Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Sunday, October 1, 2017

ယခုတိုင္ေက်ာ္ၾကားေနဆဲျဖစ္တဲ့ ကမာၻေက်ာ္ ေပါ့ဘုရင္ႀကီး မုိက္ကယ္ဂ်က္ဆင္ရဲ႕အေၾကာင္း


၁၉၅၈-ခုႏွစ္၊ ဩဂုတ္လ၊ (၂၉)ရက္၊ အေမရိကန္ႏိုင္ငံ၊ အင္ဒီယားနားျပည္နယ္၊ ဂေရးအရပ္တြင္ ေမြးဖြားသည္။ မိဘမ်ားမွာ Joseph Walter (Joe) ႏွင့္ Katherine Esther တို႔ျဖစ္သည္။ ေမြးခ်င္း ကိုးေယာက္တြင္ ခုႏွစ္ေယာက္ေျမာက္ သားျဖစ္သည္။ ငယ္အမည္မွာ Michael Joseph Jackson ျဖစ္သည္။ ညီမအငယ္ဆုံးမွာ ဂ်က္နက္ဂ်က္ဆင္(Janet Jackson)ျဖစ္သည္။ မိုက္ကယ္လ္၏ အရပ္မွာ ငါးေပဆယ္လက္မ (1.78 m) ျဖစ္သည္။ ၁၉၆၃-ခုႏွစ္တြင္ ညီအစ္ကိုမ်ားႏွင့္ အတူ The Jackson Five အဖြဲ႕ႏွင့္ ကေလးဘဝကတည္းက သီခ်င္းသီဆိုမႈ စတင္ခဲ့သည္။ ေနာက္ပိုင္းတြင္ အဖြဲ႕ကို The Jackson ဟု အမည္ေျပာင္းလဲခဲ့သည္။ အဖြဲ႕ႏွင့္ အတူ သီဆိုခဲ့ေသာ I Want You Back(1969)၊ ABC(1970)ႏွင့္ I’llBeThere(1970) သီခ်င္းမ်ား ထင္ရွားခဲ့သည္။

၁၉၇၂-ခုႏွစ္တြင္ သူတစ္ဦးတည္း တစ္ကိုယ္ေတာ္ သီခ်င္းအယ္လ္ဘမ္ Got to be There ႏွင့္ Benမ်ား ထြက္ရွိခဲ့သည္။ ၁၉၇၈-ခုႏွစ္တြင္ ဂီတဗီဒီယို TheWiz ထြက္ရွိခဲ့ၿပီးေနာက္ အဖြဲ႕ႏွင့္ လမ္းခြဲခဲ့ၿပီး ၁၉၇၉-ခုႏွစ္တြင္ Off the Wall အယ္လ္ဘမ္ ထြက္ရွိခဲ့သည္။ ယင္းႏွစ္မွာပင္ ေဖ်ာ္ေျဖပြဲ၌ ထိခိုက္မႈ ျဖစ္ပြားခဲ့ၿပီး ႏွာေခါင္း႐ိုး က်ိဳးခဲ့ရာမွ အစျပဳကာ မ်က္ႏွာျပင္ ခြဲစိတ္ကုသမႈျခင္းကို စတင္ခဲ့သည္။ ထို႔ေနာက္ မ်က္ႏွာခြဲစိတ္ကုသျခင္းကို ၁၉၈၄၊ ၁၉၈၅၊ ၁၉၈၇၊ ၁၉၉၁၊ ၁၉၉၃၊ ၁၉၉၇၊ ၁၉၉၉၊ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂ႏွင့္ ၂၀၀၄-ခုႏွစ္မ်ားတြင္ မ်က္ႏွာကို မ်က္ႏွာဖုံးစြပ္၍ သြားလာခဲ့ရသည္အထိ မ်က္ႏွာအေရျပားမ်ား ပ်က္စီးခဲ့သည္။

၁၉၈၂-ခုႏွစ္တြင္ Thriller အယ္လ္ဘမ္ ထြက္ရွိလာခဲ့ၿပီး ကမၻာတစ္ဝန္း ခ်ပ္ေရ ၁၀၉-သန္းေက်ာ္ ေရာင္းခ်ခဲ့ရၿပီး အံ့ဩေလာက္ဖြယ္ ေအာင္ျမင္မႈျဖင့္ သမိုင္းတစ္ေလၽွာက္ ေရာင္းအားအေကာင္းဆုံး ျဖစ္ခဲ့သည့္ျပင္ ဂရမ္မီဆု (၈)ဆုလည္း ရရွိခဲ့ကာ billboard အေရာင္းရဆုံး နံပါတ္တစ္ေနရာတြင္ ကိုးလၾကာ ရပ္တည္ခဲ့သည္။ သူ႕သီခ်င္းေတြသည္ ကမၻာေက်ာ္ ေအာင္ျမင္ခဲ့ၿပီး MTV တစ္ေခတ္ကို စတင္ခဲ့သူ ျဖစ္ပါသည္။
ကေလးမ်ားကို ခ်စ္တတ္သည္ဟု နာမည္ႀကီးခဲ့သလို ကေလးေတြကို မေတာ္တရား က်င့္တယ္ဆိုၿပီး အမႈအခင္းေတြလဲ ျဖစ္ခဲ့ပါသည္။ ကြယ္လြန္သူ နာမည္ႀကီး အဆိုေတာ့ အဲလ္ဗစ္ ပရက္စေလ၏ သမီး လီဆာ ပရက္စေလ ႏွင့္ လက္ထပ္ခဲ့ေသးေသာ္လည္း လမ္းခြဲခဲ့ၾကပါသည္။ ထို႔ေနာက္ နပ္စ္မ တစ္ေယာက္ႏွင့္ ကေလးေမြးသည္ဟု ဆိုျပန္သည္။ ေမြးကာစကေလးေလးကို ျပတင္းေပါက္မွေန တိုက္ေအာက္က ပရိတ္သတ္ကို လက္တစ္ဖက္တည္းႏွင့္ ကိုင္ေျမာက္ျပ၍ ကေလးသူငယ္မ်ား အခြင့္အေရး ကာကြယ္ေရး အဖြဲ႕က တရားစြဲဆိုတာလဲ ခံရပါသည္။ သူ႕ဘဝမွာ သူတစ္ခုခု လုပ္လိုက္တိုင္း ဟိုးေလးတစ္ေၾကာ္ ျဖစ္သြားတာခ်ည္းျဖစ္သည္။ ကေလးမ်ားအတြက္ နဲဗားလဲန္းကို သူ႕ၿခံထဲတြင္ ေဆာက္ေပးသည္။ ကေလးေတြကို ဖိတ္ၿပီး သူကိုယ္တိုင္ လိုက္ကစားသည္။ ကမၻာႀကီးအတြက္ ေကာင္းက်ိဳးကိုလဲ သူလုပ္ေပးခဲ့ေသးသည္။ သူသီဆိုခဲ့တဲ့ သီခ်င္းေတြထဲက အာဖရိက အငတ္ေဘးကို ကူညီဖို႔အတြက္ ႏိုင္ငံတစ္ကာက အဆိုေတာ္ေတြ ပါေသာ We are the World သီခ်င္း၊ စစ္မက္ေတြ ျဖစ္ပြားေနတဲ့ ကမၻာႀကီးကို ကယ္တင္ဖို႔ဆိုၿပီး ဆိုတဲ့ Heal The World သီခ်င္းေတြသည္ အခုထိ လူသိမ်ားေနတုန္းပင္ ျဖစ္သည္။
သူဟာ Moon Walk အက ကို Thriller အေခြထဲမွာ စတင္ မိတ္ဆက္ေပးၿပီး ကမၻာ့လူငယ္ထုကို ဘရိတ္ဒန္႔စ္ ဆိုေသာ အကႏွင့္ မိတ္ဆက္ေပးခဲ့သည္။ သီခ်င္းေတြ ထုတ္လုပ္ သီဆိုခဲ့ၿပီး ပလက္တီနမ္ ဓါတ္ျပားဆု ေပါင္းမ်ားစြာကို ဆြတ္ခူးခဲ့သည္။ သူ၏ အထင္ကရ အရွိဆုံး ကမၻာလွည့္ စတိတ္႐ႈိးမွာ Dangerous World Tour အမည္ရွိေသာ ခရီးစဥ္ ျဖစ္သည္။ ၁၉၉၂ ဝန္းက်င္က လွည့္လည္ ေဖ်ာ္ေျဖခဲ့ျခင္း ျဖစ္သည္။ သူ မကြယ္လြန္ခင္ ေနာက္ပိုင္းႏွစ္မ်ားမွာ ေဝဖန္ခံရစရာေတြ အမ်ားႀကီးရွိခဲ့ၿပီး သူသည္ ၂၀၀၅ ခုႏွစ္တြင္ ကေလးငယ္မ်ားကို မဖြယ္မရာ ျပဳလုပ္ဆိုကာ တရားစြဲခံရၿပီးမွ လြတ္ေျမာက္ခဲ့သည္။

မိုက္ကယ္သည္ မ်က္ႏွာခြဲစိတ္မႈ အႀကိမ္ေပါင္းမ်ားစြာ ျပဳလုပ္ခဲ့ၿပီးေနာက္ ၿပီးခဲ့ေသာ ႏွစ္ပိုင္းမ်ားအတြင္း က်န္းမာေရး ဆိုး႐ြားလာေၾကာင္း သတင္းမ်ား မၾကာခဏ ထြက္ေပၚခဲ့ေသာ္လည္း အၿမဲတေစ ျငင္းဆန္ေနခဲ့သည္။ သို႔ေသာ္ သူသည္ သူ႕၏ အဆိုေတာ္ဘဝကို ျပန္ဝင္ေရာက္ဖို႔ စီစဥ္ေနသည္။ လန္ဒန္တြင္ ဒီႏွစ္ကုန္ပိုင္း စင္ျမင့္ေဖ်ာ္ေျဖပြဲမ်ား ေဖ်ာ္ေျဖဖို႔ရွိၿပီး သူ႕၏ လက္မွတ္မ်ားသည္ မိနစ္ပိုင္းအတြင္းမွာ ေရာင္းခ် ကုန္သြားခဲ့ပါသည္။ မိုက္ကယ္သည္ လာမည့္လအတြင္း လန္ဒန္တြင္ ၎ဘဝအတြက္ အႀကီးမားဆုံး စင္တင္ေဖ်ာ္ေျဖမႈႀကီးကို ျပဳလုပ္ခြင့္ရရန္ ေမၽွာ္လင့္ထားသူျဖစ္သည္။ ၎အေနႏွင့္ ဇူလိုင္လ (၁၃)ရက္ေန႔၌ လန္ဒန္ၿမိဳ႕ O2အားကစားကြင္းႀကီးတြင္ ျပဳလုပ္မည့္ ေဖ်ာ္ေျဖပြဲႀကီးအတြက္ အလြန္အားခဲထားၿပီး အစမ္းေလ့က်င့္မႈ (၄၅)ႀကိမ္မၽွ ျပဳလုပ္ထားခဲ့ေၾကာင္း ညီမျဖစ္သူ လာတိုရာက ဆိုသည္။
ကမၻာေက်ာ္ ေပါ့ပ္အဆိုေတာ္ မိုက္ကယ္လ္ ဂ်က္ဆင္ (Michael Jackson) သည္ ၂၀၀၉-ခုႏွစ္၊ ဇြန္လ(၂၅)ရက္၊ ၾကာသပေတးေန႔ ေလာ့စ္ အိန္ဂ်လိစ္ ေဒသစံေတာ္ခ်ိန္ (၃.၁၅ နာရီ) မွာ ကြယ္လြန္သြားခဲ့ပါသည္။ အသက္ ၅၀ အ႐ြယ္ရွိ မိုက္ကယ္လ္ ဂ်က္ဆင္သည္ ႏွလုံးေဝဒနာ ခံစားရၿပီး ခ်က္ခ်င္း ကယ္လီဖိုးနီးယားျပည္နယ္ ေလာ့စ္ အိန္ဂ်လိစ္ ၿမိဳ႕ေတာ္ရွိ UCLA ေဆး႐ုံတစ္ခုကို အျမန္ဆုံး ပို႔ေဆာင္ခဲ့ၾကရပါသည္။
သူ႕၏ ေနအိမ္ကို ေဒသစံေတာ္ခ်ိန္ မြန္းလြဲပိုင္းမွာ အေရးေပၚ ေဆးဝန္ထမ္းမ်ား ေရာက္လာခ်ိန္၌ သူသည္ အသက္မ႐ႉေတာ့ဘူးဟု မီးသတ္အရာရွိမ်ားက ေျပာပါသည္။ ထို႔ေနာက္ UCLA ကယ္လီဖိုးနီးယား ေဆး႐ုံ၌ ေမ့ေမ်ာေနသည္ဟု ေဆး႐ုံက သတင္းထုတ္ျပန္ခဲ့ပါသည္။ ဇြန္လ(၂၅)ရက္ေန႔ ညေနပိုင္းက မိုက္ကယ္တစ္ေယာက္ အနိစၥေရာက္သြားၿပီျဖစ္ေၾကာင္း အတည္ျပဳခ်က္ သတင္းကို ေလာ့စ္အိန္ဂ်လိစ္ ၿမိဳ႕ေတာ္ရွိ UCLAေဆး႐ုံက ေၾကညာခဲ့သည္။ မိုက္ကယ္သည္ မကြယ္လြန္ခင္က က်န္းမာေရး ဆိုး႐ြားလာၿပီး ကိုမာ(ေခၚ )အသိမဲ့ေမ့ေမ်ာသည့္ အေျခအေနမ်ိဳး ေရာက္ရွိခဲ့ေသးေၾကာင္း ၎၏မိသားစုက ဆိုသည္။ ထို႔ေနာက္ မိုက္ကယ္လ္ ဂ်က္ဆင္ ေသဆုံးသြားၿပီဟု ရဲအရာရွိမ်ားက အတည္ျပဳေျပာဆိုေၾကာင္း ေလာ့စ္ အိန္ဂ်လိစ္ တိုင္းမ္စ္ သတင္းစာမွာ ေဖာ္ျပပါသည္။
ကြယ္လြန္ခ်ိန္၌ အသက္(၅၀)ရွိၿပီ ျဖစ္သည္။ မိုက္ကယ္ကြယ္လြန္ေၾကာင္း သတင္းကို ၾကားသိၿပီးေနာက္ ၎အား ေၾကကြဲစြာ ႏႈတ္ဆက္ရန္ ေဆး႐ုံအျပင္တြင္ ပရိသတ္မ်ား ၿငိမ္သက္တိတ္ဆိတ္စြာ လာေရာက္စု႐ုံးေနခဲ့သည္။ လန္ဒန္၌ အကြက္ ျမင္ေသာစီးပြားေရးသမားတို ့က မိုက္ကယ္ အမွတ္တရ အက်ႌ၊ ရင္ထိုးတံဆိပ္ ႏွင့္ အမွတ္တရ ပစၥည္းမ်ားကို ထုတ္လုပ္ ေရာင္းခ်ၾကရာ ေရာင္းမေလာက္ ဟုသိရသည္။ မိုက္ကယ္ဂ်က္ဆင္က ပရိသတ္မ်ားအား ထိုးေပးေသာ အမွတ္တရလက္မွတ္မွာ တန္ေၾကး ေဒၚလာ ႏွစ္ေသာင္းထိ ေဈးေပါက္သည္ ဟုသိရသည္။ ၁၉၉၄ ခုႏွစ္က ဂ်ပန္ တြင္ မိုက္ကယ္က သူ ့ပရိသတ္ တစ္ဦးအား လက္ေဆာင္ေပး ခဲ့သည့္ ဦးထုပ္ မွာ ေဒၚလာ ငါးေသာင္း ျဖစ္ဝယ္မည့္သူမ်ားရွိ ေနသည္။
သူအားအ႐ူးအမူး ခ်စ္သည့္ ပရိသတ္မ်ားက မိုက္ကယ္ မေသ ဟုယုံၾကသည္။ မည္သို ့ပင္ျဖစ္ေစ နယူးေယာက္ တိုင္းသတင္းစာကမူ မိုက္ကယ္ ၏ ေနာက္ဆုံးခရီးသည္ ၁၉၇၇ ခုႏွစ္က ကြယ္လြန္ခဲ့သည့္ အဲဗစ္ ပရက္စေလ ၏ ဈာပန ႏွင့္ ၁၉၉၇ ခုႏွစ္က ေသဆုံးခဲ့သည့္ ဒိုင္ယာနာ၏ ဈာပန တို႔ထက္ပို၍ တိုးမေပါက္ေအာင္ရွိမည္ ဟု ခန္႔မွန္းထားသည္။ မိုက္ကယ္ဂ်က္ဆင္အား ေနာက္ဆုံးႏႈတ္ဆက္သည့္ ဈာပနအခမ္းအနားကို ဇူလိုင္လ(၇)ရက္ေန႔က ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ေတာ္ရွိ Staplesစင္တာတြင္ က်င္းပျပဳလုပ္ခဲ့သည္။ ကမၻာေက်ာ္ အႏုပညာရွင္မ်ားျဖစ္ေသာ မာ႐ိုင္ကာေရး၊ ဂ်နီဖာဟတ္ဒ္ဆန္၊ လီယြန္နယ္လ္ရစ္ခ်ီ၊ စတီဗီဝမ္းဒါး၊ ဂၽြန္ေမယာတို႔အျပင္ ၿဗိတိန္၏ အထြန္းလင္းဆုံး လူငယ္အႏုပညာရွင္ေလးအျဖစ္ သတ္မွတ္ခံထားရသည့္ ရွာဟင္ဂ်ဖာဂိုလီတို႔သည္ မိုက္ကယ္၏ ေၾကကြဲေအာက္ေမ့မႈ အခမ္းအနားတြင္ ၎တို႔၏ အႏုပညာျဖင့္ ဂုဏ္ျပဳေဖ်ာ္ေျဖခဲ့ၾကသည္။ ေသဆုံးခ်ိန္တြင္ သား-ပရင့္စ္မိုက္ကယ္(၁)၊ပရင့္စ္မိုက္ကယ္(၂)၊ သမီး-ပဲရစ္ဂ်က္ဆင္ တို႔က်န္ရစ္ခဲ့သည္။
Credit: thutazone
#unicode#
၁၉၅၈-ခုနှစ်၊ ဩဂုတ်လ၊ (၂၉)ရက်၊ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဂရေးအရပ်တွင် မွေးဖွားသည်။ မိဘများမှာ Joseph Walter (Joe) နှင့် Katherine Esther တို့ဖြစ်သည်။ မွေးချင်း ကိုးယောက်တွင် ခုနှစ်ယောက်မြောက် သားဖြစ်သည်။ ငယ်အမည်မှာ Michael Joseph Jackson ဖြစ်သည်။ ညီမအငယ်ဆုံးမှာ ဂျက်နက်ဂျက်ဆင်(Janet Jackson)ဖြစ်သည်။ မိုက်ကယ်လ်၏ အရပ်မှာ ငါးပေဆယ်လက်မ (1.78 m) ဖြစ်သည်။ ၁၉၆၃-ခုနှစ်တွင် ညီအစ်ကိုများနှင့် အတူ The Jackson Five အဖွဲ့နှင့် ကလေးဘဝကတည်းက သီချင်းသီဆိုမှု စတင်ခဲ့သည်။ နောက်ပိုင်းတွင် အဖွဲ့ကို The Jackson ဟု အမည်ပြောင်းလဲခဲ့သည်။ အဖွဲ့နှင့် အတူ သီဆိုခဲ့သော I Want You Back(1969)၊ ABC(1970)နှင့် I’llBeThere(1970) သီချင်းများ ထင်ရှားခဲ့သည်။
၁၉၇၂-ခုနှစ်တွင် သူတစ်ဦးတည်း တစ်ကိုယ်တော် သီချင်းအယ်လ်ဘမ် Got to be There နှင့် Benများ ထွက်ရှိခဲ့သည်။ ၁၉၇၈-ခုနှစ်တွင် ဂီတဗီဒီယို TheWiz ထွက်ရှိခဲ့ပြီးနောက် အဖွဲ့နှင့် လမ်းခွဲခဲ့ပြီး ၁၉၇၉-ခုနှစ်တွင် Off the Wall အယ်လ်ဘမ် ထွက်ရှိခဲ့သည်။ ယင်းနှစ်မှာပင် ဖျော်ဖြေပွဲ၌ ထိခိုက်မှု ဖြစ်ပွားခဲ့ပြီး နှာခေါင်းရိုး ကျိုးခဲ့ရာမှ အစပြုကာ မျက်နှာပြင် ခွဲစိတ်ကုသမှုခြင်းကို စတင်ခဲ့သည်။ ထို့နောက် မျက်နှာခွဲစိတ်ကုသခြင်းကို ၁၉၈၄၊ ၁၉၈၅၊ ၁၉၈၇၊ ၁၉၉၁၊ ၁၉၉၃၊ ၁၉၉၇၊ ၁၉၉၉၊ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂နှင့် ၂၀၀၄-ခုနှစ်များတွင် မျက်နှာကို မျက်နှာဖုံးစွပ်၍ သွားလာခဲ့ရသည်အထိ မျက်နှာအရေပြားများ ပျက်စီးခဲ့သည်။

၁၉၈၂-ခုနှစ်တွင် Thriller အယ်လ်ဘမ် ထွက်ရှိလာခဲ့ပြီး ကမ္ဘာတစ်ဝန်း ချပ်ရေ ၁၀၉-သန်းကျော် ရောင်းချခဲ့ရပြီး အံ့ဩလောက်ဖွယ် အောင်မြင်မှုဖြင့် သမိုင်းတစ်လျှောက် ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့သည့်ပြင် ဂရမ်မီဆု (၈)ဆုလည်း ရရှိခဲ့ကာ billboard အရောင်းရဆုံး နံပါတ်တစ်နေရာတွင် ကိုးလကြာ ရပ်တည်ခဲ့သည်။ သူ့သီချင်းတွေသည် ကမ္ဘာကျော် အောင်မြင်ခဲ့ပြီး MTV တစ်ခေတ်ကို စတင်ခဲ့သူ ဖြစ်ပါသည်။
ကလေးများကို ချစ်တတ်သည်ဟု နာမည်ကြီးခဲ့သလို ကလေးတွေကို မတော်တရား ကျင့်တယ်ဆိုပြီး အမှုအခင်းတွေလဲ ဖြစ်ခဲ့ပါသည်။ ကွယ်လွန်သူ နာမည်ကြီး အဆိုတော့ အဲလ်ဗစ် ပရက်စလေ၏ သမီး လီဆာ ပရက်စလေ နှင့် လက်ထပ်ခဲ့သေးသော်လည်း လမ်းခွဲခဲ့ကြပါသည်။ ထို့နောက် နပ်စ်မ တစ်ယောက်နှင့် ကလေးမွေးသည်ဟု ဆိုပြန်သည်။ မွေးကာစကလေးလေးကို ပြတင်းပေါက်မှနေ တိုက်အောက်က ပရိတ်သတ်ကို လက်တစ်ဖက်တည်းနှင့် ကိုင်မြောက်ပြ၍ ကလေးသူငယ်များ အခွင့်အရေး ကာကွယ်ရေး အဖွဲ့က တရားစွဲဆိုတာလဲ ခံရပါသည်။ သူ့ဘဝမှာ သူတစ်ခုခု လုပ်လိုက်တိုင်း ဟိုးလေးတစ်ကြော် ဖြစ်သွားတာချည်းဖြစ်သည်။ ကလေးများအတွက် နဲဗားလဲန်းကို သူ့ခြံထဲတွင် ဆောက်ပေးသည်။ ကလေးတွေကို ဖိတ်ပြီး သူကိုယ်တိုင် လိုက်ကစားသည်။ ကမ္ဘာကြီးအတွက် ကောင်းကျိုးကိုလဲ သူလုပ်ပေးခဲ့သေးသည်။ သူသီဆိုခဲ့တဲ့ သီချင်းတွေထဲက အာဖရိက အငတ်ဘေးကို ကူညီဖို့အတွက် နိုင်ငံတစ်ကာက အဆိုတော်တွေ ပါသော We are the World သီချင်း၊ စစ်မက်တွေ ဖြစ်ပွားနေတဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ဆိုပြီး ဆိုတဲ့ Heal The World သီချင်းတွေသည် အခုထိ လူသိများနေတုန်းပင် ဖြစ်သည်။
သူဟာ Moon Walk အက ကို Thriller အခွေထဲမှာ စတင် မိတ်ဆက်ပေးပြီး ကမ္ဘာ့လူငယ်ထုကို ဘရိတ်ဒန့်စ် ဆိုသော အကနှင့် မိတ်ဆက်ပေးခဲ့သည်။ သီချင်းတွေ ထုတ်လုပ် သီဆိုခဲ့ပြီး ပလက်တီနမ် ဓါတ်ပြားဆု ပေါင်းများစွာကို ဆွတ်ခူးခဲ့သည်။ သူ၏ အထင်ကရ အရှိဆုံး ကမ္ဘာလှည့် စတိတ်ရှိုးမှာ Dangerous World Tour အမည်ရှိသော ခရီးစဉ် ဖြစ်သည်။ ၁၉၉၂ ဝန်းကျင်က လှည့်လည် ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။ သူ မကွယ်လွန်ခင် နောက်ပိုင်းနှစ်များမှာ ဝေဖန်ခံရစရာတွေ အများကြီးရှိခဲ့ပြီး သူသည် ၂၀၀၅ ခုနှစ်တွင် ကလေးငယ်များကို မဖွယ်မရာ ပြုလုပ်ဆိုကာ တရားစွဲခံရပြီးမှ လွတ်မြောက်ခဲ့သည်။
မိုက်ကယ်သည် မျက်နှာခွဲစိတ်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီးနောက် ပြီးခဲ့သော နှစ်ပိုင်းများအတွင်း ကျန်းမာရေး ဆိုးရွားလာကြောင်း သတင်းများ မကြာခဏ ထွက်ပေါ်ခဲ့သော်လည်း အမြဲတစေ ငြင်းဆန်နေခဲ့သည်။ သို့သော် သူသည် သူ့၏ အဆိုတော်ဘဝကို ပြန်ဝင်ရောက်ဖို့ စီစဉ်နေသည်။ လန်ဒန်တွင် ဒီနှစ်ကုန်ပိုင်း စင်မြင့်ဖျော်ဖြေပွဲများ ဖျော်ဖြေဖို့ရှိပြီး သူ့၏ လက်မှတ်များသည် မိနစ်ပိုင်းအတွင်းမှာ ရောင်းချ ကုန်သွားခဲ့ပါသည်။ မိုက်ကယ်သည် လာမည့်လအတွင်း လန်ဒန်တွင် ၎င်းဘဝအတွက် အကြီးမားဆုံး စင်တင်ဖျော်ဖြေမှုကြီးကို ပြုလုပ်ခွင့်ရရန် မျှော်လင့်ထားသူဖြစ်သည်။ ၎င်းအနေနှင့် ဇူလိုင်လ (၁၃)ရက်နေ့၌ လန်ဒန်မြို့ O2အားကစားကွင်းကြီးတွင် ပြုလုပ်မည့် ဖျော်ဖြေပွဲကြီးအတွက် အလွန်အားခဲထားပြီး အစမ်းလေ့ကျင့်မှု (၄၅)ကြိမ်မျှ ပြုလုပ်ထားခဲ့ကြောင်း ညီမဖြစ်သူ လာတိုရာက ဆိုသည်။
ကမ္ဘာကျော် ပေါ့ပ်အဆိုတော် မိုက်ကယ်လ် ဂျက်ဆင် (Michael Jackson) သည် ၂၀၀၉-ခုနှစ်၊ ဇွန်လ(၂၅)ရက်၊ ကြာသပတေးနေ့ လော့စ် အိန်ဂျလိစ် ဒေသစံတော်ချိန် (၃.၁၅ နာရီ) မှာ ကွယ်လွန်သွားခဲ့ပါသည်။ အသက် ၅၀ အရွယ်ရှိ မိုက်ကယ်လ် ဂျက်ဆင်သည် နှလုံးဝေဒနာ ခံစားရပြီး ချက်ချင်း ကယ်လီဖိုးနီးယားပြည်နယ် လော့စ် အိန်ဂျလိစ် မြို့တော်ရှိ UCLA ဆေးရုံတစ်ခုကို အမြန်ဆုံး ပို့ဆောင်ခဲ့ကြရပါသည်။
သူ့၏ နေအိမ်ကို ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ အရေးပေါ် ဆေးဝန်ထမ်းများ ရောက်လာချိန်၌ သူသည် အသက်မရှူတော့ဘူးဟု မီးသတ်အရာရှိများက ပြောပါသည်။ ထို့နောက် UCLA ကယ်လီဖိုးနီးယား ဆေးရုံ၌ မေ့မျောနေသည်ဟု ဆေးရုံက သတင်းထုတ်ပြန်ခဲ့ပါသည်။ ဇွန်လ(၂၅)ရက်နေ့ ညနေပိုင်းက မိုက်ကယ်တစ်ယောက် အနိစ္စရောက်သွားပြီဖြစ်ကြောင်း အတည်ပြုချက် သတင်းကို လော့စ်အိန်ဂျလိစ် မြို့တော်ရှိ UCLAဆေးရုံက ကြေညာခဲ့သည်။ မိုက်ကယ်သည် မကွယ်လွန်ခင်က ကျန်းမာရေး ဆိုးရွားလာပြီး ကိုမာ(ခေါ် )အသိမဲ့မေ့မျောသည့် အခြေအနေမျိုး ရောက်ရှိခဲ့သေးကြောင်း ၎င်း၏မိသားစုက ဆိုသည်။ ထို့နောက် မိုက်ကယ်လ် ဂျက်ဆင် သေဆုံးသွားပြီဟု ရဲအရာရှိများက အတည်ပြုပြောဆိုကြောင်း လော့စ် အိန်ဂျလိစ် တိုင်းမ်စ် သတင်းစာမှာ ဖော်ပြပါသည်။

ကွယ်လွန်ချိန်၌ အသက်(၅၀)ရှိပြီ ဖြစ်သည်။ မိုက်ကယ်ကွယ်လွန်ကြောင်း သတင်းကို ကြားသိပြီးနောက် ၎င်းအား ကြေကွဲစွာ နှုတ်ဆက်ရန် ဆေးရုံအပြင်တွင် ပရိသတ်များ ငြိမ်သက်တိတ်ဆိတ်စွာ လာရောက်စုရုံးနေခဲ့သည်။ လန်ဒန်၌ အကွက် မြင်သောစီးပွားရေးသမားတို ့က မိုက်ကယ် အမှတ်တရ အကျႌ၊ ရင်ထိုးတံဆိပ် နှင့် အမှတ်တရ ပစ္စည်းများကို ထုတ်လုပ် ရောင်းချကြရာ ရောင်းမလောက် ဟုသိရသည်။ မိုက်ကယ်ဂျက်ဆင်က ပရိသတ်များအား ထိုးပေးသော အမှတ်တရလက်မှတ်မှာ တန်ကြေး ဒေါ်လာ နှစ်သောင်းထိ ဈေးပေါက်သည် ဟုသိရသည်။ ၁၉၉၄ ခုနှစ်က ဂျပန် တွင် မိုက်ကယ်က သူ ့ပရိသတ် တစ်ဦးအား လက်ဆောင်ပေး ခဲ့သည့် ဦးထုပ် မှာ ဒေါ်လာ ငါးသောင်း ဖြစ်ဝယ်မည့်သူများရှိ နေသည်။
သူအားအရူးအမူး ချစ်သည့် ပရိသတ်များက မိုက်ကယ် မသေ ဟုယုံကြသည်။ မည်သို ့ပင်ဖြစ်စေ နယူးယောက် တိုင်းသတင်းစာကမူ မိုက်ကယ် ၏ နောက်ဆုံးခရီးသည် ၁၉၇၇ ခုနှစ်က ကွယ်လွန်ခဲ့သည့် အဲဗစ် ပရက်စလေ ၏ ဈာပန နှင့် ၁၉၉၇ ခုနှစ်က သေဆုံးခဲ့သည့် ဒိုင်ယာနာ၏ ဈာပန တို့ထက်ပို၍ တိုးမပေါက်အောင်ရှိမည် ဟု ခန့်မှန်းထားသည်။ မိုက်ကယ်ဂျက်ဆင်အား နောက်ဆုံးနှုတ်ဆက်သည့် ဈာပနအခမ်းအနားကို ဇူလိုင်လ(၇)ရက်နေ့က လော့စ်အိန်ဂျလိစ်မြို့တော်ရှိ Staplesစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။ ကမ္ဘာကျော် အနုပညာရှင်များဖြစ်သော မာရိုင်ကာရေး၊ ဂျနီဖာဟတ်ဒ်ဆန်၊ လီယွန်နယ်လ်ရစ်ချီ၊ စတီဗီဝမ်းဒါး၊ ဂျွန်မေယာတို့အပြင် ဗြိတိန်၏ အထွန်းလင်းဆုံး လူငယ်အနုပညာရှင်လေးအဖြစ် သတ်မှတ်ခံထားရသည့် ရှာဟင်ဂျဖာဂိုလီတို့သည် မိုက်ကယ်၏ ကြေကွဲအောက်မေ့မှု အခမ်းအနားတွင် ၎င်းတို့၏ အနုပညာဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည်။ သေဆုံးချိန်တွင် သား-ပရင့်စ်မိုက်ကယ်(၁)၊ပရင့်စ်မိုက်ကယ်(၂)၊ သမီး-ပဲရစ်ဂျက်ဆင် တို့ကျန်ရစ်ခဲ့သည်။
Credit: thutazone
 http://cantwait2say.com

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။