Popular Journal
ဘဝအတွက် တစ်ခုခုပြောင်းလဲမယ်ဆိုရင် ပရိသတ်တွေကို အရင်အသိပေးတင်ပြသွားမှာပါလို့ ကတိပြုပြောကြားလာတဲ့ စိုးသူ
======================================
နိုင်ငံရပ်ခြားရောက်နေသူ ပရိသတ်အချစ်တော် ကိုစိုးသူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာဟောင်းပေါ်က အနုပညာညီမတစ်ဦးနဲ့  ပုံတွေ၊ ရည်ညွှန်းပုံစာတွေ ကိုတွေ့မြင်ရလို့ဆက်သွယ်မေးမြန်းဖြစ်တဲ့အခါ အဲ့ဒီစာမျက်နှာကို သူသုံးနေ ခြင်း မဟုတ်ကြောင်း "ဒီ fanpage ကလုပ်ထားတာမကြာသေး ပါဘူး။နီးစပ် ရာ အမျိုးတွေက လုပ်ပေးထားကြတာပါ၊ Admin တွေ အများကြီးရှိတယ်လည်း ပြောတယ်။ ကိုယ်တိုင်တော့ မသုံးခဲ့ဘူး။ အထူးသဖြင့်မြန်မာပြည်မှာ ရှိတုန်း ကတော့အနားက လူတွေက ဓာတ်ပုံတွေဘာတွေ လှမ်းပို့ကြတာ တွေရှိ တယ်။အခု အဲဒီ့ page ကနေတင်တဲ့အကြောင်း အရာတွေနဲ့... ပတ်သက်ပြီးပြောချင်တာပါ။hack ခံထားရ တယ်လို့တော့ ထင်ပါတယ်။ ကျွန်တော် အဲ့ဒီ page ကို လုပ်တဲ့သူ တွေနဲ့အဆက်အသွယ်မရှိတော့လို့သေချာတော့ မသိဘူး။ပြော ချင်တာက တော့ တချို့အကြောင်း အရာတွေကမှန်ပါတယ်။ ဒါပေမဲ့ အကုန်လုံးတော့ မမှန်ပါ ဘူး။ကျွန်တော့် အိမ်ထောင်သက် ၁၁နှစ်ရှိခဲ့တာလည်းမှန်ပါ တယ်။

ကာလတော်တော်ကြာလောက်မှာကတည်းက သူငယ်ချင်းလို မောင်နှမလို
ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် အပြန်အလှန် support လုပ်ခဲ့ကြပါ တယ်။တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေလည်း ရှိခဲ့ပြီးသားပါ။ အဲ့ဒီ လောက်ပဲ ပြောချင်ပါတယ်။ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး။ ဒါဒါနဲ့ကငယ်ငယ်ကတည်းကခင်မင်ခဲ့ကြတာပါ။သူလည်းသူ့ဟာ
သူအေးအေး ဆေးဆေး နေတတ်တဲ့မိန်းကလေးပါ၊ သူ့ဘက်ကစပြီး ကျွန်တော့ကို လာ ပတ်သက်တာလည်း မဟုတ်ဘူး။page မှာရေးထားသလိုမျိုး လည်း မဟုတ်ပါဘူး။အဲဒါပါပဲ" လို့ ဖြေကြားသလို လတ်တလော ဖေ့စ်ဘုတ် စာမျက်နှာမှာ SoeThu အမည်နဲ့ ဖြေ
ရှင်းထားမှုတွေ့ရလို့ အဲ့ဒီ page အကြောင်း မေးတဲ့အခါ "အခုတော့ ကျွန်တော်ကိုယ်တိုင် SOETHU fanpage တစ်ခုလုပ် ထားပါတယ်။ ကျွန်တော်facebook ကိုလည်း သိပ်နား မလည်ပါဘူး၊ ဒါပေမဲ့ Online က ပရိသတ်တွေ ကျွန်တော့်လှုပ်ရှားမှုတွေကို သိနိုင်အောင်လို့ပါ။ မကြာခင်မှာ ပြန်လာ ဖို့ရှိပါတယ်။အနုပညာ အလုပ်လေးတွေကို လည်းအလျဉ်းသင့်သလိုလုပ်ဖို့ရှိပါတယ်။ ကျွန်တော့်ဘဝအတွက်တစ် ခုခု ပြောင်း လဲမယ်ဆိုရင်ပရိသတ်တွေကိုအရင် အသိ ပေးတင်ပြသွားမှာပါ" လို့ဖြေကြားပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။