Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 13, 2016

ကိုအောင်ဆန်း နှင့် ဝက်ခြေထောက်စွပ်ပြုတ်



၁၉၃၇ ခုနှစ်ရောက်ခဲ့ပြီး တစ်နိုင်ငံလုံးဖြစ်ပွားခဲ့သော သပိတ်များအရှိန်ကြောင့် ကျောင်းသားများပြောင်းလဲသွားကြသည်။ ခေတ်မီ ဘိုဆန်သော မင်းသားဂိုက်မှ အမျိုးကိုချစ်သော စိတ်ဖြင့် တိုင်းရင်းဖြစ်အထည်များကို ပြောင်းလဲဝတ်ဆင်လာကြသည်။ ခေတ်ပြောင်းတော်လှန်ရေးသမားများ စုဝေးရာနေရာသည် တက္ကသိုလ် သမဂ္ဂဖြစ်လာသည်။ ကိုအောင်ဆန်းကား ဝိဇ္ဇာအထက်တန်းကျောင်းတွင် ကျောင်းပြန်နေလျက် တစ်နှစ်လုံး သမဂ္ဂအလုပ်ဖြင့် အချိန်ကုန်လျှက်ရှိ၏။


ကိုအောင်ဆန်း၏ အမှုအရာ အသွင်အပြင်ကား အရင်အတိုင်းပင် ဘာမှမပြောင်းလဲ။ သို့သော် အပေါင်းအသင်းများ ၊ ကျောင်းသားများ ၊ ဆရာများက ကိုအောင်ဆန်းအပေါ်ထားသည့် အမြင်ပြောင်းလဲလာကြသည်။ အရင်က ဘိုသီဘတ်သီနေပြီး လုပ်ချင်ရာကိုလုပ် နေချင်သလိုနေတတ်သောကြောင့် ကိုအောင်ဆန်းအား အားလုံးက “အောင်ဆန်းအရူး” ဟုခေါ်ကြသည်။ ခုတော့ ကိုအောင်ဆန်း၏ ခေါင်းဆောင်မှု၊ ထက်မြက်မှု ၊ ကျောင်းသားတို့အကျိုးကိုသာ ရှေးရှုဆောင်ရွက်နေမှုများကြောင့် “အောင်ဆန်းအရူး” ဟူသောနာမည်ပျောက်ကာ “ကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်း” ၊ “အိုးဝေတာဝန်ခံ ကိုအောင်ဆန်း” ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်လာကြသည်။ ဘယ်သူဘယ်လို ခေါ်ခေါ် ကိုအောင်ဆန်းကတော့ သူ့ပုံစံအတိုင်း နေမြဲစားမြဲ ၊ လုပ်စရာရှိတာကိုသာ လုပ်မြဲပင်။

ကိုအောင်ဆန်းအား ပဲခူးဆောင်မှ ကိုယ်စားလှယ်အဖြစ် Mess Committee ခေါ် စားရေးသောက်ရေး ကော်မတီတွင် တင်မြှောက်လိုက်ကြသည်။ ကော်မတီတိုင်း ကျောင်းဆောင်အတွက် တစ်ကြိမ်လျှင် နှစ်ရက် ဆက်၍ (Menu) ခေါ် ဟင်းလျာစာရင်းရေးပေးရသည်။ Menu တွင် အဓိကဟင်း တစ်ခွက်ပါရသည်။ ကောင်းပေ့ညွှန်းပေ့ဆိုသော အသား၊ ငါး ဟင်းများကို ထိုဟင်းနေရာတွင် မှာလေ့ရှိသည်။ ကိုအောင်ဆန်းရေးရမည့် အလှည့်ရောက်သော် ထိုညအတွက် အဓိကဟင်းအဖြစ် ဝက်ခြေထောက်စွပ်ပြုတ် ဟူ၍ရေးပေးလိုက်သည်။ ထမင်းချက်တို့ကလည်း ရေးပေးသည့်အတိုင်း ချက်ရလေသည်။

ညစာထမင်းစားချိန်တွင် အဓိကဟင်း ကိုကြည့်ကာ ကျောင်းသားတိုင်း ဒေါပွကြကုန်သည်။
“ဟေ့ ဒီနေ့ည ဘယ်သူရေးတဲ့ဟင်းလဲကွ ။ ဟင်းနဲ့မှ ထမင်းစားဖူးရဲ့လားဟေ့။ ဒါ တောလက် ဇနပုဒ်မဟုတ်ဘူးကွ” နှင့် ကျောင်းသားတိုင်းစားပွဲမှ ကျွတ်စီကျွတ်စီ ဖြစ်လာကြသည်။ ဝက်ခြေထောက်ဟင်းနှင့် မစားနိုင်ပဲ ဆူဆူပူပူ ဖြစ်ကုန်ကြ၏။ အချို့ကျောင်းသားကြီးများက စားဖိုမှူးကိုခေါ်ကာ မီနူးစာအုပ်ကိုကြည့်သော် တရားခံသည် ကိုအောင်ဆန်း ဖြစ်မှန်း သိသွားကြသည်။ ကိုအောင်ဆန်းအား ဝိုင်းအုံကြည့်ကြသောအခါ သူကတော့ ဖြစ်သမျှသူနှင့် မဆိုင်သည့်နှယ် အေးဆေးစွာ သူမှာထားသည့် ဝက်ခြေထောက်ဟင်းနှင့်ပင် စားနေလေ၏။ အားလုံးဒေါသထွက်နေကြသော်လည်း ကိုအောင်ဆန်းအကြောင်းသိပြီးဖြစ်၍ တေ့တေ့ဆိုင်ဆိုင်ကား မပြောရဲကြ။ သို့ဖြစ်၍ ဒေါသထွက်သည့်ပုံစံများဖြင့် ကိုအောင်ဆန်းကား စူးစူးစိုက်စိုက်ဝိုင်းကြည့်ကာ နေကြသည်။ ကိုအောင်ဆန်းကား စား၍ ဝသွားသောအခါ ထမင်းစားခန်းထဲမှ ခပ်တည်တည်နှင့်ပင်ထွက်သွား၏။ ထိုအခါမှသာ ကျန်ကျောင်းသားများက မခံချိမခံသာဖြစ်လျက် “ဒါကြောင့်လူ့ခွစာပါလို့ မပြောဘူးလား” ဟု၍ မှတ်ချက်ချကာ ဝက်ခြေထောက်ဟင်းနှင့်ပင် စားလိုက်ကြရပါတော့သည်။

Ref:
့ ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပ္ပတ္တိစာအုပ် – ဆရာကြီးသခင်ကိုယ်တော်မှိုင်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။