Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 3, 2017

ဘဝဆိုတာ တစ်ခါခါစိတ်တိုင်းမကျသော်လည်း ပျော်တတ်ပါစေ


ဘဝဆိုတာ တစ်ခါခါစိတ်တိုင်းမကျသော်လည်း ပျော်တတ်ပါစေ

*************************************

လောကအလယ်မှာ
မိဘတွေစုံစုံလင်လင်
ဦးလေးဒေါ်ဒေါ်ဆွေမျိုးများနှင့်
ချစ်ချစ်ခင်ခင်နေကြရတယ်။
မေတ္တာတွေအပြည့်အဝရရှိကြတယ်ဆိုတာက
ကံအလွန်ကောင်းနေပါပြီ။

အမြဲတမ်းချစ်ခင်ကြင်နာနေကြမှုမရှိနိုင်လျှင်ပင်
မကြာမကြာရရှိနေခြင်းကလည်းကံကောင်းခြင်းတစ်မျိုးပါလေ တန်ဖိုးထားကြပါ။



ကြုံဖူးလားခံစားဖူးရဲ့လား။မိဘတွေကသဘောမတူ၍ လက်ထပ်ထားကြတဲ့ မိဘများမှ မွေးဖွားရှင်သန်ခွင့်ရခဲ့သောကလေးလေးနေရာကနေ မိဘတွေကစုံစုံလင်လင်မရှိတော
အဖိုးအဖွားများနှင့်နေရတဲ့ကလေးလေးနေရာကနေ မိဘတွေစွန့်ခဲ့၍မိမဲ့ဖမဲ့ဖြစ်နေရတဲ့ကလေးလေးနေရာကနေ ဘယ်လောက်ထိများ ကြင်နာယူယခြင်းတွေကို လူကြီးတွေထံမှ မျှော်လင့်နေကြမှာလည်းဆိုတာပေါ့။

ကျွန်မတော့ ကိုယ်ချင်းစာသည်ထက် ကိုယ်တိုင်ခံစားခဲ့ရသူဖြစ်သည်အတွက်
ဘာဖြစ်နေနေ ဝမ်းနည်းမိခြင်းတွေရင်မှာအပြည့်ဖြင့်
ငယ်ဘဝကိုဖြတ်သန်းခဲ့ရဖူးပါတယ်။

ဆင်းရဲလွန်း၍ အဆင်မပြေတာတွေများ၍ သည်းမခံနိုင်ကြတဲ့အခါ ရန်ဖြစ်ကြတယ်။
တစ်ဘက်ကမာန တစ်ဘက်သိက္ခာ တစ်ဘက်ကချစ်ခြင်းမေတ္တာသံယောဇဉ်တွေကြားမှာ မပြောသင့်တွေပြောသင့်တွေက ဒေါသဆိုတဲ့အရာလေးတစ်ခုကြောင့် ပေါက်ကွဲထွက်လာကြကုန်တယ်။

ကျွန်မမျှော်လင့်ခဲ့ဖူးတယ်။ဖေဖေရယ် မေမေရယ် မောင်လေးညီမလေးတွေရယ် ဖိုးဖိုးတွေဖွားဖွားတွေ အားလုံးနှင့်ပျော်ပျော်ပါးပါး ထမင်းလက်ဆုံစားတာ စကားတွေဝိုင်းဖွဲ့ပြောပြီးစကြနောက်ကြတာ ခရီးတစ်ခုအတူတူထွက်ပြီး ဘုရားတွေဖူးတာလေးတွေပေါ့။

ကိုယ်မလုပ်နိုင်သေးတဲ့အရွယ် ဘာမှမသိနားမလည်သေးတဲ့ကလေးအရွယ်မှာကတည်းက မျှော်လင့်ခဲ့ဖူးတဲ့ မျှောင့်လင့်ချက်ကြီးဟာ ခုနေချိန်ထိပင်မပြည့်ဝခဲ့ပါဘူး။ဒါဟာမာနရယ် နားလည်မှုတွေမပေးခဲ့ကြတာရယ် ။ချစ်ရဲ့နဲ့ မေတ္တာကို နူးနူးညံ့ညံ့မပြောဆိုတတ်တာရယ်။သည်းခံခြင်းတရားတွေ မထားတတ်ကြတာရယ်ဟုပင်မြင်မိပါတယ်။

တန်ဖိုးထားပါ။ကိုယ့်ဘေးမှာ ရောက်ရှိလာသော ဘယ်အရာမဆို ကိုယ်ကတန်ဖိုးထားတတ်မှပေါ့။ဘယ်အရာမှတည်မြဲမနေပါဘူးဆိုတဲ့အတွေးလေးသာရှိနေခဲ့ရင် ကျွန်မတို့ငယ်ငယ်ကလေးဘဝက ဖိုးဖိုးကလည်းချစ်ခဲ့မယ်ထင်ပါတယ်။ဖိုးဖိုးတို့သဘောမတူထား၍ ရလာတဲ့မြေးတစ်ယောက်ဆိုပြီး ဥပက္ခာဆိုတဲ့အရာကြီးနဲ့ မခြားနားခဲ့လောက်ဘူးထင်ပါတယ်။

ရန်ဖြစ်ကြရင် သားသမီးလေးတွေ ကိုယ့်ကြောင့်စိတ်ထိခိုက်ကြရမှာပဲတွေးမိရင်
ဖေဖေနှင့်မေမေရဲ့ ချစ်ခြင်းမေတ္တာတွေဟာလည်း အရောင်တွေမပြောင်းလဲခဲ့လောက်ဘူးထင်ပါတယ်။ရုပ်ဆိုးတာ ရုပ်မလှတာမတွေးပါဘဲ ကိုယ့်ဆွေမျိုး ကိုယ့်တူ တူမလေးတွေမို့ စောင့်ရှောက်ပြုစု ဂရုစိုက်ပေးသင့်ပါလားတွေးမိခဲ့မယ်ဆိုရင် အန်တီလေး အန်တီကြီး ဦးလေး ဦးကြီးတို့ရဲ့ စေတနာစကားလေးတွေကလည်း မာယာတွေမပေါများလောက်ဘူးထင်ပါတယ်။

အမြဲတမ်းချစ်ခင်နေကြတယ်ဆိုတာ ရှိတော့ရှိနိုင်ပေမဲ့ ရှားပါးနိုင်ပါတယ်။
တစ်ခါခါ ကိုယ့်စိတ်လေးနဲ့ကိုယ်ပင် ဓာတ်မတည့်ချင်တာ စိတ်မရှည်ချင်တာ ဖြစ်မိတာတွေရှိတတ်ကြတာပါပဲလေ။
ဆိုလိုချင်တာက ကိုယ်ကကံကောင်း၍ အနိုင်ရနေသူဆိုစေအုံးတော့။မျှတ၍တွေးပေးတတ်သူဖြစ်အောင်နေကြည့်ပါ။ကိုယ်ကချည်းချည်းအမြဲပေးဆပ်နေရတာပဲဟု တွေးမိတဲ့အခိုက်အတန့် ကိုယ်ရရှိခဲ့ဖူးတဲ့တစ်ချိန်က ရယူခဲ့ခြင်းမျိုးလည်းပြန်၍တွေးမိနိုင်ပါစေ။
ကိုယ်ကမိဘနေရာမှဆိုရင် ကိုယ်သဘောမတူ၍ သားသမီးတွေလက်ထပ်သွားကြတယ်ဆိုပါစို့။
ကိုယ်သဘောမတူ၍ယူသွားတာပဲ ဘာဖြစ်ဖြစ်ငါနဲ့မဆိုင်တော့ပါဘူးလေဆိုပြီးတော့များ ပစ်ထားလိုက်တယ်ပေါ့။

ကိုယ့်ရင်နှင့်လွယ်၍မွေးထားသော သားသမီးဖြစ်၍ အဘယ်အကြောင်းကြောင့်မှ မုန်းသွားအောင်မပစ်ရက်နိုင်ပါဘူးလေ။ဒါကြောင့်တစ်ဖက်လူစိတ်ထိခိုက်စရာဖြစ်အောင် တစ်ဖက်လူမေတ္တာတွေပျက်ယွင်းသွားအောင် စကားတွေပြောဆိုကြတဲ့အခါ သတိလေးဆောင်၍ ဆင်ခြင်စဉ်းစားပြောဆိုကြပါ။

နောက်ဆုံးမှာမျက်နှာငယ်ရတာ အားငယ်စိတ်တွေဝင်လာတတ်ကြတာက နုနယ်ငယ်ရွယ်လွန်းလှတဲ့ သားသားမီးမီးလေးများပါပဲလေ။ကလေးဆိုတာလည်း ခံစားတတ်တဲ့နှလုံးသား ကြင်နာမှုနှင့်နွေးထွေးပျော်ရွှင်မှုတွေ ရယူချင်တဲ့ စိတ်လေးတွေရှိပြီးသားလူတွေပါ။
သူတို့လေးတွေ လောကအလယ်စရောက်စအချိန်မှာ ကျွန်မတို့လူကြီးတွေက
ဘာကြောင့် နွေးထွေးမှုတွေမပေးနိုင်ရမှာလဲ။
ဘာကြောင့်ပျော်ရွှင်မှုတွေ မမျှဝေနိုင်ရမှာလဲ။
ဘာကြောင့်ချစ်ခင်ကြင်နာခြင်းတွေမပြသနိုင်ရမှာလဲ။
ဖန်တီးတည်ဆောက်ပေးနိုင်ရမှာပေါ့။

မာနကင်းစွာပေးလိုက်ပါ။
သံသယကင်းစွာပေးလိုက်ပါ။
မေတ္တာပြည့်ပြည့်ဝဝပေးလိုက်ပါ။
ချစ်ခြင်းမေတ္တာဆိုတာအလွန်အေးချမ်းပြီး ချစ်စရာအလွန်ကောင်းတဲ့အရာပါ

ကိုယ့်ဘဝတစ်စိတ်တစ်ပိုင်းမျှသာ
တိုက်ဆိုင်မှုများရှိနားလည်နိုင်ကြပါစေရှင့်။
ဆုမွန်သစ္စာ
Photo credit

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။