Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, July 28, 2013

သင့် ကျန်းမာရေး (အစာအိမ်နာ ပိုး)

 
Royal Hero Media
သင့် ကျန်းမာရေး (အစာအိမ်နာ ပိုး)
=-=-=-=-=-=-=-=-=-=-=-=-=
အစာအိမ်နာများ ယခင်အခါက ခွဲစိတ်ကုသဖို့ သို့မဟုတ် နာတာရှည် အစာ အိမ်နာ အဖြစ် သတ်မှတ်ကာ စားဆေး လက်မလွှတ်ရအောင် ဆေးခန်း၊ ဆေးရုံ ခပ်စိပ်စိပ် သွားပေးရတဲ့ ရောဂါမျိုးဟာ အစာအိမ်အနာ ဖြစ်အောင် အစာအိမ် ရောဂါပိုး ဟယ်လိုကို ဘက်တာပိုင်လိုရီ (Helicobacter Pylori) ကြောင့် ဖြစ်ရကြောင်း တွေ့ရှိ လာကြပါတယ်။ သူတို့ဟာ အလွန်သေးငယ်တဲ့ ဗက်တီးရီးယား ပိုးလေးတွေ ဖြစ်တယ်။ လွန်ခဲ့တဲ့နှစ် ပေါင်း ၁ဝဝဝ ကျော် ကတည်းက အီဂျစ် မံမီဆေးစိမ် အလောင်းများမှာ တွေ့ခဲ့ရတယ်။ အစာအိမ် ပိုးကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က အသည်းရောင် ဘီပိုး၊ စီပိုး၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကဲ့သို့ ကင်ဆာ ဖြစ်နိုင် တယ်လို့ ဆိုပါတယ်။ (Class Carcinogen) အဖြစ် သတ်မှတ် လာကြတယ်။ ၁၉၈၃ ခုနှစ်မှာ ဒေါက်တာ ဂျေးရော်ဘီဝါလင်နဲ့ ဒေါက်တာ ဘယ်ရီဂျေမော်ရှယ် တို့က အစာအိမ်ပိုးကို စတင် တွေ့ရှိပြီး ၂ဝဝ၅ ခုနှစ်က ဆေးပညာ နိုဘယ်လ်ဆု ရခဲ့ပါ တယ်။

မသန့်ရှင်းတဲ့ ရေ၊ မသန့်ရှင်းတဲ့ အစားအစာ၊ တံတွေး၊ လူရဲ့ မစင်တို့ကနေ ကူးစက်တတ်တယ်။ အသက်အ ရွယ်ကြီးသူတွေ၊ ဝင်ငွေနည်းတဲ့ မိသားစုတွေ၊ တစ်အိမ်ထဲ လူအများ စုပေါင်းနေထိုင်တဲ့ မိသားစုတွေမှာ ရောဂါပိုး ပိုမို တွေ့ရှိ နိုင်တယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ အသက်အရွယ် အမျိုးမျိုး၊ ဘာသာ အမျိုးမျိုး၊ ကျား၊ မ၊ ကလေး၊ လူကြီးမရွေး အစာအိမ်ရောဂါပိုး တွေ့ရတယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံများရဲ့ လူဦးရေ ၅ဝ ရာခိုင်နှုန်းကျော်နဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများရဲ့ လူဦးရေ (၇ဝ-၉ဝ) ရာခိုင်နှုန်းမှာ အစာအိမ် ရောဂါပိုး တွေ့ရှိ ရတယ်။ လက်နဲ့ နယ်ထားတဲ့ အစာများ၊ ယင်နားစာများ၊ မသန့်ရှင်းတဲ့ အစာများ၊ ချဉ်ဖတ်၊ လမ်းဘေးအကင် ချောင်းများမှာ အစာအိမ်ပိုးကို ပိုမို တွေ့ရှိရတယ်။ လက်ဖက်ရည်ကြမ်း (Green Teas) ၊ ဝိုင်အနီ (Red wine) ၊ လတ်ဆတ်တဲ့ ဒိန်ချဉ်တို့ဟာ အစာအိမ် ရောဂါ ပိုး ပြန့်ပွားခြင်းကို တားဆီး နိုင်တယ်။

အစာအိမ် ရောဂါပိုးကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေက အူသိမ်ဦးပိုင်း အနာ၊ အစာအိမ် အမြှေးပါးရောင်ခြင်း ၊ အစာအိမ်နာ၊ အစာမကြေ ရောဂါ၊ သံဓာတ် ချို့တဲ့ သွေးအားနည်း ရောဂါ၊ အစာအိမ်ကင်ဆာ၊ အစာအိမ် သားငံရည်ကျိတ် ကင်ဆာနှင့် သွေးမြွှာဥ အားနည်းရောဂါတွေ ဖြစ်တတ် ပါတယ်။ အခြား ဖြစ်နိုင်တဲ့ ရောဂါ တွေက သွေးအားနည်း ရောဂါ၊ အင်ပျဉ် ထခြင်း၊ အရေပြား ယားယံခြင်း၊ အရေပြား အကြေးခွံ ထခြင်း၊ နှလုံးသွေးကြော ကျဉ်း ရောဂါ၊ လေဖြတ်ရောဂါ၊ အဆစ်ရောင် ရောဂါ၊ ဝက်ခြံ၊ အသည်းရောဂါ၊ ခြေထိပ်၊ လက်ထိပ် သွေးမရောက် ရောဂါနဲ့ အခြားရောဂါများ လည်း ဖြစ်နိုင် ပါတယ်။

ရောဂါလက္ခဏာများ အရ အစာအိမ်ရောဂါပိုးဟာ ဆင့်ကဲဖြစ်စဉ်အရ ပကတိ ကျန်းမာတဲ့ အစာအိမ် အမြှေးလွှာမှာ အစာအိမ်ရောဂါပိုး ကူးစက် ဝင်ရောက်ပြီး ရုတ်ချည်း အစာအိမ်ရောင်ကာ နာတာရှည် အစာ အိမ်ရောင်ရမ်းနာ ဖြစ်တယ်။

အဲဒီက တစ်ဆင့် အစာအိမ် အမြှေးလွှာ ဆဲလ်များ ကင်ဆာအဖြစ် အဆင့်ဆင့် ကူးပြောင်းသွားပြီး အစာအိမ် ကင်ဆာ ကနဦးအဆင့် အချိန်မီ (ခွဲစိတ်) ကုသ၍ ရသေးတဲ့ အဆင့်မှ အချိန်မီ မသိရခြင်း၊ မကုသ၍ ရောဂါ ကျွမ်းတဲ့ အစာအိမ်ကင်ဆာနာ ဖြစ်လာတတ်တယ်။ အစာအိမ်ရောဂါပိုး ကူးစက်ခံရပြီး သူဟာ ကုသမှု မခံရပါ ကရောဂါဟာ တစ်သက်လုံး ရှိနေမှာဖြစ်ပြီး အခြားသူ တွေကို ကူးစက်နိုင်ခြင်း၊ ရောဂါဆင့်ကဲ ဖြစ်နိုင်ခြေ များခြင်းဖြစ်တယ်။ လူအများ စုမှာ ရောဂါပိုး ကူးစက်ပေမဲ့ ဘာလက္ခဏာမှ မပြဘူး။

အစာအိမ် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးသင့်သူများမှာ အစာမကြေရောဂါ ရှိသူများ၊ အစာအိမ်နာ၊ အူသိမ်အနာ ရှိသူတွေ၊ အစာအိမ်ကင်ဆာ သံသယရှိသူတွေ၊ အစာအိမ်ကင်ဆာ လူနာရဲ့ မိသားစုနဲ့ ဆွေမျိုးတွေ၊ သွေးအားနည်း ရောဂါ ရှိသူတွေ၊ သွေးဖြူဥနည်းတဲ့ လူနာတွေဆိုရင် ရောဂါ စစ်ဆေးသင့်ပါတယ်။ ။

ဒေါက်တာ လွင်သန့် (ဆေး-၂) - မြဝတီ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။