိုင်း တသွေ မတိမ်းလုပ်တယ်။ လာဘ်ပေးလာဘ်ယူ မရှိဘူး။ ဘယ်သူမှ စီမံချက်တွေကို သွေဖည် လို့မရဘူး။ စီမံချက်နဲ့ မညီတဲ့ အဆောက်အအုံကို ခွင့်မပြုဘူး။ ဒါ အခြေခံမူတွေပဲ။ ကျွန်တော်တို့ အခုလို စလုပ်ခဲ့ကြတာပါ။
စင်ကာပူဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူ ဖြစ်စေတဲ့ အထူးအခွင့် အလမ်းတွေများ ရှိပါသလား။
ချောမွေ့ လွယ်ကူမှုကြောင့် ကျွန်တော်တို့ဟာ ဗဟိုအချက်အချာ တစ်နေရာ ဖြစ်လာတာပါ။ ပင်လယ် ရေကြောင်း သင်္ဘောလုပ်ငန်း အတွက် ဆိုရင် စင်ကာပူကို ဖြတ်ရတယ်။ အာရှ တိုက် တောင်ဘက်ဆုံး အစွန်းလေ။
ကျွန်တော်တို့ကဆင်းရဲတယ်။ မဖွံ့ဖြိုးသေးဘူး။ ဒါကြောင့် ကျွန်တော် တို့ အလုပ်ကြိုးစား ကြရတယ်။ ၁၉၇၁ ခုနှစ်မှာ ဗြိတိသျှတပ်တွေ ရုပ်သိမ်းသွား တော့ စက်မှုလုပ်ငန်း ထူထောင်ဖို့ အခွင့် အလမ်း ပေါ်လာတယ်။ သူတို့ ထိန်းသိမ်းထားတဲ့ မြေတွေ ကျွန်တော်တို့ဆီ ပြန်အပ်တယ်။ ဒါကြောင့် ကျွန်တော်တို့က (ဘဏ္ဍာရေး ဝန်ကြီးဟောင်း)ဟွန်ဆွီဆင်း (Hon Sui Sen) ဦးဆောင်တဲ့ စစ်စခန်း များ ပြောင်းလဲအသုံးချရေး အဖွဲ့ကို ဖွဲ့လိုက်တယ်။ သူက မြေကွက်တွေ အကြောင်း ကောင်းကောင်းသိတဲ့ အတွက် ဒီမြေကွက်လွတ်တွေ အပေါ်မှာ ဘယ်နေရာ ဘာဆောက်မယ် စီမံချက် ဆွဲဖို့ သူ့ကို ကျွန်တော်တို့က တာဝန် ပေးလိုက်တယ်။
ဖူလာတန် အဆောက်အအုံလို မြို့တော်ထဲက ရှေးအမွေအနှစ် နေရာတွေ ရှိပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ ဒီအတိုင်း ချန်ထားခဲ့တယ်။ ဒါက တစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးပါ။
လုပ်ငန်းအဆင့်ဆင့်မှာ ခင်ဗျား ရင်ဆိုင်ခဲ့ရတဲ့ အဓိက အခက်အခဲတွေ က ဘာတွေများပါလဲ။
အဓိက အခက်အခဲတွေကတော့ မြေရှားပါးမှုနဲ့ ပင်လယ်ကမ်းစပ်က မြေတွေအတွက် ပေးရတဲ့ လျော်ကြေး မြင့်မားမှုပဲ။ ဒါကြောင့် ပင်လယ်ကမ်းစပ် က မြေတွေကို အစိုးရက ရယူမယ်ဆိုရင် ပင်လယ်ကမ်းခြေမှာ ရှိတယ်ဆိုတဲ့ အချက်ကို ထည့်သွင်း မစဉ်းစားဘဲ လျော်ကြေးပေးရမယ် ဆိုတဲ့ ဥပဒေကို ကျွန်တော်တို့ အတည်ပြု ပြဋ္ဌာန်းလိုက်တယ်။
(ပင်လယ်ကမ်းခြေ မျက်နှာစာ မြေလွတ်ဆိုင်ရာ အက်ဥပဒေကို ၁၉၆၄ ခုနှစ်မှာ ပြင်ဆင်ပြီး ပင်လယ်ကမ်းခြေ မျက်နှာစာ ဆုံးရှုံးမှုအတွက် မြေရှင်များ အား လျော်ကြေးပေးရခြင်းကို အဆုံး သတ်လိုက်သည်။)
အဲဒီအချိန်တုံးက ဈေးကွက်က တစ်ချိန်လုံး နိမ့်နေတာဆိုတော့ ကျွန်တော်တို့ မြေကွက်ကျယ်ကြီးတွေ ကို ရလိုက်တယ်။ ဒီအတိုင်းပစ်ထားတဲ့ မြေရိုင်းတွေ။ ရင်းနှီးမြှုပ်နှံတဲ့ သူတွေက ဝင်ကစားပြီး ဈေးကြီးကြီးနဲ့ ရောင်းစားဖို့ ပြောင်းလဲမယ့် အရိပ်အခြေ ကို စောင့်ကြည့်နေကြတာ။ ရနိုင်သမျှ မြေကျယ်ကျယ်ကို ယူလိုက်တယ်။ ပင်လယ်ကမ်းစပ် နယ်မြေ တွေကို ဖို့ပြီး ကုန်းဖော်ခွင့် ကိုလည်း အရ ယူလိုက်တယ်။ ဂျူရောင်းဟာ ကျွန်တော်တို့ ဖို့ပြီးယူထားတဲ့ အရင်တုံးက ရွှံ့ညွန် တောကြီး။ ဂျူရောင်းမှာ ကျွန်တော်နဲ့ ဟွန်ဆွီဆင်း အတူတွဲပြီး ကျွန်တော်က ရွှံ့ညွန်တောဆီ လက်ညှိုး ထိုးပြနေတဲ့ ဓာတ်ပုံတစ်ပုံ ရှိတယ်လို့ ကျွန်တော် ထင်တယ်။
အဲဒီတော့ ပင်လယ်ကမ်းစပ် အခြေအနေက ပြောင်းသွားပြီး ပါယာ လေဘာ (Paya Lebar) အတွက် အကျိုး သက်ရောက်သွားတယ်။ ကျွန်တော်တို့ ပင်မ လေဆိပ်ကြီးကို ပါယာလေဘာ ကနေ ချန်ဂီကို ရွှေ့လိုက် တယ်။ ဒီတော့ Eastcoast Parway လမ်းမကြီးကို သုံးပြီး လေဆိပ်ကနေ မြို့ထဲကို ခင်ဗျားမိနစ် ၂၀ အတွင်း အရောက်သွားလို့ ရလာတယ်။
ဒါတွေက အခြေခံကျတဲ့ လမ်းပန်း အဆက်အသွယ် တွေပါပဲ။ ဒါတွေ ဒီလို နေသားတကျမဖြစ်ရင် ကျွန်တော်တို့ အခက်အခဲကို ရင်ဆိုင်ဖို့ အလွန်ခက် မယ်။ ဒါကြောင့် ဒါတွေ အမြန်နေသား တကျ ဖြစ်နေရမယ်။ လမ်းပန်းအဆက် အသွယ်စတဲ့ အပေါ်ထပ် အဆောက်အဦ (Infrastructure) ကို မှန်ကန်ကောင်းမွန်အောင် လုပ်ရမယ်။
ဒါကလုပ်လို့လည်း ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပင်လယ်ကမ်းခြေမှာ မြေကို လျော်ကြေး အများကြီး မပေးရဘဲ ဖို့ယူလိုက်တဲ့ အတွက် ကျွန်တော်တို့ လေဆိပ် အသစ်ကြီး နဲ့ East Coast Parkway လမ်းမ အသစ်ကြီးကို ရလိုက်တယ်လေ။
မြေယာ ရယူပိုင်ဆိုင်ပုံက အလွန် ဆန်းသစ်တီထွင်မှု ရှိပြီး အမြော်အမြင် ကြီးပြီး သမားရိုးကျ မဟုတ်တဲ့ ဥပဒေရေးရာ စနစ်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ အောင်မြင်မှု ဇာတ်လမ်းအတွက် အရေးပါတဲ့ အကြောင်းအချက် တွေထဲက တစ်ခုပါ။ ဒါနဲ့ပတ်သက်ပြီး ခင်ဗျား ဘယ်လိုပြောချင် ပါသလဲ။
(၁၉၆၆ ခုနှစ် မြေယာ ရယူပိုင်ဆိုင်ခွင့် အက်ဥပဒေအရ အစိုးရသည် သိမ်းယူသည့်မြေ အတွက် လက်ရှိပေါက်ဈေး နှင့် နယ်မြေအလိုက် လျော်ကြေးပေးခွင့် ပြုထားပါသည်။ မြေပိုင်ရှင်များ အနေနှင့် လျော်ကြေးအပေါ် စောဒကတက်ခွင့် ရှိသော်လည်း မြေယာ သိမ်းယူခြင်းကိုကား စောဒကတက်ခွင့် မရှိပါ။)
ဒီပြဿနာတွေကို ကျွန်တော် ကြိုတွက်ထားပါတယ်။ အိမ်ရာမြေ ဈေးကွက်မှာ စိတ်ဝင်စားမှု အနည်းဆုံး ဖြစ်နေခဲ့တော့ လူတွေက စင်ကာပူကို ဘေးဖယ်ထားပြီး ဒီလိုပြောကြတယ်။ ဒီနေရာက အခြေအနေ မကောင်း၊ မြောင်းထဲ ရောက်တော့မှာ။ အဲဒီတော့ အိမ်မြေဈေးတွေ ထိုးကျရော။ ဒါကြောင့် ကျွန်တော်က မြေယာ ရယူပိုင်ဆိုင်ခွင့် ဥပဒေ အတည်ပြုရေးကို တိုက်တွန်းတာ။အခိုင်အမာဖြစ်အောင် အစီအစဉ်တကျ လုပ်နေတာတွေကို တရားဝင်ဖြစ်ချင် တာကတော့ ကျွန်တော့်ရဲ့ ဥပဒေရေးရာ နောက်ကြောင်း အတွေ့အကြုံကြောင့် ဖြစ်ပါလိမ့်မယ်။ ဒီတော့ မရေမရာ အကြောင်းပြချက်တွေနဲ့ ပြောင်းပစ်၊ ပြင်ပစ်လို့ မရတော့ဘူးလေ။
ရှေ့ကိုမျှော်ကြည့်ပြီး ပြဿနာ တွေကို ကြိုထိန်းထား ဒါမှမဟုတ် ကြိုပြီး ရှင်းထားရမယ်။ ကျွန်တော် ဆိုလို တာက လူထု အနေနဲ့ ကားတွေ အများကြီး ဝယ်ဖို့ မတတ်နိုင်သေးတဲ့ အချိန် တစ်ချိန်မှာ မော်တော်ကား ပိုင်ဆိုင်ခွင့် ကိုတာ (quota စနစ်ကို ၁၉၉၀ ခုနှစ် တွင် စတင်ခဲ့သည်။) ကျွန်တော်တို့က ကားပိုင်ဆိုင်ခွင့် လက်မှတ်စနစ် (C.O.E) ကို စလုပ်မထားဘဲ အခုအချိန် မှာ လုပ်မယ်ဆိုရင် အကြီးအကျယ် မကျေမနပ် ဖြစ်ကြမှာ။ ဘာကြောင့်လဲ ဆိုတော့ လူတွေကို သူတို့ကားတွေ လက်လွှတ် ဆုံးရှုံးသွားအောင် ခင်ဗျား လုပ်လို့ မဖြစ်ဘူးလေ။
ကျွန်တော်တို့ ဒါကို ကားတွေ နည်းတုန်းက လုပ်ခဲ့ကြတယ်။ ဒီနေ့ ဒီအချက်ကို အားလုံးက လက်သင့်ခံထား ကြပြီ။ နောက်ပြီး လမ်းတွေကို ပြည့်ကျပ် မနေစေချင်ရင် ခင်ဗျားလမ်း အသုံးချခွင့် ပိုက်ဆံ ပေးရမယ်လေ။
စင်ကာပူမြို့ပြ ဖွံ့ဖြိုးတိုးတက်မှု နဲ့ ပတ်သက်ပြီး ဘာတွေများ လောလောဆယ် စိုးရိမ်ပူပန်မိပါသလဲ။
နိုင်ငံခြားက ဝင်လာသူတွေ ဝင်ခွင့်ပေးတာ များနေတာကို လူတွေ ကသိကအောက် ဖြစ်နေတယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ ကျွန်တော် တို့ မွေးဖွားနှုန်းအရ ဒီလူတွေကို လက်ခံ မထားရင် နောက်မျိုးဆက်နှစ်ဆက် လောက် အတွင်း ကျွန်တော်တို့ တစ်တွေ ရပ်တည်လို့မရဘဲ ဖြစ်သွားမယ်။ ဒါကြောင့် ဒီနိုင်ငံခြားသား ဝင်ခွင့်ပေးတဲ့ နှုန်းနဲ့ လူတွေပြည့်ကျပ်နေတဲ့ ရထားတွေ ဘတ်(စ်) ကားတွေထဲမှာ မျက်နှာ စိမ်းတွေ မြင်နေရတဲ့ စိတ်မသက်သာမှု ကို ထိန်းညှိ ပေးရလိမ့်မယ်။
အဲဒီတော့ ဒီနေရာကို နုပျိုနေအောင် ထိန်းထားဖို့၊ စီးပွားရေးတိုး တက်အောင်လုပ်ဖို့၊ သက်ကြီးရွယ်အို တွေကို စောင့်ရှောက်ဖို့ နိုင်ငံခြားက ပြောင်းရွှေ့လာသူတွေ ရှိမှဖြစ်မယ်။ သူတို့ဟာ အနစ်နာခံလိုစိတ် ရှိတယ်။ အလုပ်ကြိုးစားတယ်။ အောင်မြင်မှု ရချင်ကြတယ်။ ဒါကြောင့် သူတို့တတွေဟာ အဆင့်အတန်း ကိုရော ယှဉ်ပြိုင်မှု ကိုပါ ထိန်းထားသူတွေ ဖြစ်တယ်။
မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုအရ ဆိုရင် ခင်ဗျားအနေနဲ့ ဘယ်အရာကို ကျေနပ် အားရမှု အရှိဆုံးလဲ။
အခွင့်အရေးကြုံလို့ မြို့တော်ပြန်လည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့ရတာကို ကျွန်တော် ကျေနပ်မိတယ်။ အနောက်ခြမ်းမှာ အူထရမ် ထောင်ကြီးကို ဖြိုချခဲ့ တယ်။ အရှေ့ပိုင်းမှာ ချန်ဂီက စခဲ့ပြီး မြို့လယ်ပိုင်းဘက် ဆက်လုပ်ခဲ့ရာက တစ်မြို့လုံးကို ပြန်တည်ဆောက် ခဲ့ကြတယ်။ နောက်ပြီး ဖူလာတန် အဆောက်အအုံလို မြို့တော်ထဲက ရှေးအမွေအနှစ် နေရာတွေ ရှိပါတယ်။ အဲဒါ တွေကို ကျွန်တော်တို့ ဒီအတိုင်း ချန်ထားခဲ့တယ်။ ဒါက တစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးပါ။
(Ref: Feb 16, 2013 နေ့ထုတ် The Straight Times)
http://www.thevoicemyanmar.com/index.php/foreign-affairs/item/3659-sgp.html
မြို့ပြနိုင်ငံ စင်ကာပူကို ပထမဆုံး ဝန်ကြီးချုပ် အနေဖြင့် လီကွမ်ယူး ပဲ့ကိုင်နေစဉ် ကာလများဖြစ်သည့် လွန်ခဲ့သော ရာစုနှစ်ဝက်အတွင်း စင်ကာပူ၏ အသွင်ကူးပြောင်းမှု အပေါ် ကမ္ဘာတစ်ဝန်းမှ မူဝါဒ ချမှတ်သူ ခေါင်းဆောင်များက စိတ်ဝင်တစား စူးစမ်းလေ့ရှိပါသည်။ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က နေပျော်ဖွယ်ရာ မြို့တော်များ ဗဟိုဌာန၏ ဥက္ကဋ္ဌ လျှုသိုင်ခါ (Liu Thai Ker) သည် လီကွမ်ယူးနှင့် တွေ့ဆုံ စကားပြောခဲ့ပါသည်။
စင်ကာပူ ဒီနေ့လျှောက်လှမ်းနေတဲ့ လမ်းကြောင်းမှာ ခင်ဗျားဟာ တကယ့် ကို အဓိကကျတဲ့ ဗိသုကာပါ။ ကျွန်တော် တို့ ဘယ်လို အစပျိုးခဲ့ကြရတယ် ဆိုတာ ဖွံ့ဖြိုးဆဲမြို့တော် အတော်များများက သိချင် ကြပါတယ်။ မှန်ကန်တဲ့ အခြေခံပေါ် ရောက်အောင် ဘယ်လိုဆောင်ရွက် ခဲ့ကြရပါသလဲ။ ဆန့်ကျင်ဘက် နမူနာတွေ ကနေ ကျွန်တော် သင်ခန်းစာ ယူပါတယ်။ ဟောင်ကောင်ဆိုရင် လူတွေ ပြည့်ကျပ်နေတယ်။ တိုက်အမြင့်ကြီးတွေ ရှိတယ်။ လမ်းမကြီးတွေပေါ်မှာ နေရောင်ခြည် ရခဲတယ်။ စိမ်းစိမ်းစိုစို မရှိဘူး။ ဒီတော့ ကျွန်တော်တို့က ဒါမျိုးတွေကို ရှောင်ရှား ရမယ်။ ပြင်သစ်မြို့တော် တွေမှာ မြေအောက်လမ်းတွေကို ဘယ်လိုလုပ်ထား သလဲဆိုတာ ကျွန်တော်အသေအချာ ကြည့်တယ်။ အဲဒါအပြင် အီကွေတာ ဒေသတစ်လျှောက် သွားပြီး စင်ကာပူမှာ ဖြစ်ထွန်းနိုင်တဲ့ အပင်မျိုးစုံကို စုတဲ့ အဖွဲ့တွေရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ အမျိုးအမည်စုံရတာပေါ့။ ကျွန်တော် တို့တစ်မြို့တည်း ရှိတာ မဟုတ်ဘူးလေ။ တခြားမြို့တွေ အများကြီးရှိတာပဲ။ ဒီတော့ သူတို့လုပ်ခဲ့တဲ့ အမှားတွေကို လေ့လာ နိုင်တယ်ဗျာ။ သူတို့လုပ်ထားတဲ့ ကောင်းတာတွေလည်း လေ့လာနိုင် တယ်။
စင်ကာပူအတွက် အောင်မြင်စေတဲ့ တကယ့် အကြောင်းအချက်တွေက ဘာတွေလို့ ခင်ဗျားထင်ပါသလဲ။
ပထမအချက်အနေနဲ့ အရည် အသွေးပြည့်ဝတဲ့ စီမံခန့်ခွဲမှုစနစ် ရှိရမယ်။ တစ်ပွဲတိုး လုပ်လို့မရဘူး။ ပုံမှန် လုပ်နေ ရမယ်။ ဒါကို အာရုံစိုက် လုပ်မယ့် အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် အဖွဲ့အစည်းတွေ ရှိရမယ်။
စင်ကာပူကို အဖွဲ့အစည်းကြီး နှစ်ခု နဲ့ ပြန်လည်တည်ဆောက်မှု ကျွန်တော် တို့ စတင်ခဲ့တယ်။ အိုးအိမ်နှင့် ဖွံ့ဖြိုး တိုးတက်ရေး ဘုတ်အဖွဲ့ (H.D.B) နဲ့ နောက်ပိုင်းမှာ ပေါ်လာတဲ့ မြို့ပြပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင် အဖွဲ့ (U.R.A) တို့ပါပဲ။
တရုတ်ပြည်မှာတော့ ဒီလို မဟုတ်ဘူး။ ပြန်လည် နေရာချထားရေးနဲ့ ပတ်သက်ပြီး ပြဿနာတွေ ကြုံရတယ်။ ဘာကြောင့်လဲ ဆိုတော့ သစ်ပင်စိုက်တဲ့ အဖွဲ့တွေ၊ လမ်းခင်းတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်း ညှိနှိုင်းပြီး အိုးအိမ် တည်ဆောက်ပေးတဲ့ အထူးအဖွဲ့အစည်း မရှိလို့ပဲ။ U.R.A-H.D.B နဲ့ ဥယျာဉ်မြို့တော် အကောင်အထည်ဖော်ရေး ကော်မတီ (GCAC) တို့ဟာ အထူးအရေးပါတဲ့ ကဏ္ဍက ပါဝင်ကြတယ်လို့ ကျွန်တော် ထင်တယ်။
ဒုတိယအချက် ကတော့ အားလုံး အတွက် တန်းတူညီမျှ ပါဝင်လှုပ်ရှားနိုင်တဲ့ ပြင်ညီကွင်း ဖြစ်ရမယ်။ လူထုက တရားမျှတမှု ရှိတယ်လို့ ယုံကြည်တဲ့လူ့ အဖွဲ့အစည်း ရှိရမယ်။ ကျွန်တော်တို့ လူဦးရေက တရုတ်၊ ကုလား၊ မလေးနဲ့ တခြားလူမျိုးစုံ ပါနေတယ်။ ဒီတော့ အသားအရောင် လူမျိုးမခွဲဘဲ တန်းတူညီ မျှတဲ့ ပေါ်လစီရှိရတယ်။
အရေးကြီးတာက ဖွံ့ဖြိုးလာမှာကို စောင့်မျှော်ပြီး ပါးနပ်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက အရေးပါတဲ့ နယ်မြေတွေမှာ ရှိတဲ့ မြေကွက်ကြီးတွေ ကို ကိုင်ထားခွင့် မပေးဖို့ဘဲ။ ကိုယ့်လူတွေ အပေါ် အမြတ်ထုတ်တာကို တားနိုင်အောင် ကျွန်တော်တို့က သူတို့ကို ကြိုထိန်းထားရမယ်။
(နိုင်ငံပိုင် မြေများကို သတ်မှတ်ကာလ အတွင်း အဆောက်အအုံ တည်ဆောက်ရမည် ဟူသော စည်း ကမ်းဘောင် အတွင်းမှ ရောင်းချပေး သည်။ ဈေးကစားမှုကို ဟန့်တားနိုင်ရန် အတွက် ဖြစ်သည်။)
တတိယအချက် အနေနဲ့ လာဘ်ပေး လာဘ်ယူ ကင်းရှင်းရမယ်။ ဒီအတွက် အခြေခံအကျဆုံး ကတော့ လာဘ်မစား တဲ့ဗျူရိုကရေစီ ယန္တရား ရှိရမယ်။ အထူးသဖြင့် လာဘ်မစားတဲ့ ရဲတပ်ဖွဲ့ရှိရမယ်။ လာဘ်ပေးလာဘ်ယူ အတွက် ကြီးလေးတဲ့ပြစ်ဒဏ် ပေးရမယ်။ တိကျခိုင်မာတဲ့ တရားဥပဒေ စိုးမိုးမှုရှိရမယ်။ ဒီနေ့လူထု က ဒီအချက်ကို လက်သင့် ခံထားပြီ။ တရားဥပဒေကို လေးစား လိုက်နာကြရမယ် ဆိုတဲ့ အချက်ပဲ။
ဘန်ကောက်နဲ့ ဂျာကာတာမှာလို အစီအစဉ်တကျ မရှိဘဲ ဆောက်ထားတဲ့ အဆောက်အအုံတွေ မရှိဘူး။ မိုးမျှော် တာဝါ နှစ်ခုရှိထားတဲ့ ကွာလာလမ်ပူမှာတောင် ကျူးကျော် နေထိုင်သူတွေက အများကြီး။ ဒီမှာက တိကျတဲ့စီမံချက် ရှိတယ်။ အဲဒီစီမံချက်အတိုင်း တသွေ မတိမ်းလုပ်တယ်။ လာဘ်ပေးလာဘ်ယူ မရှိဘူး။ ဘယ်သူမှ စီမံချက်တွေကို သွေဖည် လို့မရဘူး။ စီမံချက်နဲ့ မညီတဲ့ အဆောက်အအုံကို ခွင့်မပြုဘူး။ ဒါ အခြေခံမူတွေပဲ။ ကျွန်တော်တို့ အခုလို စလုပ်ခဲ့ကြတာပါ။
စင်ကာပူဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူ ဖြစ်စေတဲ့ အထူးအခွင့် အလမ်းတွေများ ရှိပါသလား။
ချောမွေ့ လွယ်ကူမှုကြောင့် ကျွန်တော်တို့ဟာ ဗဟိုအချက်အချာ တစ်နေရာ ဖြစ်လာတာပါ။ ပင်လယ် ရေကြောင်း သင်္ဘောလုပ်ငန်း အတွက် ဆိုရင် စင်ကာပူကို ဖြတ်ရတယ်။ အာရှ တိုက် တောင်ဘက်ဆုံး အစွန်းလေ။
ကျွန်တော်တို့ကဆင်းရဲတယ်။ မဖွံ့ဖြိုးသေးဘူး။ ဒါကြောင့် ကျွန်တော် တို့ အလုပ်ကြိုးစား ကြရတယ်။ ၁၉၇၁ ခုနှစ်မှာ ဗြိတိသျှတပ်တွေ ရုပ်သိမ်းသွား တော့ စက်မှုလုပ်ငန်း ထူထောင်ဖို့ အခွင့် အလမ်း ပေါ်လာတယ်။ သူတို့ ထိန်းသိမ်းထားတဲ့ မြေတွေ ကျွန်တော်တို့ဆီ ပြန်အပ်တယ်။ ဒါကြောင့် ကျွန်တော်တို့က (ဘဏ္ဍာရေး ဝန်ကြီးဟောင်း)ဟွန်ဆွီဆင်း (Hon Sui Sen) ဦးဆောင်တဲ့ စစ်စခန်း များ ပြောင်းလဲအသုံးချရေး အဖွဲ့ကို ဖွဲ့လိုက်တယ်။ သူက မြေကွက်တွေ အကြောင်း ကောင်းကောင်းသိတဲ့ အတွက် ဒီမြေကွက်လွတ်တွေ အပေါ်မှာ ဘယ်နေရာ ဘာဆောက်မယ် စီမံချက် ဆွဲဖို့ သူ့ကို ကျွန်တော်တို့က တာဝန် ပေးလိုက်တယ်။
ဖူလာတန် အဆောက်အအုံလို မြို့တော်ထဲက ရှေးအမွေအနှစ် နေရာတွေ ရှိပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ ဒီအတိုင်း ချန်ထားခဲ့တယ်။ ဒါက တစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးပါ။
အဓိက အခက်အခဲတွေကတော့ မြေရှားပါးမှုနဲ့ ပင်လယ်ကမ်းစပ်က မြေတွေအတွက် ပေးရတဲ့ လျော်ကြေး မြင့်မားမှုပဲ။ ဒါကြောင့် ပင်လယ်ကမ်းစပ် က မြေတွေကို အစိုးရက ရယူမယ်ဆိုရင် ပင်လယ်ကမ်းခြေမှာ ရှိတယ်ဆိုတဲ့ အချက်ကို ထည့်သွင်း မစဉ်းစားဘဲ လျော်ကြေးပေးရမယ် ဆိုတဲ့ ဥပဒေကို ကျွန်တော်တို့ အတည်ပြု ပြဋ္ဌာန်းလိုက်တယ်။
(ပင်လယ်ကမ်းခြေ မျက်နှာစာ မြေလွတ်ဆိုင်ရာ အက်ဥပဒေကို ၁၉၆၄ ခုနှစ်မှာ ပြင်ဆင်ပြီး ပင်လယ်ကမ်းခြေ မျက်နှာစာ ဆုံးရှုံးမှုအတွက် မြေရှင်များ အား လျော်ကြေးပေးရခြင်းကို အဆုံး သတ်လိုက်သည်။)
အဲဒီအချိန်တုံးက ဈေးကွက်က တစ်ချိန်လုံး နိမ့်နေတာဆိုတော့ ကျွန်တော်တို့ မြေကွက်ကျယ်ကြီးတွေ ကို ရလိုက်တယ်။ ဒီအတိုင်းပစ်ထားတဲ့ မြေရိုင်းတွေ။ ရင်းနှီးမြှုပ်နှံတဲ့ သူတွေက ဝင်ကစားပြီး ဈေးကြီးကြီးနဲ့ ရောင်းစားဖို့ ပြောင်းလဲမယ့် အရိပ်အခြေ ကို စောင့်ကြည့်နေကြတာ။ ရနိုင်သမျှ မြေကျယ်ကျယ်ကို ယူလိုက်တယ်။ ပင်လယ်ကမ်းစပ် နယ်မြေ တွေကို ဖို့ပြီး ကုန်းဖော်ခွင့် ကိုလည်း အရ ယူလိုက်တယ်။ ဂျူရောင်းဟာ ကျွန်တော်တို့ ဖို့ပြီးယူထားတဲ့ အရင်တုံးက ရွှံ့ညွန် တောကြီး။ ဂျူရောင်းမှာ ကျွန်တော်နဲ့ ဟွန်ဆွီဆင်း အတူတွဲပြီး ကျွန်တော်က ရွှံ့ညွန်တောဆီ လက်ညှိုး ထိုးပြနေတဲ့ ဓာတ်ပုံတစ်ပုံ ရှိတယ်လို့ ကျွန်တော် ထင်တယ်။
အဲဒီတော့ ပင်လယ်ကမ်းစပ် အခြေအနေက ပြောင်းသွားပြီး ပါယာ လေဘာ (Paya Lebar) အတွက် အကျိုး သက်ရောက်သွားတယ်။ ကျွန်တော်တို့ ပင်မ လေဆိပ်ကြီးကို ပါယာလေဘာ ကနေ ချန်ဂီကို ရွှေ့လိုက် တယ်။ ဒီတော့ Eastcoast Parway လမ်းမကြီးကို သုံးပြီး လေဆိပ်ကနေ မြို့ထဲကို ခင်ဗျားမိနစ် ၂၀ အတွင်း အရောက်သွားလို့ ရလာတယ်။
ဒါတွေက အခြေခံကျတဲ့ လမ်းပန်း အဆက်အသွယ် တွေပါပဲ။ ဒါတွေ ဒီလို နေသားတကျမဖြစ်ရင် ကျွန်တော်တို့ အခက်အခဲကို ရင်ဆိုင်ဖို့ အလွန်ခက် မယ်။ ဒါကြောင့် ဒါတွေ အမြန်နေသား တကျ ဖြစ်နေရမယ်။ လမ်းပန်းအဆက် အသွယ်စတဲ့ အပေါ်ထပ် အဆောက်အဦ (Infrastructure) ကို မှန်ကန်ကောင်းမွန်အောင် လုပ်ရမယ်။
ဒါကလုပ်လို့လည်း ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပင်လယ်ကမ်းခြေမှာ မြေကို လျော်ကြေး အများကြီး မပေးရဘဲ ဖို့ယူလိုက်တဲ့ အတွက် ကျွန်တော်တို့ လေဆိပ် အသစ်ကြီး နဲ့ East Coast Parkway လမ်းမ အသစ်ကြီးကို ရလိုက်တယ်လေ။
မြေယာ ရယူပိုင်ဆိုင်ပုံက အလွန် ဆန်းသစ်တီထွင်မှု ရှိပြီး အမြော်အမြင် ကြီးပြီး သမားရိုးကျ မဟုတ်တဲ့ ဥပဒေရေးရာ စနစ်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ အောင်မြင်မှု ဇာတ်လမ်းအတွက် အရေးပါတဲ့ အကြောင်းအချက် တွေထဲက တစ်ခုပါ။ ဒါနဲ့ပတ်သက်ပြီး ခင်ဗျား ဘယ်လိုပြောချင် ပါသလဲ။
(၁၉၆၆ ခုနှစ် မြေယာ ရယူပိုင်ဆိုင်ခွင့် အက်ဥပဒေအရ အစိုးရသည် သိမ်းယူသည့်မြေ အတွက် လက်ရှိပေါက်ဈေး နှင့် နယ်မြေအလိုက် လျော်ကြေးပေးခွင့် ပြုထားပါသည်။ မြေပိုင်ရှင်များ အနေနှင့် လျော်ကြေးအပေါ် စောဒကတက်ခွင့် ရှိသော်လည်း မြေယာ သိမ်းယူခြင်းကိုကား စောဒကတက်ခွင့် မရှိပါ။)
ဒီပြဿနာတွေကို ကျွန်တော် ကြိုတွက်ထားပါတယ်။ အိမ်ရာမြေ ဈေးကွက်မှာ စိတ်ဝင်စားမှု အနည်းဆုံး ဖြစ်နေခဲ့တော့ လူတွေက စင်ကာပူကို ဘေးဖယ်ထားပြီး ဒီလိုပြောကြတယ်။ ဒီနေရာက အခြေအနေ မကောင်း၊ မြောင်းထဲ ရောက်တော့မှာ။ အဲဒီတော့ အိမ်မြေဈေးတွေ ထိုးကျရော။ ဒါကြောင့် ကျွန်တော်က မြေယာ ရယူပိုင်ဆိုင်ခွင့် ဥပဒေ အတည်ပြုရေးကို တိုက်တွန်းတာ။အခိုင်အမာဖြစ်အောင် အစီအစဉ်တကျ လုပ်နေတာတွေကို တရားဝင်ဖြစ်ချင် တာကတော့ ကျွန်တော့်ရဲ့ ဥပဒေရေးရာ နောက်ကြောင်း အတွေ့အကြုံကြောင့် ဖြစ်ပါလိမ့်မယ်။ ဒီတော့ မရေမရာ အကြောင်းပြချက်တွေနဲ့ ပြောင်းပစ်၊ ပြင်ပစ်လို့ မရတော့ဘူးလေ။
ရှေ့ကိုမျှော်ကြည့်ပြီး ပြဿနာ တွေကို ကြိုထိန်းထား ဒါမှမဟုတ် ကြိုပြီး ရှင်းထားရမယ်။ ကျွန်တော် ဆိုလို တာက လူထု အနေနဲ့ ကားတွေ အများကြီး ဝယ်ဖို့ မတတ်နိုင်သေးတဲ့ အချိန် တစ်ချိန်မှာ မော်တော်ကား ပိုင်ဆိုင်ခွင့် ကိုတာ (quota စနစ်ကို ၁၉၉၀ ခုနှစ် တွင် စတင်ခဲ့သည်။) ကျွန်တော်တို့က ကားပိုင်ဆိုင်ခွင့် လက်မှတ်စနစ် (C.O.E) ကို စလုပ်မထားဘဲ အခုအချိန် မှာ လုပ်မယ်ဆိုရင် အကြီးအကျယ် မကျေမနပ် ဖြစ်ကြမှာ။ ဘာကြောင့်လဲ ဆိုတော့ လူတွေကို သူတို့ကားတွေ လက်လွှတ် ဆုံးရှုံးသွားအောင် ခင်ဗျား လုပ်လို့ မဖြစ်ဘူးလေ။
ကျွန်တော်တို့ ဒါကို ကားတွေ နည်းတုန်းက လုပ်ခဲ့ကြတယ်။ ဒီနေ့ ဒီအချက်ကို အားလုံးက လက်သင့်ခံထား ကြပြီ။ နောက်ပြီး လမ်းတွေကို ပြည့်ကျပ် မနေစေချင်ရင် ခင်ဗျားလမ်း အသုံးချခွင့် ပိုက်ဆံ ပေးရမယ်လေ။
စင်ကာပူမြို့ပြ ဖွံ့ဖြိုးတိုးတက်မှု နဲ့ ပတ်သက်ပြီး ဘာတွေများ လောလောဆယ် စိုးရိမ်ပူပန်မိပါသလဲ။
နိုင်ငံခြားက ဝင်လာသူတွေ ဝင်ခွင့်ပေးတာ များနေတာကို လူတွေ ကသိကအောက် ဖြစ်နေတယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ ကျွန်တော် တို့ မွေးဖွားနှုန်းအရ ဒီလူတွေကို လက်ခံ မထားရင် နောက်မျိုးဆက်နှစ်ဆက် လောက် အတွင်း ကျွန်တော်တို့ တစ်တွေ ရပ်တည်လို့မရဘဲ ဖြစ်သွားမယ်။ ဒါကြောင့် ဒီနိုင်ငံခြားသား ဝင်ခွင့်ပေးတဲ့ နှုန်းနဲ့ လူတွေပြည့်ကျပ်နေတဲ့ ရထားတွေ ဘတ်(စ်) ကားတွေထဲမှာ မျက်နှာ စိမ်းတွေ မြင်နေရတဲ့ စိတ်မသက်သာမှု ကို ထိန်းညှိ ပေးရလိမ့်မယ်။
အဲဒီတော့ ဒီနေရာကို နုပျိုနေအောင် ထိန်းထားဖို့၊ စီးပွားရေးတိုး တက်အောင်လုပ်ဖို့၊ သက်ကြီးရွယ်အို တွေကို စောင့်ရှောက်ဖို့ နိုင်ငံခြားက ပြောင်းရွှေ့လာသူတွေ ရှိမှဖြစ်မယ်။ သူတို့ဟာ အနစ်နာခံလိုစိတ် ရှိတယ်။ အလုပ်ကြိုးစားတယ်။ အောင်မြင်မှု ရချင်ကြတယ်။ ဒါကြောင့် သူတို့တတွေဟာ အဆင့်အတန်း ကိုရော ယှဉ်ပြိုင်မှု ကိုပါ ထိန်းထားသူတွေ ဖြစ်တယ်။
မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုအရ ဆိုရင် ခင်ဗျားအနေနဲ့ ဘယ်အရာကို ကျေနပ် အားရမှု အရှိဆုံးလဲ။
အခွင့်အရေးကြုံလို့ မြို့တော်ပြန်လည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့ရတာကို ကျွန်တော် ကျေနပ်မိတယ်။ အနောက်ခြမ်းမှာ အူထရမ် ထောင်ကြီးကို ဖြိုချခဲ့ တယ်။ အရှေ့ပိုင်းမှာ ချန်ဂီက စခဲ့ပြီး မြို့လယ်ပိုင်းဘက် ဆက်လုပ်ခဲ့ရာက တစ်မြို့လုံးကို ပြန်တည်ဆောက် ခဲ့ကြတယ်။ နောက်ပြီး ဖူလာတန် အဆောက်အအုံလို မြို့တော်ထဲက ရှေးအမွေအနှစ် နေရာတွေ ရှိပါတယ်။ အဲဒါ တွေကို ကျွန်တော်တို့ ဒီအတိုင်း ချန်ထားခဲ့တယ်။ ဒါက တစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးပါ။
(Ref: Feb 16, 2013 နေ့ထုတ် The Straight Times)
http://www.thevoicemyanmar.com/index.php/foreign-affairs/item/3659-sgp.html
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။