Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, July 28, 2013

ပလိုင်းပေါက်နဲ့ ဖားမကောက်စေလိုပါ

 
Burmese Treasure
ပလိုင်းပေါက်နဲ့ ဖားမကောက်စေလိုပါ

ဇူလိုင်လ ၂၃ ရက်နေ့က နိုင်ငံတော်သမ္မတအမိန့်နဲ့ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား (၇၃)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် သွားခဲ့တဲ့ ဗြိတိန်နဲ့ပြင်သစ်ခရီးစဉ်မှာ နိုင်ငံရေးအကျဉ်း သားတွေအကုန်လုံး လွှတ်ပေးပါမယ်လို့ ကတိပြုထားတဲ့ အတိုင်း လွှတ်ပေးခဲ့တာဖြစ် ပါတယ်။ နိုင်ငံတော် သမ္မတကြီးရဲ့ စေတနာ၊ပွင့်လင်းမြင်သာမှု၊ ရိုးသားမှုတွေနဲ့ အတိုက်အခံနိုင်ငံရေး သမားတွေ အပေါ်ထားရှိတဲ့စိတ်ဓာတ်ဟာ တကယ့်ကို လေးစားဖွယ်ကောင်းပါတယ်။ မတူတာတွေကို ညှိနှိုင်း တူတာတွေကို လက်တွဲလုပ်မယ် လို့ကြွေးကြော်ထားတဲ့ အတိုင်း ပဲ လုပ်ဆောင်နေတာဟာဖြင့် နိုင်ငံတော်သစ်အတွက် အားရကျေနပ် ဖွယ်ကောင်းလှပါတယ်။

ဗမာစကားပုံမှာ ဆွမ်း ဆန်ထဲကြက်ချေးရော ဆိုသလိုပါပဲ။ သမ္မတကြီးရဲ့မေတ္တာ ၊စေတနာထား ရှိမှု ဟာ တစ်စုံ တစ်ရာအတိုင်းအတာအထိကောင်းကျိုးပေးခဲ့ပေမယ့် မထင်မှတ်တဲ့ ဆိုးကျိုးတွေဖြစ် လာတာရှိနေ ပါတယ်။ အဲဒါတွေ ကတော့ လွှတ်ပေး လိုက်တဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ချည်းမဟုတ်ဘဲ ပြစ်ဒဏ်ကျ အကျဉ်းသားတွေပါ ပါနေပါ တယ်။ မူးယစ်ဆေးဝါး အမှုကြီးတွေ ကျူးလွန်ပြီး သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံထားရတဲ့ မူးယစ်ဆေးဝါး တရားခံတွေကို လွှတ်ပေးလိုက်တာဖြင့် စေတနာဖြစ်မ လာဘဲ ဝေဒနာဖြစ် လာစေခဲ့ ပါတယ်။

အရင်တုန်းက ခွန်ဆာရဲ့ MTA မှာ ဗျူဟာမှူးအဆင့်ရှိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကြွရူး သွပ်ဆေးပြားတွေ၊ ဘိန်းဖြူတွေ၊ လက်နက်ရောင်းဝယ်မှုတွေ၊ လူသတ်မှုတွေ ကျူးလွန်လို့ ဖမ်းဆီးထောင်ချထားတဲ့ တရားခံ တစ်ဦးဖြစ်သူ ရန်အားဟုန်လဲ ဇူလိုင်လ ၂၃ ရက်နေ့က လွတ်မြောက် ထဲမှာ ပါဝင်ခဲ့ပါတယ်။ ရန်အားဟုန် ကို ၂၀၀၅ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ သူ့ရဲ့နေအိမ်ကနေ စိတ်ကြွဆေးပြား ၁၀ဒသမ ၃၈ သိန်း ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ တရားမ၀င် လက်နက်ကိုင်ဆောင်မှု၊ လူသတ်မှု၊ ဘိန်းဖြူ လက်ဝယ်ထားရှိမှုနဲ့ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဒီအမှုတွေဟာ တကယ့်ကို ကြီးမားတဲ့ပြစ်မှုတွေဖြစ်ပြီး တရားခံပြန် လွှတ်ပေးလိုက်ခြင်းအားဖြင့် အသတ်ခံလိုက်ရတဲ့ဆွေမျိုးအသိုင်း အ၀ိုင်းကလဲ အလွန်ပဲ မကျေမနပ်ဖြစ်နေကြပါတယ်။ ဒီလိုမျိုးသာ နိုင်ငံရေး သမားတွေအတူ ရောယောင်ပြီး လူသတ်မှု၊ မူးယစ်ဆေးဝါးအမှု ကျူးလွန် သူတွေကို ပြန်လွှတ်ပေးနေတာဟာ တရားဥပဒေစိုးမိုးရေးကို လွန်စွာထိ ခိုက်နိုင်တယ် လို့ တောင်ကြီး မြို့ က ရှေ့နေတစ်ဦးပြောဆိုပါ တယ်။

၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ(၃)ရက်နေ့မှာလည်း နိုင်ငံရေး အကျဉ်းသား(၇)ဦး ကို ပြန်လွှတ်ပေးလိုက်ရာ မှာလဲ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီက ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အိုက်ပန်းဆိုသူ ပါဝင်ခဲ့တဲ့ အတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ အလွန်ပဲအခက်အခဲဖြစ်စေခဲ့တယ် လို့ မြန်မာ .နိုင်ငံ မူးယစ်ဆေး ၀ါးဆန့်ကျင်တိုက်ဖျက် ရေးအသင်းက လူကြီးတစ်ဦးက ပြောဆိုခဲ့ပါတယ်။


အိုက်ပန်းကို ၂၀၀၅ခုနှစ်၊ စက်တင်ဘာလတုန်းက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မှာ ဘိန်းဖြူ ဘလောက်တုံး ၉၈၉တုံး၊ အလေးချိန် ၄၉၄ဒသမ၅ ကီလို၊ ဘိန်းစိမ်း ဒသမ၀.၅ကီလို၊ ဘိန်းမျိုးစေ့ ၉ဒသမ ၂ကီလို လက်နက် ခဲယမ်းမျိုးစုံနဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ သူရဲ့ပြစ်မှုတွေ ဟာများပြားလွန်းတဲ့အတွက် တရားရုံးက သေဒဏ်ချမှတ်ခဲ့သူဖြစ်ပါတယ်။တကယ်တော့ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် နိုင် ငံတော်အနေနဲ့ စီမံကိန်းတွေ ချမှတ်လုပ်ဆောင်နေရာမှာ ငွေကြေးအရင်းအနှီး၊ လူသားအရင်း အနှီးတွေ များစွာ ပေးဆပ် လုပ်ဆောင် နေ ရခြင်း ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးတရားခံတစ်ဦးကို လွယ်လွယ်ကူကူ ကြက်ကလေးငှက်ကလေး ဖမ်းသလိုမျိုး ဖမ်းလို့ရခဲ့တာ မဟုတ်ပါဘူး။ သက်စွန့်ဆံဖျားဖမ်းဆီး အရေးယူခဲ့ရ တာဖြစ်ပါ တယ်။ ပြန်လွှတ်ပေး လိုက်တဲ့အခါကျတော့ အရမ်းကို လွယ်ကူလွန်း လှပါတယ်။ ဒီလိုသာ အလွယ်တကူပြန်လည် လွှတ်ပေးနေမယ်ဆိုရင်ဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး ဆောင်ရွက်နေတာတွေဟာ ပလိုင်းပေါက်နဲ့ ဖားကောက်နေသလို ပဲဖြစ်နေ မှာပါ။ မြန်မာနိုင်ငံဟာအရှေ့တောင်အာရှမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုအများ ဆုံးနိုင်ငံလို့ သတ်မှတ်ခံနေရတဲ့ အချိန်ကာလမျိုးမှာ မူးယစ်ဆေးဝါး တရားခံ ကြီးတွေကိုပြန်လွှတ်မပေးသင့်ပါဘူး။ ဒီလိုမျိုးပြန်လွှတ်ပေးခြင်းအားဖြင့် ဒေသအတွက် ၊နိုင်ငံတော်အတွက်၊ ပတ်ဝန်းကျင် နိုင်ငံတွေအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။

နိုင်ငံတော်သမ္မတကြီးက စေတနာ၊ မေတ္တာ၊ ကရုဏာရှေ့ထားပြီး လွှတ်ပေးလိုက်ပေ မယ့် သူတို့ဟာ မူးယစ် ဆေးဝါးလုပ်ငန်းတွေကို စွန့်လွှတ်ခြင်းမရှိဘဲ အရင်ကထက် ပိုမိုလုပ်ဆောင်နေ ပါတယ်။ ၂၀၁၂ ခုနှစ်က လွှတ်ပေးခဲ့တဲ့ အိုက်ပန်းကို ၀ တပ်ဖွဲ့က သူ့ရဲ့မူလတာဝန် ပြန်လည်ပေးအပ်ပြီး ငွေရှာရလွယ်တဲ့ မူးယစ်ဆေးဝါး ထုတ်လုပ် .ရောင်းဝယ်ရေးကိုပြန်လည်လုပ်ကိုင်ခိုင်းနေပါတယ်။ အစိုးရအဆက်ဆက် မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ဆောင်မှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်နေ တာတွေကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု အရှိန်လျော့နည်းလာချိန်မှာ မူးယစ်ဆေးဝါးထုတ်လုပ်သူများ ကို နိုင်ငံရေး အကျဉ်းသားတွေနဲ့ ရောပြီး ပြန်လည် လွှတ်ပေးလိုက်တာဟာဖြင့် မြန်မာနိုင်ငံကို မူးယစ်နွံထဲက ရုန်းမထွက်နိုင်အောင်ပြုလုပ် လိုက်သလို များဖြစ်နေမလားဆိုတာ စဉ်းစားရမယ့် အခြေအနေ တစ်ရပ် ဖြစ်လာပါပြီ။ ဒါကြောင့်မို့ အကျဉ်းထောင်များမှ ပြန်လည် လွှတ်မည့်သူများမှာ လူသတ်မှု၊ မူးယစ်ဆေးဝါးမှု၊ တရားမ၀င်လက်နက် ကိုင်ဆောင်မှုနဲ့ ထောင်ကျ ခံရသူများ ကိုတော့ ပြန်လည် မလွှတ်ပေးပါရန် တောင်းဆိုလိုက်ရပါတယ်။


မူးယစ်ဆေးဝါးပပျောက်စေလိုသော ပြည်သူတစ်ဦး
By : ကျားကြီး
Email

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။