Nan Athinkhayar with မှူး သစ် and 38 others
"သံသယမြို့ တော်"
စိတ္တဇရနံ့တွေနဲ့ ငိုကြွေးရင်း ....
မွဲတေမှုကိုသာ ထည်လဲတွဲဖြစ်နေရ ....
သူမ နာမည်က ... ရန်ကုန်။
စွန့်စားခန်းဆန်ဆန် မျှော်လင့်ချက်နဲ့
ဂျင်း(န်)ဆေမြွှာက ခေါင်းဖြတ်စက်ကနေ ရာဇပလ္လင်ကို ငဲ့ကြည့်သလို
အလျှံတညီးညီးနဲ့ ရောမမြို့ ကြီးက တယောထိုးနေတဲ့ နီရိုးကို ငေးကြည့်သလို
ကိတ်မုန့်ရော ပေါင်မုန့်ရော လိုချင်ပါလျှက်
ဆန်တစ်ပြည်ဝယ်ဖို့တောင် ခက်လို့နေရှာတဲ့
ရင်ကွဲနာတွေ စုပုံနေရာ အရပ်
ဘယ်သူမှ မယုံကြည်တတ်ကြတော့ဘူး ...။
စိတ္တဇရနံ့တွေနဲ့ ငိုကြွေးရင်း ....
မွဲတေမှုကိုသာ ထည်လဲတွဲဖြစ်နေရ ....
သူမ နာမည်က ... ရန်ကုန်။
စွန့်စားခန်းဆန်ဆန် မျှော်လင့်ချက်နဲ့
ဂျင်း(န်)ဆေမြွှာက ခေါင်းဖြတ်စက်ကနေ ရာဇပလ္လင်ကို ငဲ့ကြည့်သလို
အလျှံတညီးညီးနဲ့ ရောမမြို့ ကြီးက တယောထိုးနေတဲ့ နီရိုးကို ငေးကြည့်သလို
ကိတ်မုန့်ရော ပေါင်မုန့်ရော လိုချင်ပါလျှက်
ဆန်တစ်ပြည်ဝယ်ဖို့တောင် ခက်လို့နေရှာတဲ့
ရင်ကွဲနာတွေ စုပုံနေရာ အရပ်
ဘယ်သူမှ မယုံကြည်တတ်ကြတော့ဘူး ...။
တစ်ချိန်ကတော့ .....
သူမ သရဖူဟာ ရွှေတိဂုံ
မြသားရောင် အင်လျားဝတ်ရုံနဲ့
လုံခြုံတဲ့ အလင်းရောင်အောက်မှာ
တက္ကသီလာ ၊ စစ်သေနာပတိကြောင့်
အိမ်နီးချင်းတွေ မော်ကြည့်ခဲ့ရတယ်ဆိုတဲ့
ဖခင်ဦးအောင်ဇေယျရဲ့  နှလုံးသည်းပွတ်။
အခုတော့ ... ..
ဒုက္ခတရားနဲ့ ပြဿဒါးမလွတ်တဲ့
ဆေးရောင်စုံခြယ် ချွတ်ခြုံကျပန်းချီကား
အင်းလျားကန်မှာ သွေးညှီနဲ့တွေ ဖုံးလွှမ်းထားခဲ့။
ဇိမ်ကျကျနေဖို့
အရာရာ ... မွိန္ပ်ပ် ...ျခား
ပါးမရိုက်ခင် နားကြိုကိုက်စို့ ဆိုတဲ့ ဒဿနအသစ်
စီမံချက်ဆိုတဲ့ ဝေါဟာရ အသစ်
ပွင့်လင်းမြင်သာမှုဆိုတဲ့ ဖဲချပ်အသစ်
ပါဖောမင့်ဆိုတဲ့ ထွက်ပေါက်အသစ်
ဥပဒေရဲ့ အထက်မှာဆိုတဲ့ မေးခွန်းအသစ်
ဒီလို တစ်နှစ်ပြီး တစ်နှစ်နဲ့ ....
သူမ တဖြည်းဖြည်း နစ်ပြီးရင်း နစ်နေဆဲ ....။
ရန်ကုန်ဟာ ....
တစ်ယောက်အကြောင်းတစ်ယောက်မသိကြဘဲ
တစ်ယောက်ကိုတစ်ယောက် ဓားနဲ့ထိုးရဲ့ ။
ရန်ကုန်ဟာ ....
ဖာထေးရာဗရပွနဲ့ ။
ရန်ကုန်ဟာ ....
အောက်ဆီဂျင် ပြတ်လပ်ခဲ့ ...။
ရန်ကုန်ဟာ ....
အိပ်မက်ထဲကညတွေမှာ၊
ရန်ကုန်ဟာ ....
(အခုတော့)
အရေးပေါ် ဌာနက အသည်းအသန် လူနာ ...။ ။
နန်းအသင်္ခယာ
photo - internet
သူမ သရဖူဟာ ရွှေတိဂုံ
မြသားရောင် အင်လျားဝတ်ရုံနဲ့
လုံခြုံတဲ့ အလင်းရောင်အောက်မှာ
တက္ကသီလာ ၊ စစ်သေနာပတိကြောင့်
အိမ်နီးချင်းတွေ မော်ကြည့်ခဲ့ရတယ်ဆိုတဲ့
ဖခင်ဦးအောင်ဇေယျရဲ့  နှလုံးသည်းပွတ်။
အခုတော့ ... ..
ဒုက္ခတရားနဲ့ ပြဿဒါးမလွတ်တဲ့
ဆေးရောင်စုံခြယ် ချွတ်ခြုံကျပန်းချီကား
အင်းလျားကန်မှာ သွေးညှီနဲ့တွေ ဖုံးလွှမ်းထားခဲ့။
ဇိမ်ကျကျနေဖို့
အရာရာ ... မွိန္ပ်ပ် ...ျခား
ပါးမရိုက်ခင် နားကြိုကိုက်စို့ ဆိုတဲ့ ဒဿနအသစ်
စီမံချက်ဆိုတဲ့ ဝေါဟာရ အသစ်
ပွင့်လင်းမြင်သာမှုဆိုတဲ့ ဖဲချပ်အသစ်
ပါဖောမင့်ဆိုတဲ့ ထွက်ပေါက်အသစ်
ဥပဒေရဲ့ အထက်မှာဆိုတဲ့ မေးခွန်းအသစ်
ဒီလို တစ်နှစ်ပြီး တစ်နှစ်နဲ့ ....
သူမ တဖြည်းဖြည်း နစ်ပြီးရင်း နစ်နေဆဲ ....။
ရန်ကုန်ဟာ ....
တစ်ယောက်အကြောင်းတစ်ယောက်မသိကြဘဲ
တစ်ယောက်ကိုတစ်ယောက် ဓားနဲ့ထိုးရဲ့ ။
ရန်ကုန်ဟာ ....
ဖာထေးရာဗရပွနဲ့ ။
ရန်ကုန်ဟာ ....
အောက်ဆီဂျင် ပြတ်လပ်ခဲ့ ...။
ရန်ကုန်ဟာ ....
အိပ်မက်ထဲကညတွေမှာ၊
ရန်ကုန်ဟာ ....
(အခုတော့)
အရေးပေါ် ဌာနက အသည်းအသန် လူနာ ...။ ။
နန်းအသင်္ခယာ
photo - internet
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။