Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 3, 2017

အမှန်ပဲဆိုတဲ့ တောင်ကြီးမြို့က လူမင်း



ဂီတအကြောင်း သောင်းပြောင်းထွေလာ added 4 new photos.

အမှန်ပဲဆိုတဲ့ တောင်ကြီးမြို့က လူမင်း
အခုတလော တောင်ကြီးသားတွေ ဆက်တိုက်ဆိုသလို တစ်ယောက်ပြီးတစ်ယောက် စီးရီးအယ်လ်ဘမ်တွေ ထွက်နေကြတယ်။ များသောအားဖြင့်က လူငယ်သွေးသစ်တွေပါ။
"အမှန်ပဲဆို"လို့ အမည်ပေးထားသော တေးအယ်လ်ဘမ်ကို သီဆိုထားသူ "လူမင်း" ဂီတလောကထဲမှာ ကြာခဲ့ပါပြီ။ ဟန်ထွန်း ရိုင်းဟန် အစရှိသူတို့ရဲ့ တေးအယ်လ်ဘမ်တွေမှာ ရေးသားခဲ့သူ လူမင်း (TGI)ပါ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်မှာ သီချင်းတွေရေးသားခဲ့ဖူးပြီး ပျောက်ကွယ်နေခဲ့ရာကနေ ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့ တကျော့ပြန်လာခဲ့သူပါ။
သူ့အဖြေတွေဖတ်ပြီး သူ့သီချင်း​တွေ နားဆင်လိုက်ကြရအောင်ပါ.. ...


Q. အစ်ကိုရဲ့ တေးရေးသမားဘဝအကြောင်း စပြောပေးပါ
A. ကျနော် တေးသီချင်းတွေကို စတင်ရေးသားဖြစ်တာက
အခုနိုင်ငံကျော်အဆိုတော်ပေါ့နော်။ ကိုဟန်ထွန်းရဲ့
ပထမဆုံးသောစီးရီးမှာ တစ်ပုဒ်စတင်ရေးသားပြီး
ကာဗာပန်းချီဒီဇိုင်း ရေးဆွဲပေးခဲ့ပါတယ်။ အဲ့လိုပါပဲ နောက်တော့ အဆိုတော် ရိုင်းဟန်နဲ့ထပ်ချိတ်မိပြီး
ရိုင်းဟန်(ကမ္ဘာမြေအိပ်ရာ)စီးရီးမှာ ၅ ပုဒ်ရေးသားပြီး ကာဗာပန်းချီဒီဇိုင်း ရေးဆွဲခဲ့ပါတယ်။ ဒါက တေးရေးအဖြစ်စတင်ခဲ့ရတဲ့ ဂီတလောကထဲက
ကျနော်သမိုင်းလေးပါ။
Q. ဟန်ထွန်း ရိုင်းဟန်တို့နဲ့ကြားက သတိရစရာ အမှတ်​တရ အဖြစ်အပျက်တွေရော ပြောပြပေးနိုင်မလား
A. ဟုတ်ကဲ့ ကျနော်နဲ့ဟန်ထွန်းက အထက်တန်းကျောင်းမှာကတည်းက တေးဂီတအပေါ်ရူးသွပ်မှုက အတူတူပါပဲ ။
ဒါပေမယ့် ဟန်ထွန်းက လိဒ်တီးတာနဲ့သီဆိုတာသန်တယ်
ကျနော်ကျတော့ အတီးအားလုံးကို ဗဟုသုတအလို့ငှာ အကုန်နည်းနည်းဆီ တီးသင်ထားပေမယ့် player
တစ်ယောက်ဖြစ်ချင်သူမဟုတ်ဘဲ ကျနော်ရေးချင်တဲ့
အကြောင်းအရာတွေကို ဖွဲ့သီနေတတ်သူပါ။
ဟန်ထွန်း ကျနော့်အပေါ် ဒီလိုသိလာတာက
ကျောင်းစာသင်ခန်းထဲမှာ တစ်ကုပ်ကုပ် စာကဗျာတွေရေးနေ ၊ပုံတွေခိုးဆွဲနေရာက စတာပါ။ သူနဲ့အမှတ်ရစရာကတော့ ငယ်ပေါင်းလိုဖြစ်နေတော့
တစ်ပုံတစ်ပင်ပါ။ အမှတ်ရစရာပြောမယ်ဆိုရင်တော့
တစ်ခါက သူကျူရှင်လစ်တယ်။ အဲ့ကျူရှင်ဆရာက ခွင့်မတိုင်ရင် တော်တော်ဆူတတ်တယ်။ သူက နောက်တော့ ကျနော့်ကို သူ့အကိုအဖြစ် သူဖျားနေကြောင်း ခွင့်သွားတိုင်ခိုင်းတယ် ။
ကျနော်သွားတိုင်တော့ ဆရာကယုံတယ်။
ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါနဲ့ဆရာက။
ပြောသေးတယ် ဒါကြောင့်ဝင်လာကတည်းက ရုပ်ဆင်တယ်ဆိုပြီး ကျနော်ကြည့်နေတာ သူ့အကိုကိုးတဲ့။ နောက်တော့ လုပ်ခအဖြစ် သူကလက်ဖက်ရည်လိုက်တိုက်ပါတယ်။ သူနဲ့က အရင်ကျောင်းသားဘ၀က ရုပ်အတော်
ဆင်ခဲ့ကြတယ်။ ရိုင်းဟန်နဲ့ကတော့ အထူးမရှိပေမယ့် သူဆုံးပြီး သူ့အမှတ်တရစတိတ်ရှိုး(တောင်ကြီး)
မှာလုပ်တော့ ရှိုးထိုင်ကြည့်ရင်း တစ်ခြားအဆိုတော်တစ်ဦးက
ကျနော်ရေးပေးခဲ့တဲ့ "မျှော်လင့်နေသူ "
သီချင်းကိုလည်း စဆိုလိုက်ရော အကို့စိတ်တွေ ချက်ချင်းကြီး
သီချင်းအတူလုပ်ခဲ့ကြတဲ့ studio D ထဲပြန်ရောက်သွားသလို ခံစားရပြီး ရင်ထဲက ဘယ်လိုမှမထိန်းနိုင်တော့ပဲ
သူငယ်ချင်းရိုင်းဟန်ကို လွမ်းတဲ့စိတ်နဲ့ အဲ့ဒီရှိုးထဲမှာ ရှိုက်ကြီးတစ်ငင် အတော်ကြာအောင် ငိုကြွေးမိပါတယ် ။ သူတို့က ပါရမီရှင်တွေ
ကျနော့်ကို လက်တွဲခဲ့ကြသူတွေပါ။
Q. အဲ့ဒီနောက်မှာ အကိုငြိမ်သက်နေခဲ့တာ ဘာ​ကြောင့်​လဲဗျ
A. အဲ့ဒီနောက်က ကျနော်ပန်းချီဘက်လိုက်သွားတာရယ်
အိမ်ထောင်ကျသွားတာရယ် ။
ဟန်ထွန်းလည်း ခွေထပ်မလုပ်နိုင်သေးတဲ့ကြားကာလ
ရိုင်းဟန်လည်းဆုံးသွားခြင်းများက ကျနော့်ဘ၀ရဲ့ တိတ်ဆိတ်ခြင်းတွေဖြစ်ခဲ့စေခြင်းပါပဲ
သီချင်းရေးနေတာတွေ ပန်းချီဆွဲနေတာတွေက
တော့ ရပ်မသွားခဲ့ပါဘူး
Q. ကြားကာလမှာ ပန်းချီပဲဆွဲနေဖြစ်တာလား ဘယ်သူတွေကို သီချင်းတွေရေးပေးခဲ့သေးလဲ
A. ဟုတ်ပါတယ် ။ လက်ရှိဘ၀ရပ်တည်နေမှုက
ပန်းချီဆွဲတာ ဂရပ်ဖစ်ဒီဇိုင်းရေးဆွဲသားခြင်းများက
Professional ဖြစ်နေပါတယ် ။
ဘ၀ရပ်တည်မှုပေါ့ ။ ရေးတာကတော့ ဒီကလူ
ငယ်တော်တော်များများကို ရေးပေးပါတယ် ။
ခွေထွက်လာတာမျိုးတော့ မတွေ့မိပါဘူး ။
ကျနော်ကိုယ်တိုင်တော့ ဒီက စီးပွားရေးကြော်ငြာသီချင်းတွေ
ကိုယ်တိုင်ရေးဆိုပေးဖြစ်ပါတယ် ။
သူတို့က FM တွေမှာ သူတို့ကုန်ပစ္စည်းကြော်ငြာဖို့
အတွက်ရေးဆိုခိုင်းတာပါ ။
Q. ဒီအယ်လ်ဘမ်ပါ သီချင်းတွေက ရေးထားတာကြာပြီလား
A. ဒီ Album ပါတေးထဲကဆို ၂ ပုဒ်လောက်တော့ ဟိုးအရင်ကတည်းက ရေးသားခဲ့တာပါ ။ Title song အပါ ကျန်တာတွေက လတ်လတ်ဆတ်ဆတ် အခုမှ ရေးသားထားတာပါခင်ဗျ ။
Q. ကော်ပီကနေ ကိုယ်ပိုင်သံစဉ်ဘက်ကို ဘာကြောင့်ကူးပြောင်းခဲ့တာလဲ
A. တေးသီချင်းကို ကျနော်တို့တေးရေးအများစုက
ဒီလိုခွဲမမြင်ပါဘူး ။ သီဆိုသူအတွက်တော့ မပြောတတ်ပါဘူး။
ရေးချဖွဲ့သီပြရမယ့်အကြောင်းအရာကိုပဲ ဦးတည်ပြီး သီချင်းတစ်ပုဒ် ခိုင်မာအောင်ပဲရေးဖွဲ့ပါတယ် ။
အလွမ်းဆိုအလွမ်းပေါ့ ။ အချစ်ဆိုအချစ်ပေါ့လေ
ကော်ပီကလည်း လာအပ်မယ်ဆို ကျနော်ရေးဦးမှာပါ သို့သော် ကိုယ်ပိုင်သံစဉ်ကျတော့ လွတ်လပ်မှုရှိတယ်
ကိုယ်ချိုးချင်တဲ့အသံကို ကိုယ်စိတ်တိုင်းကျ ချိုးနိုင်တယ်လေ ။ ကော်ပီကတော့ သူတို့မူရင်းအတိုင်းပေးထားတဲ့
ဘောင်အတွင်းက ဖွဲ့သီရတာဆိုတော့
ပျော်စရာတစ်ခုပေမယ့် နည်းနည်းကျပ်ပါတယ် ။ ကိုယ်ပိုင်က ပိုလွတ်လပ် ပိုဖန်တီးနိုင်ပြီး မူပိုင်ဥပဒေတွေ ဘာတွေလာရင်လည်း
မကြောက်ရတော့ဘူးပေါ့လေ ။
ဟုတ်ကဲ့ ။
Q. နှစ်တွေ အရမ်းကိုကြာခဲ့ပြီးမှ ဘယ်လိုကြောင့် ဂီတဘက် ပြန်လှည့်ဖြစ်တာလဲ
A. အဲ့ဒါက အခြေအနေအရဖြစ်သွားရတယ်လို့ပဲ ပြောပါရစေ ။ တေးရေးမို့ တင်စားပြောရရင် ကိုယ်ချစ်လျက်နဲ့မပေါင်းရတဲ့ မိန်းခလေးတစ်ဦးဆီ နှစ်များစွာ ဘယ်လောက်ကြာကြာမမေ့ဘဲ အရောက်ပြန်ရောက်လာနိုင်ခဲ့သူလိုပဲ ပြောပါရစေ
Family တာဝန်ကိုလည်း ကျေအောင်ထမ်းရင်း
သီချင်းတွေလည်း တိတ်တိတ်ရေးနေရင်းနဲ့ပေါ့လေ ။
လုံးလုံးလျားလျားကြီး ခွေထုတ်ရလောက်အောင်
ဖြစ်တည်လာရတာ အမှန်ပြောရရင် ကျနော်ရေးထားတဲ့တေးတွေ များလာတယ် ။ လာယူဆိုသူတွေလည်း
မရှိကြတော့ဘူး။ မလာဆို ခွေလောကပျက်တာလည်း ပါမလားပဲဗျ ။
ဒါနဲ့ကျနော်တွေးလာတာက ကျနော်များသေသွားခဲ့ရင် ကျနော့်တေးလေးတွေ
ဘယ်သူမှသိမှာမဟုတ်တော့ဘူး ။
ကိုယ်တိုင်လေးတော့ ထလုပ်မှဖြစ်မယ်လို့
စတွေးမိရာကနေ ပြန်တစ်ကျော့ကို
အခက်အခဲများစွာကြားက ပြန်ဝင်လာတာပါ
မမေ့နိုင်တဲ့ချစ်သူဆီ ပြန်ရောက်လာတယ်
ပြောမလားဗျ ဟဲဟဲ ။
Q. သီချင်းအားလုံးကို တောင်ကြီးမှာ တီးခတ် သီဆို အသံဖမ်း စသည်ဖြင့် အကုန်လုပ်ခဲ့တာလား
A. ဟုတ်ပါတယ် ။ တီးတာ အသံဖမ်းတာ
Mixing ဆွဲတာအဆုံးပါပဲ
လုပ်တဲ့ Studio ကတော့ ကိုဇေတူး
Other way studio, Other way band
ပါပဲ ။ ဒီ Studio ကနေထွက်တဲ့ခွေတွေ
တော်တော်များပါပြီ
Q. ဒရမ်သံတွေက ပရိုဂရမ်နော် ဘာ​ကြောင့်​လဲ
A. ဒရမ်နဲ့ပတ်သက်ပြီးတော့ရော
တစ်ခြားအတီးပိုင်းနဲ့ရော ကျနော်ဘက်က
ပါဝင်စွက်ဖက်တာမျိုးကို တစ်ခွေလုံးမလုပ်ခဲ့ပါဘူး။
ကောင်းသလိုလုပ်ပေးဖို့ပဲ အပ်ခဲ့ပါတယ် ။
ပရိုဂရမ်ကိုမသိခဲ့တာမျိုးတော့လည်း မဟုတ်ပါဘူး ။
အဆင်ပြေတယ်ဆိုလို့ သုံးကြည့်တာပါ ။
နောက်ခွေတွေ နောက်အပုဒ်တွေမှာတော့
ဒရမ်ပြောင်းသုံးနိုင်ပါတယ် ။
Q. ပရိသတ်​အတွက် အမြည်းနှစ်ပုဒ် ရွေးပေးပါ
A. ကျနော့်ပရိသတ်အတွက်ဆိုရင်
ကျနော်ရွေးပေးရခက်ပါတယ် ။
၂ ပုဒ်ပဲရွေးရမယ်ဆိုတော့ "မာယာ" နဲ့
" မဆိုင်ခင်လွှင့်ပျောက် " ကို နားဆင်စေချင်ပါတယ် ။
တစ်ဆက်တည်း ရွေးပေးလိုက်တဲ့ မာယာ တစ်ပုဒ်ကို နည်းနည်းပြောပြပါရစေ ။ နားထောင်ရုံနဲ့ ဘာဆိုလိုတယ်သိသာပေမယ့်
နည်းနည်းပြောပြချင်တာပါ ။
အပွေအရှုပ်လေးတစ်ယောက်ကို ချစ်မိတာကိုရေးထားတာပါ ။ တစ်ယောက်ယောက်နဲ့ပြတ်ပြီ လမ်းခွဲပြီဆို
ချစ်သူအသစ်နား အရင်လူတွေက ဘယ်လိုရက်စက်တယ်ပေါ့နော် တစ်ယောထိုးပါတယ် ။ ဒီလိုနဲ့ တစ်ယောက်ကနေတစ်ယာက်ပြောင်းနေ
ပြောနေ မာယာများနေတဲ့သူကိုမှ ကျနော်က
အခြားဘဲတွေနည်းတူ အလဲအကွဲခံနေရပေမယ့်
သိပ်ချစ်မိကြောင်းလေးပါ ။
" မဆိုင်ခင်လွှင့်ပျောက် " ကတော့ ကောင်မလေးတစ်ယောက်ကို မကြာခဏ
အိမ်ရှေ့လမ်းနားမှာဖြတ်သွားတိုင်း မြင်မိရာက
နေ့တိုင်း နေ့တိုင်း ဖြတ်သွားတိုင်းမြင်ရာက
ချစ်မိလာမိတယ် ။ နောက်တော့လည်း အကြည့်လေးတွေနဲ့ပဲ ရင်ခုန်တွယ်တာ ချစ်မိနေပြီ ။ သို့သော် ဒီလိုလေးနဲ့ပဲ တစ်ရက်ရက်တော့ ပြောမယ်ကြံထားတုန်း သူမသည်ပေါ်မလာတော့ပါ ။ ဘယ်တော့မှလည်း ဒီလမ်းကိုမဖြတ်တော့ပါ
လိုက်ရှာရအောင်လည်း ဘယ်ကမှန်းမသိခဲ့ပါ ။
အရမ်းချစ်မိနေတယ် ။ သူမသည်လည်းချစ်နေမယ်ဆိုတာ
ယုံကြည်တယ် ။ သို့သော် မဆိုင်ခင်ပဲလွှင့်ပျောက်ခဲ့ရခြင်းသာ ။
( အားလုံးကို ကျေးဇူးတင်ပါသည်)
Q. နောက်ဆုံးအနေနဲ့ ဒီအယ်လ်ဘမ်အတွက် ပရိသတ်​ကို ဘာတွေများပြောချင်ပါသေးလဲ
A. ပြောချင်တာကတော့
ဒီ " အမှန်ပဲဆို"ခွေလေးကိုတစ်ခေါက်လောက်
အသေချာ နားထောင်ပေးကြည့်ပါ ။ အပုဒ်တိုင်းက ဝေဒနာတစ်ခုခုကို ပေးပါလိမ့်မယ်လို့
ကိုယ်နဲ့အနည်းဆုံးခံစားချက် လွဲခဲ့ရင်တောင်မှ
ရေးဖွဲ့သီဆိုထားတဲ့တေး pop, slow rock
Pop rock လေးတွေက ပရိသတ်များကို
အပန်းပြေမှာပါ။
မာယာ
http://mediafire.com/file/sqhef1xtfoof74j/
မဆိုင်ခင် လွင့်ပျောက်
https://mediafire.com/?s4anbbabwx49g9x
ဒေါင်းယူနားဆင်ပြီးလို့ ကြိုက်နှစ်သက်တယ်ဆို ကြုံကြိုက်တဲ့တစ်နေ့ မူရင်းခွေဝယ်ယူအားပေးလို့ ဂီတလောကကြီးကို ကယ်တင်ကြပါစို့
#ဂီတအာပလာလောက်စပီကာ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။