Popular Journal
ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် အနေရခက်တယ်ဆိုသူ မြင့်မြတ်
====================================
မြင့်မြတ်က 'ပါးစပ်စီးသူများ' ဆိုတဲ့ ဇာတ်ကားကို ဖွေးဖွေးနဲ့ ရိုက် ကူးနေပါတယ်။ ကိုယ်ပြောတဲ့ စကားအတိုင်းဖြစ်သွားတတ်တဲ့ ပုံစံမျိုးလေး ရိုက်ကူးနေတာဖြစ်ပါတယ်။
"ဒီလိုမျိုးကားက ပထမဆုံး ရိုက်ဖြစ်တာလို့လည်း ပြောလို့ရတယ်။ ဒါရိုက်တာ ညိုမင်းလွင်နဲ့ ပထမဆုံးစဆုံတဲ့ကားလို့လည်း ပြောလို့ရတယ်။ ဒီကားက ကျွန်တော်ရဲ့ အိုက်ဒီယာရယ်၊ ကိုညိုရိုက်ချင်တဲ့ ပုံစံလေးနဲ့က တူနေတာနဲ့ ဒီကားကို ရိုက်ဖြစ်တာ။
ကျွန်တော်ရိုက်ချင်တဲ့ပုံစံပေါ့။ ရိုက်သမျှ အကုန်လုံးနီးပါးကတော့ ကိုယ်ကြိုက်လို့ရိုက်တဲ့ ဇာတ်တွေပါပဲ။ ဒါပေမဲ့ တစ်ခါတလေကျရင် ပရိုဂျူဆာရွေးချယ်လို့ ရိုက်တဲ့ ဇာတ်လေးတွေရှိတာ ပေ...ါ့။ ကျွန်တော်တို့ ထက်ပရိုဂျူဆာက ဈေးကွက်ပိုပြီး နား လည်တယ်လေ။

ကျွန်တော်တို့က ရိုးတယ်။ ပရိသတ်သိပ် မကြိုက်လိုက်ဘူးလို့ ထင်ပေမယ့် ဇာတ်ကားထွက်လာတော့ ပရိသတ်အားပေးကြတာ တွေ့ရတယ်" လို့ မြင့်မြတ်က ပြောပြပါတယ်။
မြင့်မြတ်ရဲ့ ပထမဆုံးသီချင်းခွေဖြစ်တဲ့ Group အခွေလေး 'ဘဝ တစ်ကွေ့' သီချင်းခွေကိုလည်း ဗီစီဒီစတင်ရိုက်ကူးနေပြီလို့ ပြောပြ တာကြောင့်..
"သီချင်းခွေလေးက ထင်မထားဘူး။ တော်တော် လေး အခြေအေ နကောင်းတယ်။ ဗီစီဒီကျရင် တော့ ပိုပြီး ပရိသတ်အားပေးမယ်လို့ ထင်ပါ တယ်။ ကျွန်တော့် သီချင်းလေးတွေ ဖွင့်နေတာ ကြားရရင် တော်တော် အနေရခက်တယ်။ သရုပ် ဆောင်အလုပ်စလုပ် တုန်းက ကိုယ့် ဇာတ်ကား တစ်ကားကို ဖွင့်ထားတာ ကို ကြည့်လိုက်ရတဲ့ ခံစားမှုမျိုးပါပဲ။ သီချင်းက လည်း ဒါပထမဆုံးဆိုတော့ ဝမ်းလည်းဝမ်းသာ တယ်။ ဗီစီဒီမှာလည်း ကျွန်တော်သီချင်း တွေကို ကိုယ်တိုင်သရုပ်ဆောင်ဖို့ စဉ်းစား ထားတယ်။ သီချင်းနဲ့ လိုက်မယ့် ပုံ စံလေးပဲ ရိုက်မှာပါ။ ဗီစီဒီကို ဒီနှစ် ထဲပဲထွက်နိုင်ေ အာင် ကြိုးစားနေ ပါတယ်" လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။