ကိုသောင်း ပုလဲမြေ
"အမှိုက်ကန်များတွင် ပုလင်းခွံ ၊ဗူးခွံ နှင့် ရောင်းချ၍ ရသောပစ္စည်းများ ရှာဖွေ
သော စည်ပင်ဝန်ထမ်း များအားအလုပ်ဖြုတ်သည်အထိအရေးယူနိုင် ဟု ဆို "
ဝေမာထွန်း
ရန်ကုန် ၊ဇူလိုင် ၃၁
-------------------------------------------
အမှိုက်ကန်နှင့် အမှိုက်ကားများအတွင်းမှ ပြန်လည် ရောင်းချနိုင်သော ပစ္စည်းများကို သန့်ရှင်းရေးဝန်ထမ်းများ ရှာဖွေခွင့် မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ
ယာရေးကော်မတီမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန မှူး ဦးသန်းလွှင်ဦးက ပြောသည်။
သန့်ရှင်းရေးဝန်ထမ်းများ၏ အသက်မွေးဝမ်းကြောင်းအလုပ် မှာ သန့်ရှင်းရေးဆောင်ရွက်ရန်သာ ဖြစ်ပြီး ယင်းကဲ့သို့ အမှိုက်ပုံးများအတွင်းမှ ပြန်ရောင်းချ၍ရသော
ပုလင်းခွံ၊ဗူးခွံ များ ရှာဖွေမှု ပြုလုပ်ပါက လုပ်ငန်းခွင်အတွင်း အချိန်ကုန်ခြင်း ၊ စနစ်တကျ စွန့်ပစ်ထားမှု များ ရှုပ်ပွသွားခြင်း များ ဖြစ်သောကြောင့် ရှာဖွေမှု မပြုရန် စည်းကမ်း
ချမှတ်ထားပြီး ဖြစ်ကြောင်း၊ ယင်းသို့ ပြုလုပ်ပါက ၀န်ထမ်းအဖြစ်မှ တာဝန်ရပ်စဲသည် အထိ အရေးယူနိုင်ကြောင်း အထက်ပါ ဌာနမှူးက ဆိုသည်။
" နောက်ဆုံးစွန့်ပစ် အမှိုက်ပုံရောက်မှ တပ်ခွဲမှူးတွေက တဆင့် သက်ဆိုင်ရာ မြို့နယ်က အမှိုက်ကားလာရင် ၀န်ထမ်း သုံးလေးယောက်လောက်နဲ့ ပြန်ရွေး
ပြီးရောင်းရတဲ့ ငွေကို ရှိတဲ့ ၀န်ထမ်းဦးရေနဲ့ မျှပြီးယူဖို့ စီမံပေးထားတယ်" ဟု ၄င်းက စည်းကမ်းချက်များနှင့်ပတ်သက်၍ ပြောသည်။
ရန်ကုန်စည်ပင်တွင် သန့်ရှင်းရေးဝန်ထမ်း ၃၃၀၀ ဦး ရှိပြီး နေ့ပိုင်းတွင် ၂၀၀၀ ကျော် က တာဝန်ယူပြီး ညပိုင်းတွင် ၁၀၀၀ ကျော်က သန့်ရှင်းရေးတာဝန် လုပ်ကိုင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
----------------------------------------------------
Popular Myanmar News Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။