Today Myanmar
အင်တာနက်လိုင်းအတွက် အထူးဆောင်ရွက်ချက်တွေတဲ့ (ဟာသပါ)
SE ME WE 3 အတွက် မြန်မာ့ဆက်သွယ်ရေးမှ ရေတိုရေရှည် စီမံကိန်းများဆွဲထား
နေပူတော် ၊ ဇူလိုင် 25
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရေအောက်တွင် ပြတ်တောက်လျှက်ရှိသော SE ME WE 3 ဆက်ကြောင်းထိန်းသိမ်းရေးအတွက် ရေတိုအစီအစဉ်အဖြစ်
ထမင်းစေ့ဖြင့် ပြန်ကပ်ပြီး ဆက်ရန် ဆန်ကြမ်းတစ်ပြည်၊ ဒန်အိုး ဒန်ခွက် အစုံအလင်ဖြင့် တံငါလှေတစ်စင်းကို ကမ်းလွန်ပင်လယ်ပြင်သို့ ဇူလိုင်လ 24 ရက်နေ့က စေလွှတ်လိုက်ပြီဖြစ်သည်။ သို့သော်လည်း ထပ်မံရရှိသည့် သတင်းအရ မီးခြစ်ထည့်ပေးရန် မေ့လျှော့သဖြင့် ဖန်ပုလင်းလွတ်တွင် မီးခြစ်ထည့်ပြီး မျှောပေးလိုက်ကြောင်းလည်း သိရှိရသည်။
ရေရှည်စီမံကိန်းအဖြစ် ဆက်ကြောင်းပြတ်တိုင်း ရေငုတ်၍ ပြန်လည် ချိတ်ဆက်ပေးနိုင်ရ...န် ညောင်ဦးဖီး၏ မျိုးဆက်များကို အလုပ်ခန့်အပ်မည် ဖြစ်ကြောင်းသိရှိရသည်။ အကယ်၍ ညောင်ဦးဖီး၏ မျိုးဆက်များမရှိတော့ပါက ပုဂံဒေသတစ်ဝိုက်ရှိ ညောင်ဦးဖီး၏ DNA များ ရှာဖွေကာ သိပ္ပံခန်းအတွင်း ညောင်ဦးဖီး ကလုံး (Clone) များ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းသွားမည်ဟုဆိုသည်။ ညောင်ဦးဖီး၏ ကြွင်းကျန်သော DNA များကို ရှာဖွေရန် မျက်မမြင် ၄ ဦး၊ မသန်မစွမ်း ဒုက္ခိတ ၂ ဦး ပါဝင်သော DNA ရှာဖွေရေးကော်မတီကို ဖွဲ့စည်းပြီး နေပူတော်မှ ပုဂံဒေသသို့ ဆိုက်ကားဖြင့် ယနေ့ညနေတွင် လွှတ်လိုက်ပြီဖြစ်ကြောင်းသတင်းရရှိသည်။

Photo Credit - http://mandalaygazette.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။