Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 10, 2017

သီချင်းများနဲ့ တော်လှန်ရေးလူသား (သို့မဟုတ်) တေးရေးကိုနေဝင်း

သီချင်းများနဲ့ တော်လှန်ရေးလူသား (သို့မဟုတ်) တေးရေးကိုနေဝင်း

လက်ရှိအချိန်တွင် အသက် ၆၇ နှစ်ရှိနေပြီဖြစ်သည့် တေးရေးကိုနေ ဝင်းနှင့် မေလ နောက်ဆုံးပတ်များထဲ မှတစ်ရက်တွင် တွေ့ဆုံဖြစ်သည်။ ကိုနေဝင်းနေထိုင်ရာ အင်းစိန်၊ ကြို့ ကုန်းရှိ နေအိမ်တွင်သွား ရောက်တွေ့ ဆုံဖြစ်ခြင်းဖြစ်သည်။ တိုက်တိုက်ဆိုင် ဆိုင်ပင် ကိုနေဝင်းအိမ်ရောက်ချိန် မိုးက သည်းသည်း မဲမဲရွာနေသည်။
"ခင်ဗျားတို့မလာခင်လေးမှာ မီးပျက်နေတာ။ ခုပြန်လာပြီဆိုတော့ ခင်ဗျားတို့ကံကောင်းတယ်"ဟု သူက ခရီးဦးကြိုပြုရင်းပြောသည်။
တီရှပ်အနက်၊ ဘောင်းဘီရှည် နှင့် သူ့ဟန်ပန်က အသက်အရွယ် ကြီးမြင့်သည့်တိုင် လတ်ဆတ်သော ဂီတသမားတစ်ဦးအသွင်ကို ဆောင် နေသည်။ သူကရော့စတီးဝပ်ကြိုက် သည်။ ပရက်စလေကြိုက်သည်။scorpion ကြိုက်သည်ဟုဆိုသည်။ သူနှစ်သက်သည့် သီချင်းများ အကြောင်း၊ သူဆွဲလေ့ရှိသော ပန်းချီ ကားများအကြောင်း၊ အာလာပ၊ သလ္လာပအနည်းငယ်ပြောဆိုကြပြီး ကိုယ်ပိုင်သံစဉ်ရေးဆွဲဖွဲ့အားကောင်း သည့် သူ့ကို ကော်ပီသီချင်းများ ကြီးစိုးသည့် ခေတ်ကာလမှာ ကိုယ်ပိုင် သံစဉ်သီချင်းများရေးဖွဲ့ဖြစ်ပုံ အကြောင်းမေးဖြစ်သည်။
"ရေဒီယိုကလာတဲ့ မိုနီသီချင်း တွေပါ့။ အဲဒီမှာ တယ်၊ မယ်၊ ကွယ်၊ မေ၊ ရေ၊ လေ စသည်ဖြင့် အဲဒီလို ကာရန်တွေပေါ့။ အဲဒီလို ကာရန်ကိုက် ရေးတာတွေကို ကျွန်တော်မလုပ်ချင် တော့ဘူး။ နောက်ပုံစံတစ်မျိုးကို ချီတက်ရမယ်။ =အားလုံးကို ကျော် ဖြတ်ရမယ်+သီချင်းမှာ ကြည့်။ တစ်ခါ တလေကြုံမယ်၊ အကောင်း အဆိုး လည်း တွေ့ရမယ်။ အလိုက်အထိုက် ပေါ့လေ။ ကောင်း၊မယ်၊လေ စသည် ဖြင့် အဆုံးသတ်ထားတယ်။ အဲဒါပါပဲ။ ရေဒီယိုကလာတဲ့ သီချင်းတွေကို ငြီးငွေ့လို့။ ဒါပေမဲ့ ကျွန်တော့်မှာ အနောက်တိုင်းဂီတရဲ့ လွှမ်းမိုးမှု မကင်းနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့် သီချင်း ကျွန်တော်ရေးတဲ့ အခါမှာ တော့ ကျွန်တော်ကြိုက်တဲ့ ပြည်ပက ဗမအငျအ တွေရဲ့ လွှမ်းမိုးမှု တွေကို နှင် ထုတ်လိုက်တယ်။ ကိုယ်ပိုင်ကျန် အောင်လုပ်တယ်။ ကော်ပီအနေနဲ့က တော့ ကျွန်တော်သိပ်ကြိုက်တဲ့ သီချင်းတွေကို ရေးမိတယ်။ ရန်ကုန် မှာ စားဝတ်နေရေးအတွက် ရပ်တည် ရမယ်ဆိုရင် ကျွန်တော်က အရေး သမားပဲလုပ်လို့ရမယ်။ အဆိုတော် မဖြစ်နိုင်ဘူး"ဟု သူက ပြောသည်။
ကိုနေဝင်းကို ၁၉၅ဝခုနှစ်တွင် မွေးဖွားခဲ့ပြီး အသက် ၁၃၊ ၁၄နှစ် ဝန်းကျင်မှာ စတင်ကာ သီချင်းများ ရေးသားခဲ့သည်။ သူ၏နာမည်ကျော် =မောင့်လပြည့်ဝန်း+သီချင်းကို ၁၉၇၆ ခုနှစ်ဝန်းကျင်ကာလများတွင် ရေး သားပြီးစီးခဲ့သည်ဟု သူကဆိုသည်။
==ကျွန်တော် ၁၃နှစ်သား လောက်မှာ စရေးတယ်။ ကော်ပီ သီချင်းလေးတွေ စရေးတာပေါ့။ မန္တလေးမှာ သူငယ်ချင်းတွေနဲ့ Lonely Heart ဆိုပြီး တီးဝိုင်းစဖွဲ့ တယ်။ အဲဒီမှာ ကျွန်တော်ကLead ဂစ်တာတီးတယ်။ Claccical ဂစ် တာက နောက်မှတီးတာ။ လန်ဒန် အတ်ဦးအုန်းမောင်ရဲ့သား ရီတာအုန်း မောင်က သင်ပေးတယ်။ ပြီးတော့ ရန်ကုန်ကိုရောက်တယ်။ အဲဒီမတိုင် ခင်မှာ =ဒေါက်ဒေါက် ဘယ်သူလဲ+ဆိုပြီး ကျွန်တော် တစ်ခွေ ထွက်ခဲ့သေးတယ်။ ကော်ပီ၁ဝပုဒ်၊ သတညအကညန တစ်ပုဒ်ပါ တယ်++ဟု သူက ပြောသည်။
"ကျွန်တော်က =မောင့်လပြည့် ဝန်း+ကို နောင်မွန်မှာရေးတယ်။ ဒါပေမဲ့ မပြီးသေးဘူး။ ကွယ်လွန်ခြင်း၊ အလည်လွန်ခြင်းစသည်ဖြင့် စာသား တွေရေးပြီး နယ်ကျွံခြင်း၊ မရေးရ သေးဘူး။တစ်နှစ်လောက်ကြာသွား တယ်။ တစ်နှစ်လောက်ကြာတော့ ဦးသန့်အရေးအခင်းမဖြစ်ခင်ပေါ့။ စိုင်းထီးစိုင်တို့၊ ဆွန်ကျဲအိုတို့ အခန်း မှာနေပြီး ရေးလိုက်တယ်။ သီချင်း အဆုံးသတ်ပြီးတော့ အဆောင်ရှေ့ တွေမှာ တီးကြတယ်။ ==ချစ်၍စွန့်သွား တဲ့မင်းကို စွန့်၍ ချစ်သွားမယ်++ဆိုပြီး စကားလုံးလေး လှည့်သုံးလိုက်တယ်။ အမှတ်တမဲ့ရေးလိုက်ပေမယ့် အမှတ် တရ ဖြစ်သွားတာပေါ့။ အဲဒါရေးပြီး ၁၉၇၆ခုနှစ်မှာ ကျောင်းတွေ ပိတ် တယ်။ တစ်ခါကျောင်းတွေ ပြန်ဖွင့် တော့ စိုင်းထီးဆိုင်က သူ့ကိုအဲဒီ သီချင်းရောင်းပါဆိုပြီး လာပြော တယ်။ သူ့ရဲ့ စိတ္တဇအလွမ်းထဲမှာ အဲဒီ သီချင်းပါလာတယ်"ဟု သူက မောင့် လပြည့်ဝန်းသီချင်း နောက်ခံ ရာဇဝင် ကို ပြောပြသည်။
ကိုနေဝင်းသည် သူ၏ဂီတ သက်တမ်းနှစ် ၄ဝ အတွင်း သီချင်း ပုဒ်ရေ ၅ဝဝ နီးပါးခန့် ရေးသားခဲ့ ပြီး ကိုယ်ပိုင်သံစဉ်အပုဒ် ၃ဝဝကျော်၊ ကော်ပီသီချင်း ၂ဝဝနီးပါး ရေးသားခဲ့ သည်။ ကိုနေဝင်းတို့အုပ်စုသည် အာဏာရှင်ခေတ်ကြီးထဲတွင် သီချင်းများဖြင့် တော်လှန်ခဲ့ကြသူ များလည်း ဖြစ်သည်။ တင်းကြပ်သော ဆင်ဆာ အောက်တွင် ဝေ့ဝိုက်ကာ ရေးစပ်ခဲ့သော သူ၏သီချင်းများသည် အဖိ နှိပ်ခံပြည်သူတို့ကို ကိုယ်စားပြုခဲ့ သည်။
"နင့်ကိုငါချစ်တယ်။ ငါ့ကိုနင် ချစ်မလားဆိုရင် နင်/ငါ ဆိုတာ ရိုင်းတယ်။ ငါထည့်လို့မရဘူးတဲ့။ ဆင်ဆာကပိတ်တယ်။ တစ်ခါ မီးပါတဲ့ စကားလုံးထည့်လို့မရဘူး။ ပြီးတော့ တင့်တင့်ထွန်းဆိုတဲ့ "နမ်းပါ" သီချင်း မှာ အနမ်းတွေများနေပြီတဲ့။ နောက် တစ်ခါ အနမ်းနှစ်ခါထက်ပိုရင် ဆင် ဆာဖြတ်မယ်ပြောတယ်။ တောင်စွယ် မှာ စီးဆင်းနေတဲ့ စမ်းချောင်းလေး အကြောင်းရေးတာတောင်တောင် စွယ်ရဲ့ဟိုဘက်မှာ ကျောင်းသား အဖွဲ့ တွေရှိတယ်ဆိုပြီးဆင်ဆာပိတ်တယ်" ဟု သူကပြောသည်။ တင်းကျပ်သည့်ဆင်ဆာ၊ ထိလွယ်ရှလွယ်သည့် အာဏာရှင်စနစ် အောက်တွင် ပြည်သူတို့ဘက်မှ ရပ်တည် သော စာသားများဖြင့် တွန်းလှန်ခဲ့သော ကိုနေဝင်း၏ သဘောထားမှာ မည်သို့ရှိသနည်း။
"ကျွန်တော့်ကိုအားပေးတဲ့ ပရိသတ်တွေရှိလာလေ ကျွန်တော် ပိုကြိုးစားလေပဲ။ ကျွန်တော့်ဝမ်းစာအတွက် ကိုးပုဒ်ရေးရင် တိုင်းပြည်အတွက် တစ်ပုဒ်ရေးတယ်။ ဆယ်ပုဒ်စလုံးရေးပြီး အားလုံးကို ကိုယ့်ဗိုက်ထဲ ထည့်တာမဟုတ်ဘူး။ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ပြန်ကြားနိုင်လောက်အောင် Wave တစ်ခုနဲ့ စီးမျောလိုက်တယ်"ဟုသူ၏သဘောထားကို ကိုနေဝင်းက ပြောသည်။
ရသမြောက်ရေးဖွဲ့သည့် တေးရေးဆရာတစ်ဦးအနေဖြင့် အပိတ်အပင် အတားအဆီးများ ကြားတွင် အားမလို အားမရဖြစ်ရသည့်အခါများလည်း ရှိသည်။ သူဖြတ်သန်းခဲ့ရာခေတ် ကြီးတစ်လျှောက်လုံးတွင် ရေးသားခဲ့သော သူ၏သီချင်းများထဲမှအချို့ကိုလည်း ယခုပွင့် လင်းလာသည့် ခေတ်ကျမှ ပြန်လည်ထုတ်ဝေရသည်များလည်းရှိသည်ဟု သူက ဆိုသည်။
"ကိုမွန်းအောင်စီးရီးအသစ်ထဲမှာ အရင်ကဆင်ဆာ အပိတ်ခံရတဲ့ သီချင်းတွေကို အသစ်ပြန်ရေးပြီး ထည့်ထားတာလည်းပါတယ်။ အခုအသစ်ထပ်ရေးတာတွေလည်းရှိ တယ်။ ကျွန်တော်အခုကျွန်တော့်သီ ချင်းတွေ တေးပေါင်းချုပ်ဆိုပြီး ပြန်ထုတ်ဖို့ရှိတယ်။ သီချင်းစာအုပ်လေးပေါ့။အဲဒါလေးထွက်ပြီးရင်တော့ ကျွန်တော့်အတ္ထုပ္ပတ္တိနဲ့သီချင်းလေး တွေအကြောင်း အတ္ထုပ္ပတ္တိစာအုပ်လေးထုတ်မယ်။ အဲဒါကိုကျွန်တော့်သားက ကူညီပြီး ရေးပေးနေတယ်" ဟု သူကပြောတာကြောင့် ကိုနေဝင်းသီချင်းများစုဆောင်းလိုသူတို့ အတွက် ဝမ်းသာမိသည်။
"အားလုံးပဲသတ္တိရှိကြပါလို့ ပြောချင်တယ်။ သတ္တိရှိတယ်ဆိုတာ လူသတ်ရဲတာကို ပြောတာ မဟုတ်ဘူး။ ကြုံလာသမျှ ဒုက္ခတွေကို ကြံ့ကြံ့ခံနိုင်တာကိုမှ သတ္တိလို့ခေါ်တယ်။ ခုလိုအပြောင်းအလဲ ကာလမှာလည်း ဒုက္ခတွေကြုံနိုင်ပါတယ်။ ဒါတွေကိုလည်း သတ္တိရှိရှိနဲ့ကြံ့ကြံ့ခံကျော်လွှားပါလို့။ ကျွန် တော်လည်း ကြံ့ကြံ့ခံပြီးနေနေဆဲပါ"ဟု ပြန်ခါနီး သူပြောလိုက်သည့်စကားမှာ သူ့မာန်သူ့ဟန်နှင့် သူ့စိတ်ဓာတ်ကို မြင်ရသည်။ "အားလုံးကို ကျော်ဖြတ်ရမယ်"၊ =နောက်ဆုံးအိပ်မက်"+၊ "မောင့်လပြည့်ဝန်း"၊ "သဇင်ကြွေတဲ့ ဆောင်း"+ စသည့်သီချင်းများအပြင် သီချင်းကောင်းများ စွာရေးဖွဲ့ခဲ့သည့် ကိုနေဝင်း၊ အာဏာရှင်ခေတ်ထဲမှာ သီချင်းများမှတစ်ဆင့် ပြည်သူဘက်မှ ရပ်တည်ခဲ့ သည့် ကိုနေဝင်း၊ ကျန်းမာရေးမကောင်းသော်ငြားလည်း စိတ်ဓာတ်ကောင်းများဖြင့် နေထိုင်ခဲ့သည့် ကိုနေဝင်းသည် ပြည်သူတို့၏ရင်ထဲတွင် အမြဲရှိနေဦးမည်လည်း ဖြစ်သည်။ #ရဲရဲ(crd)
#Copy #Aung_Htet_Hein

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။