Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, August 5, 2013

စိတ်ဖိစီးနေသလား R ခြောက်လုံးကိုစား

 

ဘယ်ကုမ္ပဏီက ဘာတံဆိပ်နဲ့ တင်သွင်းလာတဲ့ ဘာဆေးလဲဆိုတာကို တလွဲ မစဉ်းစားကြဖို့ ဦးစွာပြောထားပါရစေ။ ဒီဆရာတော့ စီးပွားရေး သောင်းကျန်းပြီး ဟိုနိုင်ငံ၊ ဒီနိုင်ငံက ဟိုဆေးဒီဆေးတွေကို ဘာရောဂါ၊ ညာရောဂါတွေအတွက် သိပ်ကောင်းတာပဲလို့ ညွှန်းပြီး ဒေသကိုယ်စားလှယ်လုပ်လို့ ဆေးရောင်းနေပြီလို့လည်း မထင်စေချင်ဘူး။ အမှန်တော့ Dr.M Vandenburg ရဲ့ Positive Under Pressure ဆိုတဲ့ စာအုပ်ကို ဖတ်မိလို့ ဆရာကြီးလုပ်ပြီး လမ်းညွှန်ရတာပဲ ဖြစ်ပါတယ်။

လူတိုင်းလူတိုင်းဟာ သူတို့ဘဝတွေကို အကောင်းဆုံး ရင်ဆိုင် ဖြတ်သန်းချင်ကြပါတယ်။ အောင်မြင်မှု ပန်းတိုင်တွေဆီ အရောက်လည်း နှင်ချင်ကြတယ်။ ဒီအတွက် ကာယအား၊ ဉာဏအားတွေသုံးပြီးတော့ ရင်ဆိုင်လေ့ ရှိကြတယ်။ ဒါပေမဲ့ ဆန္ဒတွေဟာ ပြီးပြည့်စုံ ခဲလှတယ်။ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာတွေရဲ့ ရာခိုင်နှုန်း အနည်းငယ်လောက်ကိုပဲ ရယူနိုင်ကြတာလည်း အမှန်ပဲ။ ဒီတော့ မလွဲမရှောင်သာ ဖိစီးမှုတွေ၊ တစ်နည်းအားဖြင့် ဖိအားတွေနဲ့ ကြုံတွေ့ရတော့တယ်။ Pressure တွေကတစ်ဆင့် Stress ကို ရောက်ရှိသွားတဲ့အခါ ဘဝမှာ မွန်းကျပ်မှုတွေနဲ့ ကြုံတွေ့ရလေ့ ရှိတယ်။

အထူးသဖြင့် Stress ဆိုတဲ့ ဖိစီးမှုဟာ ဥက္ကဋ္ဌကြီးတွေမှ၊ CEO ကြီးတွေမှ၊ ဒါရိုက်တာကြီးတွေမှ၊ မန်နေဂျာကြီးတွေမှ ကြုံတွေ့ရတာမျိုး မဟုတ်ဘူး။ ဘဝမှာ လူတွေဟာ မိမိတို့ဘဝကို မိမိတို့စိတ်ကြိုက် မောင်းနှင်ကြရင်းနဲ့ အမျိုးမျိုးအဖုံဖုံသော အခက်အခဲတွေ၊ အကြိုက်မတွေ့မှုတွေ၊ အလိုမပြည့်မှုတွေကို ကြုံတွေ့ရလေ့ ရှိတယ်။ အဲဒါတွေဟာ တစ်ခါတလေ ကိုယ်က ဖြတ်သန်းကျော်နင်း သွားနိုင်ပေမဲ့ တစ်ခါတစ်ခါမှာတော့ ကိုယ့်ကို တုပ်နှောင်နှိပ်စက် နေတတ်တယ်။ ဒီအခါမှာ အဆင်မပြေတဲ့ အပြောအဆို၊ အလုပ်အကိုင်လေးတွေကတစ်ဆင့် ကြီးမားတဲ့ စိတ်အနှောင့်အယှက် ဖြစ်ရမှုတွေနဲ့ စိတ်ဖိစီးမှုတွေကို ဖြစ်ပေါ်လာစေပါတယ်။

အထူးသဖြင့် အများကို စီမံအုပ်ချုပ်နေရတဲ့သူတွေ၊ လုပ်ငန်းကြီးတွေကို တာဝန်ခံနေရသူတွေ အနည်းနဲ့အများ စိတ်ဖိစီးမှုကို ခံရလေ့ ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဲဒီအလုပ်ကြီးတွေကို လုပ်ကိုင်နိုင်တယ်၊ စီမံဆောင်ရွက် နိုင်တယ်လို့ ထင်ထားခဲ့ပေမဲ့ တကယ့် တကယ်မှာ အတွေးနဲ့လက်တွေ့က မစပ်အပ်တဲ့အခါ၊ ကိုယ့်လုပ်နိုင်စွမ်းရည်နဲ့ လုပ်ငန်းခွင်က အံမကျတဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ အစပျိုး လာတတ်ပါတယ်။ ဒါဟာ တစ်ခါတလေ ဒါမှမဟုတ် ကြုံတွေ့ရမှု နည်းလိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ စဉ်ဆက်မပြတ် ကြုံတွေ့လာရတဲ့အခါ ချောင်ပိတ်မိနေတဲ့ တိရစ္ဆာန်တစ်ကောင်လို ကိုယ့်ကိုယ်ကိုယ် တွေးထင်လာတတ်တယ်။

ဒီလိုစိတ်ဖိစီးမှု များလာတာမျိုးဟာ ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ အချိန်ကာလ ရှည်ကြာလာတာနဲ့အမျှ ကာယကံရှင်ရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ သူ့နေထိုင်မှု ဘဝကိုပါ ထိပါးလာတတ်တာ အမှန်ပါ။ ဒါကြောင့် Stress များလာရင် လျှော့ချနိုင်ဖို့အတွက် Dr.M.Vandenburg အကြံပေးထားတဲ့ ကိစ္စလေးတွေကို တစ်ဆင့် ဖောက်သည်ချလိုပါတယ်။ သူက Stress ဖြစ်နေတဲ့လူတွေဟာ အောက်ပါ အချက်အလက်တွေကို သတိထားပြုပြင်ရင်း ကိုယ့်ရဲ့ခံစားမှု၊ အပြုအမူနဲ့ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ကြဖို့ အကြံပြုထားပါတယ်။

သူက ပထမဆုံးအနေနဲ့ စိတ်ဖြေလျှော့တဲ့ နည်းနာကို ညွှန်းဆိုထားပါတယ်။ Relax လို့ခေါ်တဲ့ စိတ်ကို ဖြေလျှော့ထားနိုင်မှုဟာ လူတိုင်းအတွက် အင်မတန် အရေးကြီးပါတယ်။ အဆင်မပြေမှုတွေကတစ်ဆင့် စိတ်တိုတာ၊ ဒေါသထွက်တာ ဒီကတစ်ဆင့် စိတ်ဖိစီးမှုတွေ ဖြစ်လာတာတွေကို ဖြေလျှော့နိုင်ရေးအတွက် မိမိစိတ်ကို ဖြေလျှော့ပြီး သက်သောင့်သက်သာ နေထိုင်ဖို့ ညွှန်းဆိုထားပါတယ်။ စိတ်ဆတ်တာ၊ စိတ်မာတင်းတာတွေဟာ မိမိကိုယ်မိမိ ပြန်လည် နှိပ်စက်တတ်ပါတယ်။ စိတ်ဖိစီးမှုကို အလွယ်တကူ ဖြစ်ပွားစေပါတယ်။

ဒုတိယနည်းကတော့ ဘာကိုမဆို ပြန်လည်သုံးသပ်တဲ့နည်း ဖြစ်ပါတယ်။ Review ပေါ့။ လူတိုင်းပဲ ဘဝမှာ အလုပ်တွေနဲ့ လုံးထွေးနေရပါတယ်။ အောင်မြင် စိတ်တိုင်းကျတာလည်း ရှိ၊ စိတ်အလိုမကျ ဖြစ်တာတွေလည်း ရှိတတ်ပါတယ်။ ဒီလိုဖြစ်နေတဲ့အတွက် တစ်ဆင့်ပြီးတစ်ဆင့် တက်ရာကနေ စိတ်ဖိစီးမှုတွေက အစပျိုးလာတာပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်လုပ်နေတဲ့ အလုပ်က ဘာ၊ အလုပ်ရဲ့ ဦးတည်ချက်က ဘာ၊ ရည်မှန်းချက်က ဘာ၊ အခုအခါ ကိုယ်ရောက်ရှိနေတဲ့ အဆင့်နေရာကို မှန်ကန်စွာ ရှာဖွေသိရှိဖို့ လိုပါတယ်။ ဒီအခါမှာ ဆန္ဒတွေ လွန်ကဲနေတာ ဒါမှမဟုတ် ဒရွတ်တိုက် လိုက်နေတာတွေကို သိရှိ နားလည်နိုင်ပါလိမ့်မယ်။ ပုံမှန်အလုပ်၊ ပုံမှန်ဘဝကို တွေ့ရှိပြီး သွားနိုင်ပါလိမ့်မယ်။

Refuse ဆိုတဲ့ ငြင်းဆိုမှုကလည်း Stress လျော့သွားဖို့အတွက် အရေးကြီးပါတယ်။ လူတိုင်းဟာ ဘာမဆို ငါလုပ်နိုင်တယ်လို့ ထင်မှတ်မှားတတ်ကြတယ်။ တချို့ အချိန်ကာလတွေမှာ လုပ်လို့မဖြစ်နိုင်၊ မရနိုင်တဲ့ အလုပ်တွေ ရှိတတ်ပါတယ်။ ဒါကို နားလည်ထားဖို့ လိုလိမ့်မယ်။ ကိုယ်ရှင်သန်ဖို့အတွက် ဘာအလုပ်ပဲဖြစ်ဖြစ် လုပ်နိုင်တယ်ဆိုတဲ့ အတွေးမျိုးကို ရှောင်ရှားသင့်ပါတယ်။ ကိုယ်လုပ်မယ့် အလုပ်ဟာ ကိုယ်လုပ်နိုင်တဲ့ အလုပ်မျိုး ဖြစ်ဖို့လိုသလို လုပ်ခွင့်ရရင်လည်း အောင်မြင်အောင် လုပ်နိုင်ရပါတယ်။ အခွင့်မသာတာတွေ ကိုတော့ ရဲရဲတင်းတင်း ငြင်းဆန်ခြင်းဟာ စိတ်ဖိစီးမှုတွေကို သက်သာစေပါလိမ့်မယ်။

ကိုယ့်ရဲ့ အစွမ်းအစကို ဖော်ထုတ်ပြီး လုပ်ကိုင်နိုင်တာကလည်း စိတ်ဖိစီးမှုတွေကို သက်သာစေတာ အမှန်ပါ။ အလုပ်တိုင်းမှာ သွင်းအားစုတွေ ရှိနေတတ်ပါတယ်။ ပြည့်စုံတဲ့အခါ ရှိသလို မပြည့်စုံတဲ့ အခါတွေလည်း ကြုံတတ်ပါတယ်။ ဒီအချိန်မျိုးမှာ ရုပ်ဝတ္တုပစ္စည်းတွေ ဖြစ်တဲ့ (ငွေတွေ၊ ပစ္စည်းတွေ) ရဲ့ အစွမ်းအစကို အားမကိုးဘဲ မိမိရဲ့ အရည်အချင်းကို အားကိုးပြီး၊ ကိုယ့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ တွေးခေါ် စဉ်းစားမှုကို အားကိုးပြီး တစ်နည်းအားဖြင့် စိတ်ဓာတ်မြှင့်တင် အားကိုးပြီး အလုပ်ကို ပြီးမြောက်အောင် လုပ်ပြခြင်းနဲ့လည်း စိတ်ဖိစီးမှု ဖြစ်နေတာတွေကို ကျော်လွှားနိုင်ပါတယ်။ ဒါကို Resource လို့ ခေါ်ပါတယ်။ နံပါတ်ငါးအချက် အနေနဲ့ကတော့ Reframe လို့ ခေါ်တဲ့ပြန်လည်ဘောင်ဖွဲ့တဲ့ နည်းနဲ့ စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြတ်သန်းနိုင်ပါတယ်။ လူတစ်ယောက်ဟာ တကယ်ပဲ အလုပ်တွေများတယ်၊ မနိုင်မနင်း နိုင်လောက်အောင်ကိုပဲ အလုပ်များတယ် ဆိုပါတော့။ ဒါပေမဲ့ အဲဒီအလုပ်တွေကို ငါနိုင်အောင် လုပ်နိုင်တယ်လို့ စိတ်ဓာတ်ရေးရာအရ ပြင်ဆင်လုပ်ကိုင်နေတာမျိုးဟာ အမှန်တကယ်ပဲ စိတ်ဖိစီးမှုတွေကို သက်သာစေပါလိမ့်မယ်။ “အလုပ်တွေ သိပ်များနေသလား” လို့ မိတ်ဆွေတွေရဲ့ အမေးကို “ရပါတယ်” လို့ ဖြေသိမ့်ပြောဆိုနိုင်မှုဟာ တကယ့်ကို စိတ်ဖိစီးမှုကို သက်သာစေတဲ့နည်းပဲ ဖြစ်ပါတယ်။

တချို့ကတော့ ဘယ်အလုပ်မဆို “ငါမရှိရင် မဖြစ်ဘူး” လို့ ထင်တတ်ကြတယ်။ အင်မတန် မှားပါတယ်။ ကိုယ်မရှိရင်လည်း ကမ္ဘာကြီးကတော့ လည်နေမှာပဲလို့ နှလုံးသွင်းထားသင့်တယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ကို အကြိမ်ကြိမ်အထပ်ထပ် ပြန်လည်စဉ်းစား သုံးသပ်တဲ့အကျင့်ဟာ အလုပ်ထဲက စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်။ အသစ်ပြန်စ စဉ်းစားလုပ်ကိုင်တာမျိုးပါ။ Renew လို့ ပြောရင်ရပါတယ်။ R ခြောက်လုံးကို သတိထား ဆင်ခြင်နိုင်ဖို့ အကြံပြုတာလို့ Dr.M.Vandenburg က ဆိုပါတယ်။ သင့်သိသလို သုံးနိုင်ဖို့ ဆေးညွှန်း ပေးထားတာမျိုးပဲ ဖြစ်ပါလိမ့်မယ်။

လူတိုင်း အလုပ်နဲ့ကင်းကွာပြီး အသက်ရှင်နေထိုင်ဖို့ ခက်ပါလိမ့်မယ်။ အလုပ်တိုင်းမှာလည်း ဖိအား (Presure) တွေ ရှိတတ်ပါတယ်။ အဲဒါဟာ အတိုင်းအတာတစ်ခုအထိဆိုရင် မထောင်းတာလှပေမဲ့ သိပ်မြင့်၊ သိပ်များလာရင် မကောင်းပါဘူး။ ဖိအားတွေကတစ်ဆင့် စိတ်ဖိစီးမှုဆိုတဲ့ (Stress) အဆင့်ကို ရောက်လာရင် စိတ်ကျန်းမာရေး၊ လူကျန်းမာရေးကို ထိခိုက်တတ်ပါတယ်။ ဒီ R ခြောက်လုံး ကတော့ စိတ်ဖိစီးမှုကို သက်သာစေဖို့ ရည်ရွယ်တာမို့ “စိတ်ဖိစီးနေသလား R ခြောက်လုံးကိုစား” လို့ပဲ အကြံပေးပါရစေ။

ထက်ကျော်
By HR Journal

http://on.fb.me/UWRK0Q
laminmaung
http://bluenavyblog.blogspot.no/2013/01/r.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။