#ဝါဒဖြန့်နည်း၂၂နည်း
****************
သတင်း ဟူသည်မှာ
ဝေဖန်မှုကင်းရမည်။
အစွန်းအစွဲရှင်းရမည်။
တစ်ဖက်စောင်းမရေးရ။
နှစ်ဖက်ခွ လဲမရေးရ။
မြင်တွေ့သည့်အတိုင်း
အကုန်အစင်ရေးသားသော
အတတ်ပညာကို သတင်းရေးသားခြင်း
ပညာဟုခေါ်သည်။ ယနေ့ မြန်မာနိုင်ငံတွင်
သတင်းစစ်စစ် ရှာဖတ် ချင်လျှင်
ကျီးကြည့်တောင်ကြည့်ဖြင့်သာ
ဟိုလိုလိုသည်လိုလိုရှာရင်း
အချိန်ကုန်ရသည်။
ထို့ကြောင့် အစွန်းအစွဲလွတ်သော
သတင်းရေးသားခြင်း အတတ်ပညာ
မတိမ်ကော စေရန် ရည်သန်၍
ဤ စောင့်ထိန်း အပ်သည့် ကျင့်ဝတ်
(၂၂) ချက် ကို ဖော်ပြလိုက် ရပါသည်။
-
(၁) Guilt by Association :
(သတင်းဖြင့် မသက်ဆိုင်/ မလိုအပ်ပဲ)
"လူအများ မကောင်းသည့်၊ ကောင်းသည့်
ဟူ၍ လက်ခံထားပြီးသား အသင်းအဖွဲ့"နှင့်
"လူတစ်ဦးတစ်ယောက်" သည် ဆက်နွယ်
နေသည် ဟူ၍ သုံးသပ်ခြင်း ဖြစ်သည်။
ဥပမာ။ မောင်ဘသည်
အသားမည်းသဖြင့်
ကုလားဖြစ်သည်ဟု လည်းကောင်း၊
ကုလားမှန်သမျှ မွတ်စလင်မ်ချည့်ပဲ ဟု
လည်းကောင်း၊ မွတ်စလင်မ် ဟူသမျှ
အကြမ်းဖက် ဟု လည်းကောင်း
သုံးသပ်ခြင်းမျိုး ဖြစ်သည်။
(၂) Misinformation :
သတင်းတစ်ခုကို လိုသလို
ဖြတ်တောက်၍ မိမိ ဆိုလိုရင်း ရောက်ဖို့
ရေးသား ခြင်း ဖြစ်သည်။ (အသုံးများသည်)
ဥပမာ။ မောင်ဘသည် နှုတ်ခမ်းနီ
ထုတ်လုပ်ပုံကို စိတ်ဝင်စားကြောင်း
ရေးသားလိုရာတွင် "မောင်ဘ သည်
နှုတ်ခမ်းနီ ကြိုက်သည်။" ဟု
ဖော်ပြခြင်းမျိုး ဖြစ်သည်။
(၃) Backstroke :
စနစ်တကျဖြင့် ရေးသားထားသည့်
စီမံကိန်း ဦးတည်ချက် တစ်ချက်စီအား
ထောက်၍ ၎င်းနှင့် အတိတ်က ဖြစ်ရပ်တို့နှင့်
နှိုင်းယှဉ် ပြန်ခေါ် ရှင်းပြနေခြင်း ဖြစ်သည်။
ဥပမာ။ "ယနေ့မီးပျက်သည်"ဟူသော
သတင်းတစ်ပုဒ်အား "ယခင်ကလိုပင်
ယခုထိ မီးပျက်ဆဲ ဖြစ်သည်။" ဟု
ကောက်ချက်ချ တင်ပြ ခြင်းဖြစ်သည်။
(၄) Over Humanization :
လူ့အခွင့်အရေး ကိုနင်း၍
တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို
ဖော်ပြကာ မိမိဆိုလိုချက် ကြီးကြီးမားမားသို့
ရောက်အောင် ရေးသားခြင်း ဖြစ်သည်။
ဥပမာ။ လူကုန်ကူး ခံရသည့်
မိန်းကလေးတို့၏ ဘဝ
တစ်စိတ်တစ်ဒေသကို ဖော်ပြရင်းဖြင့်
ငွေကြေး မပြေလည်ခြင်းကြောင့်ဟူသော
အဆိုကို တင်သွင်းလိုက်သောအခါ
ထို သတင်းတစ်ပုဒ်လုံးသည်
မိန်းကလေး၏ မူလနေရပ် နိုင်ငံ၏
စီးပွားရေးကိုပြဿ နာ တစ်ရပ်အဖြစ်သို့
တိုက်ရိုက် အသွင်ပြောင်းသွားစေသည်။
(၅) Name Calling :
ရှေးအကျဆုံး စနစ်ဖြစ်သည်။
လွယ်ကူသည်။ "ဆဲဆိုခြင်း" ဖြင့်
လူတစ်ယောက်၏ သိက္ခာကို
ပုတ်ခတ်လိုက်သည်။ လူ၁၀၀ တွင်
၃၀ လောက်က မိမိကို ထောက်ခံလျှင်
ဆဲသူ အယောက် ၃၀ ဖြစ်လာမည်။
တစ်စုံတစ်ယောက်သည်
မိမိအသိုင်းအဝိုင်းမှ လူအများက
လူတစ်ဦးအား ဆဲဆိုသော် အဆဲခံရ
သူအား အကောင်း မမြင်နိုင်တော့။
ဥပမာ။ "ဒီအဘိုးကြီး ခေါင်းက
ဘာမှ သုံးစားလို့ မရပါဘူးကွာ"
ဟူသော အချက်အလက် မပါဝင်သည့်
တိုက်ခိုက်ချက်သည် အုံကြွလာသော
အခါ အဆိုပါ ညွှန်းဆိုခံရသူအပေါ်
ပတ်ဝန်းကျင်၏ အဂါရဝတရားသည်
တိုးပွားလာခဲ့သည်။
(၆) He Said, She Said :
တစ်စုံတစ်ရာကို တင်ပြသူဘက်မှ
"ဤ အကြောင်းသည် မမှန်ပါ။
တစ်ဖက် စောင်းနင်း ရေးသား
ထားပေသည်။ သို့သော် ပြောနေ
သူတွေကတော့ ဒီလိုပြောနေကုန်ပြီ"
ဟူ၍ အစချီကာ လူအများပြောကြား
သည့် သတင်းအတိုင်း ပြန်လည်
ဖောက်သည်ချခြင်း ဖြစ်သည်။
ဥပမာ။ "ခင်ဗျားကိုတော့ဗျာ ...
ကိုဘယ်သူက ဘယ်လိုပြောတာ။
ဒါကို ကျူ ပ်ဖြင့် သိပ်မကျေနပ်နိုင်ဘူး
သိလား။ မဟိုဟာကလဲ ဟိုဒင်းလို
ပြောသေးတယ်လေ။" စသဖြင့်
ပြောဆို ရေးသားခြင်းမျိုး ဖြစ်သည်။
(၇) Unproven Facts :
"လေ့လာချက်များအရ"
"သုတေသီတို့မှ"
"ဘာသာကျမ်းများတွင် ဖော်ပြပါရှိ"
"ဗုဒ္ဓဝါဒ အရ" စသဖြင့် ယေဘူယျ
ကျသော လေ့လာချက်များဖြင့်
ကိုးကားရေးသားလေ့ရှိသည်။
တကယ်သေချာ ရှာဖွေဖတ်စေ
လိုသောကြောင့် ...
"ကျမ်းညွှန်း အပိုဒ်ရေ အတိအကျ"
"သုတေသန နေ့စွဲ"
"စာတမ်းမှတ်တမ်း"
"နံပါတ်စဉ်"
"ကုဒ်" စသည့် အရေးကြီး
အချက်အလက်များ တစ်လုံးတစ်ပါဒမျှ
ထည့်သွင်း ထားခြင်း မရှိပေ။
ဥပမာ။ လေ့လာချက်များအရ
မနက်စောစော နွားနို့ သောက်ခြင်းသည်
အားရှိကြောင်း တွေ့ရှိရသည် ဟု
သုတေသီတို့က ဆိုသည်။
(၈) Complete Lie :
လုံးလုံးလျားလျား ဗြောင်လိမ်ခြင်း။
အကြောင်းပြချက် ခိုင်ခိုင်လုံလုံမဟုတ်ပဲ
ခုခံရေးသား ဘူးခံငြင်းခြင်း ဖြစ်သည်။
ဥပမာ။ ပင်လယ်ရေငန်သည်
မသောက်ခင် ချိုသည်။
(၉) Telling the Truth :
ရံဖန်ရံခါ အမှန်အတိုင်း ပြောခြင်း။
သတင်းလိမ်သူ တို့သည် ရံဖန်ရံခါတော့
အမှန်သတင်းကို တင်တတ်ကြသည်။
ဥပမာ။ ပင်လယ်ရေ သောက်လျှင်တော့
ငန်သည်သာ ဖြစ်သည်။
(၁၀) Not talking at all :
သတင်း ဖုံးကွယ် ခြင်း။
အချို့သော သတင်းတို့ကို
မိမိအလိုသို့ မလိုက်သောကြောင့်
မရေးသားလိုခြင်း ဖြစ်သည်။
ဥပမာ။ ဦးလှကို Taxi ပေါ်မှ
လေးခွဖြင့်ပစ်ခတ်လုပ်ကြံသွားခြင်းသာ
ဖြစ်သည်။ ဦးလှ လောင်းကစားဝိုင်းမှ
အပြန် မကျေ နပ်သူတို့က လိုက်လံ
ရန်ရှာသည့် ဖြစ်ရပ်မှာ တကယ်မဖြစ်ခဲ့။
(၁၁) Subtle Inaccuracies :
သတင်းထိန်ချန်ခြင်း။
ဦးတည်ချက် တစ်စုံတစ်ရာကြောင့်
ဖြစ်ရပ်တစ်ခုကို အမှန်အတိုင်း
တင်ပြရမည်ကို လျှော့ပြောခြင်းအားဖြင့်
အမှန်တကယ် ကြီးသည့် ကိစ္စ
သေးသယောင် ပြောဆိုခြင်းဖြစ်သည်။
ဥပမာ။ "ဒိုင်ယာနာ မင်းသမီး သေဆုံးပြီ"
ဟူသော သတင်းကို "ယမန်နေ့က
အသေးစား ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။
လူငါးဦးသေဆုံး၍ တစ်ဦးဒဏ်ရာရသည်။"
ဟု ဖော်ပြသလို ဖြစ်သည်။
(၁၂) One One Punch :
သမာသမတ်ကျ သည့်ရှု့ထောင့်တွင်
မိမိရှိသည် ဟု အမြင်ယူထားကာ
နှစ်ဖက်ကို တစ်ဖက်ဖက် အသာပေး
ပြောဟောခြင်း ဖြစ်သည်။
ဥပမာ။ ဘောလုံးပွဲဒိုင် ခေါက်ဆွဲစား
ထားခြင်းမျိုး ဖြစ်သည်။ နောက်ဆုံး
ရလဒ်ကတော့ ဒါပင်ထွက်ရမည်။သို့သော်
တစ်ပွဲလုံး ကိုယ်က အလယ်က လူပင်။
(၁၃) Coordination :
တစ်ကြောင်းစီတိုင်းက မိမိဆိုလိုရင်းကို
တစ်ပေါင်းထဲ ထွက်ဆိုခြင်း ဖြစ်သည်။
ဥပမာ။ "မီးမပျက်ဖူးဆိုပြီး ပျက်မြဲပဲ။
တံတားဆောက်တာလဲ ကားပိတ်မြဲပဲ။
ကတိပေးတယ် အလကားပဲ။
ပြောင်းပြီတဲ့ မပြောင်း သေးဘူး။
ထို့ကြောင့် ကတိတည်သလား
မတည်ဘူးလား။"ဟု
ရေးသားခြင်းမျိုး ဖြစ်သည်။
(၁၄) Volume :
Coordination နှင့် ဆက်နွယ်သည်။
တစ်ကြောင်းစီဖြင့် အခိုင်အမာ
တည်ဆောက်ထားသည့်ဆိုလိုရင်းကို
ထုနှင့်ထည်နှင့် နေရာအနှံ့
ညွှန်ထိုးပြသခြင်း ဖြစ်သည်။
ဥပမာ။ ဒီတုန်းက
ကတိမတည်တာတင်မဟုတ်။
ဟိုတုန်းကရော။ နောင်ရော။
အခုရော စသဖြင့်ထုနှင့်ထည်နှင့်
ပြသခြင်းမျိုး ဖြစ်သည်။
(၁၅) Fogging an Issue :
မိမိ တင်ပြချက်ကို ဖတ်စေလိုသူ
တို့သာဖတ်ရန် သတင်း တစ်ပုဒ်လုံးကို
အဓိပ္ပာယ်မရှိစွာ တောင် မြောက်
ရေးသားခြင်း။ ထိုအခါ လူအများစုမှာ
ကျော်သွားမည်ဖြစ်ပြီး အဓိက
ဖတ်စေလိုသူတို့အတွက် ဆွဲခေါ်
နိုင်မည့် အချက်တစ်ချက်လောက်ဖြင့်
စတင် တင်ပြလေ့ ရှိသည်။
ဥပမာ။ ဤလုပ်ရပ်မှန်သည်။
ဘယ်လို ဘယ်ပုံ မှန်ကြောင်းကို
ပြောရမည်ဆိုက မြတ်စွာဘုရား
ခေတ်အခါက စလို့ ...
ယနေ့ခေတ်ထိပင်။
ထို့ကြောင့် မှန်ပါသည်။
(၁၆) 2,3,4 Technique Mentioning :
နှစ်ကြိမ် သုံးကြိမ် လေးကြိမ်မြောက်
တိုင်အောင် ရှု့ထောင့် ပြောင်း
သုံးသပ်ဟန် ဖြင့် ရှု့ထောင့်တစ်ခုထဲမှပင်
စာဖတ်သူကို စာရေးသူမှ အမြင်မျိုးစုံဖြင့်
__________________________ _____________
#သုံးသပ်သယောင်ထင်မြင်စေခြင်းဖြစ်သည်။
__________________________ _____________
ဥပမာ။ ဤတရားသည်
ဘာသာရေး ရှု့ထောင့်မှသာမက
စီးပွားရေး ရှု့ထောင့်၊
လူမှုရေး ရှု့ထောင့်၊
နေထိုင်ရေး ရှု့ထောင့် စသည့်
အဘက်ဘက်မှရှု့လျှင်လည်း
တင့်တယ်သည်သာ ဖြစ်သည်။
(၁၇) Preemptive Strike :
အပြု သဘော ဟန်ဖြင့်စတင်
ရေးသားလေ့ရှိပြီး လူအများလက်ခံသည့်
တစ်ကွေ့မှ စတင်ကာ အကြောင်းအရာ
တစ်ခုကို သဲကြီးမဲကြီး ရှုံ့ချ အပြစ်တင်
ပြောဆိုခြင်း ဖြစ်သည်။
ဥပမာ။ "ဂိမ်းဆော့ခြင်းသည်
လူတစ်ယောက်ကို ကျန်းမာရေးအတွက်
ရေရှည်တွင်ထိခိုက်စေသည်" မှအစချီကာ
တောက်လျှောက် ဂိမ်းတစ်ခု ထဲကို
ပုတ်ခတ်သုံးသပ်လာခြင်းမျိုး ဖြစ်သည်။
(၁၈) Framing Debate :
မူလက မရှိနေသည့်
အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခုကို
လူအများ အာရုံပြောင်းစေရန်
တင်သွင်းခြင်း (တစ်နည်း)
မှိုင်းတိုက်ခြင်း ဖြစ်သည်။
ဥပမာ။ "ဘိုမအရုပ်ကလေး ဓာတ်ခဲ
မထည့်ပဲ မျက်တောင်ခတ်တယ်တဲ့"
ဟူသော သတင်းမျိုးဖြင့် လူအများ
စိတ်ဝင်စားလာပြီး လက်ခံသူ၊ လက်မခံသူ
တို့ အငြင်းပွားစေခြင်းမျိုး ဖြစ်သည်။
(၁၉) Token Equal Time :
သတင်း တစ်ပုဒ်လုံး
အစမှအဆုံးတိုင်အောင် တစ်ဖက်ထဲကို
တိုက်ခိုက်လာ၍ အဆုံးသတ်နားရောက်မှ
မျှတသည့် အသွင်ကို ယူထားဟန် ဖြင့်
"အခြားနည်းတော့ ရှိကောင်း ရှိလိမ့်မည်။"
ဟူ၍ လည်းကောင်း "ရွေးပါ။ ရွေးတတ်ပါစေ"
ဟူ၍ လည်းကောင်း ရေးသားခြင်းဖြစ်သည်။
ဥပမာ။ "ဒါလဲ ကျူ ပ်မှန်တယ်။
ဟိုဟာလဲ မှန်ခဲ့တာပဲ။
ဒီဟာလဲ ထပ်မှန်ဦးမယ်။
ဟိုးတုန်းကလဲ မှန်ခဲ့တယ်။
ဒီတော့ ခင်ဗျားစဉ်းစားပေါ့။
ကျူ ပ်လောက်မှန်တဲ့လူရှိကောင်းရှိမယ်။
ဒါပေမယ့် ကျူ ပ်ကတော့ အမှန်ဆုံးပဲ။"
ဟူ၍ အဆိုပြု ခြင်းမျိုး ဖြစ်သည်။
(၂၀) Interpreting A Statement :
သူကတော့ ဤသို့ပြောသွားသည်
ဟူ၍ မိမိဆိုလိုရင်း ရောက်ရန်
သူ့ဆိုလိုချက်ကို ပြောင်းလွှဲ
ပြောဆိုဟန် ကိုးကား၍ ရေးသားသည်။
ဥပမာ။ "I do not know this
because of that" ဟု ဆိုရာဝယ်
"ကျွန်မ ဒီကိစ္စကို လက်မခံသလို
မသိချင်ပါဘူး" ဟု
ဘာသာပြန်ခြင်းမျိုးဖြစ်သည်။
(၂၁) Withholding Information :
သတင်းထုတ်ပြန်ရန်
ဝေခွဲရခက်သောကြောင့်
မထုတ်ပြန်ရဲခြင်း ဖြစ်သည်။
သတင်းထိန်ချန်ခြင်းနှင့် ဖုံးကွယ်ခြင်းတို့လို
သိသိကြီးနှင့် ဖုံးထားသည်မဟုတ်။
မိမိသေချာမသိ၍ မထုတ်ပြန်ခြင်းဖြစ်သည်။
ဥပမာ။ မြန်မာနိုင်ငံ၏ မည်ရွေ့မည်မျှ
သစ်တောပြုန်းတီးသွားပြီ။ ၎င်းတို့မှာ
မည်သည့်အကြောင်း မည်သည့်
အကျိုးအာနိသင် ရှိသည် စသဖြင့်
ရေရေရာရာ မသိသောကြောင့်
မထုတ်ပြန်ခြင်းမျိုး ဖြစ်သည်။
(၂၂) Distracting Technique :
ကျ ရှုံးမှု ဆုတ်ခွာမှု ယိုင်လဲမှု
တစ်ခုခုကို မမြင်စေရန်
အာရုံပြောင်းလိုသည့်အခါ
လက်ရှိဖြစ်ပွား နေသော
အခြားတစ်နေရာမှ ကိစ္စတစ်ရပ်ရပ်အား
လူအများအာရုံစိုက်စေရန် အဖန်ဖန်
တင်သွင်း ပြောဆိုခြင်း ဖြစ်သည်။
Framing သည် မရှိသည့် အငြင်းဖြစ်ပြီး
ဤ Distraction မှာတော့ လက်ရှိကို
ဖြစ်ပေါ်နေသော ကိစ္စတစ်ရပ် (သာမန်)
ဖြစ်သည်။
ဥပမာ။ အငြိမ့်မင်းသမီး ချော်လဲ၍
အောက်စလွတ်သွားချိန် လူပြက်တို့က
ဇာတ်တိုက်ထားသယောင် ဝင်လာ၍
အရှက်ကို ကွယ်သွားခြင်းမျိုး ဖြစ်သည်။
#ကျော်ငယ် (မှတ်စုကြမ်း Founder)
****************
သတင်း ဟူသည်မှာ
ဝေဖန်မှုကင်းရမည်။
အစွန်းအစွဲရှင်းရမည်။
တစ်ဖက်စောင်းမရေးရ။
နှစ်ဖက်ခွ လဲမရေးရ။
မြင်တွေ့သည့်အတိုင်း
အကုန်အစင်ရေးသားသော
အတတ်ပညာကို သတင်းရေးသားခြင်း
ပညာဟုခေါ်သည်။ ယနေ့ မြန်မာနိုင်ငံတွင်
သတင်းစစ်စစ် ရှာဖတ် ချင်လျှင်
ကျီးကြည့်တောင်ကြည့်ဖြင့်သာ
ဟိုလိုလိုသည်လိုလိုရှာရင်း
အချိန်ကုန်ရသည်။
ထို့ကြောင့် အစွန်းအစွဲလွတ်သော
သတင်းရေးသားခြင်း အတတ်ပညာ
မတိမ်ကော စေရန် ရည်သန်၍
ဤ စောင့်ထိန်း အပ်သည့် ကျင့်ဝတ်
(၂၂) ချက် ကို ဖော်ပြလိုက် ရပါသည်။
-
(၁) Guilt by Association :
(သတင်းဖြင့် မသက်ဆိုင်/ မလိုအပ်ပဲ)
"လူအများ မကောင်းသည့်၊ ကောင်းသည့်
ဟူ၍ လက်ခံထားပြီးသား အသင်းအဖွဲ့"နှင့်
"လူတစ်ဦးတစ်ယောက်" သည် ဆက်နွယ်
နေသည် ဟူ၍ သုံးသပ်ခြင်း ဖြစ်သည်။
ဥပမာ။ မောင်ဘသည်
အသားမည်းသဖြင့်
ကုလားဖြစ်သည်ဟု လည်းကောင်း၊
ကုလားမှန်သမျှ မွတ်စလင်မ်ချည့်ပဲ ဟု
လည်းကောင်း၊ မွတ်စလင်မ် ဟူသမျှ
အကြမ်းဖက် ဟု လည်းကောင်း
သုံးသပ်ခြင်းမျိုး ဖြစ်သည်။
(၂) Misinformation :
သတင်းတစ်ခုကို လိုသလို
ဖြတ်တောက်၍ မိမိ ဆိုလိုရင်း ရောက်ဖို့
ရေးသား ခြင်း ဖြစ်သည်။ (အသုံးများသည်)
ဥပမာ။ မောင်ဘသည် နှုတ်ခမ်းနီ
ထုတ်လုပ်ပုံကို စိတ်ဝင်စားကြောင်း
ရေးသားလိုရာတွင် "မောင်ဘ သည်
နှုတ်ခမ်းနီ ကြိုက်သည်။" ဟု
ဖော်ပြခြင်းမျိုး ဖြစ်သည်။
(၃) Backstroke :
စနစ်တကျဖြင့် ရေးသားထားသည့်
စီမံကိန်း ဦးတည်ချက် တစ်ချက်စီအား
ထောက်၍ ၎င်းနှင့် အတိတ်က ဖြစ်ရပ်တို့နှင့်
နှိုင်းယှဉ် ပြန်ခေါ် ရှင်းပြနေခြင်း ဖြစ်သည်။
ဥပမာ။ "ယနေ့မီးပျက်သည်"ဟူသော
သတင်းတစ်ပုဒ်အား "ယခင်ကလိုပင်
ယခုထိ မီးပျက်ဆဲ ဖြစ်သည်။" ဟု
ကောက်ချက်ချ တင်ပြ ခြင်းဖြစ်သည်။
(၄) Over Humanization :
လူ့အခွင့်အရေး ကိုနင်း၍
တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို
ဖော်ပြကာ မိမိဆိုလိုချက် ကြီးကြီးမားမားသို့
ရောက်အောင် ရေးသားခြင်း ဖြစ်သည်။
ဥပမာ။ လူကုန်ကူး ခံရသည့်
မိန်းကလေးတို့၏ ဘဝ
တစ်စိတ်တစ်ဒေသကို ဖော်ပြရင်းဖြင့်
ငွေကြေး မပြေလည်ခြင်းကြောင့်ဟူသော
အဆိုကို တင်သွင်းလိုက်သောအခါ
ထို သတင်းတစ်ပုဒ်လုံးသည်
မိန်းကလေး၏ မူလနေရပ် နိုင်ငံ၏
စီးပွားရေးကိုပြဿ နာ တစ်ရပ်အဖြစ်သို့
တိုက်ရိုက် အသွင်ပြောင်းသွားစေသည်။
(၅) Name Calling :
ရှေးအကျဆုံး စနစ်ဖြစ်သည်။
လွယ်ကူသည်။ "ဆဲဆိုခြင်း" ဖြင့်
လူတစ်ယောက်၏ သိက္ခာကို
ပုတ်ခတ်လိုက်သည်။ လူ၁၀၀ တွင်
၃၀ လောက်က မိမိကို ထောက်ခံလျှင်
ဆဲသူ အယောက် ၃၀ ဖြစ်လာမည်။
တစ်စုံတစ်ယောက်သည်
မိမိအသိုင်းအဝိုင်းမှ လူအများက
လူတစ်ဦးအား ဆဲဆိုသော် အဆဲခံရ
သူအား အကောင်း မမြင်နိုင်တော့။
ဥပမာ။ "ဒီအဘိုးကြီး ခေါင်းက
ဘာမှ သုံးစားလို့ မရပါဘူးကွာ"
ဟူသော အချက်အလက် မပါဝင်သည့်
တိုက်ခိုက်ချက်သည် အုံကြွလာသော
အခါ အဆိုပါ ညွှန်းဆိုခံရသူအပေါ်
ပတ်ဝန်းကျင်၏ အဂါရဝတရားသည်
တိုးပွားလာခဲ့သည်။
(၆) He Said, She Said :
တစ်စုံတစ်ရာကို တင်ပြသူဘက်မှ
"ဤ အကြောင်းသည် မမှန်ပါ။
တစ်ဖက် စောင်းနင်း ရေးသား
ထားပေသည်။ သို့သော် ပြောနေ
သူတွေကတော့ ဒီလိုပြောနေကုန်ပြီ"
ဟူ၍ အစချီကာ လူအများပြောကြား
သည့် သတင်းအတိုင်း ပြန်လည်
ဖောက်သည်ချခြင်း ဖြစ်သည်။
ဥပမာ။ "ခင်ဗျားကိုတော့ဗျာ ...
ကိုဘယ်သူက ဘယ်လိုပြောတာ။
ဒါကို ကျူ ပ်ဖြင့် သိပ်မကျေနပ်နိုင်ဘူး
သိလား။ မဟိုဟာကလဲ ဟိုဒင်းလို
ပြောသေးတယ်လေ။" စသဖြင့်
ပြောဆို ရေးသားခြင်းမျိုး ဖြစ်သည်။
(၇) Unproven Facts :
"လေ့လာချက်များအရ"
"သုတေသီတို့မှ"
"ဘာသာကျမ်းများတွင် ဖော်ပြပါရှိ"
"ဗုဒ္ဓဝါဒ အရ" စသဖြင့် ယေဘူယျ
ကျသော လေ့လာချက်များဖြင့်
ကိုးကားရေးသားလေ့ရှိသည်။
တကယ်သေချာ ရှာဖွေဖတ်စေ
လိုသောကြောင့် ...
"ကျမ်းညွှန်း အပိုဒ်ရေ အတိအကျ"
"သုတေသန နေ့စွဲ"
"စာတမ်းမှတ်တမ်း"
"နံပါတ်စဉ်"
"ကုဒ်" စသည့် အရေးကြီး
အချက်အလက်များ တစ်လုံးတစ်ပါဒမျှ
ထည့်သွင်း ထားခြင်း မရှိပေ။
ဥပမာ။ လေ့လာချက်များအရ
မနက်စောစော နွားနို့ သောက်ခြင်းသည်
အားရှိကြောင်း တွေ့ရှိရသည် ဟု
သုတေသီတို့က ဆိုသည်။
(၈) Complete Lie :
လုံးလုံးလျားလျား ဗြောင်လိမ်ခြင်း။
အကြောင်းပြချက် ခိုင်ခိုင်လုံလုံမဟုတ်ပဲ
ခုခံရေးသား ဘူးခံငြင်းခြင်း ဖြစ်သည်။
ဥပမာ။ ပင်လယ်ရေငန်သည်
မသောက်ခင် ချိုသည်။
(၉) Telling the Truth :
ရံဖန်ရံခါ အမှန်အတိုင်း ပြောခြင်း။
သတင်းလိမ်သူ တို့သည် ရံဖန်ရံခါတော့
အမှန်သတင်းကို တင်တတ်ကြသည်။
ဥပမာ။ ပင်လယ်ရေ သောက်လျှင်တော့
ငန်သည်သာ ဖြစ်သည်။
(၁၀) Not talking at all :
သတင်း ဖုံးကွယ် ခြင်း။
အချို့သော သတင်းတို့ကို
မိမိအလိုသို့ မလိုက်သောကြောင့်
မရေးသားလိုခြင်း ဖြစ်သည်။
ဥပမာ။ ဦးလှကို Taxi ပေါ်မှ
လေးခွဖြင့်ပစ်ခတ်လုပ်ကြံသွာ
ဖြစ်သည်။ ဦးလှ လောင်းကစားဝိုင်းမှ
အပြန် မကျေ နပ်သူတို့က လိုက်လံ
ရန်ရှာသည့် ဖြစ်ရပ်မှာ တကယ်မဖြစ်ခဲ့။
(၁၁) Subtle Inaccuracies :
သတင်းထိန်ချန်ခြင်း။
ဦးတည်ချက် တစ်စုံတစ်ရာကြောင့်
ဖြစ်ရပ်တစ်ခုကို အမှန်အတိုင်း
တင်ပြရမည်ကို လျှော့ပြောခြင်းအားဖြင့်
အမှန်တကယ် ကြီးသည့် ကိစ္စ
သေးသယောင် ပြောဆိုခြင်းဖြစ်သည်။
ဥပမာ။ "ဒိုင်ယာနာ မင်းသမီး သေဆုံးပြီ"
ဟူသော သတင်းကို "ယမန်နေ့က
အသေးစား ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။
လူငါးဦးသေဆုံး၍ တစ်ဦးဒဏ်ရာရသည်။"
ဟု ဖော်ပြသလို ဖြစ်သည်။
(၁၂) One One Punch :
သမာသမတ်ကျ သည့်ရှု့ထောင့်တွင်
မိမိရှိသည် ဟု အမြင်ယူထားကာ
နှစ်ဖက်ကို တစ်ဖက်ဖက် အသာပေး
ပြောဟောခြင်း ဖြစ်သည်။
ဥပမာ။ ဘောလုံးပွဲဒိုင် ခေါက်ဆွဲစား
ထားခြင်းမျိုး ဖြစ်သည်။ နောက်ဆုံး
ရလဒ်ကတော့ ဒါပင်ထွက်ရမည်။သို့သော်
တစ်ပွဲလုံး ကိုယ်က အလယ်က လူပင်။
(၁၃) Coordination :
တစ်ကြောင်းစီတိုင်းက မိမိဆိုလိုရင်းကို
တစ်ပေါင်းထဲ ထွက်ဆိုခြင်း ဖြစ်သည်။
ဥပမာ။ "မီးမပျက်ဖူးဆိုပြီး ပျက်မြဲပဲ။
တံတားဆောက်တာလဲ ကားပိတ်မြဲပဲ။
ကတိပေးတယ် အလကားပဲ။
ပြောင်းပြီတဲ့ မပြောင်း သေးဘူး။
ထို့ကြောင့် ကတိတည်သလား
မတည်ဘူးလား။"ဟု
ရေးသားခြင်းမျိုး ဖြစ်သည်။
(၁၄) Volume :
Coordination နှင့် ဆက်နွယ်သည်။
တစ်ကြောင်းစီဖြင့် အခိုင်အမာ
တည်ဆောက်ထားသည့်ဆိုလိုရင်းက
ထုနှင့်ထည်နှင့် နေရာအနှံ့
ညွှန်ထိုးပြသခြင်း ဖြစ်သည်။
ဥပမာ။ ဒီတုန်းက
ကတိမတည်တာတင်မဟုတ်။
ဟိုတုန်းကရော။ နောင်ရော။
အခုရော စသဖြင့်ထုနှင့်ထည်နှင့်
ပြသခြင်းမျိုး ဖြစ်သည်။
(၁၅) Fogging an Issue :
မိမိ တင်ပြချက်ကို ဖတ်စေလိုသူ
တို့သာဖတ်ရန် သတင်း တစ်ပုဒ်လုံးကို
အဓိပ္ပာယ်မရှိစွာ တောင် မြောက်
ရေးသားခြင်း။ ထိုအခါ လူအများစုမှာ
ကျော်သွားမည်ဖြစ်ပြီး အဓိက
ဖတ်စေလိုသူတို့အတွက် ဆွဲခေါ်
နိုင်မည့် အချက်တစ်ချက်လောက်ဖြင့်
စတင် တင်ပြလေ့ ရှိသည်။
ဥပမာ။ ဤလုပ်ရပ်မှန်သည်။
ဘယ်လို ဘယ်ပုံ မှန်ကြောင်းကို
ပြောရမည်ဆိုက မြတ်စွာဘုရား
ခေတ်အခါက စလို့ ...
ယနေ့ခေတ်ထိပင်။
ထို့ကြောင့် မှန်ပါသည်။
(၁၆) 2,3,4 Technique Mentioning :
နှစ်ကြိမ် သုံးကြိမ် လေးကြိမ်မြောက်
တိုင်အောင် ရှု့ထောင့် ပြောင်း
သုံးသပ်ဟန် ဖြင့် ရှု့ထောင့်တစ်ခုထဲမှပင်
စာဖတ်သူကို စာရေးသူမှ အမြင်မျိုးစုံဖြင့်
__________________________
#သုံးသပ်သယောင်ထင်မြင်စေခြင
__________________________
ဥပမာ။ ဤတရားသည်
ဘာသာရေး ရှု့ထောင့်မှသာမက
စီးပွားရေး ရှု့ထောင့်၊
လူမှုရေး ရှု့ထောင့်၊
နေထိုင်ရေး ရှု့ထောင့် စသည့်
အဘက်ဘက်မှရှု့လျှင်လည်း
တင့်တယ်သည်သာ ဖြစ်သည်။
(၁၇) Preemptive Strike :
အပြု သဘော ဟန်ဖြင့်စတင်
ရေးသားလေ့ရှိပြီး လူအများလက်ခံသည့်
တစ်ကွေ့မှ စတင်ကာ အကြောင်းအရာ
တစ်ခုကို သဲကြီးမဲကြီး ရှုံ့ချ အပြစ်တင်
ပြောဆိုခြင်း ဖြစ်သည်။
ဥပမာ။ "ဂိမ်းဆော့ခြင်းသည်
လူတစ်ယောက်ကို ကျန်းမာရေးအတွက်
ရေရှည်တွင်ထိခိုက်စေသည်" မှအစချီကာ
တောက်လျှောက် ဂိမ်းတစ်ခု ထဲကို
ပုတ်ခတ်သုံးသပ်လာခြင်းမျိုး ဖြစ်သည်။
(၁၈) Framing Debate :
မူလက မရှိနေသည့်
အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခုကို
လူအများ အာရုံပြောင်းစေရန်
တင်သွင်းခြင်း (တစ်နည်း)
မှိုင်းတိုက်ခြင်း ဖြစ်သည်။
ဥပမာ။ "ဘိုမအရုပ်ကလေး ဓာတ်ခဲ
မထည့်ပဲ မျက်တောင်ခတ်တယ်တဲ့"
ဟူသော သတင်းမျိုးဖြင့် လူအများ
စိတ်ဝင်စားလာပြီး လက်ခံသူ၊ လက်မခံသူ
တို့ အငြင်းပွားစေခြင်းမျိုး ဖြစ်သည်။
(၁၉) Token Equal Time :
သတင်း တစ်ပုဒ်လုံး
အစမှအဆုံးတိုင်အောင် တစ်ဖက်ထဲကို
တိုက်ခိုက်လာ၍ အဆုံးသတ်နားရောက်မှ
မျှတသည့် အသွင်ကို ယူထားဟန် ဖြင့်
"အခြားနည်းတော့ ရှိကောင်း ရှိလိမ့်မည်။"
ဟူ၍ လည်းကောင်း "ရွေးပါ။ ရွေးတတ်ပါစေ"
ဟူ၍ လည်းကောင်း ရေးသားခြင်းဖြစ်သည်။
ဥပမာ။ "ဒါလဲ ကျူ ပ်မှန်တယ်။
ဟိုဟာလဲ မှန်ခဲ့တာပဲ။
ဒီဟာလဲ ထပ်မှန်ဦးမယ်။
ဟိုးတုန်းကလဲ မှန်ခဲ့တယ်။
ဒီတော့ ခင်ဗျားစဉ်းစားပေါ့။
ကျူ ပ်လောက်မှန်တဲ့လူရှိကောင်းရ
ဒါပေမယ့် ကျူ ပ်ကတော့ အမှန်ဆုံးပဲ။"
ဟူ၍ အဆိုပြု ခြင်းမျိုး ဖြစ်သည်။
(၂၀) Interpreting A Statement :
သူကတော့ ဤသို့ပြောသွားသည်
ဟူ၍ မိမိဆိုလိုရင်း ရောက်ရန်
သူ့ဆိုလိုချက်ကို ပြောင်းလွှဲ
ပြောဆိုဟန် ကိုးကား၍ ရေးသားသည်။
ဥပမာ။ "I do not know this
because of that" ဟု ဆိုရာဝယ်
"ကျွန်မ ဒီကိစ္စကို လက်မခံသလို
မသိချင်ပါဘူး" ဟု
ဘာသာပြန်ခြင်းမျိုးဖြစ်သည်။
(၂၁) Withholding Information :
သတင်းထုတ်ပြန်ရန်
ဝေခွဲရခက်သောကြောင့်
မထုတ်ပြန်ရဲခြင်း ဖြစ်သည်။
သတင်းထိန်ချန်ခြင်းနှင့် ဖုံးကွယ်ခြင်းတို့လို
သိသိကြီးနှင့် ဖုံးထားသည်မဟုတ်။
မိမိသေချာမသိ၍ မထုတ်ပြန်ခြင်းဖြစ်သည်။
ဥပမာ။ မြန်မာနိုင်ငံ၏ မည်ရွေ့မည်မျှ
သစ်တောပြုန်းတီးသွားပြီ။ ၎င်းတို့မှာ
မည်သည့်အကြောင်း မည်သည့်
အကျိုးအာနိသင် ရှိသည် စသဖြင့်
ရေရေရာရာ မသိသောကြောင့်
မထုတ်ပြန်ခြင်းမျိုး ဖြစ်သည်။
(၂၂) Distracting Technique :
ကျ ရှုံးမှု ဆုတ်ခွာမှု ယိုင်လဲမှု
တစ်ခုခုကို မမြင်စေရန်
အာရုံပြောင်းလိုသည့်အခါ
လက်ရှိဖြစ်ပွား နေသော
အခြားတစ်နေရာမှ ကိစ္စတစ်ရပ်ရပ်အား
လူအများအာရုံစိုက်စေရန် အဖန်ဖန်
တင်သွင်း ပြောဆိုခြင်း ဖြစ်သည်။
Framing သည် မရှိသည့် အငြင်းဖြစ်ပြီး
ဤ Distraction မှာတော့ လက်ရှိကို
ဖြစ်ပေါ်နေသော ကိစ္စတစ်ရပ် (သာမန်)
ဖြစ်သည်။
ဥပမာ။ အငြိမ့်မင်းသမီး ချော်လဲ၍
အောက်စလွတ်သွားချိန် လူပြက်တို့က
ဇာတ်တိုက်ထားသယောင် ဝင်လာ၍
အရှက်ကို ကွယ်သွားခြင်းမျိုး ဖြစ်သည်။
#ကျော်ငယ် (မှတ်စုကြမ်း Founder)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။