Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Sunday, December 3, 2017

ကမာၻကို ကုိင္လႈပ္ခဲ့တဲ့ မာရီလင္မြန္ရုိး ဆုိေသာ သူမအေၾကာင္း



 Credit...Thutazone
မာရီလင္ မြန္ရိုး ဘ၀နိဂံုးမွ ေရႊရတုတိုင္
ယခု တင္ေပးမယ့္အေၾကာင္းကေတာ့ ၁၉ ရာစု ၂၀ရာစု ၂၁ ရာစု ေက်ာ္ၾကားသူ တစ္ရာမွာ ထိပ္ဆံုးက ရပ္တည္တဲ့ မာရီလင္မြန္ရိုးအေၾကာင္းပဲျဖစ္ပါတယ္။ (ဒုတိယက ေအဘရာဟင္လင္ကြန္း၊ တတိယပုဂၢိဳလ္က မာသာထရီဇာ တို့ျဖစ္သည္။)
မာရီလင္ မြန္ရိုးဟာ မိတ္ဆက္စရာမလုိတဲ့ အႏုပညာရွင္တစ္ေယာက္ပါ ။ ရုပ္ရွင္ပညာရွင္ေတြ ၊ ေ၀ဖန္သူေတြမ်ားစြာပါ၀င္ ဆံုးၿဖတ္တဲ့ American Film Institute ရဲ့ ေရြးခ်ယ္မွဳအရ မြန္ရိုးဟာ အေမရိကန္ရုပ္ရွင္သမိုင္း မွာ အေအာင္ၿမင္ အေက်ာ္ၾကားဆံုး အမ်ိဳးသမီး သရုပ္ေဆာင္ အေယာက္ ( ၅၀ ) မွာ နံပါတ္ ( ၆ ) ေနရာမွာ ပါ၀င္ပါတယ္ ။ ထင္ေပၚေက်ာ္ၾကားသေလာက္ သူ့ရဲ့ တုိေတာင္းတဲ့ ဘ၀ဟာ အဖုအထစ္မ်ားၿပီး ၿပသာနာေပါင္းစံုခဲ့တယ္။
အသက္ ( ၃၆ ) ႏွစ္မွာ ေစာေစာစီးစီးေၾကြလြင့္ခဲ့တဲ့ ေဟာလိ၀ုဒ္က ကမၻာေက်ာ္မင္းသမီး မြန္းရိုးဟာ ငယ္ဘ၀က ေသတဲ့အထိ ၀ိေရာဒိေတြနဲ့ ၿပည့္ႏွက္ေနတဲ့ ဘ၀တစ္ခုကို ေနခဲ့သူပါ ။ အခု ၂၀၁၂ ၾသဂုတ္လ ( ၅ ) ရက္ေန့ဆို မာရီလင္ မြန္ရိုးေသတာ အႏွစ္ ( ၅၀ ) ၿပည့္ခဲ့ပါၿပီ ။ ဒါေပမယ့္ အခ်ိန္မတုိင္မီ ေၾကြလြင့္ခဲတဲ့ အဲဒီ မင္းသမီးေခ်ာဟာ ခုခ်ိန္ထိ သူ့အႏုပညာနဲ့ေရာ ၊ အံၾသမွင္သက္စရာဇာတ္လမ္းေတြၿပည့္ေနတဲ့ သူ့ရဲ့ ဘ၀နဲ့ပါ ပရိသတ္ကို ဆြဲေဆာင္ေနဆဲပါ ။

အမည္ရင္း ……………….Norma Jeane Mortenson
အႏုပညာနာမည္ ……………….Marilyn Monroe
ေမြးရပ္ေၿမ …………. …..Los Angeles, California , U.S.A
ေမြးေန့ ………………June 1 , 1926
ေသဆံုးတဲ့ေန ့……………….August 5 ,1962 ( အသက္ ၃၆ ႏွစ္ )
အလုပ္အကိုင္ ……………….Actress, model, singer, film producer
ထင္ရွားတဲ့ ရုပ္ရွင္မ်ားထဲမွတခ်ိဳ့ …….Niagara, Gentlemen Prefer Blondes, River of No Return, The Seven Year Itch,
Some Like It Hot, The Misfits
အိမ္ေထာင္ဖက္မ်ား ……………..James Dougherty (married in 1942 – divorced in 1946)
Joe DiMaggio (married in 1954 – divorced in 1954)
Arthur Miller (married in 1956 – divorced in 1961)


မြန္ရိုးရဲ့ ဘ၀ဇာတ္ေၾကာင္းကို တေစ့တေစာင္း ေလ့လာဖုိ့ဆိုရင္ သူ့အေမ Gladys အေၾကာင္းကို ခ်န္ထားလုိ့မရပါဘူး ။ Gladys ရဲ့ မ်ိဳးရိုးမွာ Schizophrenia လို့ေခၚတဲ့ မ်ိဳးရိုးလုိက္တတ္တဲ့စိတ္ေရာဂါပါၿပီး Gladys ရဲ့ အေမေရာ အဖြားပါ အဲဒီစိတ္ေရာဂါကို ခံစားခဲ့ရတယ္လုိ့ ဆိုတယ္ ။ Gladys ဟာ မြန္ရိုးကို ကုိယ္၀န္ရွိခ်ိန္မွာ ေယာက်္ား ( ၂ ) ေယာက္နဲ့ တရား၀င္ကြာရွင္းၿပီးသြားၿပီး ကေလး ( ၂ ) ေယာက္ ရေနခဲ့ၿပီးပါၿပီ ။ တတိယကိုယ္၀န္ၿဖစ္တဲ့ မြန္ရိုးရဲ့ အေဖဟာ ဘယ္သူဆိုတာေတာ့ ခုထိ ၀ိုးတိုး၀ါးတာ ပါဘဲ ။ မြန္ရိုးရဲ့ ေမြးစာရင္းေပၚက အေဖနာမည္က Gladys ရဲ့ ကြာရွင္းၿပီးသား ဒုတိယေယာက္်ားနာမည္ေပမယ့္ မြန္ရိုးကေတာ့ အဲဒါကို တသက္လံုး လက္မခံသြားပါဘူး ။ သူ့အေဖဟာ Gladys နဲ့ အလုပ္တြဲလုပ္ဖူးတဲ့ Stanley Gifford ဆိုသူပါတဲ့ ။ အေမက သူ့ကို ၿပခဲ့တဲ့ အေဖရဲ့ ပံုဟာ Gifford ပံုလုိ့သာ တြင္တြင္ေၿပာခဲ့တယ္ ။ ဒီလုိ စကတည္းက ယဥ္သကိုး ဆိုတဲ့ ဇာတ္လမ္းမွာ ဘုမသိဘမသိ ေမြးဖြားလာရသူ မြန္ရိုးဟာ လူ့ေလာကထဲ ေရာက္ၿပီး သိပ္မၾကာခင္မွာဘဲ ယာယီေမြးစားမိဘ foster parents ေတြဆီကို ေရာက္သြားပါေတာ့တယ္ ။
foster parents ဆိုတာက အေမရိကန္၊ အဂၤလန္စတဲ့ ႏိုင္ငံေတြမွာ အရြယ္မေရာက္ေသးတဲ့ ကေလးေတြ သို့မဟုတ္ ကိုယ္အဂၤါခၽြတ္ယြင္းၿပီး ေစာင့္ေရွာက္မယ့္သူမရွိတဲ့ လူေတြကို ေစာင့္ေရွာက္ေပးတဲ့အစိုးရလက္မွတ္ရထားတဲ့ ေစာင့္ေရွာက္သူ caregiver ေတြပါ ။ foster parents ေတြကို အစိုးရကလစာေပးၿပီး အဲဒီလုိ ေစာင့္ေရွာက္မွဳကိုေတာ့ foster care လုိ့ ေခၚတယ္ ။ ေစာင့္ေရွာက္ခံရသူကိုေတာ့ward of the state လုိ့ ေခၚပါသတဲ့ ။ တကယ္ေတာ့ အဲဒီ foster care နဲ့ ေစာင့္ေရွာက္ခံရတဲ့ ကေလးေတြမွာ သူမ်ားထက္ပိုၿပီး ကိုယ့္ကိုယ္ကို သတ္ေသမႈ မ်ားတယ္ ၊ ပညာေရး ေမ်ွာ္လင့္ခ်က္နည္းတယ္ ၊ အဓိကၿပသာနာေတြထဲက တခုကေတာ့ ကေလးေတြကို မတရား အခြင့္အေရးယူ ခုိင္းစားတဲ့ child abuse ပါဘဲ ။

John Hopkins University က လုပ္တဲ့ စစ္တမ္းတခုအရ လိင္ပိုင္းဆိုင္ရာ sexual abuse လုပ္ၿခင္းခံရတဲ့ foster children ေတြဟာ သာမန္ထက္ ေလးဆ မ်ားသတဲ့ ။ ဆက္ေၿပာရရင္ စိတ္မမွန္တဲ့ အေမရဲ့ သမီး မြန္ရိုးဟာ ေမြးၿပီး သိပ္မၾကာခင္မွာဘဲ ward of the state အၿဖစ္သတ္မွတ္ၿခင္းခံရၿပီး ဆယ္ေက်ာ္သက္ဘ၀ထိေနခဲ့ရတဲ့ foster home ေပါင္း ( ၁၁ ) အိမ္တိတိ ရွိပါသတဲ့ ။ အဲဒီေမြးစားအိမ္ေတြမွာ ၾကံဳဆံုခဲ့ရတဲ့ စိတ္မခ်မ္းေၿမ့ဖြယ္ အၿဖစ္ေတြဟာ မြန္ရိုးရဲ့ ၾကီးစဥ္ဘ၀ကိုမ်ားစြာ လႊမ္းမုိးမွဳ ရွိတယ္ လုိ့ စိတ္ပညာရွင္ေတြက ဆိုပါတယ္ ။ လွပၿပီး ခ်စ္စရာေကာင္းတဲ့ သူ့ကို တရား၀င္ အၿပီးအပိုင္ ေမြးစားခ်င္သူေတြရွိေပမယ့္ အေမရင္း Gladys က လက္မွတ္မထုိးတာေၾကာင့္ foster home ေတြမွာဘဲ အဆင္ေၿပသလုိ ေသာင္တင္ခဲ့တယ္ ။ အဲဒီအိမ္ေတြက ”ေမြး” ၿပီး ” စား” ခ်င္တဲ့ foster fatherေတြ foster brother ေတြရဲ့ sexually assault လုပ္မွဳေတြကလည္း အလယ္တန္းေက်ာင္းသူ မြန္ရိုးကို စိတ္ဒဏ္ရာေပးခဲ့တဲ့ အဓိက အေၾကာင္းရင္းတစ္ခုလုိ့ ဆိုတယ္ ။ Gladys ရဲ့ မထင္ရင္ မထင္သလုိ လာလာၿပီး အတင္းေခၚယူေႏွာက္ယွက္ၿခင္းေတြကလည္း သူနဲ့ ေမြးစားအိမ္မ်ားၾကားမွာ အဆင္မေၿပမွဳတစ္ခု ၿဖစ္ခဲ့တယ္ ။ မြန္ရိုး အသက္ ( ၁၅ ) ႏွစ္မွာဘဲ ( ၂၁ ) ႏွစ္ အရြယ္ Jim ဆိုသူနဲ့ အိမ္ေထာင္က်ပါတယ္ ။ တကယ္ေတာ့ ေပးစားလုိ့ ယူလုိက္တဲ့သေဘာပါဘဲ ။ သူ့ရဲ့ ေမြးစားအေမတစ္ေယာက္က မြန္ရိုး ဘ၀တည္တည္ၿငိမ္ၿငိမ္ၿဖစ္သြားေအာင္ အိမ္နီးနားခ်င္းတစ္ေယာက္ရဲ့ သားၿဖစ္သူ နဲ့ နားေဖာက္ခဲ့တာပါ ။

ဒါေပမယ့္ မြန္ရိုးနဲ့ Jim တို့ အိမ္ေထာင္သက္တမ္း ( ၁ ) ႏွစ္ေလာက္မွာ Jim ဟာ ဒုတိယကမၻာစစ္အတြင္း စစ္မွဳထမ္းဖုိ့ လိုက္သြားခဲ့တယ္ ။ မြန္ရိုးဟာ တစ္ေယာက္တည္း က်န္ခဲ့တဲ့အခ်ိန္မွာ ေလယာဥ္စက္ရံုတစ္ခုမွာ အလုပ္၀င္လုပ္ခဲ့တယ္ ။ ေလယာဥ္အစိတ္အပိုင္းေတြကို မီးေလာင္မွဳ ခံနိုင္ေစတဲ့ ေဆးေတြ ဖ်န္းရၿပီး စစ္သားေတြဆီကို ပို့မယ့္ ေလထီးေတြကို စစ္ေဆးရတဲ့ အလုပ္ပါ ။ ဒီအလုပ္ဟာ သူ့ရဲ့ အထီးက်န္ဆန္မွဳကို မသက္သာေစဘဲ မြန္ရိုးဟာ အဲဒီအခ်ိန္ေတြကတည္းက အရက္ကို မၾကာခဏ အေဖာ္ၿပဳခဲ့တယ္ လုိ့ ဆိုတယ္ ။ ဒါေပမယ့္ အဲဒီအလုပ္ကဘဲ သူ့ကို ကမၻာေက်ာ္မင္းသမီးၿဖစ္မယ့္ လမ္းစေပၚတင္ေပးခဲ့ပါတယ္ ။ အေၾကာင္းကေတာ့ ” စစ္ၾကီးကို တစ္ဖက္တစ္လမ္းက ကူညီေပးေနတဲ့ အမ်ိဳးသမီးမ်ား ” ဆိုတဲ့ ေခါင္းစဥ္နဲ့ ဓါတ္ပံုရိုက္ဖုိ့ ဆိုၿပီး အေမရိကန္ေလတပ္က ဓါတ္ပံုဆရာ Conover ဟာ မြန္ရိုးတို့ စက္ရံုကို ေရာက္လာခဲ့တယ္ ။ အေမရိကန္စစ္သားေတြ စိတ္ဓါတ္တက္ၾကြေစဖုိ့၊ အမ်ိဳးသမီးမ်ားကလည္း စစ္ကို ကူညီေနေၾကာင္း သိေအာင္ ရည္ရြယ္ၿပီး ရိုက္တာပါ ။ တုိတုိေၿပာရရင္ေတာ့ သူဟာ မြန္ရိုးရဲ့ အလွကို မ်က္စိက်သြားၿပီး တစ္ပတ္ ၅ ေဒၚလာႏွဳန္းနဲ့ ေမာ္ဒယ္လုပ္ခုိင္းခဲ့တယ္ ။ အဲဒိကေနတဆင့္ Blue Book ဆိုတဲ့ ေမာ္ဒယ္ ေအဂ်င္စီနဲ့ မြန္ရိုးကို ဆက္သြယ္ေပးခဲ့တယ္ ။
တစ္ႏွစ္အတြင္းမွာ မြန္ရိုးဟာ Blue Book ရဲ့ အေအာင္ၿမင္ဆံုး ေမာ္ဒယ္မ်ားထဲက တစ္ေယာက္ၿဖစ္လာၿပီး မဂၢဇင္း ၃၃ ခုမွာ မ်က္ႏွာဖံုး ၿဖစ္လာခဲ့တယ္ ။ ဒီအေတာအတြင္းမွာေတာ့ သူနဲ့ Jim တုိ့ရဲ့ အိမ္ေထာင္ေရး ယိုယြင္းလာၿပီး ေမာ္ဒယ္မြန္ရိုးတစ္ေယာက္ ကိုကိုေမာင္ေမာင္အသစ္ေတြနဲ့ ေတြ့ခဲ့တယ္ ဆိုတယ္ ။ ၁၉၄၆ မွာေတာ့ မြန္ရိုးနဲ့ Jim တုိ့ အိမ္ေထာင္ေရး နိဂံုးခ်ဳပ္သြားခဲ့ပါေတာ့တယ္ ။
ဒါေပမယ့္ သူဟာ ရုပ္ရွင္ဘက္မွာ ရုတ္ခ်ည္း ေအာင္ၿမင္ခဲ့တာေတာ့ မဟုတ္ပါဘူး ။ ( ၁၉၄၈ ) ကေန ( ၁၉၅၁ ) ထိ သံုးႏွစ္တာကာလဟာ ရုပ္ရွင္ေလာကထဲ ၀င္စ မြန္ရိုးအဖုိ့ ရုန္ကန္ခဲ့ရတဲ့ ႏွစ္မ်ားပါဘဲ ။ ရုပ္ရွင္ကုမၸဏီေတြနဲ့ လပိုင္းေလာက္ခ်ဳပ္တဲ့ စာခ်ဳပ္ေတြၿပည့္တုိင္း မြန္ရိုးဟာ အလုပ္လက္မဲ့နဲ့ ဘုိင္ၿပတ္ေနတတ္တယ္ ။ သူဟာ 20 th Century Fox ဆိုတဲ့ နာမည္ၾကီး ရုပ္ရွင္ကုပဏီ တစ္ခုနဲ့ ( ၆) လစာခ်ဳပ္ ခ်ဳပ္ရင္ ကုပဏီက သူ့နာမည္ရင္း Norma Jeane Mortenson ဆိုတာ တုံးလြန္းတယ္ ဆိုရာက Marilyn Monroe ဆိုတဲ့ နာမည္ရခဲ့တာပါ ။ သူ့ကို ကူညီတဲ့ ကုပဏီလူၾကီးက သူဟာ ( ၁၉၂၀ ) နဲ့ ( ၁၉၃၀ ) ၾကားကာလမွာ အရမ္းနာမည္ၾကီးခဲ့တဲ့ မင္းသမီး Marilyn Miller နဲ့ တူတယ္ ဆိုၿပီး Marilyn ဆိုတဲ့ နာမည္ကို အၾကံၿပဳခဲ့တယ္ ၊ ဒါကို မြန္ရိုးက သူ့အေမ Gladys Monroe ရဲ့ နာမည္ Monroe ဆိုတာကို ေနာက္ကထည့္လုိက္တာေၾကာင့္ Marilyn Monroe ဆိုၿပီး ၿဖစ္လာတာပါ ။ ဒီ နာမည္က ေခၚရတာ အဆင္ေခ်ာၿပီး ဆြဲေဆာင္မွဳရွိတဲ့ အၿပင္ M ႏွစ္လံုးနဲ့ မုိ့ ကံေကာင္းၿခင္းသေဘာေဆာင္တယ္ ဆိုၿပီး ကုပဏီလူၾကီးက ေက်နပ္သြားပါသတဲ့ ။ ( ငါတုိ့ဘဲ အယူသည္းသလား ေအာက္ေမ့တယ္ ၊ ထူးမၿခားနားပါလား )

တစ္ခါေတာ့ သူဟာ ဘုိင္ၿပတ္လြန္းလုိ့ ေမာ္ဒယ္အလုပ္ကို ၿပန္လုပ္ရင္း ဓါတ္ပံုဆရာတစ္ေယာက္အတြက္ အ၀တ္မပါ ဗလာက်င္းၿပီး ေမာ္ဒယ္လုပ္ေပးမိခဲ့သတဲ့ ။ နီရဲေနတဲ့ ပိုးသားေပၚမွာ ၀တ္လစ္စလစ္နဲ့ လဲေလ်ာင္းၿပီး ဓါတ္ပံုေပါင္းမ်ားစြာ အရိုက္ခံလုိ့ရခဲ့တဲ့ ပိုက္ဆံက ေဒၚလာ ( ၅၀ ) ပါ ။ အဲဒီ တစ္ခါကေလး ဗလာက်င္းၿပီး ရိုက္မိတဲ့ ဓါတ္ပံုေတြဟာ ေနာက္ ( ၃ ) ႏွစ္အၾကာ သူေအာင္ၿမင္ခ်ိန္မွာ ဒုကၡေပးဖုိ့ ထြက္လာခဲ့တယ္ ။ အေၾကာင္းကေတာ့ အဲဒီ ပံုေတြနဲ့ ကလင္ဒါတစ္ခု ထြက္လာၿပီး မီဒီယာက အဲဒီ ကလင္ဒါေပၚက ဗလာက်င္းေနတဲ့ မိန္းကေလးဟာ မာရီလင္ မြန္ရိုးနဲ့ တူတယ္ ဆိုၿပီး ဇစ္ၿမစ္ကို လုိက္ပါေတာ့တယ္ ။
ဒီေတာ့ မြန္ရိုးဟာ မထူးတဲ့အဆံုး အင္တာဗ်ဴးတစ္ခု အၿမန္ေပးၿပီး အဲဒီမိန္းကေလးဟာ သူပါဘဲ ဆိုၿပီး ေၿဖာင့္ခ်က္ေပးလုိက္သတဲ့ ။ ဘုိင္က်လြန္းလုိ့ ဘ၀ရပ္တည္ေရးအတြက္ အဲဒီတစ္ၾကိမ္ဘဲ အဲဒီလုိ ရိုက္မိတာပါ လုိ့ သနားစဖြယ္ ေၿပာေတာ့ ပိတ္သတ္ၾကီးလည္း ဟတ္ထိကုန္ၿပီး မကဲ့ရဲ့ မရွဳံ့ခ်တဲ့ အၿပင္ အသနားေတာင္ ပိုသြားပါသတဲ့ ။ ဘယ္လုိဘဲ ေၾကာ္ၿငာေၾကာ္ၿငာ ( မေၾကာ္ၿငာတာထက္စာရင္ )ေကာင္းတယ္ Any publicity is good publicity ဆိုတဲ့ စကားပံုဆိုးၾကီးက မြန္ရိုးနဲ့က်မွ ကြင္းခနဲ ၿဖစ္သြားသတဲ့……….အဓိၶပါယ္ကို ေၿပာပါတယ္ ။

မြန္ရိုးၾကိဳးစားစဥ္ကာလ ၁၉၄၈ က ၅၁ အတြင္း ရိုက္ခဲ့တဲ့ ကားေတြထဲက တစ္ခ်ိဳ့ကို ေၿပာရရင္ Love Happy ၊ The Asphalt Jungle ၊ All about Eve ၊ Home Town Story စတာေတြပါဘဲ ။ ဒီကားေတြကို ရိုက္ရင္ နာမည္ၾကီးလာတဲ့ မြန္ရိုးဟာ အထင္ကရ ရုပ္ရွင္ထုတ္လုပ္ေရး 20 th Century Fox နဲ့ ( ၇ ) ႏွစ္စာခ်ဳပ္ ခ်ဳပ္ႏိုင္ခဲ့တယ္ ။ 1952 ေနာက္ပိုင္းမွာေတာ့ သူဟာ အေမရိကန္မွာ လူတုိင္းသိတဲ့ မင္းသမီးၿဖစ္ေနပါၿပီ ။ အဲဒီေနာက္ပိုင္း သူရိုက္ခဲ့တဲ့ ကားေတြထဲမွာ ထင္ရွားတာေတြက We’re not married ၊ Don’t bother to knock ၊ Monkey Business ၊ Niagara ၊ Gentlemen prefer blondes ၊ The Seven Year Itch ၊ River of no return ၊ Bus Stop ၊ How to marry a Millionaire ၊ There is no business like Show Business စတာေတြပါဘဲ ။
ဒီရုပ္ရွင္ေတြနဲ့ အတူ မြန္ရိုးဟာ ပုရိသတုိ့ အာရံုကို သိမ္းက်ံဳးယူႏိုင္တဲ့ sex symbol ၿဖစ္လာပါတယ္ ။ညွိဳ့အားေကာင္းတဲ့ အၾကည့္ ၊ ဖူးငံုၿပီး ပြင့္အာမလုိ ၿဖစ္ေနတဲ့ ႏွဳတ္ခမ္းရဲရဲ ၊ ေရႊေရာင္ ဆံႏြယ္ေကြးေကြးေတြဟာသူ့ရဲ့ trade marks ေတြ ၿဖစ္လာခဲ့တယ္ ။ 1954 ေနာက္ပိုင္း ၃ ႏွစ္ဟာ မြန္ရိုးရဲ့ အႏုပညာ အေအာင္ၿမင္ဆံုး ကာလ၊ ကမၻာက သိလာတဲ့ ကာလ ပါဘဲ ။ အေမရိကန္ရဲ့ ေၾကးအၾကီးဆံုးမင္းသမီးေတြထဲမွာ ပါလာသခဲ့တယ္ ။အကယ္ဒမီဆုမရခဲ့ေပမယ့္ ရုပ္ရွင္နဲ့ တီဗီမွာ အေကာင္းဆံုးသရုပ္ေဆာင္ႏိုင္သူမ်ားရတဲ့ Golden Globe ကမၻာလံုးဆုကို ရခဲ့သလုိ အီတလီႏိုင္ငံရဲ့ ရုပ္ရွင္ဆုၿဖစ္တဲ့ David di Donatello ဆုကိုလည္း ရခဲ့ပါတယ္ ။

တဖက္က ေအာင္ၿမင္လာတဲ့ မြန္ရိုးဟာ တၿခားတဖက္မွာေတာ့ အခ်စ္ေရး အိမ္ေထာင္ေရး တည္ၿငိမ္တဲ့ အဆင့္ကို မေရာက္ခဲ့ပါဘူး ။ Jim နဲ့ ၁၉၄၆ မွာ ကြာရွင္းၿပီးေနာက္ မ်ားစြာေသာ ပုရိသမ်ားနဲ့ ေတြ့ခဲ့တယ္ ။ တုိးေတာင္းတဲ့ ဇာတ္လမ္းကေလးေတြ သာမန္ထက္ပိုတဲ့ ပတ္သက္မွဳေတြ ၿဖစ္ခဲ့ေပမယ့္ ကြာရွင္းၿပီး ေနာက္ထပ္ ( ၈ ) ႏွစ္ေလာက္ တရား၀င္အိမ္ေထာင္ၿပဳၿခင္း မရွိခဲ့ပါဘူး ။ သူဟာ အရည္အခ်င္းရွိ ၊ ဇြဲေကာင္းၿပီး ပါရမီပါတဲ့ အႏုပညာရွင္တစ္ေယာက္လုိ့ သတ္မွတ္ၿခင္းခံရေပမယ့္ တဖက္ကလည္း စိတ္မတည္ၿငိမ္သူ ၊ အလုပ္ကို သည္းမခံႏိုင္ေလာက္ေအာင္ ေနာက္က်တတ္သူ ၊ စိတ္အေၿပာင္းအလဲ ၿမန္သူ အၿဖစ္လည္း နာမည္ၾကီးပါတယ္ ။ သူ့ရဲ့ ငယ္ဘ၀ စိတ္ဒဏ္ရာေတြဘဲလား ၊ မ်ိဳးရိုးလုိက္တတ္တဲ့ စိတ္ဂေယာက္ဂယက္ေရာဂါကဘဲ လကၡဏာေတြ ၿပခ်င္ေနတာလားမသိ ၊ သူနဲ့ ရိုက္တဲ့ ဒါရိုက္တာေတြ ရုပ္ရွင္မင္းသားေတြဟာ မြန္ရိုးကို အေတာ္လက္လံပါသတဲ့ ၊ ဒါရိုက္တာတစ္ေယာက္က ဆိုတယ္ ၊ ” မြန္ရိုးရဲ့ စိတ္ဟာ ခန့္မွန္းရအင္မတန္ခက္ပါတယ္ ၊ က်ေနာ္တုိ့ဟာ သူနဲ့ မေတြရခင္ ဒီေန့ ဘယ္လုိ ေန့မ်ိဳး ၾကံဳရမယ္ဆိုတာ ရင္တထိတ္ထိတ္နဲ့ပါဘဲ ” တဲ့ ။
ပရိသတ္ကေတာ့ မြန္ရိုးရဲ့ အလွ အညဳ အႏုပညာေတြမွာ နစ္ေမ်ာရံုမက သူ့ရဲ့ သနားစဖြယ္ ငယ္ဘ၀ကိုလည္း ဂရုဏာသက္ၾကပါတယ္ ။ ၁၉၅၂ ခုႏွစ္ထုတ္ True Experiences ဆိုတဲ့ မဂၢဇင္းမ်က္ႏွာဖံုးက ၿပံဳးေနတဲ့ မြန္ရုိုးရဲ့ ခ်စ္စဖြယ္မ်က္ႏွာနဲ့ပါ ။ သူ့မ်က္ႏွာေဘးမွာ ေရးထားတာက ” က်မ ေပ်ာ္ေနတဲ့ပံုေပါက္ပါသလား ။ အင္းေလ ….ဒီလုိဘဲ ၿဖစ္သင့္ပါတယ္ ။ ဘာေၾကာင့္လဲဆိုေတာ့ က်မဟာ ငယ္ငယ္တုန္းက ဘယ္သူမွ မလုိခ်င္တဲ့ ကေလးတစ္ေယာက္ပါ ။ ရည္မွန္းခ်က္ အိပ္မက္တစ္ခုနဲ့ မိန္းကေလးတစ္ေယာက္ဆိုပါေတာ့ ။ အဲဒီမိန္းကေလးဟာ သူ့အိပ္မက္ အေကာင္အထည္ေပၚတာကို ၿမင္ခဲ့ရၿပီေလ ။ က်မနာမည္ မာရီလင္ မြန္ရိုးပါ ။ က်မရဲ့ စင္ဒရဲလား ဆန္ဆန္ ဇာတ္လမ္းေလးကို ဖတ္ၾကပါရွင္ ” တဲ့ ။ ဒီလုိ ဇာတ္လမ္းေလးေတြနဲ့လည္း မြန္ရိုးဟာ ပရိသတ္ရဲ့ အခ်စ္ကို ရခဲ့ပါတယ္ ။

အဲဒီ ၁၉၅၂ မွာဘဲ သူဟာ သူ့ရဲ့ ဒုတိယအိမ္ေထာင္ၿဖစ္လာမယ့္ ကမၻာေက်ာ္ ေဘ့စ္ေဘာသမား Joe diMaggio နဲ့ ေတြ့တာပါ ။ Joe နဲ့လည္း တြဲရင္း ဟိုလူနဲ့ဘဲ ယူေတာ့မလုိလုိ ဒီလူနဲ့ဘဲ ယူေတာ့မလုိုလို တုိင္ပတ္ေနခဲ့ပါေသးတယ္ ။ ဒါေပမယ့္ ၂ ႏွစ္ေလာက္ ဇြဲေကာင္းေကာင္းနဲ့ ပိုးပန္းၿပီေနာက္ ( ၁၉၅၄ ) မွာ Joe ဟာ မြန္ရိုးကို တရား၀င္လက္ထပ္ခြင့္ရခဲ့တယ္ ။ ( ၉ ) လအၾကာမွာေတာ့ တရား၀င္ ကြဲပါတယ္ ။၊ Joe က စိတ္ပ်က္စရာေကာင္းေအာင္ သ၀န္တုိအခ်စ္ၾကီးသလုိ မြန္ရိုးကလည္း စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ စိတ္မတည္ၿငိမ္သူ ၊ ဒီလုိနဲ့ ဟန္နီးမြန္းကာလမွာတင္ ကြိဳင္ၾကပါတယ္ ။ အေၾကာင္းကေတာ့ ဂ်ပန္ကို ဟန္နီးမြန္းထြက္ရင္း မြန္ရိုးက ကိုးရီးယားကိုသြားၿပီး အေမရိကန္စစ္သား ၁၃၀၀၀ ေက်ာ္ကို သံုးရက္တိတိ ေဖ်ာ္ေၿဖတဲ့အတြက္ Joe နဲ့ ရန္ၿဖစ္တာတဲ့ ။ ( ဒါေပမယ့္ Joe ဟာ မြန္ရိုးကို အေတာ္ ခ်စ္ခဲ့သူလုိ့ ထင္ပါတယ္ ။ မြန္ရိုးေသေတာ့ ဇာပနကို Joe က တာ၀န္ယူစီမံေပးခဲ့ၿပီး ေသၿပီး ေနာက္ထပ္ အႏွစ္ ( ၂၀ ) ၾကာတဲ့ အထိ မြန္ရိုး အုတ္ဂူမွာ ႏွင္းဆီပန္းေတြ မၿပတ္ေအာင္ ပို့ေပးတာ Joe ပါဘဲ )
( ၁၉၅၄ ) မွာ မြန္ရိုးဟာ (၇) ႏွစ္တာ တမ္းတမြတ္သိပ္ၿခင္း The Seven Year Itch ရုပ္ရွင္ထဲက ဇာတ္၀င္ခန္းတစ္ခုကို နယူးေယာ့မွာ ရိုက္ခဲ့တယ္ ။ ေၿမေအာက္ရထား ၿဖတ္သြားတဲ့ ေလအရွိန္နဲ့ စကတ္ေလမွာ ၀ဲသြားပံုဟာ ေနာက္ပိုင္းမွာ Pop Culture ရဲ့ နာမည္ၾကီးပံုတစ္ခု ၿဖစ္လာခဲ့တယ္ ။ ဒါရိုက္တာ Billy Wilder ဟာ အဲဒီအခန္းကို စိတ္တိုင္းက်တဲ့ အထိ အၾကိမ္ၾကိမ္ၾကိမ္ ၿပန္ရိုက္ခိုင္းခဲ့တယ္ ။
ဧရာမ လူအုပ္ၾကီးက အေမရိကန္ရဲ့ National Sex Symbol လို့ သတ္မွတ္ၿခင္းခံရတဲ့ မာရီလင္မြန္ရိုးရဲ့ စကတ္လန္ခန္းကို ရုိးတုိးရြတ ၾကည့္ေနခ်ိန္ ရိုက္ကြင္းမွာ မြန္ရိုးရဲ့ ခ်စ္လင္ Joe လည္း ရွိေနေလရဲ့ ။ အလြန္သ၀န္တုိတဲ့ Joe တစ္ေယာက္ အဲဒီအခန္းကို တစိမ့္စိမ့္ၾကည့္ရင္း မၾကည္ႏူးႏိုင္ဘဲ ေဒါသေတြသာ တလိပ္လိပ္ ထြက္ေနမယ္ ဆိုတာ ေၿပာဖုိ့ေတာင္ မလုိ ။ အဲဒီကိစၥနဲ့ ပတ္သက္ၿပီး လူေရွ့သူေရွ့မွာ လင္မယားႏွစ္ေယာက္ စကားအၾကီးအက်ယ္မ်ားၿပီး သိပ္မၾကာခင္ မြန္ရိုးက Joe နဲ့ သူဇာတ္လမ္းၿပတ္ၿပီလုိ့ ေၾကၿငာခဲ့တယ္ ။ ( ၁၉၅၄ ) ဇန္န၀ါရီက လက္ထပ္ခဲ့တဲ့ အိမ္ေထာင္ေရးဟာ အဲဒီႏွစ္ ႏို၀င္ဘာမွာဘဲ တရား၀င္ တစ္စခန္း ရပ္သြားပါေတာ့တယ္ ။

The Seven Year Itch ဟာ အရမ္းေအာင္ၿမင္ၿပီး မြန္ရိုးရဲ့ ေအာင္ၿမင္မွဳဟာ အထြတ္အထိပ္ကို ေရာက္လာပါတယ္ ။ အဲဒီရုပ္ရွင္ဟာ ေဒၚလာ ရွစ္သန္း၀င္ေငြရွိခဲ့ၿပီး အဲဒီပမာဏဟာ ၁၉၅၅ ခုုႏွစ္ ေငြေၾကးတန္ဖုိးနဲ့ဆို မနည္းတဲ့ ရုပ္ရွင္၀င္ေငြၿဖစ္ပါတယ္ ။ မြန္ရိုးရဲ့ သရုပ္ေဆာင္မွဳဟာ ရုပ္ရွင္ေ၀ဖန္ေရးသမားေတြရဲ့ ခ်ီးက်ဴးမွဳကို ခံရၿပီး ရုပ္ရွင္ေလာကက သူ့အရွိန္အ၀ါကို ပိုၾကီးသြားေစခဲ့တယ္ ။ အရင္က အလုပ္ေနာက္က်မွဳ ၊ ပ်က္ကြက္မွဳေတြေၾကာင့္ 20 th Century Fox ရုပ္ရွင္ကုပဏီက သူ့နဲ့ အလုပ္လုပ္ဖုိ့ ေရႊ့ဆိုင္းထားခဲ့တာ အခုေတာ့ သူ့ကို ၿပန္ၿပီး သံုးဖုိ့ ဆံုးၿဖတ္ခဲ့ၾကပါတယ္ ။ မြန္ရိုးဟာ 20 th Century Fox နဲ့ (၇) ႏွစ္အတြင္း ရုပ္ရွင္ ( ၄ ) ကား ရိုက္ဖုိ့ စာခ်ဳပ္ခ်ဳပ္ခဲ့ၿပီး တၿခားကုမဏီေတြအတြက္လည္း ရိုက္ေပးလုိ့ရတဲ့ အခြင့္အေရးရခဲ့တယ္ ။ ဒါတင္မက သူက သေဘာမက်ရင္ ဇာတ္ညႊန္း ၊ ဒါရိုက္တာ ၊ ရိုက္ကြင္းတာ၀န္ခံ တုိ့ကိုလည္း ၿငင္းပိုင္ခြင့္ရခဲ့တယ္ ။ သူတည္ေထာင္တဲ့ Marilyn Monroe Productions ဟာလည္း သူ့ရုပ္ရွင္တုိင္းက ေဒၚလာေငြ တစ္သိန္းစီးရတဲ့အၿပင္ အဲဒီရုပ္ရွင္ေတြရဲ့ အၿမတ္ေငြကို အခ်ိဳးက် ခံစားခြင့္ရခဲ့တယ္ ။
၁၉၅၅ မွာ မြန္ရိုးဟာ သူ့ရဲ့ တတိယေယာက္်ားၿဖစ္လာမယ့္ နာမည္ၾကီး ဇာတ္ညႊန္းေရးဆရာ Arthur Miller နဲ့ ဆံုဆည္းခဲ့တယ္ ။ မြန္ရိုးရဲ့ ေနာက္ဆံုး ( ၿပီးဆံုးတဲ့ အထိ ရိုက္ခဲ့တဲ့ ေနာက္ဆံုး ) ရုပ္ရွင္ The Misfits ကို Miller က ဇာတ္ညႊန္းေရးေပးခဲ့တာပါ ။ The Misfits ကို စရိုက္တဲ့ ၁၉၆၀ မွာ မြန္ရိုးရဲ့ က်န္းမာေရး ပိုယိုယြင္းလာခဲ့တယ္ ။ အိပ္မေပ်ာ္တဲ့ ေရာဂါနဲ့ တပါတည္း စိတ္က်ေရာဂါပါ ခံစားလာရတာေၾကာင့္ အိပ္ေဆးအလြန္အကၽြံသံုးစြဲလာတာဟာ တၿဖည္းၿဖည္းနဲ့ ပိုလုိ့သာ ဆိုးလာခဲ့တယ္ ။ ဒါေၾကာင့္ သူဟာ စိတ္ေရာဂါကုဆရာ၀န္နဲ့ ၿပရတဲ့ အဆင့္ကို ေရာက္လာပါေတာ့တယ္ ။ ဆရာ၀န္က သူ့ရဲ့ ေဆးသံုးမွဳအတုိင္းအတာကို ၾကည့္ၿပီး အေတာ္လန့္သြားသတဲ့ ။

ဒါေပမယ့္ မြန္ရိုးဟာ အဲဒီေနာက္မွာလည္း ေဆးၿပတ္ဖုိ့ ဆရာ၀န္ညႊန္ၾကားခ်က္ေတြကို အတိအက် မလိုက္နာလုိ့ လူမသိသူမသိ ေဆးရံုေရာက္ရတဲ့ အၾကိမ္ေတြလည္း ရွိခဲ့တယ္ ။ ရင္းႏွီးသူတခ်ိဳ့ကေတာ့ မြန္ရိုးဟာ ေသေလာက္ေအာင္ စိတ္ဒဏ္ရာ ရထားသူ ၊ ထင္တာထက္ ပိုၿပီး စိတ္ေ၀ဒနာ ခံစားေနရသူ လုိ့ ဆိုတယ္ ။ သူနဲ့ Miller တုိ့ရဲ့ အိမ္ေထာင္ေရး အက္ေၾကာင္းလည္း ပိုၾကီးလာခဲ့တယ္ ။ လူေရွ့သူေရွ့ ရန္ပြဲေတြ အၾကိမ္စိပ္လာပါတယ္ ။ ရုပ္ရွင္ေလာကသားေတြ အဖုိ့လည္း မြန္ရိုးနဲ့ ရိုက္မယ့္ အစား က်ားၿမီးသာ ေၿပးဆြဲလုိက္ခ်င္ေတာ့တယ္ ဆိုတဲ့ အထိ စိတ္ပ်က္လက္လံၾကသတဲ့ ။
The Misfits မွာ တြဲရိုက္ခဲ့တဲ့ ရုပ္ရွင္မင္းသား Clark Gable ဟာ ရုပ္ရွင္အၿပီးမွာ ႏွလံုးေရာဂါနဲ့ ကြယ္လြန္ခဲ့ပါတယ္ ။ သူ့မိန္းမက ” Gable ေသရတာ အဲဒီရုပ္ရွင္ ရွဴတင္ေတြမွာ တေနကုန္တေနခန္း ထုိင္ေစာင့္ခဲ့ရတာေတြလည္း ပါတယ္ ” လုိ့ ဆိုသတဲ့ ။ ဘယ္သူ့ကို ေစာင့္ခဲ့ရမွန္း နာမည္ထည့္မေၿပာေပမယ့္ ဘယ္သူ့ကို ရည္ရြယ္မွန္း လူတုိင္းသိေနတဲ့ စကားပါဘဲ ။ မြန္ရိုးက မီဒီယာမွာ ပြင့္ပြင့္လင္းလင္း မ၀န္ခံေပမယ့္ ရင္းႏွီးသူတစ္ေယာက္ကိုေတာ့ ” Gable ကို ေကာင္းေကာင္းမဆက္ဆံမိတာ ေနာင္တရမိတယ္ ။ က်မမွာလည္း စိတ္ဆင္းရဲစရာ စိတ္ဓါတ္က်စရာေတြနဲ့ မို့ပါ ” လုိ့ ဆိုသတဲ့ ။ ရင္းႏွီးသူ တစ္ေယာက္ကေတာ့ ” မြန္ရိုးဟာ ဘ၀ အဓိၶပါယ္ကို လုိက္ရွာေနတယ္ ….ဒါေပမယ့္ မွားယြင္းတဲ့ ေနရာေတြမွာ လုိက္ရွာေနတာက ၿပသာနာပါဘဲ ” လုိ့ ဆိုတယ္ ။ ၁၉၆၁ မွာ Miller နဲ့ ကြဲၿပန္တယ္ ။ မြန္ရိုးအတြက္ ေလာကၾကီးမွာ ေနဖုိ့ အခ်ိန္လည္း သိပ္မက်န္ေတာ့ ။ မြန္ရိုးဟာ ေသမယ့္ႏွစ္ ( ၁၉၆၂ ) တေလ်ွာက္လံုး ရွဴတင္ေတြ ပိုပ်က္လာခဲ့တယ္ ။ ခဏခဏေနမေကာင္းၿဖစ္ၿပီး သရုပ္မေဆာင္ႏိုင္ၿဖစ္ခဲ့တယ္ ။ ဒီၾကားထဲကမွ ေသမယ့္ ႏွစ္က်မွ စစ္ထဲ၀င္ ဆိုသလုိ အေမရိကန္သမၼတနဲ့မွ သြားပတ္သက္မိပါတယ္ ။

အေၾကာင္းကေတာ့ ေဟာလိ၀ုဒ္မင္းသားတစ္ေယာက္ၿဖစ္တဲ့ Peter Lawford ဟာ အေမရိကန္သမၼတ John F. Kennedy ရဲ့ ေယာက္ဖပါတဲ့ ။ သူကတဆင့္ မြန္ရိုးဟာ သမၼတနဲ့ သမၼတရဲ့ ညီ Robert Kennedy တုိ့နဲ့ ( တုိတုိေၿပာရရင္ ) ၿပိဳင္တူ ဇာတ္လမ္းၿဖစ္မိသတဲ့ ။ Robert ထက္ သမၼတ John F. Kennedy နဲ့ ဇာတ္လမ္းက ပိုၿပီး လူသိမ်ားၿပီး မြန္ရိုးဟာ တေန့သမၼတကေတာ္ၿဖစ္မယ္ဆိုၿပီး ေလထဲမွာ တိုက္အိမ္ေဆာက္ခဲ့တယ္ လုိ့ဆိုၾကတယ္ ။ မြန္ရိုးရယ္ …….ေနမေကာင္းတဲ့ ၾကားထဲက ဒါေတြ လုပ္ႏိုင္ေသးသလားကြယ္ ………။ ဟို ႏွစ္ေယာက္ကလည္း အေမရိကန္ႏိုင္ငံရဲ့ National Sex Symbol ၿဖစ္တဲ့ ကမၻာေက်ာ္မင္းသမီးကို ၾကိဳက္တာတက႑…..။ သူတုိ့မွာက မယားၾကီး ငုတ္တုတ္ ၊ သားသမီးေတြနဲ့ ။ ႏိုင္ငံေရးနယ္ပယ္မွာ ႏွစ္ေယာက္စလံုး သစၥာရွိတဲ့ လင္ေယာက်္ား ၊ စံၿပဖခင္ေတြအၿဖစ္ ဂုဏ္သေရ ရွိေနၾကတာတဲ့ …………။ ဟင္ ……။
************************************************

၁၉၆၂ ၾသဂုတ္လ ( ၅ ) ရက္ေန့မနက္မွာ မြန္ရိုးရဲ့ အသက္မဲ့ေနတဲ့ ခႏၵာကိုယ္ကို သူ့အိပ္ခန္းထဲမွာ အိမ္ေဖာ္လုပ္သူက ေတြ့ခဲ့ပါတယ္ ။ သက္ဆိုင္ရာက စစ္ေဆးခ်က္အရ barbiturate လုိ့ ေခၚတဲ့ စိတ္ၿငိမ္ေဆးတစ္မ်ိဳး အေသာက္လြန္ၿပီး ေသတယ္ ၊ မိမိကိုယ္ကိုယ္သတ္ေသတာ ၿဖစ္ႏိုင္တယ္လုိ့ ဆိုၿပီး ( တုိတုိေၿပာရရင္ ) ရဲက အမွဳကို ပိတ္လုိက္ပါတယ္ ။ ဒါေပမယ့္ မ်က္ၿမင္သက္ေသေတြရဲ့ ထြက္ဆိုမွဳ ၊ မွဳခင္းရဲေတြရဲ့ စစ္ေဆးခ်က္ေတြနဲ့ မြန္ရိုးေသၿပီး အႏွစ္ ( ၂၀ ) ေက်ာ္အၾကာမွာ ၿပန္လုပ္တဲ့ စစ္ေဆးခ်က္ေတြအရ အသတ္ခံရတာ ၿဖစ္ႏိုင္တယ္ ဆိုတဲ့ သံသယဟာ ဘယ္ေတာ့ မွ ေပ်ာက္မသြားခဲ့ပါ ။ မြန္ရိုးဘယ္လုိေသတာလဲ ၊ ဘာေၾကာင့္လဲ စတဲ့ သီအိုရီမ်ားစြာဟာ ယေန့ထိ ရွိေနဆဲ ။ အဲဒီသီအိုရီမ်ားစြာမွာ သတ္ေသၿခင္း ၊ မေတာ္တဆ ေဆးအေသာက္လြန္ၿခင္း ေတြအၿပင္ အေမရိကန္သမၼတနဲ့ ပတ္သက္မိလုိ့ ႏွဳတ္ပိတ္ခံရတာ ဆိုတဲ့ ခန့္မွန္းခ်က္ကေတာ့ အေတာ္ ေဟာ့ပါတယ္ ။
မၾကာေသးခင္တုန္းက အသက္၇၈ႏွစ္႐ွိ CIA Agent အၿငိမ္းစားေနာ္မန္ေဟာ့ခ်္က မာရီလင္မြန္႐ုိး ကိုသူသတ္ခဲ့ေၾကာင္းဝန္ခံေျပာၾကားတယ္ဆုိတဲ့ ေကာလဟာလသတင္းေတြထြက္ခဲ့ဖူးပါေသးတယ္။
VIDEO



ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ မာရီလင်မွန်ရိုး ဆိုသော သူမအကြောင်း (unicode)
မာရီလင် မွန်ရိုး ဘဝနိဂုံးမှ ရွှေရတုတိုင်
ယခု တင်ပေးမယ့်အကြောင်းကတော့ ၁၉ ရာစု ၂ဝရာစု ၂၁ ရာစု ကျော်ကြားသူ တစ်ရာမှာ ထိပ်ဆုံးက ရပ်တည်တဲ့ မာရီလင်မွန်ရိုးအကြောင်းပဲဖြစ်ပါတယ်။ (ဒုတိယက အေဘရာဟင်လင်ကွန်း၊ တတိယပုဂ္ဂိုလ်က မာသာထရီဇာ တို့ဖြစ်သည်။)
မာရီလင် မွန်ရိုးဟာ မိတ်ဆက်စရာမလိုတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ရုပ်ရှင်ပညာရှင်တွေ ၊ ဝေဖန်သူတွေများစွာပါဝင် ဆုံးဖြတ်တဲ့ American Film Institute ရဲ့ ရွေးချယ်မှုအရ မွန်ရိုးဟာ အမေရိကန်ရုပ်ရှင်သမိုင်း မှာ အအောင်မြင် အကျော်ကြားဆုံး အမျိုးသမီး သရုပ်ဆောင် အယောက် ( ၅၀ ) မှာ နံပါတ် ( ၆ ) နေရာမှာ ပါဝင်ပါတယ် ။ ထင်ပေါ်ကျော်ကြားသလောက် သူ့ရဲ့ တိုတောင်းတဲ့ ဘဝဟာ အဖုအထစ်များပြီး ပြသာနာပေါင်းစုံခဲ့တယ်။ အသက် ( ၃၆ ) နှစ်မှာ စောစောစီးစီးကြွေလွင့်ခဲ့တဲ့ ဟောလိဝုဒ်က ကမ္ဘာကျော်မင်းသမီး မွန်းရိုးဟာ ငယ်ဘဝက သေတဲ့အထိ ဝိရောဒိတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝတစ်ခုကို နေခဲ့သူပါ ။ အခု ၂၀၁၂ ဩဂုတ်လ ( ၅ ) ရက်နေ့ဆို မာရီလင် မွန်ရိုးသေတာ အနှစ် ( ၅၀ ) ပြည့်ခဲ့ပါပြီ ။ ဒါပေမယ့် အချိန်မတိုင်မီ ကြွေလွင့်ခဲတဲ့ အဲဒီ မင်းသမီးချောဟာ ခုချိန်ထိ သူ့အနုပညာနဲ့ရော ၊ အံဩမှင်သက်စရာဇာတ်လမ်းတွေပြည့်နေတဲ့ သူ့ရဲ့ ဘဝနဲ့ပါ ပရိသတ်ကို ဆွဲဆောင်နေဆဲပါ ။
အမည်ရင်း ……………….Norma Jeane Mortenson
အနုပညာနာမည် ……………….Marilyn Monroe
မွေးရပ်မြေ …………. …..Los Angeles, California , U.S.A
မွေးနေ့ ………………June 1 , 1926
သေဆုံးတဲ့နေ့……………….August 5 ,1962 ( အသက် ၃၆ နှစ် )
အလုပ်အကိုင် ……………….Actress, model, singer, film producer
ထင်ရှားတဲ့ ရုပ်ရှင်များထဲမှတချို့ …….Niagara, Gentlemen Prefer Blondes, River of No Return, The Seven Year Itch,
Some Like It Hot, The Misfits
အိမ်ထောင်ဖက်များ ……………..James Dougherty (married in 1942 – divorced in 1946)
Joe DiMaggio (married in 1954 – divorced in 1954)
Arthur Miller (married in 1956 – divorced in 1961)
မွန်ရိုးရဲ့ ဘဝဇာတ်ကြောင်းကို တစေ့တစောင်း လေ့လာဖို့ဆိုရင် သူ့အမေ Gladys အကြောင်းကို ချန်ထားလို့မရပါဘူး ။ Gladys ရဲ့ မျိုးရိုးမှာ Schizophrenia လို့ခေါ်တဲ့ မျိုးရိုးလိုက်တတ်တဲ့စိတ်ရောဂါပါပြီး Gladys ရဲ့ အမေရော အဖွားပါ အဲဒီစိတ်ရောဂါကို ခံစားခဲ့ရတယ်လို့ ဆိုတယ် ။ Gladys ဟာ မွန်ရိုးကို ကိုယ်ဝန်ရှိချိန်မှာ ယောက်ျား ( ၂ ) ယောက်နဲ့ တရားဝင်ကွာရှင်းပြီးသွားပြီး ကလေး ( ၂ ) ယောက် ရနေခဲ့ပြီးပါပြီ ။ တတိယကိုယ်ဝန်ဖြစ်တဲ့ မွန်ရိုးရဲ့ အဖေဟာ ဘယ်သူဆိုတာတော့ ခုထိ ဝိုးတိုးဝါးတာ ပါဘဲ ။ မွန်ရိုးရဲ့ မွေးစာရင်းပေါ်က အဖေနာမည်က Gladys ရဲ့ ကွာရှင်းပြီးသား ဒုတိယယောက်ျားနာမည်ပေမယ့် မွန်ရိုးကတော့ အဲဒါကို တသက်လုံး လက်မခံသွားပါဘူး ။ သူ့အဖေဟာ Gladys နဲ့ အလုပ်တွဲလုပ်ဖူးတဲ့ Stanley Gifford ဆိုသူပါတဲ့ ။ အမေက သူ့ကို ပြခဲ့တဲ့ အဖေရဲ့ ပုံဟာ Gifford ပုံလို့သာ တွင်တွင်ပြောခဲ့တယ် ။ ဒီလို စကတည်းက ယဉ်သကိုး ဆိုတဲ့ ဇာတ်လမ်းမှာ ဘုမသိဘမသိ မွေးဖွားလာရသူ မွန်ရိုးဟာ လူ့လောကထဲ ရောက်ပြီး သိပ်မကြာခင်မှာဘဲ ယာယီမွေးစားမိဘ foster parents တွေဆီကို ရောက်သွားပါတော့တယ် ။
foster parents ဆိုတာက အမေရိကန်၊ အင်္ဂလန်စတဲ့ နိုင်ငံတွေမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေ သို့မဟုတ် ကိုယ်အင်္ဂါချွတ်ယွင်းပြီး စောင့်ရှောက်မယ့်သူမရှိတဲ့ လူတွေကို စောင့်ရှောက်ပေးတဲ့အစိုးရလက်မှတ်ရထားတဲ့ စောင့်ရှောက်သူ caregiver တွေပါ ။ foster parents တွေကို အစိုးရကလစာပေးပြီး အဲဒီလို စောင့်ရှောက်မှုကိုတော့ foster care လို့ ခေါ်တယ် ။ စောင့်ရှောက်ခံရသူကိုတော့ward of the state လို့ ခေါ်ပါသတဲ့ ။ တကယ်တော့ အဲဒီ foster care နဲ့ စောင့်ရှောက်ခံရတဲ့ ကလေးတွေမှာ သူများထက်ပိုပြီး ကိုယ့်ကိုယ်ကို သတ်သေမှု များတယ် ၊ ပညာရေး မျှော်လင့်ချက်နည်းတယ် ၊ အဓိကပြသာနာတွေထဲက တခုကတော့ ကလေးတွေကို မတရား အခွင့်အရေးယူ ခိုင်းစားတဲ့ child abuse ပါဘဲ ။
John Hopkins University က လုပ်တဲ့ စစ်တမ်းတခုအရ လိင်ပိုင်းဆိုင်ရာ sexual abuse လုပ်ခြင်းခံရတဲ့ foster children တွေဟာ သာမန်ထက် လေးဆ များသတဲ့ ။ ဆက်ပြောရရင် စိတ်မမှန်တဲ့ အမေရဲ့ သမီး မွန်ရိုးဟာ မွေးပြီး သိပ်မကြာခင်မှာဘဲ ward of the state အဖြစ်သတ်မှတ်ခြင်းခံရပြီး ဆယ်ကျော်သက်ဘဝထိနေခဲ့ရတဲ့ foster home ပေါင်း ( ၁၁ ) အိမ်တိတိ ရှိပါသတဲ့ ။ အဲဒီမွေးစားအိမ်တွေမှာ ကြုံဆုံခဲ့ရတဲ့ စိတ်မချမ်းမြေ့ဖွယ် အဖြစ်တွေဟာ မွန်ရိုးရဲ့ ကြီးစဉ်ဘဝကိုများစွာ လွှမ်းမိုးမှု ရှိတယ် လို့ စိတ်ပညာရှင်တွေက ဆိုပါတယ် ။ လှပပြီး ချစ်စရာကောင်းတဲ့ သူ့ကို တရားဝင် အပြီးအပိုင် မွေးစားချင်သူတွေရှိပေမယ့် အမေရင်း Gladys က လက်မှတ်မထိုးတာကြောင့် foster home တွေမှာဘဲ အဆင်ပြေသလို သောင်တင်ခဲ့တယ် ။ အဲဒီအိမ်တွေက ”မွေး” ပြီး ” စား” ချင်တဲ့ foster fatherတွေ foster brother တွေရဲ့ sexually assault လုပ်မှုတွေကလည်း အလယ်တန်းကျောင်းသူ မွန်ရိုးကို စိတ်ဒဏ်ရာပေးခဲ့တဲ့ အဓိက အကြောင်းရင်းတစ်ခုလို့ ဆိုတယ် ။ Gladys ရဲ့ မထင်ရင် မထင်သလို လာလာပြီး အတင်းခေါ်ယူနှောက်ယှက်ခြင်းတွေကလည်း သူနဲ့ မွေးစားအိမ်များကြားမှာ အဆင်မပြေမှုတစ်ခု ဖြစ်ခဲ့တယ် ။ မွန်ရိုး အသက် ( ၁၅ ) နှစ်မှာဘဲ ( ၂၁ ) နှစ် အရွယ် Jim ဆိုသူနဲ့ အိမ်ထောင်ကျပါတယ် ။ တကယ်တော့ ပေးစားလို့ ယူလိုက်တဲ့သဘောပါဘဲ ။ သူ့ရဲ့ မွေးစားအမေတစ်ယောက်က မွန်ရိုး ဘဝတည်တည်ငြိမ်ငြိမ်ဖြစ်သွားအောင် အိမ်နီးနားချင်းတစ်ယောက်ရဲ့ သားဖြစ်သူ နဲ့ နားဖောက်ခဲ့တာပါ ။
ဒါပေမယ့် မွန်ရိုးနဲ့ Jim တို့ အိမ်ထောင်သက်တမ်း ( ၁ ) နှစ်လောက်မှာ Jim ဟာ ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းဖို့ လိုက်သွားခဲ့တယ် ။ မွန်ရိုးဟာ တစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန်မှာ လေယာဉ်စက်ရုံတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့တယ် ။ လေယာဉ်အစိတ်အပိုင်းတွေကို မီးလောင်မှု ခံနိုင်စေတဲ့ ဆေးတွေ ဖျန်းရပြီး စစ်သားတွေဆီကို ပို့မယ့် လေထီးတွေကို စစ်ဆေးရတဲ့ အလုပ်ပါ ။ ဒီအလုပ်ဟာ သူ့ရဲ့ အထီးကျန်ဆန်မှုကို မသက်သာစေဘဲ မွန်ရိုးဟာ အဲဒီအချိန်တွေကတည်းက အရက်ကို မကြာခဏ အဖော်ပြုခဲ့တယ် လို့ ဆိုတယ် ။ ဒါပေမယ့် အဲဒီအလုပ်ကဘဲ သူ့ကို ကမ္ဘာကျော်မင်းသမီးဖြစ်မယ့် လမ်းစပေါ်တင်ပေးခဲ့ပါတယ် ။ အကြောင်းကတော့ ” စစ်ကြီးကို တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ အမျိုးသမီးများ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဓါတ်ပုံရိုက်ဖို့ ဆိုပြီး အမေရိကန်လေတပ်က ဓါတ်ပုံဆရာ Conover ဟာ မွန်ရိုးတို့ စက်ရုံကို ရောက်လာခဲ့တယ် ။ အမေရိကန်စစ်သားတွေ စိတ်ဓါတ်တက်ကြွစေဖို့၊ အမျိုးသမီးများကလည်း စစ်ကို ကူညီနေကြောင်း သိအောင် ရည်ရွယ်ပြီး ရိုက်တာပါ ။ တိုတိုပြောရရင်တော့ သူဟာ မွန်ရိုးရဲ့ အလှကို မျက်စိကျသွားပြီး တစ်ပတ် ၅ ဒေါ်လာနှုန်းနဲ့ မော်ဒယ်လုပ်ခိုင်းခဲ့တယ် ။ အဲဒိကနေတဆင့် Blue Book ဆိုတဲ့ မော်ဒယ် အေဂျင်စီနဲ့ မွန်ရိုးကို ဆက်သွယ်ပေးခဲ့တယ် ။
တစ်နှစ်အတွင်းမှာ မွန်ရိုးဟာ Blue Book ရဲ့ အအောင်မြင်ဆုံး မော်ဒယ်များထဲက တစ်ယောက်ဖြစ်လာပြီး မဂ္ဂဇင်း ၃၃ ခုမှာ မျက်နှာဖုံး ဖြစ်လာခဲ့တယ် ။ ဒီအတောအတွင်းမှာတော့ သူနဲ့ Jim တို့ရဲ့ အိမ်ထောင်ရေး ယိုယွင်းလာပြီး မော်ဒယ်မွန်ရိုးတစ်ယောက် ကိုကိုမောင်မောင်အသစ်တွေနဲ့ တွေ့ခဲ့တယ် ဆိုတယ် ။ ၁၉၄၆ မှာတော့ မွန်ရိုးနဲ့ Jim တို့ အိမ်ထောင်ရေး နိဂုံးချုပ်သွားခဲ့ပါတော့တယ် ။
ဒါပေမယ့် သူဟာ ရုပ်ရှင်ဘက်မှာ ရုတ်ချည်း အောင်မြင်ခဲ့တာတော့ မဟုတ်ပါဘူး ။ ( ၁၉၄၈ ) ကနေ ( ၁၉၅၁ ) ထိ သုံးနှစ်တာကာလဟာ ရုပ်ရှင်လောကထဲ ဝင်စ မွန်ရိုးအဖို့ ရုန်ကန်ခဲ့ရတဲ့ နှစ်များပါဘဲ ။ ရုပ်ရှင်ကုမ္ပဏီတွေနဲ့ လပိုင်းလောက်ချုပ်တဲ့ စာချုပ်တွေပြည့်တိုင်း မွန်ရိုးဟာ အလုပ်လက်မဲ့နဲ့ ဘိုင်ပြတ်နေတတ်တယ် ။ သူဟာ 20 th Century Fox ဆိုတဲ့ နာမည်ကြီး ရုပ်ရှင်ကုပဏီ တစ်ခုနဲ့ ( ၆) လစာချုပ် ချုပ်ရင် ကုပဏီက သူ့နာမည်ရင်း Norma Jeane Mortenson ဆိုတာ တုံးလွန်းတယ် ဆိုရာက Marilyn Monroe ဆိုတဲ့ နာမည်ရခဲ့တာပါ ။ သူ့ကို ကူညီတဲ့ ကုပဏီလူကြီးက သူဟာ ( ၁၉၂၀ ) နဲ့ ( ၁၉၃၀ ) ကြားကာလမှာ အရမ်းနာမည်ကြီးခဲ့တဲ့ မင်းသမီး Marilyn Miller နဲ့ တူတယ် ဆိုပြီး Marilyn ဆိုတဲ့ နာမည်ကို အကြံပြုခဲ့တယ် ၊ ဒါကို မွန်ရိုးက သူ့အမေ Gladys Monroe ရဲ့ နာမည် Monroe ဆိုတာကို နောက်ကထည့်လိုက်တာကြောင့် Marilyn Monroe ဆိုပြီး ဖြစ်လာတာပါ ။ ဒီ နာမည်က ခေါ်ရတာ အဆင်ချောပြီး ဆွဲဆောင်မှုရှိတဲ့ အပြင် M နှစ်လုံးနဲ့ မို့ ကံကောင်းခြင်းသဘောဆောင်တယ် ဆိုပြီး ကုပဏီလူကြီးက ကျေနပ်သွားပါသတဲ့ ။ ( ငါတို့ဘဲ အယူသည်းသလား အောက်မေ့တယ် ၊ ထူးမခြားနားပါလား )
တစ်ခါတော့ သူဟာ ဘိုင်ပြတ်လွန်းလို့ မော်ဒယ်အလုပ်ကို ပြန်လုပ်ရင်း ဓါတ်ပုံဆရာတစ်ယောက်အတွက် အဝတ်မပါ ဗလာကျင်းပြီး မော်ဒယ်လုပ်ပေးမိခဲ့သတဲ့ ။ နီရဲနေတဲ့ ပိုးသားပေါ်မှာ ဝတ်လစ်စလစ်နဲ့ လဲလျောင်းပြီး ဓါတ်ပုံပေါင်းများစွာ အရိုက်ခံလို့ရခဲ့တဲ့ ပိုက်ဆံက ဒေါ်လာ ( ၅၀ ) ပါ ။ အဲဒီ တစ်ခါကလေး ဗလာကျင်းပြီး ရိုက်မိတဲ့ ဓါတ်ပုံတွေဟာ နောက် ( ၃ ) နှစ်အကြာ သူအောင်မြင်ချိန်မှာ ဒုက္ခပေးဖို့ ထွက်လာခဲ့တယ် ။ အကြောင်းကတော့ အဲဒီ ပုံတွေနဲ့ ကလင်ဒါတစ်ခု ထွက်လာပြီး မီဒီယာက အဲဒီ ကလင်ဒါပေါ်က ဗလာကျင်းနေတဲ့ မိန်းကလေးဟာ မာရီလင် မွန်ရိုးနဲ့ တူတယ် ဆိုပြီး ဇစ်မြစ်ကို လိုက်ပါတော့တယ် ။
ဒီတော့ မွန်ရိုးဟာ မထူးတဲ့အဆုံး အင်တာဗျူးတစ်ခု အမြန်ပေးပြီး အဲဒီမိန်းကလေးဟာ သူပါဘဲ ဆိုပြီး ဖြောင့်ချက်ပေးလိုက်သတဲ့ ။ ဘိုင်ကျလွန်းလို့ ဘဝရပ်တည်ရေးအတွက် အဲဒီတစ်ကြိမ်ဘဲ အဲဒီလို ရိုက်မိတာပါ လို့ သနားစဖွယ် ပြောတော့ ပိတ်သတ်ကြီးလည်း ဟတ်ထိကုန်ပြီး မကဲ့ရဲ့ မရှုံ့ချတဲ့ အပြင် အသနားတောင် ပိုသွားပါသတဲ့ ။ ဘယ်လိုဘဲ ကြော်ငြာကြော်ငြာ ( မကြော်ငြာတာထက်စာရင် )ကောင်းတယ် Any publicity is good publicity ဆိုတဲ့ စကားပုံဆိုးကြီးက မွန်ရိုးနဲ့ကျမှ ကွင်းခနဲ ဖြစ်သွားသတဲ့……….အဓ္ဓိပါယ်ကို ပြောပါတယ် ။
မွန်ရိုးကြိုးစားစဉ်ကာလ ၁၉၄၈ က ၅၁ အတွင်း ရိုက်ခဲ့တဲ့ ကားတွေထဲက တစ်ချို့ကို ပြောရရင် Love Happy ၊ The Asphalt Jungle ၊ All about Eve ၊ Home Town Story စတာတွေပါဘဲ ။ ဒီကားတွေကို ရိုက်ရင် နာမည်ကြီးလာတဲ့ မွန်ရိုးဟာ အထင်ကရ ရုပ်ရှင်ထုတ်လုပ်ရေး 20 th Century Fox နဲ့ ( ၇ ) နှစ်စာချုပ် ချုပ်နိုင်ခဲ့တယ် ။ 1952 နောက်ပိုင်းမှာတော့ သူဟာ အမေရိကန်မှာ လူတိုင်းသိတဲ့ မင်းသမီးဖြစ်နေပါပြီ ။ အဲဒီနောက်ပိုင်း သူရိုက်ခဲ့တဲ့ ကားတွေထဲမှာ ထင်ရှားတာတွေက We’re not married ၊ Don’t bother to knock ၊ Monkey Business ၊ Niagara ၊ Gentlemen prefer blondes ၊ The Seven Year Itch ၊ River of no return ၊ Bus Stop ၊ How to marry a Millionaire ၊ There is no business like Show Business စတာတွေပါဘဲ ။
ဒီရုပ်ရှင်တွေနဲ့ အတူ မွန်ရိုးဟာ ပုရိသတို့ အာရုံကို သိမ်းကျုံးယူနိုင်တဲ့ sex symbol ဖြစ်လာပါတယ် ။ညှို့အားကောင်းတဲ့ အကြည့် ၊ ဖူးငုံပြီး ပွင့်အာမလို ဖြစ်နေတဲ့ နှုတ်ခမ်းရဲရဲ ၊ ရွှေရောင် ဆံနွယ်ကွေးကွေးတွေဟာသူ့ရဲ့ trade marks တွေ ဖြစ်လာခဲ့တယ် ။ 1954 နောက်ပိုင်း ၃ နှစ်ဟာ မွန်ရိုးရဲ့ အနုပညာ အအောင်မြင်ဆုံး ကာလ၊ ကမ္ဘာက သိလာတဲ့ ကာလ ပါဘဲ ။ အမေရိကန်ရဲ့ ကြေးအကြီးဆုံးမင်းသမီးတွေထဲမှာ ပါလာသခဲ့တယ် ။အကယ်ဒမီဆုမရခဲ့ပေမယ့် ရုပ်ရှင်နဲ့ တီဗီမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်သူများရတဲ့ Golden Globe ကမ္ဘာလုံးဆုကို ရခဲ့သလို အီတလီနိုင်ငံရဲ့ ရုပ်ရှင်ဆုဖြစ်တဲ့ David di Donatello ဆုကိုလည်း ရခဲ့ပါတယ် ။
တဖက်က အောင်မြင်လာတဲ့ မွန်ရိုးဟာ တခြားတဖက်မှာတော့ အချစ်ရေး အိမ်ထောင်ရေး တည်ငြိမ်တဲ့ အဆင့်ကို မရောက်ခဲ့ပါဘူး ။ Jim နဲ့ ၁၉၄၆ မှာ ကွာရှင်းပြီးနောက် များစွာသော ပုရိသများနဲ့ တွေ့ခဲ့တယ် ။ တိုးတောင်းတဲ့ ဇာတ်လမ်းကလေးတွေ သာမန်ထက်ပိုတဲ့ ပတ်သက်မှုတွေ ဖြစ်ခဲ့ပေမယ့် ကွာရှင်းပြီး နောက်ထပ် ( ၈ ) နှစ်လောက် တရားဝင်အိမ်ထောင်ပြုခြင်း မရှိခဲ့ပါဘူး ။ သူဟာ အရည်အချင်းရှိ ၊ ဇွဲကောင်းပြီး ပါရမီပါတဲ့ အနုပညာရှင်တစ်ယောက်လို့ သတ်မှတ်ခြင်းခံရပေမယ့် တဖက်ကလည်း စိတ်မတည်ငြိမ်သူ ၊ အလုပ်ကို သည်းမခံနိုင်လောက်အောင် နောက်ကျတတ်သူ ၊ စိတ်အပြောင်းအလဲ မြန်သူ အဖြစ်လည်း နာမည်ကြီးပါတယ် ။ သူ့ရဲ့ ငယ်ဘ၀ စိတ်ဒဏ်ရာတွေဘဲလား ၊ မျိုးရိုးလိုက်တတ်တဲ့ စိတ်ဂယောက်ဂယက်ရောဂါကဘဲ လက္ခဏာတွေ ပြချင်နေတာလားမသိ ၊ သူနဲ့ ရိုက်တဲ့ ဒါရိုက်တာတွေ ရုပ်ရှင်မင်းသားတွေဟာ မွန်ရိုးကို အတော်လက်လံပါသတဲ့ ၊ ဒါရိုက်တာတစ်ယောက်က ဆိုတယ် ၊ ” မွန်ရိုးရဲ့ စိတ်ဟာ ခန့်မှန်းရအင်မတန်ခက်ပါတယ် ၊ ကျနော်တို့ဟာ သူနဲ့ မတွေရခင် ဒီနေ့ ဘယ်လို နေ့မျိုး ကြုံရမယ်ဆိုတာ ရင်တထိတ်ထိတ်နဲ့ပါဘဲ ” တဲ့ ။
ပရိသတ်ကတော့ မွန်ရိုးရဲ့ အလှ အညု အနုပညာတွေမှာ နစ်မျောရုံမက သူ့ရဲ့ သနားစဖွယ် ငယ်ဘဝကိုလည်း ဂရုဏာသက်ကြပါတယ် ။ ၁၉၅၂ ခုနှစ်ထုတ် True Experiences ဆိုတဲ့ မဂ္ဂဇင်းမျက်နှာဖုံးက ပြုံးနေတဲ့ မွန်ရိုးရဲ့ ချစ်စဖွယ်မျက်နှာနဲ့ပါ ။ သူ့မျက်နှာဘေးမှာ ရေးထားတာက ” ကျမ ပျော်နေတဲ့ပုံပေါက်ပါသလား ။ အင်းလေ ….ဒီလိုဘဲ ဖြစ်သင့်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ ကျမဟာ ငယ်ငယ်တုန်းက ဘယ်သူမှ မလိုချင်တဲ့ ကလေးတစ်ယောက်ပါ ။ ရည်မှန်းချက် အိပ်မက်တစ်ခုနဲ့ မိန်းကလေးတစ်ယောက်ဆိုပါတော့ ။ အဲဒီမိန်းကလေးဟာ သူ့အိပ်မက် အကောင်အထည်ပေါ်တာကို မြင်ခဲ့ရပြီလေ ။ ကျမနာမည် မာရီလင် မွန်ရိုးပါ ။ ကျမရဲ့ စင်ဒရဲလား ဆန်ဆန် ဇာတ်လမ်းလေးကို ဖတ်ကြပါရှင် ” တဲ့ ။ ဒီလို ဇာတ်လမ်းလေးတွေနဲ့လည်း မွန်ရိုးဟာ ပရိသတ်ရဲ့ အချစ်ကို ရခဲ့ပါတယ် ။
အဲဒီ ၁၉၅၂ မှာဘဲ သူဟာ သူ့ရဲ့ ဒုတိယအိမ်ထောင်ဖြစ်လာမယ့် ကမ္ဘာကျော် ဘေ့စ်ဘောသမား Joe diMaggio နဲ့ တွေ့တာပါ ။ Joe နဲ့လည်း တွဲရင်း ဟိုလူနဲ့ဘဲ ယူတော့မလိုလို ဒီလူနဲ့ဘဲ ယူတော့မလိုလို တိုင်ပတ်နေခဲ့ပါသေးတယ် ။ ဒါပေမယ့် ၂ နှစ်လောက် ဇွဲကောင်းကောင်းနဲ့ ပိုးပန်းပြီနောက် ( ၁၉၅၄ ) မှာ Joe ဟာ မွန်ရိုးကို တရားဝင်လက်ထပ်ခွင့်ရခဲ့တယ် ။ ( ၉ ) လအကြာမှာတော့ တရားဝင် ကွဲပါတယ် ။၊ Joe က စိတ်ပျက်စရာကောင်းအောင် သဝန်တိုအချစ်ကြီးသလို မွန်ရိုးကလည်း စိတ်ပျက်စရာကောင်းလောက်အောင် စိတ်မတည်ငြိမ်သူ ၊ ဒီလိုနဲ့ ဟန်နီးမွန်းကာလမှာတင် ကွိုင်ကြပါတယ် ။ အကြောင်းကတော့ ဂျပန်ကို ဟန်နီးမွန်းထွက်ရင်း မွန်ရိုးက ကိုးရီးယားကိုသွားပြီး အမေရိကန်စစ်သား ၁၃၀၀၀ ကျော်ကို သုံးရက်တိတိ ဖျော်ဖြေတဲ့အတွက် Joe နဲ့ ရန်ဖြစ်တာတဲ့ ။ ( ဒါပေမယ့် Joe ဟာ မွန်ရိုးကို အတော် ချစ်ခဲ့သူလို့ ထင်ပါတယ် ။ မွန်ရိုးသေတော့ ဇာပနကို Joe က တာဝန်ယူစီမံပေးခဲ့ပြီး သေပြီး နောက်ထပ် အနှစ် ( ၂၀ ) ကြာတဲ့ အထိ မွန်ရိုး အုတ်ဂူမှာ နှင်းဆီပန်းတွေ မပြတ်အောင် ပို့ပေးတာ Joe ပါဘဲ )
( ၁၉၅၄ ) မှာ မွန်ရိုးဟာ (၇) နှစ်တာ တမ်းတမွတ်သိပ်ခြင်း The Seven Year Itch ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုကို နယူးယော့မှာ ရိုက်ခဲ့တယ် ။ မြေအောက်ရထား ဖြတ်သွားတဲ့ လေအရှိန်နဲ့ စကတ်လေမှာ ဝဲသွားပုံဟာ နောက်ပိုင်းမှာ Pop Culture ရဲ့ နာမည်ကြီးပုံတစ်ခု ဖြစ်လာခဲ့တယ် ။ ဒါရိုက်တာ Billy Wilder ဟာ အဲဒီအခန်းကို စိတ်တိုင်းကျတဲ့ အထိ အကြိမ်ကြိမ်ကြိမ် ပြန်ရိုက်ခိုင်းခဲ့တယ် ။
ဧရာမ လူအုပ်ကြီးက အမေရိကန်ရဲ့ National Sex Symbol လို့ သတ်မှတ်ခြင်းခံရတဲ့ မာရီလင်မွန်ရိုးရဲ့ စကတ်လန်ခန်းကို ရိုးတိုးရွတ ကြည့်နေချိန် ရိုက်ကွင်းမှာ မွန်ရိုးရဲ့ ချစ်လင် Joe လည်း ရှိနေလေရဲ့ ။ အလွန်သဝန်တိုတဲ့ Joe တစ်ယောက် အဲဒီအခန်းကို တစိမ့်စိမ့်ကြည့်ရင်း မကြည်နူးနိုင်ဘဲ ဒေါသတွေသာ တလိပ်လိပ် ထွက်နေမယ် ဆိုတာ ပြောဖို့တောင် မလို ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လူရှေ့သူရှေ့မှာ လင်မယားနှစ်ယောက် စကားအကြီးအကျယ်များပြီး သိပ်မကြာခင် မွန်ရိုးက Joe နဲ့ သူဇာတ်လမ်းပြတ်ပြီလို့ ကြေငြာခဲ့တယ် ။ ( ၁၉၅၄ ) ဇန်နဝါရီက လက်ထပ်ခဲ့တဲ့ အိမ်ထောင်ရေးဟာ အဲဒီနှစ် နိုဝင်ဘာမှာဘဲ တရားဝင် တစ်စခန်း ရပ်သွားပါတော့တယ် ။
The Seven Year Itch ဟာ အရမ်းအောင်မြင်ပြီး မွန်ရိုးရဲ့ အောင်မြင်မှုဟာ အထွတ်အထိပ်ကို ရောက်လာပါတယ် ။ အဲဒီရုပ်ရှင်ဟာ ဒေါ်လာ ရှစ်သန်းဝင်ငွေရှိခဲ့ပြီး အဲဒီပမာဏဟာ ၁၉၅၅ ခုနှစ် ငွေကြေးတန်ဖိုးနဲ့ဆို မနည်းတဲ့ ရုပ်ရှင်ဝင်ငွေဖြစ်ပါတယ် ။ မွန်ရိုးရဲ့ သရုပ်ဆောင်မှုဟာ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကို ခံရပြီး ရုပ်ရှင်လောကက သူ့အရှိန်အဝါကို ပိုကြီးသွားစေခဲ့တယ် ။ အရင်က အလုပ်နောက်ကျမှု ၊ ပျက်ကွက်မှုတွေကြောင့် 20 th Century Fox ရုပ်ရှင်ကုပဏီက သူ့နဲ့ အလုပ်လုပ်ဖို့ ရွှေ့ဆိုင်းထားခဲ့တာ အခုတော့ သူ့ကို ပြန်ပြီး သုံးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။ မွန်ရိုးဟာ 20 th Century Fox နဲ့ (၇) နှစ်အတွင်း ရုပ်ရှင် ( ၄ ) ကား ရိုက်ဖို့ စာချုပ်ချုပ်ခဲ့ပြီး တခြားကုမဏီတွေအတွက်လည်း ရိုက်ပေးလို့ရတဲ့ အခွင့်အရေးရခဲ့တယ် ။ ဒါတင်မက သူက သဘောမကျရင် ဇာတ်ညွှန်း ၊ ဒါရိုက်တာ ၊ ရိုက်ကွင်းတာဝန်ခံ တို့ကိုလည်း ငြင်းပိုင်ခွင့်ရခဲ့တယ် ။ သူတည်ထောင်တဲ့ Marilyn Monroe Productions ဟာလည်း သူ့ရုပ်ရှင်တိုင်းက ဒေါ်လာငွေ တစ်သိန်းစီးရတဲ့အပြင် အဲဒီရုပ်ရှင်တွေရဲ့ အမြတ်ငွေကို အချိုးကျ ခံစားခွင့်ရခဲ့တယ် ။
၁၉၅၅ မှာ မွန်ရိုးဟာ သူ့ရဲ့ တတိယယောက်ျားဖြစ်လာမယ့် နာမည်ကြီး ဇာတ်ညွှန်းရေးဆရာ Arthur Miller နဲ့ ဆုံဆည်းခဲ့တယ် ။ မွန်ရိုးရဲ့ နောက်ဆုံး ( ပြီးဆုံးတဲ့ အထိ ရိုက်ခဲ့တဲ့ နောက်ဆုံး ) ရုပ်ရှင် The Misfits ကို Miller က ဇာတ်ညွှန်းရေးပေးခဲ့တာပါ ။ The Misfits ကို စရိုက်တဲ့ ၁၉၆၀ မှာ မွန်ရိုးရဲ့ ကျန်းမာရေး ပိုယိုယွင်းလာခဲ့တယ် ။ အိပ်မပျော်တဲ့ ရောဂါနဲ့ တပါတည်း စိတ်ကျရောဂါပါ ခံစားလာရတာကြောင့် အိပ်ဆေးအလွန်အကျွံသုံးစွဲလာတာဟာ တဖြည်းဖြည်းနဲ့ ပိုလို့သာ ဆိုးလာခဲ့တယ် ။ ဒါကြောင့် သူဟာ စိတ်ရောဂါကုဆရာဝန်နဲ့ ပြရတဲ့ အဆင့်ကို ရောက်လာပါတော့တယ် ။ ဆရာဝန်က သူ့ရဲ့ ဆေးသုံးမှုအတိုင်းအတာကို ကြည့်ပြီး အတော်လန့်သွားသတဲ့ ။
ဒါပေမယ့် မွန်ရိုးဟာ အဲဒီနောက်မှာလည်း ဆေးပြတ်ဖို့ ဆရာဝန်ညွှန်ကြားချက်တွေကို အတိအကျ မလိုက်နာလို့ လူမသိသူမသိ ဆေးရုံရောက်ရတဲ့ အကြိမ်တွေလည်း ရှိခဲ့တယ် ။ ရင်းနှီးသူတချို့ကတော့ မွန်ရိုးဟာ သေလောက်အောင် စိတ်ဒဏ်ရာ ရထားသူ ၊ ထင်တာထက် ပိုပြီး စိတ်ဝေဒနာ ခံစားနေရသူ လို့ ဆိုတယ် ။ သူနဲ့ Miller တို့ရဲ့ အိမ်ထောင်ရေး အက်ကြောင်းလည်း ပိုကြီးလာခဲ့တယ် ။ လူရှေ့သူရှေ့ ရန်ပွဲတွေ အကြိမ်စိပ်လာပါတယ် ။ ရုပ်ရှင်လောကသားတွေ အဖို့လည်း မွန်ရိုးနဲ့ ရိုက်မယ့် အစား ကျားမြီးသာ ပြေးဆွဲလိုက်ချင်တော့တယ် ဆိုတဲ့ အထိ စိတ်ပျက်လက်လံကြသတဲ့ ။
The Misfits မှာ တွဲရိုက်ခဲ့တဲ့ ရုပ်ရှင်မင်းသား Clark Gable ဟာ ရုပ်ရှင်အပြီးမှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ် ။ သူ့မိန်းမက ” Gable သေရတာ အဲဒီရုပ်ရှင် ရှူတင်တွေမှာ တနေကုန်တနေခန်း ထိုင်စောင့်ခဲ့ရတာတွေလည်း ပါတယ် ” လို့ ဆိုသတဲ့ ။ ဘယ်သူ့ကို စောင့်ခဲ့ရမှန်း နာမည်ထည့်မပြောပေမယ့် ဘယ်သူ့ကို ရည်ရွယ်မှန်း လူတိုင်းသိနေတဲ့ စကားပါဘဲ ။ မွန်ရိုးက မီဒီယာမှာ ပွင့်ပွင့်လင်းလင်း မဝန်ခံပေမယ့် ရင်းနှီးသူတစ်ယောက်ကိုတော့ ” Gable ကို ကောင်းကောင်းမဆက်ဆံမိတာ နောင်တရမိတယ် ။ ကျမမှာလည်း စိတ်ဆင်းရဲစရာ စိတ်ဓါတ်ကျစရာတွေနဲ့ မို့ပါ ” လို့ ဆိုသတဲ့ ။ ရင်းနှီးသူ တစ်ယောက်ကတော့ ” မွန်ရိုးဟာ ဘ၀ အဓ္ဓိပါယ်ကို လိုက်ရှာနေတယ် ….ဒါပေမယ့် မှားယွင်းတဲ့ နေရာတွေမှာ လိုက်ရှာနေတာက ပြသာနာပါဘဲ ” လို့ ဆိုတယ် ။ ၁၉၆၁ မှာ Miller နဲ့ ကွဲပြန်တယ် ။ မွန်ရိုးအတွက် လောကကြီးမှာ နေဖို့ အချိန်လည်း သိပ်မကျန်တော့ ။ မွန်ရိုးဟာ သေမယ့်နှစ် ( ၁၉၆၂ ) တလျှောက်လုံး ရှူတင်တွေ ပိုပျက်လာခဲ့တယ် ။ ခဏခဏနေမကောင်းဖြစ်ပြီး သရုပ်မဆောင်နိုင်ဖြစ်ခဲ့တယ် ။ ဒီကြားထဲကမှ သေမယ့် နှစ်ကျမှ စစ်ထဲဝင် ဆိုသလို အမေရိကန်သမ္မတနဲ့မှ သွားပတ်သက်မိပါတယ် ။
အကြောင်းကတော့ ဟောလိဝုဒ်မင်းသားတစ်ယောက်ဖြစ်တဲ့ Peter Lawford ဟာ အမေရိကန်သမ္မတ John F. Kennedy ရဲ့ ယောက်ဖပါတဲ့ ။ သူကတဆင့် မွန်ရိုးဟာ သမ္မတနဲ့ သမ္မတရဲ့ ညီ Robert Kennedy တို့နဲ့ ( တိုတိုပြောရရင် ) ပြိုင်တူ ဇာတ်လမ်းဖြစ်မိသတဲ့ ။ Robert ထက် သမ္မတ John F. Kennedy နဲ့ ဇာတ်လမ်းက ပိုပြီး လူသိများပြီး မွန်ရိုးဟာ တနေ့သမ္မတကတော်ဖြစ်မယ်ဆိုပြီး လေထဲမှာ တိုက်အိမ်ဆောက်ခဲ့တယ် လို့ဆိုကြတယ် ။ မွန်ရိုးရယ် …….နေမကောင်းတဲ့ ကြားထဲက ဒါတွေ လုပ်နိုင်သေးသလားကွယ် ………။ ဟို နှစ်ယောက်ကလည်း အမေရိကန်နိုင်ငံရဲ့ National Sex Symbol ဖြစ်တဲ့ ကမ္ဘာကျော်မင်းသမီးကို ကြိုက်တာတကဏ္ဍ…..။ သူတို့မှာက မယားကြီး ငုတ်တုတ် ၊ သားသမီးတွေနဲ့ ။ နိုင်ငံရေးနယ်ပယ်မှာ နှစ်ယောက်စလုံး သစ္စာရှိတဲ့ လင်ယောက်ျား ၊ စံပြဖခင်တွေအဖြစ် ဂုဏ်သရေ ရှိနေကြတာတဲ့ …………။ ဟင် ……။
************************************************
၁၉၆၂ ဩဂုတ်လ ( ၅ ) ရက်နေ့မနက်မှာ မွန်ရိုးရဲ့ အသက်မဲ့နေတဲ့ ခန္ဒာကိုယ်ကို သူ့အိပ်ခန်းထဲမှာ အိမ်ဖော်လုပ်သူက တွေ့ခဲ့ပါတယ် ။ သက်ဆိုင်ရာက စစ်ဆေးချက်အရ barbiturate လို့ ခေါ်တဲ့ စိတ်ငြိမ်ဆေးတစ်မျိုး အသောက်လွန်ပြီး သေတယ် ၊ မိမိကိုယ်ကိုယ်သတ်သေတာ ဖြစ်နိုင်တယ်လို့ ဆိုပြီး ( တိုတိုပြောရရင် ) ရဲက အမှုကို ပိတ်လိုက်ပါတယ် ။ ဒါပေမယ့် မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုမှု ၊ မှုခင်းရဲတွေရဲ့ စစ်ဆေးချက်တွေနဲ့ မွန်ရိုးသေပြီး အနှစ် ( ၂၀ ) ကျော်အကြာမှာ ပြန်လုပ်တဲ့ စစ်ဆေးချက်တွေအရ အသတ်ခံရတာ ဖြစ်နိုင်တယ် ဆိုတဲ့ သံသယဟာ ဘယ်တော့ မှ ပျောက်မသွားခဲ့ပါ ။ မွန်ရိုးဘယ်လိုသေတာလဲ ၊ ဘာကြောင့်လဲ စတဲ့ သီအိုရီများစွာဟာ ယနေ့ထိ ရှိနေဆဲ ။ အဲဒီသီအိုရီများစွာမှာ သတ်သေခြင်း ၊ မတော်တဆ ဆေးအသောက်လွန်ခြင်း တွေအပြင် အမေရိကန်သမ္မတနဲ့ ပတ်သက်မိလို့ နှုတ်ပိတ်ခံရတာ ဆိုတဲ့ ခန့်မှန်းချက်ကတော့ အတော် ဟော့ပါတယ် ။
မကြာသေးခင်တုန်းက အသက်၇၈နှစ်ရှိ CIA Agent အငြိမ်းစားနော်မန်ဟော့ခ်ျက မာရီလင်မွန်ရိုး ကိုသူသတ်ခဲ့ကြောင်းဝန်ခံပြောကြားတယ်ဆိုတဲ့ ကောလဟာလသတင်းတွေထွက်ခဲ့ဖူးပါသေးတယ်။

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။