Chaw Su's Food Friends
ကြာဇံချက် နဲ. ကြက်သားသုပ်
http://chawsufoodfriends.wordpress.com/2012/02/29/
** ကြာဇံချက် ချက်ဖို.အတွက် လိုအပ်တာလေးတွေ….
ရေဆူဆူထဲ ၃၀ မိနစ်ခန်. ထည့်ပြုတ်ကာ အသားနွှင်ထားသော ကြက်- 1 kg (၆၅ ကျပ်သား)
၁ နာရီခန်. ရေစိမ်ကာ အနည်းငယ် ဖြတ်ထားသော - ပဲကြာဇံ (bean vermicelli) 250 g (၁၈ ကျပ်သားခန်.)
ပါးပါးသေးသေး လှီးထားသော ကြက်သွန်နီ - တရုတ်ပန်းကန်လုံး ၁ လုံးခန်.
ရောင်တင်မှုန်. - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
နနွင်းမှုန်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆီ - ဟင်းခပ်ဇွန်းကြီး ၂ ဇွန်း
၁ နာရီခန်. ရေစိမ်ကာ လှီးထားသော ကြွက်နားရွက်မှို - ၁၅ ခုခန်. (အရမ်းကြီးလျှင် ၁၀ ခု)
၁ နာရီခန်. ရေစိမ်ကာ ပါးပါးလှီးထားသော oyster mushroom - ၈ ခုခန်.
၁ နာရီခန်. ရေစိမ်ကာထုံးထားသော ပန်းခြောက် - ၂၅ ခုခန်.
နာရီဝက်ခန်. ရေစိမ်ထားသော ပဲပြား (dried bean curd) - တရုတ်ပန်းကန်လုံး တစ်ဝက်ခန်.
ငါးငံပြာရည် - ဟင်းခပ်ဇွန်းကြီး ၅ ဇွန်း
ကြက်သားမှုန်. ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန်. - လက်ဖက်ရည်ဇွန်း ၂ ဇွန်း

** လိုအပ်တာလေးတွေရပြီဆိုတော့ ကြာဇံချက်လေး စချက်ကြရအောင်နော် ….
မီးဖိုတစ်ခုတွင် ကြက်သားပြုတ်ထားသော ဟင်းရည်အိုးကို ရေနွေးထပ်ရောပြီး ဆူအောင်နွေးထားပါ။
နောက်မီးဖိုတစ်ခုတွင် ဆီ နှင့် ကြက်သွန်နီထည့်ထားသော ဒယ်အိုးအား high heat နှင့် ဆီသတ်ပါ။
ကြက်သွန်နီဖတ်များ အနည်းငယ်အရောင်ပြောင်းလာလျှင် မီးကို medium heat သို့လျှော့ကာ နနွင်း နှင့် ရောင်တင်မှုန်.ထည့်ကာ ၃၀ စက္ကန်.ခန်.မွှေပေးပါ။
ငါးငံပြာရည် ဟင်းခပ်ဇွန်းကြီး ၂ ဇွန်းထည့်ကာ ၂ မိနစ်ခန်.မွှေကြော်ပေးပါ။
အသားနွှင်ထားသောကြက်သားများကို ထည့်ကာ ၃ မိနစ် မွှေကြော်ပေးပါ။
ပြီးလျှင် ဒယ်အိုးထဲမှ အဆာပလာများကို ဆူနေသော ကြက်ပြုတ်ရည်အိုးထဲ လောင်းထည့်ကာ အိုးကိုအဖုံးဖုံးထားပါ။
ဟင်းရည်အိုးထပ်ဆူလာလျှင် ဆား၊ ကြက်သားမှုန်.၊ ငါးငံပြာရည် ဟင်းခပ်ဇွန်းကြီး ၃ ဇွန်း၊ မှို ၂ မျိုး၊ ပန်းခြောက် နှင့် ပဲပြားကိုထည့် ကာအဖုံးပြန်ဖုံးထားပါ။ (ငုံးဥ ရှိလျှင် တစ်ခါတည်း ထည့်ပါ။)
နောက်တစ်ခေါက်ထပ်ဆူလာလျှင် ကြာဇံများကိုထည့်ပါ။ ဟင်းရည်များပြန်ဆူပြီး ၂ မိနစ်ခန်.ကြာလျှင် ငရုတ်ကောင်းမှုန်. ထည့်ကာ မီးကိုပိတ်ပါ။
၅ မိနစ်ခန်.ထားပြီးနောက် အရသာရှိလှသော ကြာဇံချက်ကို မထူးဆန်းတဲ့ ကြက်သားသုပ်လေး (https://www.facebook.com/photo.php?fbid=171189056392571&set=pb.115026242008853.-2207520000.1375322463.&type=3&theater) နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။