Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Sunday, November 12, 2017

ႏွစ္ ၂၀လုံး ရုန္းကန္ခဲ့ရသူ (သုိ႔) IDOL ပြဲစဥ္ေတြရဲ႕ အဓိကပုဂၢဳိလ္တစ္ေယာက္


ဆုိင္မြန္ ကို ကြ်န္ေတာ္တုိ႔အမ်ားစုသိၾကတာကေတာ့ American Idol ရဲ႕ ထူးထူးျခားျခား ဒုိင္တစ္ေယာက္အျဖစ္နဲ႔ပါ။ ဒုိင္ေတြမွာ သူက အဓိကဒုိင္ျဖစ္သလုိ သူ႔ရဲ႕မွတ္ခ်က္ေတြကလည္း စိတ္၀င္စားဖုိ႔ေကာင္းပါတယ္။ ေကာင္းတဲ့လူကို ဖက္ကဲတလွင္းခ်ီးမြမ္းတတ္သလုိ စိတ္တုိင္းမက်တဲ့သူေတြ႔ရင္လည္း “ကြ်န္ေတာ္ရုိင္းတာေတာ့မဟုတ္ပါဘူး၊ ဒါေပမယ့္ဗ်ာ..” ဆုိတဲ့ စကားအစခ်ီကာ ျပစ္ျပစ္ႏွစ္ႏွစ္ေ၀ဖန္တတ္သူ တစ္ဦးလည္းျဖစ္ပါတယ္။ ဒီေလာက္လူေတြစိတ္၀င္စားရတဲ့သူဟာ ဘယ္သူပါလဲ ၊ အဆုိေတာ္လား ၊ ေဟာလိ၀ုဒ္က သရုပ္ေဆာင္လား… မဟုတ္ပါဘူး၊ ဆုိင္မြန္ဟာ သီခ်င္းထုတ္လုပ္သူ တီဗီအစီအစဥ္ေတြကို တင္ဆက္သူတစ္ေယာက္သာျဖစ္ပါတယ္။


ဂီတနယ္ထဲကုိ ၀င္ဖုိ႔ႀကဳိးစားေနတဲ့ လူငယ္ေျခာက္ေယာက္နဲ႔ဖြဲ႔စည္းထားတဲ့ အုိင္းရစ္ဂီတအဖြဲ႔ေလးတစ္ဖြဲ႔ဟာ သူတုိ႔ကုိ ကူညီမယ္ဆုိတဲ့  ပရုိဂ်ဴစာတစ္ေယာက္နဲ႔ သြားေတြ႔ပါတယ္။ အဲဒီလူက “မင္းတုိ႔ အသံေတြ မဆုိးပါဘူး။ ဒါေပမယ့္ ရုပ္ေတာ့အေတာ္ဆုိးတယ္ကြာ။ ငါေတြ႔ဖူးသမွ်ထဲမွာေတာ့ ရုပ္အဆုိးဆုံးပဲ” လုိ႔ လူငယ္အဖြဲ႔ကုိ မညွာမတာေျပာခဲ့ပါတယ္။ ၿပီးေတာ့ အဲဒီသူက ဆက္ၿပီးေတာ့ ” မင္းတုိ႔ထဲက သုံးေယာက္ကုိေတာ့ ထုတ္မွရမယ္ကြ” လုိ႔ဆက္ေျပာခဲ့ပါတယ္။ လူငယ္အဖြဲ႔မွာ တကယ္ပဲ သုံးေယာက္အထုတ္ခံခဲ့ရၿပီး အသစ္ႏွစ္ေယာက္နဲ႔ထပ္ေပါင္းျခင္းခံခဲ့ရၿပီး အဖြဲ႔သစ္တစ္ဖြဲ႔ျဖစ္လာခဲ့ပါတယ္။ ဒီအဖြဲ႔ဟာ ေနာက္ပုိင္းမွာ မသိသူမရွိေအာ္ငျမင္ခဲ့တဲ့ Westlife အဖြဲ႔ပဲျဖစ္ပါတယ္။ သူတုိ႔ကုိ ျပစ္ျပစ္ႏွစ္ႏွစ္ေ၀ဖန္ခဲ့တဲ့ထုတ္လုပ္သူကေတာ့ တျခားသူမဟုတ္ပါဘူး။ Simon Cowell ပဲျဖစ္ပါတယ္။

Simon ဟာ တုိုင္းမ္မဂၢဇင္းရဲ႕ လႊမ္းမုိးမႈအရွိဆုံး လူ၁၀၀ စာရင္းမွာပါ၀င္ခဲ့ဖူးသူျဖစ္တာေၾကာင့္ ႏွယ္ႏွယ္ရရေတာ့ မဟုတ္ပါဘူး။ သူ႔ရဲ႕အရည္အခ်င္းကေတာ့ လူတစ္ေယာက္ဟာ Talent ဘယ္ေလာက္ရွိတယ္ ၊ ေအာင္ျမင္ႏုိင္တယ္ဆုိတာ တြက္ဆႏုိင္တာပဲျဖစ္ပါတယ္။ သူစင္တင္ေပးၿပီး ေအာင္ျမင္ခဲ့တဲ့သူေတြ မနည္းမေနာေပၚထြက္ခဲ့ပါတယ္။ ဒီအထဲမွာ ေနာက္တစ္ဖြဲ႔ကေတာ့ One Direction အဖြဲ႔ျဖစ္ပါတယ္။
ေအာက္က အခ်က္ေတြကေတာ့ ဆုိင္မြန္ နဲ႔ ပတ္သတ္တဲ့အခ်က္အလက္တခ်ဳိ႕ျဖစ္ပါတယ္။
သူဟာ Pop Idol, The X Factor, American Idol နဲ႔ Britain’s Got Talent အစီအစဥ္ေတြရဲ႕ အဓိကစီစဥ္သူဆုိတာေတာ့ အားလုံးသိၿပီးျဖစ္မွာပါ။
ဆိုင္မြန္ရဲ႕ နာမည္အျပည့္အစုံက Simon Phillip Cowell ျဖစ္ပါတယ္။ ဆုိင္မြန္ကို 7 October 1959 မွာ အဂၤလန္ႏုိင္ငံ Brighton မွာေမြးခဲ့ပါတယ္။ အေဖက အိမ္ၿခံေျမပြဲစား နဲ႔ ဂီတဆုိင္ရာစီးပြားေရးသမားျဖစ္ၿပီး အေမကေတာ့ ဘဲေလးကေခ်သည္တစ္ဦးပါ။

ဆုိင္မြန္ဟာ သက္သက္လြတ္သမားျဖစ္ၿပီး တိရစာၦန္ခ်စ္ျမတ္ႏုိးသူတစ္ဦးလည္းျဖစ္ပါတယ္။
သူဟာ တီရွပ္ႀကီးပဲ၀တ္တတ္သူျဖစ္ၿပီး အေၾကာင္းျပခ်က္ကေတာ့ ၀တ္ရခြ်တ္ရလြယ္လုိ႔ ေပါ့ပါးလုိ႔ပဲျဖစ္ပါတယ္။ သူ႔မွာ  Armani အမ်ဳိးအစားတီရွပ္ခ်ည္းပဲ အထည္ ၃၀ေက်ာ္ရွိပါတယ္။
အသက္ ၁၂ ႏွစ္အရြယ္မွာ ဘတ္စ္ကားကုိ အရုပ္ေသနတ္နဲ႔ ဓားျပတုိက္ခဲ့ဖူးပါတယ္။ ဒီအတြက္ သူအဖမ္းခံခဲ့ရပါတယ္။
ငယ္စဥ္က အလြန္ဆုိးသြမ္းလြန္းတာေၾကာင့္ ေက်ာင္းေပါင္း ၁၆ေက်ာင္း ေျပာင္းတက္ခဲ့ရပါတယ္။

Windsor နည္းပညာေကာလိပ္ နဲ႔ Dover College ေကာလိပ္တုိ႔မွာ ဘာသာစကား ၊ စာေပ နဲ႔ လူမႈဆက္ဆံေရးပညာေတြကိုတက္ေရာက္ခဲ့ေပမယ့္ သူ႔ပညာေရး ဆုံးခန္းမတုိင္ခဲ့ပါဘူး။
ဒါရုိက္တာတစ္ေယာက္ရဲ႕ ေတာက္တုိမယ္ရအလုပ္လုပ္ဖူးသလုိ ဂီတဆုိင္ရာအလုပ္ေတာ္တာ္မ်ားမ်ားကုိ လုပ္ခဲ့ဖူးပါတယ္။ လုပ္ေဖာ္ကုိင္ဖက္ေတြ ၊ အထက္လူႀကီးေတြနဲ႔ အဆင္မေျပမႈေတြျဖစ္တာေၾကာင့္ ထြက္ခဲ့ရပါတယ္။ အေဖျဖစ္သူလုပ္ေနတဲ့ EMI Music Publishing မွာ သြင္းေပးခဲ့ေပမယ့္ တုိးတက္ဖုိ႔လမ္းမရွိတာေၾကာင့္ ထြက္ခဲ့ျပန္ပါတယ္။
ကုိယ္ပိုင္ ဂီတထုတ္လုပ္ေရးတည္ေထာင္ခဲ့ၿပီး မနားမေန ႀကဳိစားခဲ့ေပမယ့္ အရႈံးသာေပၚခဲ့ပါတယ္။ အားကစားေလ့က်င့္ခန္းဗီဒီယုိေတြ ၊ သီခ်င္းေခြ ၊ ေအာ္ပရာေခြေတြ မ်ဳိးစုံထုတ္လုပ္ေရးလုပ္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ျပန္ပါဘူး။ တေခြအနည္းငယ္ေပါက္ခဲ့ေပမယ့္ မေပါက္တာက ခပ္မ်ားမ်ားျဖစ္ခဲ့ၿပီး ၁၉၈၉ ခုႏွစ္မွာေတာ့ လုံး၀မလုပ္ႏုိင္ေတာ့တဲ့အထိ ခြ်တ္ၿခဳံက်သြားခဲ့ၿပီး မိဘအိမ္မွာျပန္ေနခဲ့ရတဲ့အထိ ျဖစ္သြားပါတယ္။
ဒါေပမယ့္ သူအရႈံးမေပးခဲ့ပါဘူး။ အႏုပညာေလာကထဲကုိပဲ ျပန္၀င္ခဲ့ၿပီး တစုိက္မတ္္မတ္ျပန္လုပ္ ျပန္ႀကဳိးစားခဲ့ပါတယ္။ ႏွစ္ေပါင္း ၂၀နီးပါး အရႈံးမေပးပဲႀကဳိးစားခဲ့တဲ့အခါမွာေတာ့ သူဟာ ေအာင္ျမင္တဲ့ဂီတေခြေပါင္းမ်ားစြာကုိ ထုတ္လုပ္ႏုိင္ခဲ့သလုိ ၊ ရြက္ပုန္းသီးအခ်ဳိ႕ကုိလည္း ေအာင္ျမင္သူေတြျဖစ္ေအာင္ပံ့ပုိးႏုိင္ခဲ့ပါတယ္။

အဲဒီေနာက္ပိုင္းေတာ့ သူစီစဥ္တဲ့အစီအစဥ္ေတြဆက္တုိက္ေအာင္ျမင္ခဲ့ၿပီး ၂၀၁၃ ကေန ၂၀၁၄ အထိမွာတင္ သူ႔ရဲ႕  လစာေငြစုစုေပါင္း ဟာ ေဒၚလာ ၉၅သန္း အထိရရွိခဲ့ပါတယ္။ အခုဆုိရင္ သူရဲ႕ၾကြယ္၀မႈဟာ ေဒၚလာ သန္း ၃၀၀ေက်ာ္သြားပါၿပီ။
သူ႔ရဲ႕ေအာင္ျမင္ေရး စည္းမ်ဥ္း ၁၀ခုကေတာ့ ေအာက္ပါအတုိင္းျဖစ္ပါတယ္။
၁။ စိတ္ရွည္ရွည္ထားပါ။
၂။ အေၾကာက္တရားနဲ႔ မေနပါနဲ႔။
၃။ မေလွ်ာ့တမ္းႀကဳိးစားပါ။
၄။ စြန္႔စားသင့္တဲ့ေနရာမွာ ရဲရဲ၀ံ့၀ံ့စြန္႔စားပါ။
၅။ ေရရွည္အတြက္လည္း စဥ္းစားထားပါ။
၆။ ကုိယ္၀ါသနာပါတဲ့ အရာေတြကုိပဲဖန္တီးပါ။ ကုိယ္၀ါသနာပါတဲ့ အလုပ္ကုိပဲလုပ္ပါ။
၇။ ကုိယ့္ကုိယ္ကုိ ယုံၾကည္မႈရွိဖုိ႔ကလည္း အေရးႀကီးပါတယ္။
၈။ ဘယ္သူကိုမဆုိ အသိအမွတ္ျပဳဖုိ႔၀န္မေလးပါနဲ႔။
၉။ အလုပ္လုပ္တဲ့ေနရာမွာ ေရျမဳပ္တုံးလုိက်င့္ပါ။ ႀကဳံလာသမွ် သင္ခန္းစာ အေတြ႔အႀကဳံေတြကို စုပ္ယူဖုိ႔ႀကဳိးစားပါ။
၁၀။ အမွားကုိ ၀န္ခံပါ။ ရက္ရက္စက္စက္ရုိးသားလုိက္ပါ။
သုတဇုန္ မိတ္ေဆြမ်ားအတြက္ တတ္ႏုိင္သေလာက္ ရွာေဖြေရးသားထားတာျဖစ္လုိ႔ လုိတာေတြရွိရင္ ထပ္ျဖည့္သြားၾကပါဦး


နှစ် ၂၀လုံး ရုန်းကန်ခဲ့ရသူ (သို့) IDOL ပွဲစဉ်တွေရဲ့ အဓိကပုဂ္ဂိုလ်တစ်ယောက် (unicode)
ဆိုင်မွန် ကို ကျွန်တော်တို့အများစုသိကြတာကတော့ American Idol ရဲ့ ထူးထူးခြားခြား ဒိုင်တစ်ယောက်အဖြစ်နဲ့ပါ။ ဒိုင်တွေမှာ သူက အဓိကဒိုင်ဖြစ်သလို သူ့ရဲ့မှတ်ချက်တွေကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကောင်းတဲ့လူကို ဖက်ကဲတလှင်းချီးမွမ်းတတ်သလို စိတ်တိုင်းမကျတဲ့သူတွေ့ရင်လည်း “ကျွန်တော်ရိုင်းတာတော့မဟုတ်ပါဘူး၊ ဒါပေမယ့်ဗျာ..” ဆိုတဲ့ စကားအစချီကာ ပြစ်ပြစ်နှစ်နှစ်ဝေဖန်တတ်သူ တစ်ဦးလည်းဖြစ်ပါတယ်။ ဒီလောက်လူတွေစိတ်ဝင်စားရတဲ့သူဟာ ဘယ်သူပါလဲ ၊ အဆိုတော်လား ၊ ဟောလိဝုဒ်က သရုပ်ဆောင်လား… မဟုတ်ပါဘူး၊ ဆိုင်မွန်ဟာ သီချင်းထုတ်လုပ်သူ တီဗီအစီအစဉ်တွေကို တင်ဆက်သူတစ်ယောက်သာဖြစ်ပါတယ်။
ဂီတနယ်ထဲကို ဝင်ဖို့ကြိုးစားနေတဲ့ လူငယ်ခြောက်ယောက်နဲ့ဖွဲ့စည်းထားတဲ့ အိုင်းရစ်ဂီတအဖွဲ့လေးတစ်ဖွဲ့ဟာ သူတို့ကို ကူညီမယ်ဆိုတဲ့  ပရိုဂျူစာတစ်ယောက်နဲ့ သွားတွေ့ပါတယ်။ အဲဒီလူက “မင်းတို့ အသံတွေ မဆိုးပါဘူး။ ဒါပေမယ့် ရုပ်တော့အတော်ဆိုးတယ်ကွာ။ ငါတွေ့ဖူးသမျှထဲမှာတော့ ရုပ်အဆိုးဆုံးပဲ” လို့ လူငယ်အဖွဲ့ကို မညှာမတာပြောခဲ့ပါတယ်။ ပြီးတော့ အဲဒီသူက ဆက်ပြီးတော့ ” မင်းတို့ထဲက သုံးယောက်ကိုတော့ ထုတ်မှရမယ်ကွ” လို့ဆက်ပြောခဲ့ပါတယ်။ လူငယ်အဖွဲ့မှာ တကယ်ပဲ သုံးယောက်အထုတ်ခံခဲ့ရပြီး အသစ်နှစ်ယောက်နဲ့ထပ်ပေါင်းခြင်းခံခဲ့ရပြီး အဖွဲ့သစ်တစ်ဖွဲ့ဖြစ်လာခဲ့ပါတယ်။ ဒီအဖွဲ့ဟာ နောက်ပိုင်းမှာ မသိသူမရှိအော်ငမြင်ခဲ့တဲ့ Westlife အဖွဲ့ပဲဖြစ်ပါတယ်။ သူတို့ကို ပြစ်ပြစ်နှစ်နှစ်ဝေဖန်ခဲ့တဲ့ထုတ်လုပ်သူကတော့ တခြားသူမဟုတ်ပါဘူး။ Simon Cowell ပဲဖြစ်ပါတယ်။
Simon ဟာ တိုုင်းမ်မဂ္ဂဇင်းရဲ့ လွှမ်းမိုးမှုအရှိဆုံး လူ၁၀ဝ စာရင်းမှာပါဝင်ခဲ့ဖူးသူဖြစ်တာကြောင့် နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ သူ့ရဲ့အရည်အချင်းကတော့ လူတစ်ယောက်ဟာ Talent ဘယ်လောက်ရှိတယ် ၊ အောင်မြင်နိုင်တယ်ဆိုတာ တွက်ဆနိုင်တာပဲဖြစ်ပါတယ်။ သူစင်တင်ပေးပြီး အောင်မြင်ခဲ့တဲ့သူတွေ မနည်းမနောပေါ်ထွက်ခဲ့ပါတယ်။ ဒီအထဲမှာ နောက်တစ်ဖွဲ့ကတော့ One Direction အဖွဲ့ဖြစ်ပါတယ်။
အောက်က အချက်တွေကတော့ ဆိုင်မွန် နဲ့ ပတ်သတ်တဲ့အချက်အလက်တချို့ဖြစ်ပါတယ်။
သူဟာ Pop Idol, The X Factor, American Idol နဲ့ Britain’s Got Talent အစီအစဉ်တွေရဲ့ အဓိကစီစဉ်သူဆိုတာတော့ အားလုံးသိပြီးဖြစ်မှာပါ။
ဆိုင်မွန်ရဲ့ နာမည်အပြည့်အစုံက Simon Phillip Cowell ဖြစ်ပါတယ်။ ဆိုင်မွန်ကို 7 October 1959 မှာ အင်္ဂလန်နိုင်ငံ Brighton မှာမွေးခဲ့ပါတယ်။ အဖေက အိမ်ခြံမြေပွဲစား နဲ့ ဂီတဆိုင်ရာစီးပွားရေးသမားဖြစ်ပြီး အမေကတော့ ဘဲလေးကချေသည်တစ်ဦးပါ။
ဆိုင်မွန်ဟာ သက်သက်လွတ်သမားဖြစ်ပြီး တိရစ္ဆာန်ချစ်မြတ်နိုးသူတစ်ဦးလည်းဖြစ်ပါတယ်။
သူဟာ တီရှပ်ကြီးပဲဝတ်တတ်သူဖြစ်ပြီး အကြောင်းပြချက်ကတော့ ဝတ်ရချွတ်ရလွယ်လို့ ပေါ့ပါးလို့ပဲဖြစ်ပါတယ်။ သူ့မှာ  Armani အမျိုးအစားတီရှပ်ချည်းပဲ အထည် ၃၀ကျော်ရှိပါတယ်။
အသက် ၁၂ နှစ်အရွယ်မှာ ဘတ်စ်ကားကို အရုပ်သေနတ်နဲ့ ဓားပြတိုက်ခဲ့ဖူးပါတယ်။ ဒီအတွက် သူအဖမ်းခံခဲ့ရပါတယ်။
ငယ်စဉ်က အလွန်ဆိုးသွမ်းလွန်းတာကြောင့် ကျောင်းပေါင်း ၁၆ကျောင်း ပြောင်းတက်ခဲ့ရပါတယ်။
Windsor နည်းပညာကောလိပ် နဲ့ Dover College ကောလိပ်တို့မှာ ဘာသာစကား ၊ စာပေ နဲ့ လူမှုဆက်ဆံရေးပညာတွေကိုတက်ရောက်ခဲ့ပေမယ့် သူ့ပညာရေး ဆုံးခန်းမတိုင်ခဲ့ပါဘူး။
ဒါရိုက်တာတစ်ယောက်ရဲ့ တောက်တိုမယ်ရအလုပ်လုပ်ဖူးသလို ဂီတဆိုင်ရာအလုပ်တော်တာ်များများကို လုပ်ခဲ့ဖူးပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေ ၊ အထက်လူကြီးတွေနဲ့ အဆင်မပြေမှုတွေဖြစ်တာကြောင့် ထွက်ခဲ့ရပါတယ်။ အဖေဖြစ်သူလုပ်နေတဲ့ EMI Music Publishing မှာ သွင်းပေးခဲ့ပေမယ့် တိုးတက်ဖို့လမ်းမရှိတာကြောင့် ထွက်ခဲ့ပြန်ပါတယ်။
ကိုယ်ပိုင် ဂီတထုတ်လုပ်ရေးတည်ထောင်ခဲ့ပြီး မနားမနေ ကြိုစားခဲ့ပေမယ့် အရှုံးသာပေါ်ခဲ့ပါတယ်။ အားကစားလေ့ကျင့်ခန်းဗီဒီယိုတွေ ၊ သီချင်းခွေ ၊ အော်ပရာခွေတွေ မျိုးစုံထုတ်လုပ်ရေးလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပြန်ပါဘူး။ တခွေအနည်းငယ်ပေါက်ခဲ့ပေမယ့် မပေါက်တာက ခပ်များများဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာတော့ လုံးဝမလုပ်နိုင်တော့တဲ့အထိ ချွတ်ခြုံကျသွားခဲ့ပြီး မိဘအိမ်မှာပြန်နေခဲ့ရတဲ့အထိ ဖြစ်သွားပါတယ်။
ဒါပေမယ့် သူအရှုံးမပေးခဲ့ပါဘူး။ အနုပညာလောကထဲကိုပဲ ပြန်ဝင်ခဲ့ပြီး တစိုက်မတ်မတ်ပြန်လုပ် ပြန်ကြိုးစားခဲ့ပါတယ်။ နှစ်ပေါင်း ၂၀နီးပါး အရှုံးမပေးပဲကြိုးစားခဲ့တဲ့အခါမှာတော့ သူဟာ အောင်မြင်တဲ့ဂီတခွေပေါင်းများစွာကို ထုတ်လုပ်နိုင်ခဲ့သလို ၊ ရွက်ပုန်းသီးအချို့ကိုလည်း အောင်မြင်သူတွေဖြစ်အောင်ပံ့ပိုးနိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းတော့ သူစီစဉ်တဲ့အစီအစဉ်တွေဆက်တိုက်အောင်မြင်ခဲ့ပြီး ၂၀၁၃ ကနေ ၂၀၁၄ အထိမှာတင် သူ့ရဲ့  လစာငွေစုစုပေါင်း ဟာ ဒေါ်လာ ၉၅သန်း အထိရရှိခဲ့ပါတယ်။ အခုဆိုရင် သူရဲ့ကြွယ်ဝမှုဟာ ဒေါ်လာ သန်း ၃၀ဝကျော်သွားပါပြီ။
သူ့ရဲ့အောင်မြင်ရေး စည်းမျဉ်း ၁၀ခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ စိတ်ရှည်ရှည်ထားပါ။
၂။ အကြောက်တရားနဲ့ မနေပါနဲ့။
၃။ မလျှော့တမ်းကြိုးစားပါ။
၄။ စွန့်စားသင့်တဲ့နေရာမှာ ရဲရဲဝံ့ဝံ့စွန့်စားပါ။
၅။ ရေရှည်အတွက်လည်း စဉ်းစားထားပါ။
၆။ ကိုယ်ဝါသနာပါတဲ့ အရာတွေကိုပဲဖန်တီးပါ။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုပဲလုပ်ပါ။
၇။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ကလည်း အရေးကြီးပါတယ်။
၈။ ဘယ်သူကိုမဆို အသိအမှတ်ပြုဖို့ဝန်မလေးပါနဲ့။
၉။ အလုပ်လုပ်တဲ့နေရာမှာ ရေမြုပ်တုံးလိုကျင့်ပါ။ ကြုံလာသမျှ သင်ခန်းစာ အတွေ့အကြုံတွေကို စုပ်ယူဖို့ကြိုးစားပါ။
၁၀။ အမှားကို ဝန်ခံပါ။ ရက်ရက်စက်စက်ရိုးသားလိုက်ပါ။
သုတဇုန် မိတ်ဆွေများအတွက် တတ်နိုင်သလောက် ရှာဖွေရေးသားထားတာဖြစ်လို့ လိုတာတွေရှိရင် ထပ်ဖြည့်သွားကြပါဦး
 

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။