Thanlay Ko
"အာဒံ နဲ့ ဧဝ"
ပန်းချီပြခန်းတစ်ခု အတွင်းမှာ... ...
အာဒံ နဲ့ ဧဝ တို့နှစ်ယောက် ဧဒင်ဥယျာဉ်ထဲ ပျော်မြူးနေတဲ့ပုံကို ရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ် ပြသထားတယ်။
ပန်းချီကားကို ကြည့်ပြီး...
အင်္ဂလိပ်လူမျိုးတစ်ယောက်က ဝေဖန်တယ်... ...
'သူတို့ရဲ့ တည်ကြည်မှုနဲ့ တသီးတသန့်နေလိုမှုကို ကြည့်ခြင်းအားဖြင့် အာဒံနဲ့ဧဝဟာ အင်္ဂလိပ်လူမျိုးတွေ ဖြစ်ရမယ်"

ပြင်သစ်လူမျိုးတစ်ယောက်ကလည်း ဝေဖန်တယ်.. ...
"သူတို့ရဲ့ လှပကြော့ရှင်းမှု နဲ့ လွတ်လွတ်လပ်လပ် နေလိုမှုရှိတာကို ကြည့်ခြင်းအားဖြင့် သူတို့ဟာ ပြင်သစ်လူမျိုးတွေ ဖြစ်ရမယ်"
အဲ အဲဒီမှာ ဘေးနားက မြန်မာတစ်ယောက်က ဝင်ပြောတယ်... ...
"မင်းတို့နှစ်ယောက်လုံးမှားတယ်၊ အဲဒါ ငါတို့မြန်မာလူမျိုးကွ"
"ဘာကြောင့် မြန်မာပါလို့ ပြောနိုင်တာလဲ"
ဒီတော့ ရွှေမြန်မာက ရှင်းပြတယ်... ...
"ပုံကို ကြည့်လိုက်လေ၊ ဝတ်စရာ အဝတ်မရှိဘူးကွာ၊ နေစရာ အိမ်မရှိဘူးကွာ၊ စားစရာဆိုလို့ နှစ်ယောက်ပေါင်းမှ ပန်းသီးလေးတစ်လုံးဘဲ ရှိတယ်ကွာ၊ ဒါတောင်မှ သူတို့ကိုယ်သူတို့ နိဗ္ဗာန်ဘုံ ရောက်နေတယ် ထင်နေကြတာ၊ ကဲ ဒါ မြန်မာမဟုတ်လို့ ဘာတုန်း... "
ဟာသရေးတာပါ-သန်၎ကို

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။