Popular Journal
" အမြန်လမ်းမကြီး နဲ့ပတ်သက်ပြီး စာရေးဆရာ၊
ဒါရိုက်တာနေနော်ရဲ့ အကြံပြုချက်"
==========================
အမြန်လမ်းမကြီးပေါ်ပရိတ် ရွတ်ကြပြီတဲ့ ဖြစ်သင့်တာကြာပါပြီ လမ်းနဲ့ပတ်သက်သူတွေက ယဉ်မောင်း တွေကိုအပြစ်ပုံကြ ကားသမားတွေက တာယာတွေခနခနကွဲရ တဲ့အ ကြောင်းကိုထောက်ပြကြ ငြင်းခုံနေမယ့်အစား အရှိကို အရှိအတိုင်းလက်ခံလိုက်တာပိုကောင်းပါတယ်။
ကျွန်တော် အဲ့လမ်းကိုစ မောင်းတော့ တိုးဂိတ်ကျော်တာနဲ့ အိပ်ငိုက်တော့တာပဲဗျာ အင် မတန် အအိပ်မမက်တဲ့ကောင်တောင် အိပ်ငိုက်တယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့ ဖြစ်သင့်တာက လမ်းမကြီးဟာလူတွေနဲ့ လုံးလုံးအဆက်ဖြတ်ထားတာမျိုး မဟုတ်ဘဲမကြာမကြာ ဘေးဘီဝဲယာမှာ လူတွေ ဆိုင်တွေကိုတွေ့သင့်တယ် ခုတော့၁၁၅မိုင် ကျမှလူတွေနဲ့ပြန်တွေ့ရမယ် ဆိုတဲ့အသိက ယဉ်...မောင်းကို psyco ဝင်စေတယ် မိုင် ၂၀တစ်ခါလောက် ဆီဆိုင် လဘက် ရည်ဆိုင် ဖြစ်ဖြစ် ဖွင့်ပေးထားသင့်တယ် ဒါဆိုနားနားနေနေမောင်းလို့ရတယ်။။

ခုတော့ ၁၁၅ မိုင် ရောက်မှဆိုတဲ့အသိက tension ဖြစ်လာပြီး ခပ်သုတ်သုတ်ဖိမောင်းအောင် အားပေးတော့တာပဲ ပြီးတော့ ကွန်ကရစ်နဲ့ကတ္တရာဟာ friction ချင်းမတူတဲ့အတွက် ကွန် က လေ ပေါင် ပိုတက်စေတယ် နားရမယ့်နေရာ မရှိတောက်လျောက် မောင်းရ တော့တာယာတွေကွဲတယ် ကျွန်တော်တို့အမြန်မလိုပါဘူး။
နားနားနေ နေ အပန်းဖြေပြီး အေးချမ်းသာယာစွာ ခရီးသွားချင် ပါတယ် ရှူခင်းတွေကြည့်ရင်း မကြာခန ကားရပ်ပြီးလဘက် ရည်ဆင်းသောက်ချင် ပါတယ် ဖြစ်နိုင် ရင် ဖြတ်သွားဖြတ်လာ လူတွေကိုလည်းငေးမောချင် ပါတယ် လွင် ထီးခေါင် ထဲမောင်းနေရပါလားဆို တဲ့ အားငယ်စိတ်ကိုလည်း ပယ်ဖျောက်ချင် ပါတယ် ပြန်ပိတ်လို့မှမရနိုင် ပဲအရှိကိုလက်ခံပြီး လိုတာတွေပံ့ပိုးလိုက် ရင်ကောင်းသွား မှာပါ တစ်လတစ်ခါ ပရိတ ရွတ်တာ မျိုးလည်း ပုံမှန်လုပ်သင့်ပါတယ်နို့မို့ဆို တိုးဂိတ်ကျော်တာနဲ့ ငါတော့ အန္တရာယ် ဇုံထဲရောက်ပြီလို့ခံစားရ ပါကြောင်း"
ဒါရိုက်တာနေနော်က သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာထက်မှာ အကြံပြုတင်ပြထားတာတွေ့ရပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။