သတိရရဲ့လား
သီချင်း အပါအ၀င် ၎င်း၏သီချင်းသုံးပုဒ် ကို ဂျပန်အဆိုတော်တစ်ဦးက
ဂျပန်ဘာသာဖြင့်သီဆို၍ ဖြန့်ချိ ခဲ့ကြောင်း အဆိုတော်ဟန်ထူးလွင် က ပြောသည်။
‘‘ပြီးခဲ့တဲ့သင်္ကြန်က သူမြန် မာပြည်ကိုလာတယ်။ ကျွန်တော် နဲ့တွေ့တယ်။ ကျွန်တော်တို့ Production လုပ်နေတော့ ပေါင်း ပြီး လုပ်ကြည့်ချင်တယ်လို့သူက ပြောတာပေါ့။ သူဆိုချင်တယ်။ ဒီ ကနေတီးပြီးပို့ပေး။ Produce လုပ်ပေး။ ဟိုကလူတွေနဲ့ Mixing လုပ်မယ်။ အဲဒီလိုနဲ့ လုပ်ဖြစ်သွား တာ’’ ဟု ၎င်းကပြောသည်။
ဂျပန်အမျိုးသမီးအဆိုတော် Yuriko Hata က အဆိုတော်ဟန် ထူးလွင်၏ သတိရရဲ့လားအပါအ ၀င်သီချင်းသုံးပုဒ်ကို စက်တင် ဘာ ၃၀ ရက်တွင် ဂျပန်နိုင်ငံ၌ ဖြန့်ချိခဲ့သည်။
ကိုယ်ပိုင် ထုတ်လုပ်ရေးလုပ် ငန်းကို နိုင်ငံတကာနှင့်ပူးပေါင်း ပြုလုပ်လိုသောကြောင့် ယင်းကိစ္စ ကို ခွင့်ပြုခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘‘ကျွန်တော်ဒီမှာရေးထားတဲ့ သီချင်းတော်တော်များများကို ဂျ ပန်လိုဆိုလို့ရတဲ့သီချင်းတွေကို ဆိုချင်တာပေါ့’’ ဟု ဟန်ထူးလွင် က ဂျပန်အဆိုတော်နှင့်ဆွေးနွေး ဖြစ်ပုံကို ပြောသည်။
လတ်တလော အနုပညာ လှုပ်ရှားမှုအဖြစ် အောက်တိုဘာ ၇ ရက်တွင် Jမီနှင့်အတူ YOUK SHI ပွဲဖျော်ဖြေရန် အစီအစဉ်ရှိ ကြောင်း ၎င်းက ပြောသည်။
‘‘ကျွန်တော်က ဂျီလတ်နဲ့တွဲ ပြီး YOUK SHI ပွဲဆိုဖူးတယ်။ အခုတစ်ခေါက် နောက်တစ် ယောက်ဘယ်သူနဲ့တွဲချင်လည်း ဆိုတော့။ ကျွန်တော်က Jမီနဲ့ သင်္ကြန်မဏ္ဍပ်တစ်ခုမှာ နှစ် ယောက်တည်းဆိုဖူးတယ်။ ရှစ် နှစ်၊ ကိုးနှစ်လောက်ရှိပြီထင် တယ်။ အဲဒီတုန်းကလိုမျိုးပြန်လုပ် ချင်တာနဲ့ ဂျေမီကိုခေါ်ပေးပါဆို ပြီး လုပ်ဖြစ်သွားတာ’’ ဟု ၎င်းက ဖျော်ဖြေပွဲနှင့်ပတ်သက်၍ ပြော သည်။
ယင်းဖျော်ဖြေပွဲတွင် Jမီ နှင့် သီချင်းတစ်ပုဒ်တွဲ၍ သီဆိုရန် အစီအစဉ်ရှိပြီး ၎င်းတစ်ဦးတည်း သီချင်း ၁၄ ပုဒ်ခန့်ဆိုရန်ပြင်ဆင် ထားကြောင်း ၎င်းကပြောသည်။
‘‘Jမီနဲ့သီချင်းက လုပ်ထား တာဆယ်နှစ်လောက်ရှိပြီ။ အရမ်း ကြာပြီ။ သူ့အခွေသစ်ထဲမှာ ပါ မယ့်သီချင်း။ အဲဒီနေ့ပွဲမှာတော့ ဆိုဖြစ်လိမ့်မယ်’’ ဟု ဟန်ထူးလွင် က ပြောသည်။
BIG BAG နှင့် Jမီတို့၏ ဖျော်ဖြေပွဲကို အောက်တိုဘာ ၇ ရက်ညတွင် အမျိုးသားကဇာတ်ရုံ ၌ ပြုလုပ်မည်ဖြစ်ပြီး လက်မှတ်ခ ကို ငွေကျပ်တစ်သောင်းခွဲမှ သုံး သောင်းအထိ သတ်မှတ်ထားသည်။
http://www.7daydaily.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။