Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, July 31, 2013

သယံဇာတ၊ အစိုးရနှင့် အနာဂတ် ဗမာပြည်

 
အောင်စည်တော်ကြီး with Tun Wai and 38 others
သယံဇာတ၊ အစိုးရနှင့် အနာဂတ် ဗမာပြည်
~~~~~~~~~~***~~~~~~~~~~
(၁) ပြည်တွင်းစစ် ပဋိပက္ခ ထောင်ချောက် (Conflict Trap)
~~~~~~~~~~~~~~***~~~~~~~~~~~~~~~
လူမှု အဖွဲ့အစည်း တိုင်းသည် ပဋိပက္ခနှင့် ကြုံတွေ့ ဖူးသူတွေချည်း ဖြစ်ပေသည်။ ထို အချင်း အရာမှာ နိုင်ငံရေးတွင် ဖြစ်တတ်သော မွေးရာပါ ကိစ္စ ဖြစ်သည်။ အောက်ခြေ နိုင်ငံများတွင် ကြုံတွေ့ ရသည့် ပြသနာက နိုင်ငံရေး ပဋိပက္ခ သက်သက် မဟုတ်။ နိုင်ငံရေး ပဋိပက္ခ ၏ ပုံသဏ္ဍာန် ဖြစ်ပေသည်။ ပဋိပက္ခ ပုံစံက နှစ်မျိုး။ အချို့သည် နှစ်ရှည်လများ တအုံနွေးနွေး ပြည်တွင်းစစ် ပဋိပက္ခ ဖြစ်နေသည်။ အချို့တွင်မူ အာဏာသိမ်းခြင်း ပဋိပက္ခ ဖြစ်သည်။ ထို နှစ်မျိုး လုံးသည် စရိတ်စက အလွန်ကြီး၏။ ထို့ပြင် ထပ်ကာ ထပ်ကာ ပြန်ဖြစ် တတ်၏။ ထို ပဋိပက္ခ တို့သည် နိုင...်ငံအား ဆင်းရဲတွင်းသို့ ဆွဲချ တတ်၏။ ပြည်တွင်းစစ် မည်သည် ကြောင့် ဖြစ်ရသနည်းဟု အကြောင်းရင်းများ ရှာကြည့်လျှင် ပုန်ကန် သည့် လှုပ်ရှားမှု တိုင်းတွင် မကျေနပ်မှု ကို အကြောင်း ပြ ချက် များဖြင့် ဆောင်ရွက် မြဲ ဖြစ်ကြသည်။ ဖိနှိပ် ချုပ်ချယ်ခြင်း၊ အမြတ်ထုတ် ခေါင်းပုံ ဖြတ်ခံ ရခြင်း၊ အတူတူ မပါဝင်စေဘဲ ဖယ်ကျဉ် ခံရခြင်း စသည်ဖြင့် ကောက်ချက်များ ဆွဲခဲ့ကြသည်။
ပြည်တွင်းစစ်သည် ဖွံ့ဖြိုးမှု မရှိ ရပ်တန့်နေသော၊ သို့မဟုတ် ဆုတ်ယုတ် နေသော အခြေအနေနှင့် ဆက်နွယ် နေပေသည်။ ၀င်ငွေ နည်းပါးခြင်း ဆိုသည် မှာ ဆင်းရခြင်း ဖြစ်သည်။ ဖွံ့ဖြိုးမှု ရပ်တန့်ခြင်း သို့မဟုတ် ဆုတ်ယုတ် နေခြင်း ဆိုသည်မှာ မျှော်လင့်ချက် ကင်းမဲ့မှုပင် ဖြစ်သည်။ မျှော်လင့်ချက် ကင်းမဲ့မှုနှင့် ဆင်းရဲခြင်းတို့ ပေါင်းစပ် သွားသည့် အခါ ပြည်သူ အချို့သည် ပုန်ကန်သူများ ဘက်သို့ ပြောင်းလဲရန် အလွန် လွယ်ကူ သွားပေသည်။
ပြည်တွင်းစစ် တို့သည် ခဏ ရပ်နား လိုက်ပြီး မကြာခင် ပြန်ဖြစ် လာတတ်သည်။ အချိန် မည်မျှ ကြာမည်နည်း ဆိုသည်မှာ ပြည်တွင်းစစ် အစတွင် တည်ရှိခဲ့သည့် ၀င်ငွေ နည်းပါး ဆင်းရဲမှု အတိုင်း အတာ ပေါ်တွင် မူတည်ပေသည်။ ပြည်တွင်းစစ် ပဋိပက အစတွင် ဆင်းရဲခြင်း ပိုများလျှင် ထိုစစ်သည် ပိုပြီး ကာလ ကြာရှည်မည်သာ ဖြစ်ပေသည်။
ထို့အပြင် နိုင်ငံ၏ သဘာဝ သယံဇာတ ပြည်ပ ပို့ကုန် ၀င်ငွေက တန်ဖိုးကြီးလျှင် ပြည်တွင်းစစ်ကို အလွယ်တကူ ထောက်ပံ့ နိုင်ပေလိမ့်မည်။ ထိုအချက်သည် ပြည်တွင်းစစ် ကာလ ပိုကြာပေမည်။

(၂) သယံဇာတ ထောင်ချောက် (Natural Resource Trap)
~~~~~~~~~~~~~~***~~~~~~~~~~~~~~~
သဘာဝ သယံဇာတ ကျိန်စာ (Natural Resource Curse) ကို လွန်ခဲ့သော နှစ်(၃၀) ၀န်းကျင်ခန့် ကတည်းက စီးပွားရေး ပညာရှင်တို့က ဒတ်ခ်ျ ရောဂါဟု ခေါ်ဝေါ်ပြီး ရှင်းပြ ဆွေးနွေး ခဲ့ကြပေသည်။
သဘာဝ သယံဇာတ တင်ပို့ ရောင်းချမှု ဖြစ်လာသည့် အခါ သယံဇာတသည် ပြည်သူ လူထု အတွက် နိုင်ငံခြားငွေ အရင်း အနှီး ဖြစ်လာသည်။ ပြည်သူ လူထု အတွက် နိုင်ငံခြားငွေ အရင်း အနှီး ဖြစ်လာသည်။ ပြည်ပ တင်ပို့ကုန်သည် ပြည်တွင်းတွင် တန်ဖိုး ဆုံးရှုံး ရသည်။ တစ်နည်း ပြောရလျှင် နိုင်ငံတကာသို့ တင်ပို့လို့ မရသည့် ကျန် ပြည်တွင်း ထုတ်ကုန်များ၊ ဥပမာ- ဒေသတွင်း အကျိုးဆောင် လုပ်ငန်းများ၊ အစား အစာများ ဈေးကြီး လာပေသည်။
သဘာဝ သယံဇာတသည် ဒီမိုကရေစီ ကို အလုပ် မဖြစ်အောင် ပြုလုပ်သည်။ Resources make democracy dysfunction.
ဒီမိုကရေစီ ဆိုသည်မှာ ရွေးကောက်ပွဲ အကြောင်းမျှသာ မဟုတ်ပါ။ ဒီမိုကရေစီ၏ စည်းမျဉ်းအချို့မှာ ဒီမိုကရေစီ အခွင့် အာဏာကို မည်သည့် နည်းမျိုးဖြင့် ရရှိလာစေရန် ဆုံးဖြတ်သနည်း ဆိုသည့် အချက်၊ အခြား စည်းမျဉ်း အချို့မှာ ရရှိလာသည့် အခွင့် အာဏာကို မည်သို့ အသုံးချသနည်း ဟူသော အချက်။ ထို စည်းမျဉ်း ဥပဒေတို့သည် အစိုးရအား အာဏာကို အလွဲသုံးသည်၊ မသုံးသည်ကို ပြန်လည် စစ်ဆေးသုံးသပ်ရန် ဖြစ်သည်။
သဘာဝ သယံဇာတ ပေါကြွယ်ဝမှုကို ရောင်းချ စားနေသည့် အစိုးရ တို့တွင် ထိုစည်းမျဉ်း ဥပဒေ နှစ်ခုလုံး ချောင်ထိုး ခံရပေသည်။
နိုင်ငံရေး ဆိုင်ရာ လုပ်ပိုင်ခွင့် တို့ကို ပြန်လည် စစ်ဆေးပြီး ကိုယ့်ကိုယ်ကို ကန့်သတ် ထိန်းချုပ် လိုက်ခြင်းဖြင့် မည်သည့် မူဝါဒများ တိုးတက် စေပါသနည်း။ နိုင်ငံ အစိုးရ တစ်ခုသည် အသုံးစရိတ် စစ်ဆေး ညှိနှိုင်းခြင်းကို လက်ခံ ပြုလုပ် လိုက်ခြင်း အားဖြင့် ထိုက်သင့်သည့် ရင်းနှီး မြှပ်နှံမှုများကို ပြန်လည် ရလာတတ်ပေသည်။
နိုင်ဂျီးရီးယား နိုင်ငံသည် (၁၉၇၉) မတိုင်မီ ဆယ်နှစ်ကျော်က စစ်အစိုးရ အုပ်ချုပ်ခဲ့သည်။ ထိုနှစ်တွင် စစ်အစိုးရမှ ဒီမို ကရက်တစ် အရပ်သား အစိုးရ အဖြစ် ပြောင်းလဲ အုပ်ချုပ် ခဲ့သောကြောင့် ယေဘုယျတော့ စိတ် သက်သာစရာ ဖြစ်ခဲ့ရသည်။ သို့သော် ကံမကောင်းစွာပင် ထို အစိုးရ အဖွဲ့သည် ကျောထောက်နောက်ခံ စပွန်ဆာဖြင့် မျှတတာတွေ မမျှတာတွေ အစစ် အဆေး မခံရဘဲ မဲရခဲ့သူ တို့ ဖြစ်သည်။
သယံဇာတလည်း ပေါမည်။ နိုင်ငံသား တွေ လည်း ဆင်းရဲမည်။ အစိုးရက နိုင်ငံရေး အထိန်း အကွပ် မဲ့လည်း မဲ့မည်။ တိုင်းရင်းသား လူမျိုး ကွဲပြား စုံလင်မှုလည်း ရှိဦးမည်။ ထိုအချက်တွေ ပေါင်းလိုက် လျှင်တော့ ထို နိုင်ငံသည် ဖွံ့ ဖြိုးတိုးတက်မှု တွင် အောက်ဆုံးမှာ ရောက်နေ လေတော့သည်။
(၃) အိမ်နီးချင်းဆိုးများ ကြားတွင် ညပ်ပိတ် နေရသည့် ထောင်ချောက် (Land locked with bad neighbors)
~~~~~~~~~~~~~~***~~~~~~~~~~~~~~~
နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု အတွက် အရေးကြီးသော အချက် တို့တွင် ပထ၀ီ အနေ အထားလည်း ပါသည်ကို ဂျက်ဖရီဆာ့ခ်ျ (Jeffery Sach)က ထောက်ပြ ခဲ့ ပြီး ဖြစ်သည်။ ပထ၀ီ အနေအထား အရ ဖွံ့ဖြိုး မှုကို နှေးကွေး စေသည့် အဖြစ်မျိုး ရှိတာ မှန်ပါသည်။ သို့သော် ထို အနေ အထားချင်း အတူတူ အချို့ နိုင်ငံတွေက ဖွံ့ဖြိုး တိုးတက်မှု အလျင် အမြန် ရပြီး အချို့က ထောင်ချောက် ပိတ်မိ နေတတ်သည်။
နိုင်ငံတစ်နိုင်ငံသည် အခြေအနေဆိုးသည့် အိမ်နီးချင်း နိုင်ငံတွေ ကြားတွင် ပိတ်မိ နေသော်လည်း သဘာဝ သယံဇာတ ရှိခဲ့လျှင်၊ ထိုသို့ မိမိတွင် ရှိသည့် သဘာဝ သယံ ဇာတ ကြွယ်ဝမှုကို နည်းမှန် လမ်းမှန် ဖြင့် အသုံးချ နိုင်လျှင်မူ အနေ အထားက သက်သာ ပေသည်။
(၄) စီမံအုပ်ချုပ်မှု ညံ့ဖျင်းသည့် ထောင်ချောက် (Bad Governance)
~~~~~~~~~~~~~~***~~~~~~~~~~~~~~~
စီမံအုပ်ချုပ်မှုနှင့် စီးပွားရေး မူဝါဒသည် စီးပွားရေး တိုးတက် ဆောင်ရွက်မှု ကို ကူညီ ပုံဖော် ပေးသည်။ သို့သော် ထိုအချက် များကို မှန်ကန်စွာ ဆောင်ရွက် ခြင်း နှင့် မှားယွင်းစွာ ဆောင်ရွက်ခြင်း နှစ်မျိုးသည် ကောင်းကျိုး ဆိုးကျိုး အညီအညာ အကျိုး သက်ရောက် စေသည်တော့ မဟုတ်ပေ။
အလွန် ကောင်းမွန်သော စီမံ အုပ်ချုပ်မှုနှင့် စီးပွားရေး မူဝါဒသည် နိုင်ငံကို တိုးတက် ဖွံ့ဖြိုးအောင် ကူညီ ပေးသည်။ သို့သော် ဖွံ့ဖြိုး တိုးတက်မှု နှုန်းသည် ဆယ်ရာခိုင် နှုန်း အထိသာလျှင်။ ထို့ထက် ပိုပြီး နှုန်း မမြန်နိုင်ပါ။ ဘယ်လောက် ကောင်းသည့် အစိုးရဘဲ ဖြစ်ဖြစ် ထိုထက် ပိုပြီး အထက် မြန်မြန် မတက်နိုင်ပါ။ သို့သော် ထို အချက်နှင့် ပြောင်းပြန်က စီမံ အုပ်ချုပ်မှု ညံ့ဖျင်းပြီး စီးပွားရေး မူဝါဒ ဆိုးဝါးလျှင် နိုင်ငံ တစ်ခု၏ စီးပွားရေးကို ကြောက်စရာ အလွန် ကောင်းလောက်အောင် မြန်ဆန်သည့် နှုန်းဖြင့် အောက်သို့ ပြုတ်ကျ သွားစေနိုင်ပါသည်။
စီမံ အုပ်ချုပ်မှု ညံ့ဖျင်းသည့် အခါ အကျင့်ပျက် လာဘ်စားမှုက နိုင်ငံကို လွှမ်းမိုး လာလိမ့်မည်။
စီမံအုပ်ချုပ်မှုနှင့် မူဝါဒ ကောင်းမွန်မှုသည် နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု အတွင် အကူအညီ အထောက်အပံ့ ဖြစ်သည်။
စီမံ အုပ်ချုပ်မှု ညံ့ဖျင်းသဖြင့် နိုင်ငံတစ်ခုသည် ထောင်ချောက်ထဲ ကျသွား ပြီးလျှင် ထိုမှသည် ပြန်တက် နိုင်ရန် သင်္ချာဖြင့် တွက်လျှင် တစ်နှစ်လျှင် ၂ ရာခိုင်နှုန်း တိုးတက်မှုနှင့် အနည်းဆုံး နှစ်ပေါင်း (၆၀) ကြာမြင့် ပေလိမ့်မည်။ အပြောင်းအလဲ နည်းနည်းလေးမှ တစ်ဆင့် အခါ အားလျော်စွာ တဖြည်းဖြည်း ပြန်တက်နိုင်ဖို့ မဖြစ်နိုင်စရာမရှိပါ။
အဆင်းရဲဆုံး နိုင်ငံများအား တိုးတက်အောင် ဆွဲခေါ် ကူညီဖို့ရန် အတွက် အသင့်လျော်ဆုံး နည်းလမ်း အဖြစ် ဖွံ့ဖြိုးပြီး အင်အားကြီး ရှစ်နိုင်ငံကို အကြံပြု ပေးထားခဲ့သည်မှာ -
အပြည်ပြည် ဆိုင်ရာ ဥပဒေကို ပြောင်းလဲ ပေးရန် မျှော်လင့်ချက်၊ သဘာဝ သယံဇာတ ကို နည်းမှန် လမ်းမှန် အမြတ်ထုတ် အသုံးချဖို့ ကူညီပေးဖို့ မျှော်လင့် ချက်၊ စီးပွားရေး ဆိုင်ရာ လိမ်လည်မှု များအား တားမြစ်ရန် မျှော်လင့် ချက်များကို အကြံပြုထားပေသည်။
မျှော်လင့်ချက်များဖြင့် အနာဂတ် မြန်မာပြည် ဖြစ်ဖို့ ဆိုပါလျှင်……
(၁) သဘာဝ သယံဇာတ ပေါကြွယ်သည့် မြန်မာပြည်သည် ထိုသယံဇာတ များကို ရှာဖွေရန်၊ ရှာဖွေ ရရှိသော သယံဇာတများကို ကောင်းစွာ စီမံ ခန့်ခွဲရန်၊
(၂) ထိုသို့ စီမံ ခန့်ခွဲသည့် အရေးတွင် ဒေသခံ ပြည်သူ လူထု၏ ပူးပေါင်း ဆောင်ရွက်မှု၊ (သယံဇာတ ရောင်းချငွေထဲမှ အကျိုး အမြတ် အချို့အ၀က်သည် ပြည်သူ လူထု၏ လက်ထဲသို့ ရောက်မှသာ ဒေသတွင်း စီးပွားရေး လုပ်ငန်းများ တိုးတက်ပြီး လူထုက စီးပွားရေး ကျွမ်းကျင်မှုကို ရမည်။ ပြည်သူလူထုကို ကျွမ်းကျင်သူများ ဖြစ်အောင် မြှင့်တင်ပေးရန် လိုအပ်သည်။ အမြတ်ခွန် ငွေကို စိစစ်သည့် အဖွဲ့ အစည်း တစ်ခု ဆောင်ရွက်ရမည်။ အမြတ်ခွန်ကို ပေးဆောင် ရမည့် နည်းတူ ထို အမြတ်ခွန်ငွေ ကို စနစ် တကျ အသုံး ပြုရန် လိုအပ်သည်။)
(၃) သုံးစွဲမှုနှင့် ရင်းနှီး မြှုပ်နှံမှုကို မျှချေ ညီအောင် ပြုရမည်။ (၀င်ငွေ၏ ၃၀% ကို အနာဂတ် ကလေးငယ်များ အတွက် စုဆောင်း ရင်းနှီး မြှုပ်နှံ မပေးလျှင် ထို အစိုးရသည် အနာဂတ် မျိုးဆက်ကို အလေး ဂရု ထားသည်ဟု မခေါ်နိုင်ပါ။ ဘဏ္ဍာငွေ သုံးစွဲခြင်းကို နောက်ယောင်ခံ လိုက်နိုင်ရမည်။ ၀န်ကြီးဌာနက ငွေ မည်မျှ ထုတ်ပေးပြီး နောက်ဆုံး ပစ်မှတ် ဌာနဆီသို့ ဘယ်လောက် ရောက်သွားသည် စသည်ကို နောက်ယောင်ခံ လိုက်သည့် အဖွဲ့အသင်းများ ရှိရမည်။)
(၄) ပြည်သူများအတွက် ရင်းနှီး မြှုပ်နှံမှု စီမံခန့်ခွဲခြင်း ညွှန်းကိန်း (Public Investment Management Index) စနစ်တကျ ထားရှိဖို့ အရေးကြီးသည်။
၅။ ပြည်သူ လူထု အတွက် အသုံးစရိတ် ဘဏ္ဍာငွေ၏ အရည်အသွေး (Quality of public spend money) ဖြစ်သည်။ ပြည်သူလူထု အတွက် အသုံးစရိတ်သည် နည်းမှန် လမ်းမှန် ဖြစ်ရမည်။ အရည် အသွေး ရှိသည့် အသုံးစရိတ် ဖြစ်ရမည်။
ပညာရေး အသုံးစရတ်၊ ကျန်းမာရေး အသုံးစရိတ်၊ လမ်းပမ်း ဆက်သွယ်ရေး အတွက် အသုံး စရိတ် တို့ကို မည်သို့ သုံးသည်။ အသုံးစရိတ်၏ မည်သည့် အချိုးကို ပြည်သူ အတွက် အသုံးပြုသည် စသည်တို့သည် ပြည်သူ့ ဘဏ္ဍာငွေ၏ အရည် အသွေး ဖြစ်သောကြောင့် အလွန်ပင် အရေးကြီးပေသည်။
အစိုးရသည် အစိုးရ မဟုတ်သော အဖွဲ့အစည်း ကဏ္ဍ (Private Sector) များနှင့် ပူးပေါင်း ဆောင်ရွက် ရမည်။ သို့မှသာ စီမံ ခန့်ခွဲမှု အတွက် ရလဒ် ကောင်းမည်။ ပြိုင်ဆိုင်မှု ရှိမှ စီမံ အုပ်ချုပ်မှု ကောင်းမွန် လာပေမည်။
သာမန် ပြည်သူ လူထု သည်လည်း မိမိတို့ ပါဝင်သော အဖွဲ့အစည်း Institutions များနှင့် မူဝါဒ များကို ကာကွယ် ခုခံ နိုင်သူများ ဖြစ်ရပေမည်။ ခုခံ ကာကွယ် နိုင်ဖို့ ဆိုသည် မှာ ပြည်သူလူထု သည် လုံလောက်သော သတင်း အချက် အလက် ရရှိပြီး ဖြစ်ရမည်။ ဗဟုသုတ ဥာဏ်ပညာ ရှိနေစေဖို့ ပတ်ဝန်းကျင်နှင့် နိုင်ငံ အခြေအနေ ကို လေ့လာ နေရပေမည်။ ထိုသည်မှာ ကျွန်ုပ်တို့ နိုင်ငံ အတွက် မျှော်လင့်ချက် လမ်းတစ်စလည်း ဖြစ်ပေတော့သည်။
~~~~~~~~~~~~~~***~~~~~~~~~~~~~~~
ပေါလ်ကိုလီယာ
The Bottom Billion
ဂျူး-အောက်ခြေသန်းတစ်ထောင်
မှ
~~~~~~~~~~~~~~***~~~~~~~~~~~~~~~
လေးစားစွာဖြင့် ရွေးချယ် ကောက်နုတ် မျှဝေ အပ်ပါသည်။
အောင်စည်တောင်ကြီး
၃၁.၇.၂၀၁၃၊ ဗုဒ္ဓဟူးနေ့
၁၉း၂၀ နာရီ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။