Nyi Thit
နာမည်ကြီး Great Train Robbery ထဲက Ronnie Biggs အကြောင်း ဖတ်ရတာ ဇာတ်ကားကောင်း တစ်ကားကြည့်လိုက်ရသလိုပဲ အရသာရှိတယ်...
ရီရမလို ငိုရမလိုနဲ့ သံဝေဂ ရစရာတွေလည်းပါတယ်.. မဆီမဆိုင် တို့ဆီက မျိုးစောင့်ဥပဒေတောင် ပြေးသတိရလိုက်သေးတယ် ရီချင်လို့ပါ.. ... ၁၉၆၃ခုနှစ် ရထားဓားမြတိုက်မူမှာ အဓိက Mastermind မဟုတ်ပေမယ့် ရထားမောင်းတတ်တဲ့လူ ရှာပေးတယ် ဝေစုခွဲယူတယ်ဆိုတော့
နှစ်၃၀ ထောင်ဒဏ်ကျခံရတယ်..
၂ နှစ်နေတော့ ထောင်ဖောက်ပြေးတယ်.. ၃၈ နှစ်တောင် ၀ရမ်းပြေး ဘ၀နဲ့နေတယ် နောက်ဆုံး ဘရာဇီးမှာ နေတာကို စကော့တလန် ယာဒ်တွေ အင်္ဂလန် စုံထောက်တွေက သိသွားလို့ အင်္ဂလန်ပြန် ခေါ်ဖို့ ကြိုးပမ်းပေမယ့်... ဆရာသမားက ဘရာဇီးသူတစ်ယောက်နဲ့ ယူထားတဲ့အပြင် အဲ့ဒီ အမျိုးသမီးက ကိုယ်ဝန်ရှိနေတော့ ဘရာဇီးဥပဒေအရ ဘရာဇီးသွေးပါတဲ့ ကလေးငယ်တစ်ယောက်ရဲ့ မိဘကို တခြားနိုင်ငံတစ်ခုနဲ့ ရာဇ၀တ်သား လွဲပြောင်းမူ ဘယ်တော့မှ မလုပ်ရဘူးဆိုတာ ပါသလို ဘရာဇီးကလည်း အင်္ဂလန်နဲ့လည်း ရာဇ၀တ်သားလွဲပြောင်းနိုင်တဲ့ သဘောတူစာချုပ်ချုပ်ထားတာမျိုး လုပ်မထားလို့ ဆရာသမားက ဘရာဇီးမှာ ဒူးနန့်နေလို့ရတဲ့ ပုံစံဖြစ်နေတယ် တို့ဆီက မျိုးစောင့်ဥပဒေနဲ့ ကွာပုံပြောပါတယ်.. ဒီမှာသာဆိုရင်တော့ ကိုယ့်နိုင်ငံသား ဗိုက်ထဲက ကလေး နစ်နာသွားမှာ အသာထားဆိုပြီး ထောင် ၁၀နှစ်မချရင်
ကံကောင်းပဲ.. ( စတာပါ စ တာပါ စ တာပါ )
နောက်ဆုံး ၀ရမ်းပြေးဘ၀ကနေ သူ့ကိုသိတဲ့လူတွေကြားမှာ သူ့အရပ်သူ့ဇာတ်နဲ့ celebrity ပုံစံမျိုးဖြစ်လာတယ် ရထား ဓားမြတိုက်တယ်သာဆိုတာ လူတစ်ယောက်မှ သတ်ခဲ့တာမျိုးမဟုတ်သလို ရုပ်ရှင်ဇာတ်ကားတွေထဲကလို ပညာသားပါပါနဲ့ လုပ်သွားခဲ့တာမို့လည်း ပါပါတယ်.. အင်္ဂလန်က ဘရာဇီးကို လာလည်ကြတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေက သူ့ကို တခုတ်တရ ဖိတ်ခေါ်ပြီး လက်ဘက်ရည် အတူသောက်ကြတာမျိုး စတာတွေ လုပ်လာတယ်.. ဒီလိုနဲ့ နေလာလိုက်တာ
၁၉၉၇ ခုနှစ်မှာတော့ ဘရာဇီးနဲ့ အင်္ဂလန်ကြားမှာ ရာဇ၀တ်သား လွဲပြောင်းမူနဲ့ ပတ်သက်ပြီး သဘောတူ စာချုပ်ချုပ်ဖို့ အကြောင်းဖန်လာတယ်.. ၂ လာကြာတယ်ဆိုရင်ပဲ Ronnie Biggs ကို အင်္ဂလန်ကို ပြန်လွဲပေးဖို့ request လုပ်တဲ့စာ ဘရာဇီးအစိုးရကို ပို့တယ်... မရတော့ပါဘူး ဘရာဇီးရဲ့ အမြင့်ဆုံး တရားရုံးကနေ ပြန်လွဲဖို့ ပယ်ချသလို Ronnie Biggs ကို ဘရာဇီးမှာ တသက်လုံး နေထိုင်ခွင့် ပေးလိုက်တယ်..
၂၀၀၁ ခုနှစ်မှာတော့ ဘယ်သူမှ မတိုက်တွန်းရပါပဲ အင်္ဂလန်ကို ပြန်လာပြီး အဖမ်းခံမယ်လို့ Ronnie Biggs က The Sun သတင်းစာကို သတင်းပေးပါတယ်.. အပြန်အလှန်အနေနဲ့ The Sun သတင်းစာက သူ အင်္ဂလန်ကို ပြန်လာဖို့ လေယာဉ်စရိတ်က အစ သူ့အကြောင်းရေးမယ့် သတင်းတွေနဲ့မူပိုင်ခွင့် ကြေးတွေအပါအ၀င် ထပ်ပြီး ပေါင် ၂ သောင်း ပေးရပါတယ်... ( ဆရာသမား ပိုင်ပုံ ) လေယာဉ်စရိတ်ဆိုတာ လေယာဉ်လက်မှတ်ခမဟုတ်ပါဘူး Private Jet သီးသန့် ငှားပေးရတာပါ.. လေဆိပ်ရောက်တယ်ဆိုရင်ပဲ အင်္ဂလန်ရဲက ဖမ်းပြီး jail ထဲ ထည့်ပါတယ်.. နှစ် ၃၀ ထောင်ဒဏ်မှာ ၂ နှစ်ပဲ ကျခံရသေးလို့ ကျန်တဲ့ ၂၈ နှစ်ကျခံဖို့အတွက်ပါ..
သိပ်မကြာပါဘူး ပြန်လာကတည်းက အဖမ်းခံချင်တာလား အစိုးရကို ဆေးကုခိုင်းဖို့လား ဝေခွဲမရအောင်ပဲ ကျန်းမာရေး မကောင်းတော့လို့
သူ့ကို ဆေးကုပေးနေရတာနဲ့ Jail ထဲမှာတောင် နေရရဲ့လား မသိပါဘူး..
ဆေးရုံတက်လိုက် ခဏကောင်းလာလိုက် ပြန်ဆေးရုံတက်လိုက်နဲ့ ၂၀၀၉ ခုနှစ်မှာ
လွှတ်ငြိမ်းခွင့်ပေးလိုက်တယ် ဆိုပါတော့... ကျန်းမာရေး မကောင်းတော့လို့ ပေးတဲ့ compassionate grounds အရ ဆိုပါတော့... ခုပဲ သေတော့မလိုလို ဖြစ်ဖြစ်နေလို့ ကျန်းမာရေးအရ လွှတ်ငြိမ်းခွင့်ပေးပါတော့ ထောင်ထဲမှာ ငါမသေချင်ဘူး မိသားစုနဲ့ပဲ သေချင်တယ်လို့ ပြောပြီး ပထမတစ်ခေါက်တင်တော့ ပယ်ချခံရတယ် နောက်တစ်ခါ ထပ်တင်တယ်.. မရသေးဘူး အဲ့ဒီအချိန်မှာပဲ ဆေးရုံကို အသည်းအသန်ထက်ပြေးရတော့ အစိုးရလည်း မသက်သာတဲ့အဆုံး ပေးလိုက်တယ် ထင်ပါတယ်... လွှတ်ငြိမ်းခွင့်ပေးတဲ့အချိန်မှာ သူ့အသက်က ၈၀ ပြည့်ဖို့ ၂ ရက်ပဲ လိုပါတော့တယ်.... သူ့အတွက် ရှေ့နေကိစ္စတွေလိုက်ပေးတဲ့ ရှေ့နေကလည်း.. ဒီဘိုးတော်ကြီးက သေတော့မှာပါ ဘယ်လိုမှ ပြန်ကောင်းလာစရာ မရှိပါဘူးဆိုပြီး ပြောခဲ့တာ...
ခု ၂၀၁၃ ရောက်ပြီဗျာ.. မသေသေးဘူး.. The Great Robbery ဖြစ်ရပ် နှစ်၅၀ ပြည့် အထိမ်းအမှတ်ပွဲ ဆိုတာကို ဘီးတပ်ကုလားထိုင်ပေါ်မှာ အခန့်သာ လိုက်လာပြီး တက်ရောက်ချီးမြှင့်သွားတယ်.. မှတ်ကရော... !
လုပ်သွားပုံလေး သဘောကျလို့ထိုင်ရေးမိပါတယ်..
ညီသစ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။