Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, July 31, 2013

မောင်မှန့် အင်တာဗျူးကို စတင်ဖတ်ရှုနိုင်ပါပြီခင်ဗျာ။

 

ဒီနေရာမှာ ပြောစရာတစ်ခုတော့ရှိပါတယ်။ မောင်မှန့် ရှေ့ စီနီယာကြီးမောင်သစ်က အီးတီနှင့် တွေ့ ဆုံခြင်းဆိုပြီး လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်လောက်က ရေးဖူးတယ်။
အမှန်တော့ သူ့ ဘာသူ တစ်ကိုယ်တည်း အပြန်အလှန်အမေးအဖြေပါ။
နောက်အဲဒီကာလလောက်မှာဘဲ ဆရာကံချွန်ကလည်း ဒါမျိုးလုပ်ဖူးတယ်။
ချွန်နော့စကီးဆိုတဲ့နာမည်နဲ့ ထင်ပါတယ်။ အခု မောင်မှန်အင်တာဗျူးကတော့
အမှန်အကန်နော်၊ ရှေ့ ဆရာတွေလိုမဟုတ်ဘူး။
“အချိန်မဂ္ဂဇင်း” က ဖော်ပြမယ့်
အချိန်ကိုမစောင့်ဘဲ မောင်မှန်က ဦးအောင်ဖော်ပြလိုက်ရတဲ့အကြောင်းက
နှစ်ချက်ရှိပါတယ်။ ပထမအချက်က ရှစ်လေးလုံး ၂၅ နှစ်ပြည့်ပွဲကြီးကို မီချင်တာ။
ဒုတိယအချက်က အချိန်မဂ္ဂဇင်းကြီး မတော်လို့  ဖြန့် ချိခွင့်မရခဲ့ရင်လို့ တွေးမိလို့ ပါ။
ပြီးခဲ့တဲ့လက ဖြစ်ပြီးပြီလေ။ မောင်မှန့် အင်တာဗျူးကို စတင်ဖတ်ရှုနိုင်ပါပြီခင်ဗျာ။

အချိန်မဂ္ဂဇင်း။ ။ တခြားဟာတွေမပြောခင် ဆရာ့ရဲ့ ကလောင်အမည်ယူပုံကနေ
စလိုက်ရအောင်ပါ။ အခုနောက်ပိုင်း ဆရာ့ကလောင်အမည်နောက်မှာ ၈၅ မျိုးဆက်
ဆိုတာလေး တွဲလာတာတွေ့ ရတယ်။ မောင်မှန် (၈၅ မျိုးဆက်)ပေါ့နော်။
ကျွန်တော်တို့ ကြားဖူးတာ ၆၂ မျိုးဆက်တို့  ၇၄၊ ၇၅၊ ၇၆ မျိုးဆက်တို့ 
၈၈ မျိုးဆက်တို့ ဘဲရှိပါတယ်။ ၈၅ ခုနှစ်မှာ ဘယ်လိုအရေးအခင်းတွေ ဖြစ်ပေါ်ခဲ့လို့ 
ဆရာက ဘယ်လိုပါဝင်ခဲ့သလဲဆိုတာ သိပါရစေခင်ဗျာ။

မောင်မှန်။ ။ အဲဒါတွေ ခင်ဗျားတို့ ခက်တာပေါ့။ ၈၅ ဆိုတာနဲ့ ခင်ဗျားတို့ က
၁၉၈၅ လို့ ဘဲ ထင်လိုက်ကြတာကိုး။ ၁၉၈၅ မဟုတ်ဘူးဗျ။ ၁၈၈၅..။
၁၈၈၅ မှာ ကျုပ်တို့ တစ်ပြည်လုံး နယ်ချဲ့ အင်္ဂလိပ်လက်အောက်ကို
ကျရောက်ခဲ့ရတယ်။ အဲဒီအချိန်မှာ ဗမာမျိုးချစ်သူရဲကောင်းကြီးတွေက
နယ်ချဲ့ ကို ပြန်လည်ခုခံတော်လှန်ခဲ့ကြတယ်။ ကျုပ်ကဗမာ။ မောင်မှန်က ဗမာလေ။
ကျုပ်အဲဒီမျိုးဆက် ပုဂ္ဂိုလ်ကြီးတွေရဲ့ မျိုးဆက်ဘဲ။ ဒါကြောင့် သူတို့ ကို
ဂုဏ်ပြုရာရောက်အောင် မောင်မှန် (၈၅ မျိုးဆက်)လို့  ကျုပ်ကလောင်နောက်မှာ
တပ်လိုက်ရတာဘဲ။

အချိန်မဂ္ဂဇင်း။ ။ ရှင်းပါပြီ ဆရာမှန်၊ ရှင်းပါပြီ။ ဒီတော့ ဆရာ့ရဲ့ နိုင်ငံရေးဘဝ
ဖြတ်သန်းမှုကလေးကို သိပါရစေခင်ဗျာ။

မောင်မှန်။ ။ နိုင်ငံရေးဖြတ်သန်းမှုကတော့ မွေးကတည်းကဘဲဆိုပါတော့။
မွေးမွေးချင်းမှာဘဲ အော်ဟစ်ငိုယိုပြီး ကျုပ်က ဆန္ဒပြခဲ့တာ၊ ဆန္ဒဖော်ထုတ်ခဲ့တာဗျ။
အရစ္စတိုတယ်တို့  ဗိုလ်ချုပ်အောင်ဆန်းတို့ လည်း ပြောဖူးတယ်လေ။
လူဆိုတာ နိုင်ငံရေးသတ္တ၀ါတဲ့။ ဒီတော့ နိုင်ငံရေးသတ္တ၀ါဟာ မွေးကတည်းက
နိုင်ငံရေးလုပ်တာပေါ့ဗျာ။

အချိန်မဂ္ဂဇင်း။ ။ ဟုတ်ကဲ့ပါဆရာ။ ၁၉၈၈ အရေးတော်ပုံကြီးမှာရော ဆရာက
ဘယ်အခန်းကနေ ပါဝင်ခဲ့ပါသလဲဆရာ။

မောင်မှန်။ ။ ကျုပ်ကလည်း ဒါကိုဘဲပြောချင်နေတာပါ။ ခုမှဘဲ ပြောခွင့်ကြုံပါတယ်။
ကျုပ်က မွေးကတည်းက နိုင်ငံရေးလုပ်ခဲ့တာဆိုတော့ ၁၉၈၈ မှာ
ကျုပ်ရဲ့ နိုင်ငံရေးဟာ အတော်ဘဲ အရှိန်ရနေပါပြီ။ လမ်းစဉ်လူငယ်ထဲတောင်
ရောက်နေပြီ။ လမ်းစဉ်လူငယ်ဆိုလို့  အထင်မလွဲလိုက်ကြပါနဲ့ ။ ရန်သူကို ပူးသတ်ဖို့ 
အတွက် ယာယီပူးပေါင်းတဲ့သဘောပါ။ မတ်လ ဖုန်းမော်အရေးအခင်းဟာ
ကြို့ ကုန်းထဲက လက်ဘက်ရည်ဆိုင်မှာ အခွေလုပြီးဖွင့်ခိုင်းရာက အစပျိုးခဲ့တယ်
မဟုတ်လား။ အဲဒီတုန်းက အဲဒီဆိုင်မှာ စားပွဲထိုးလုပ်ရင်း တစ်ဖက်နဲ့ တစ်ဖက်
စပြီး ရန်တိုက်ပေးခဲ့တာ ကျုပ်ဗျ။ အဲဒီမီးပွားဟာ ကျုပ်ဘဲ။ ဆိုဗီယက် ရုရှားမှာ
တော်လှန်ရေးစဖို့  အော်ပီကျယ်စစ်သဘောင်္ဆိုလား၊ အဲဒီက အမြောက်သံနဲ့ 
အချက်ပေးတယ်လေ။ ဗမာပြည်ရဲ့ အဲဒီအမြောက်သံဟာ ကျုပ်မောင်မှန်ပါဘဲခင်ဗျာ။
တော်လှန်ရေးစတင်ဖို့ လက်ဘက်ရည်ဆိုင်ကနေ အမြောက်သံပေးလိုက်ရတာပေါ့။
တကယ်တော့ ၁၉၈၈ အရေးတော်ပုံကြီးဟာ ကျုပ်က စတာပါ။ ဒီလောက်ဆို
ရှင်းပါပြီနော်။

အချိန်မဂ္ဂဇင်း။ ။ ဟုတ်ကဲ့ပါဆရာ။ ဒီနေ့ ခေတ်ကြီးကို ဒီမိုကရေစီ
အသွင်ကူးပြောင်းရေးကာလလို့  လူပြောများနေကြပါတယ်။
အဲဒါ ဆရာ့သဘောထားကရော။

မောင်မှန်။ ။ ဟုတ်ပါတယ်။ အသွင်ကူးပြောင်းနေတာပါ။ စည်းကမ်းရှိသော
ဒီမိုကရေစီကနေ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို ကူးပြောင်းနေတာပါ။
ဘယ်လက်ညာင်းလို့  ညာလက်ပြောင်းတဲ့သဘောပေါ့ဗျာ

အချိန်မဂ္ဂဇင်း။ ။ ၂၀၁၅ ကို ဘယ်လိုမြင်ပါသလဲဆရာ။

မောင်မှန်။ ။ ပေါင်းခြင်း ၈ လို့ မြင်ပါတယ်။ နှစ်လုံးထိုးမယ်ဆိုရင်တော့
၂၀ ကတစ်ကွက်၊ ၁၅ က တစ်ကွက်ပေါ့။

အချိန်မဂ္ဂဇင်း။ ။ ဒါကိုမေးတာ မဟုတ်ဘူးခင်ဗျ။ ၂၀၁၅ ရွေးကောက်ပွဲကို
မေးတာပါ။ ဆရာက တစ်သီးပုဂ္ဂလအမတ် ၀င်ရွေးမယ်လို့ ကြားတယ်။
သမ္မတဖြစ်ချင်တယ်ဆိုတာလည်း ဆောင်းပါးဖတ်ရတယ်လေ။ အဲဒါလေးပါ။

မောင်မှန်။ ။ တစ်သီးပုဂ္ဂလကိစ္စက နွယ်နီမှာ ရေးခဲ့တာပါ။ ဒါကလည်း ခုတော့
စဉ်းစားရပါဦးမယ်။ လူထုက လိုလားတောင့်တဆန္ဒရှိနေကြရင်တော့
ကျုပ်ဝင်ရွေးမှာပါ။ သမ္မတဖြစ်ချင်တယ်ဆိုတာကတော့ အခုအချိန်မှာ အားလုံး
ပြောနေကြတာဘဲလေ။ ကျုပ်လည်းဘဲ ခေတ်မီအောင် ပြောကြည့်တဲ့သဘောပေါ့။
တချို့ ပြောနေတာလည်းကြားရတယ်။ အသက်ပိုကြီးလို့ သမ္မတအရင်လုပ်မယ်တဲ့။
ဒီသိအိုရီအတိုင်းဆိုရင် ဗမာပြည်ကို ဘိုးသက်ရှည် ဘွားသက်ရှည်တွေက
အရင်အုပ်ချုပ်ရမယ့်သဘောဖြစ်နေတယ်။ ကျုပ်အသက်ကလည်း ငယ်သေးတော့
သမ္မတဖြစ်ဖို့ တန်းစီရင် နောက်ပိုင်းရောက်နေမှာသေချာတယ်။ ဒီသီအိုရီဟာ
တရားမျှတမှု မရှိဘူး။ ဒါကြောင့် ကျုပ်ကန့် ကွက်တယ်။

အချိန်မဂ္ဂဇင်း။ ။ ဒါဖြင့်ရင် ဆရာ လွှတ်တော်ထဲဝင်ဖို့ အစီအစဉ်ရှိတယ်ပေါ့။

မောင်မှန်။ ။ ၀င်ခွင့်ရရင် ၀င်ချင်ပါတယ်။ လွှတ်တော်ကို ကျုပ်က TV တို့ 
ဓာတ်ပုံတို့ ထဲမှာဘဲ မြင်ဖူးတယ်လေ။ ၀င်ခွင့်ရရင် ၀င်ကြည့်ချင်တာပေါ့။
ဒါပေမယ့် အမြန်လမ်းကတော့ မသွားရဲဘူး။ မတော်တဆဖြစ်လို့ သေသွားတာ
အကြောင်းမဟုတ်ဘူး။ သတိလစ်နေတုန်း ကျုပ်ဇာတ်ထုတ်တွေ ပေါ်မှာဘဲ
စိုးတာပါ။ ကျုပ်မှာ ဒါမျိုးတွေက အများသားကလား။

အချိန်မဂ္ဂဇင်း။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ် ဆရာ့သဘောထား
သိပါရစေခင်ဗျာ။

မောင်မှန်။ ။ ကျုပ်အတွက် ခုလတ်တလောမှာ အမျိုးသားပြန်လည်
သင့်မြတ်ရေးထက် အမျိုးသမီးပြန်လည်သင့်မြတ်ရေးက ပိုအရေးကြီးပါတယ်။
ကျုပ်မိန်းမ အိမ်ပေါ်ကဆင်းသွားတာ သုံးရက်လောက်ရှိပါပြီ။ အမျိုးသား
ပြန်လည်သင့်မြတ်ရေးကလည်း အရေးကြီးတာပါဘဲ။ ခုလို သမယကြီးမှာ
ပွဲတွေများများလုပ်ပြီး အစိုးရအဖွဲ့ ကိုများများဖိတ်ရင် ဒီကိစ္စ အောင်မြင်မှာ
မလွဲပါဘူး။

အချိန်မဂ္ဂဇင်း။ ။ ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးနဲ့ ပက်သက်ပြီးတော့ရော။
ဆရာ့အမြင်လေး။

မောင်မှန်။ ။ ကြိုက်ပြီဗျာ။ ဒီမေးခွန်းကိုကြိုက်သွားပြီ။ ၂၀၀၈ ဟာ “ကီး” ဘဲလေ။
၂၀၀၈ ဖွဲ့ စည်းပုံကို ကျုပ်သေချာလေ့လာထားပါတယ်။ တပ်မတော်သား
ကိုယ်စားလှယ်ပါဝင်တဲ့ ၂၅ ရာခိုင်နှုန်းကို ထပ်တိုးဖို့ လိုမယ် ထင်ပါတယ်။
ဒါမှ အနာဂတ်ဗမာပြည်မှာ ထိုင်းတို့ ၊ အီဂျစ်တို့ လို ခဏခဏ အာဏာသိမ်းမှုကနေ
ကာကွယ်နိုင်မယ်လို့ ကျုပ်ထင်တယ်။

အချိန်မဂ္ဂဇင်း။ ။ နောက်ပြန်လှည့်/မလှည့် ကိစ္စကရောဆရာ။

မောင်မှန်။ ။ နေပါဦး။ ခုကျုပ်တို့ က ဘယ်ဘက်ကို သွားနေတာတဲ့တုန်း။

အချိန်မဂ္ဂဇင်း။ ။ ခုတလော လူပြောများနေတဲ့ မျိုးစောင့်ဥပဒေကိစ္စအပေါ်မှာ
ဆရာ့သဘောထားကရော။

မောင်မှန်။ ။ ကျုပ်အမျိုးတွေကတော့ ကျုပ်သမ္မတဖြစ်မယ့်အချိန်ကို
စောင့်နေကြတာဘဲဗျာ။

အချိန်မဂ္ဂဇင်း။ ။ ဆရာများ သမ္မတဖြစ်ခဲ့ရင် မြစ်ဆုံကိစ္စကို ဘယ်လိုဆက်လက်
ဆောင်ရွက်မလဲဆရာ။

မောင်မှန်။ ။ လွယ်ပါတယ်။ မြစ်ဆုံကို ဆက်လုပ်ရင် ကျုပ်ရမယ့်အကျိုးစီးပွားနဲ့ 
ဆက်မလုပ်ရင်ရမယ့်အကျိုးစီးပွား ဒီနှစ်ခုနှိုင်းယှဉ်ချက်အပေါ်မှာဘဲ တည်ပါတယ်။
ကျန်တာ အရေးမကြီးပါဘူး။

အချိန်မဂ္ဂဇင်း။ ။ ပုံနှိပ်ထုတ်ဝေ ဥပဒေကြမ်းပေါ်မှာရောဆရာ။

မောင်မှန်။ ။ လွတ်လပ်စွာရေးသားခွင့်ရှိနေပြီဘဲဗျာ။ ပုံနှိပ်သူတွေ၊
ထုတ်ဝေသူတွေကို ဥပဒေက ကန့် သတ်ထားလည်း ကိုယ့်ဟာကိုယ် ကော်ပီကူးပြီး
ဖြန့် ဝေကြ၊ ရောင်းစားကြပေါ့။ အကျယ့်အကျယ် မငြိမ်းဖွယ်တွေ မလုပ်ပါနဲ့ ။
ပြည်သူတွေကို ကိုယ်စားပြုတဲ့ ပြည်သူ့ လွှတ်တော်ကြီးကတောင် ချွင်းချက်မရှိ၊
ငြင်းချက်မရှိ လက်ခံအတည်ပြုထားပြီးပြီဘဲခင်ဗျာ။ ကျုပ်ထောက်ခံပါတယ်။
အားပါးတရ ထောက်ခံပါတယ်။

အချိန်မဂ္ဂဇင်း။ ။ ကျောင်းသားသမဂ္ဂတွေ တရားဝင်ဖွဲ့ စည်းရေးအပေါ်
ဆရာ့သဘောထားလေး သိပါရစေဆရာ။

မောင်မှန်။ ။ ကျောင်းသားသမဂ္ဂဆိုတာ အမြဲဘဲ တရားဝင်ပါတယ်။
လူတွေ သိပ်မသိကြလို့ ပါ။ နာမည်ကွဲပေမယ့် အနှစ်သာရက အတူတူပါဘဲ။
မဆလခေတ်တလျှောက်လုံးလည်း ရှိခဲ့ပါတယ်။ ကျောင်းကောင်စီလေ၊
ကျောင်းကောင်စီ။ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ အစရှိတဲ့
အသင်းလေးသင်းကနေ ကျောင်းသားလွှတ်တော်သဘော ရွေးကောက်တင်မြောက်
ကြရတာ။ ခုဆို အနော်ရထာတစ်သင်းတောင် တိုးလာသေးတယ်။ အဲဒါ..
ကျောင်းသားသမဂ္ဂဘဲပေါ့။

အချိန်မဂ္ဂဇင်း။ ။ ဗနဲ့ မ အပေါ် ဆရာ့အမြင်။

မောင်မှန်။ ။ နှစ်ခုလုံး ကြာသပတေးနာမ်တွေချည်းပါဘဲ။

အချိန်မဂ္ဂဇင်း။ ။ တပ်ကသိမ်းထားတဲ့လယ်မြေတွေ ပြန်ပေးတဲ့ကိစ္စ အပေါ်မှာရော။

မောင်မှန်။ ။ တပ်က ပြန်ပေးတယ်လို့ မသုံးပါနဲ့ ။ ကျုပ်ကန့် ကွက်ပါတယ်။
စွန့် လွှတ်တာပါ။ တရားဝင်အသုံးဟာ ဒီအတိုင်းပါဘဲ။ သိမ်းထားတာ
ဧကသိန်းကျော်၊ ပြန်စွန့် လွှတ်တာ ဧကထောင်ကျော်။ ဘာဘဲဖြစ်ဖြစ် ပြန်ရသူတွေ
ပျော်ကြမှာပါ။ ကိုယ့်ပစ္စည်းကို သူများကသိမ်းပြီး ပြန်လည်စွန့် လွှတ်ပေးတာကို
ဗျောစည်တီး၊ သာဓုအနုမောဒနာခေါ်ဆိုပြီး ပြန်လည်လက်ခံကြရမှာပါ။

အချိန်မဂ္ဂဇင်း။ ။ အလုပ်သမားပြဿနာတွေကရောဆရာ။

မောင်မှန်။ ။ အလုပ်ရှင်နဲ့ တည့်အောင်နေကြပါ။ မတည့်ရင် ထောင်ကျ
တတ်ပါတယ်။

အချိန်မဂ္ဂဇင်း။ ။ အရေးကြီးဆုံးနဲ့ နောက်ဆုံးပါဆရာ။ ပြည်တွင်းငြိမ်းချမ်းရေးအပေ
ဆရာ့သဘောထား။

မောင်မှန်။ ။ ဟုတ်ပါတယ်။ သိပ်အရေးကြီးပါတယ်။ ခုရှိနေတဲ့ လက်နက်ကိုင်
အဖွဲ့ အစည်းအားလုံးကို အစိုးရက အမြစ်ပြတ်ချေမှုန်းလိုက်နိုင်ရင် ထာဝရ
ငြိမ်းချမ်းရေးရပါပြီ။ ဒါလက်ရှိအစိုးရနဲ့ တပ်မတော်ရဲ့ သဘောထားမဟုတ်ပါဘူး။
ကျုပ်သဘောထား၊ မောင်မှန့် သဘောထား။ ရွှေလက်နဲ့ ခေါ်လို့ မလာရင်
ဘူးလက် (bullet) လွှတ်လိုက်မယ်ဆိုတဲ့စကားကို ကျုပ်သိပ်သဘောကျပါတယ်။

အချိန်မဂ္ဂဇင်း။ ။ ဆရာပြောချင်တာရှိရင် ပြောပါဦး။

မောင်မှန်။ ။ ၈၈ အရေးတော်ပုံရဲ့ မီးပွားဟာ ကျုပ်ဖြစ်ကြောင်းနဲ့ စွန့် လွှတ်စွန့် စား
နိုင်ငံရေးသမားမောင်မှန်ရဲ့ အကြောင်းကို အများသိအောင် ပြောခွင့်ရတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ အချိန်မဂ္ဂဇင်းကြီး ပြည်တွင်းမှာ အပိတ်ပင်မခံရစေပါကြောင်း
ဆုတောင်းပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

မောင်မှန်

(လူထုပုံရိပ်ဂျာနယ် အတွဲ ၁၊ အမှတ် ၄၄ မှ ထုတ်နုတ်ကူးယူပါသည်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။