Zaw Mintun Zawmintun
ချစ်သူများနေ့ ရဲ့ ညမှာ ကောင်လေး နဲ့ ကောင်မလေး ရေကန်ကြီး
(အင်းလျား ကန်ဘောင် လိုနေရာမျိုး)
ရဲ့ဘေးမှာ စကားပြောကြတယ်။
ကောင်လေး။ ။ `ငါ နင့်ကိုချစ်တယ်´
ကောင်မလေး။ ။ ` အကယ်၍ နင်ငါ့ကို တကယ်ချစ်တယ်ဆိုရင်
အဲ့ဒီ့ ရေကန်ထဲ ခုန်ချပြီး သက်သေပြ´
ကောင်လေး က ကန်ဘောင်ပေါ်လမ်းလျောက်သွားပြီး ဘာမှ တွေဝေမနေဘဲ
တခါတည်း ခုန်ချပစ်လိုက်တယ်။
.....
နှစ်တွေကြာပြီးနောက် သူတို့ မင်္ဂလာဆောင်ပြီး သွားပြီ။
Wheel Chair ပေါ်မှာ ထိုင်နေတဲ့ ကောင်လေး ကိုကောင်မလေး က တွန်းလာတယ်။
သူတို့ အကြောင်းကို ကြားဖူးနားဝ ရှိတဲ့ လူတစ်ယောက် ရောက်လာပြီး
ကောင်မလေးကိုမေးတယ်။
`နင့် ခင်ပွန်းက ဒုက္ခိဖြစ်နေတာတောင် နင် သူ့ကို ယူတယ်နော်...နင်နောင်တ မရဘူးလား´
ကောင်မလေး က မျက်နှာထားတင်းတင်းနဲ့
`ကျွန်မ ကြောင့် သာမဟုတ်ရင် သူ ဒီလိုမျိုးဖြစ်မှာမဟုတ်ဘူး။ ကျွန်မ ကံကောင်းတယ်။
ဒီကမ္ဘာပေါ်မှာ ကျွန်မ ကိုချစ်တဲ့ ယောကျာ်းတယောက်ကို ကျွန်မ တွေ့လိုက်ရလို့။
ကျွန်မ သူ့ကို တစ်သက်လုံးစောင့်ရှောက်သွားမှာပ
မေးတဲ့သူက သူတို့နှစ်ဦးကို သနားသွားပြီး ကောင်လေးကို မေးတယ်
`အဲ့ဒီ့လို ခုန်ချ လိုက်တဲ့ အတွက် ကော... ခင်ဗျား နောင်တမရဘူးလား´
ကောင်လေးက ဘာမှ မဖြေဘူး။ မျက်ရည်တွေဝေ့လို့။
တကယ်တော့ ကောင်လေးစိတ်ထဲမှာတော့ ပြောလိုက်ပါတယ်။
`တောက်...ဘယ်သတ္တ၀ါက ငှက်ပျောသီးစားပြီး သောက်စည်းကမ်းမရှိ ကန်ဘောင်
ပေါ်မှာလာပစ်ထားရတယ်လို့...´...တ
ရီမောပျော်ရွှင်ပါစေ....Lon Ely...
အူတက်အောင်ရီရသောဟာသများနဲ့အခြာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။