သူတောင်းစားလေးတစ်ယောက်ရဲ့ ပုံပြင်
xxxxxxxxxxxxxxxxxxxxxxxxxx xxxx
သဏ္ဍရီပုံပြင်လေးပါ။ ကြိုက်နှစ်သစ်လို့ တင်ပေးလိုက်ပါတယ်။
ရှေးရှေးတုန်းက တရုတ်ပြည်မြောက်ပိုင်းမှာ
စစ်ဘေးစစ်ဒဏ်ကြောင့် တနယ်တကျေးမှာ လေလွင့်ပြီး တောင်းရမ်းစားသောက်နေတဲ့
သူတောင်းစား လူငယ်တစ်ယောက်ရှိပါတယ်။ အဲဒီလူငယ်ဟာ သူတောင်းစားဘ၀ကနေ
ရုန်းထွက်ချင်ပေမဲ့ လယ်မရှိ ယာမရှိ အလုပ်လုပ်စရာလည်း ရှာမရတာကြောင့်
တောင်းရမ်းစားသောက်နေရပါတယ် ။ တောင်းရမ်းစားသောက်တဲ့ဘ၀ကနေ အမြန်လွတ်ရုန်းချင်တာမို့ တောင်းရမ်းလို့ရတဲ့ ဆန်စပါး အပိုလေးတွေကို စပါးကျီဟောင်းတစ်ခုထဲမှာ စုဆောင်းထားပါတယ်။
ဒါပေမဲ့ ကြွက်တွေခိုးစားတာနဲ့ ကုန်ကုန်သွားပါသတဲ့၊ သူတောင်းစားလေးဟာ အလွန်စိတ်ဆိုးပြီး ညတစ်ညမှာ ကြွက်ကို စောင့်ဖမ်းပါတော့တယ်။ ကြွက်ကိုဖမ်းမယ်ပြုလိုက်၊
ကြွက်ကထွက်ပြေးလိုက်နဲ့ သူတောင်းစားလေး တော်တော်မောပမ်းသွားပါတယ်။ ဒါနဲ့
စာပါးကျီနားမှာ အိပ်ပျော်သွားပါတယ်။ သူအိမ်မက်ထဲမှာ လာခိုးစားတဲ့
ကြွက်ကြီးကြီး တစ်ကောင်နဲ့တွေ့တယ်။ အဲဒါနဲ့ သူတောင်းစားလူငယ်က
စိတ်ဆိုးဆိုးနဲ့
“ ဟေ့ ကြွက်စုတ်၊ သူဋ္ဌေးအိမ်တော့ မင်းသွားခိုးမစားဘူး၊ ငါရှိစုမဲ့စုလေးကိုတော့ မင်းကနေ့တိုင်းလာခိုးစားတ ယ်။ အဲဒါ တရားသလား” လို့ မေးလိုက်ပါတယ်။ အိမ်မက်ထဲမှာ ကြွက်ကစကားပြန်ပြောသတဲ့
“ အဲဒါ မင်းကုသိုလ်မကောင်းလို့ေ ပါ့”
“ ဘာဆိုင်တုန်း၊ ငါ့အတွက် ဘယ်တရားမလဲ။ စစ်ဘေးဒုက္ခသည်လည်း ဖြစ်ရသေး၊ ဆန်လေးစုတာတောင်မှ အခိုးစားခံရသေးဆိုတော့” သူတောင်းစားလေးက မကျေမနပ်နဲ့ ပြန်ပြောလိုက်တယ်။
“ တရားတာ မတရားတာ ငါမသိဘူး၊ မင်းမကျေနပ်ရင် ဘုရားကို သွားမေးလေ” လို့ ကြွက်က ပြန်ပြောလိုက်ပါတယ်။
သူတောင်းစားလေး လန့်နိုးလာပါတယ်။ သူဘုရားကို သွားရှာဖို့ စဉ်းစားတယ်။ ဘုရားကို ဆင်းရဲတွင်းကနေ လွတ်ရုန်းအောင် ဘယ်လိုလုပ်သင့်သလဲလို့ သွားမေးမယ်။ ဒါပေမဲ့ ဘုရားဘယ်မှာ ရှိသလဲ။ ဘယ်မှာ သွားရှာရမှာလဲ။ မျောက်မင်းဟာနုမာန်တို့ရဲ့  အနောက်ဘက်သို့ တရားရှာတဲ့ခရီး ( Journey to the west ) ဆိုတဲ့ပုံပြင်ကို ငယ်ငယ်တုန်းက ဘုန်းကြီးတရားဟောတာ သူကြားဖူးတယ်။
အဲဒါနဲ့ သူတောင်းစားလေးဟာ ဘုရားရှာဖို့ အနောက်ဘက်ကို ဦးတည်ပြီး ခရီးထွက်ခဲ့ပါတော့တယ်။
ရက်အတန်ကြာလျှောက်ပြီးတဲ့အခါ
ညနေခင်းတစ်ခုမှာ ရွာတစ်ရွာကို သူရောက်သွားပါတယ်။ သူဋ္ဌေးအိမ်တစ်အိမ်ရှေ့
မှာ သူတောင်းစားပါတယ်။ သူဋ္ဌေးက သူကိုတွေ့သွားတယ်။ သူ့ကိုမေးပါတယ်။
“ ဒီလောက်တောင်မိုးချုပ်နေပြီ၊ သင်ဘယ်ကို ခရီးသွားမှာလဲ”
သူတောင်းစားက အကျိုးအကြောင်းရှင်းပြလိုက်ပါတယ်။ သူဋ္ဌေးက သူ့ကို ကောင်းကောင်းညစာကြွေးပါတယ်။ လမ်းမှာသုံးဖို့ ငွေသားအချို့ ပေးပါတယ်။ အစာရေစာအချို့လည်း ပေးပါတယ်။ ပြီးတော့ သူဋ္ဌေးက သူ့ကို အကူအညီတောင်းပါတယ်။
“ ငါ့မှာသမီးတစ်ယောက်ရှိတယ်။ အသက် ၁၆ နှစ် ရှိပြီ၊ အခုထက်ထိ စကားမပြောတတ်သေးဘူး၊ တကယ်လို့ မင်းဘုရားကို တွေ့ ခဲ့လို့ရှိရင် ငါ့ သမီးကို စကားပြောတတ်အောင် ဘယ်လိုကုသရမလဲဆိုတာကိုပါ မေးပေးခဲ့ပါ။”
သူတောင်းစားလေးက သူဋ္ဌေးရဲ့ အကူအညီတောင်းခံမူကို ကြည်ကြည်သာသာလက်ခံပြီး ခရီးခဲ့တယ်။ တောအချို့ ကိုဖြတ်ရတယ်။ တောင်တွေကို ခက်ခက်ခဲခဲ ဖြတ်သန်းရတယ်။ တစ်ရက်ကျတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ရေ၀င်တောင်းသောက်ပါတယ်။ အသက်တော်တော်ကြီးပြီဖြစ်တဲ့
လှပတဲ့တောင်ဝှေးကြီး တစ်ခုကိုင်ဆောင်ထားတဲ့ ဘုန်းကြီးတစ်ပါးကို
တွေ့ရပါတယ်။ ဘုန်းကြီးကလည်း ဒီတောထဲတောင်ထဲမှာ သူတောင်းစားကိုတွေ့တော့
အံ့သြသင့်တာနဲ့ မေးပါတယ်။ သူတောင်းစားက အကျိုးအကြောင်း ရှင်းပြပြန်ပါတယ်။
အဲဒါနဲ့ ဘုန်းတော်ကြီးက
“ မင်းဘုရားကိုတွေ့ ရင် ဘုန်းကြီးအတွက်လည်း မေးခဲ့ပါအုန်း၊ ဘုန်းကြီးဒီမှာ ကျင့်ကြံနေတာ နှစ်ရာချီရှိနေပြီ၊ အခုထက်ထိ တရားမအောင်သေးဘူး၊ အဲဒါ ဘာကြောင့်လဲလို့ မေးပေးပါအုန်း” ဆိုပြီး စကားပါးလိုက်ပြန်ပါတယ်။သူေ တာင်းစားလေးကလည်း ကြည်ကြည်သာသာလက်ခံပြီး ခရီးဆက်ခဲ့ပြန်တယ်။
ရက်တော်တော်ကြာသွားပါတယ်။ ဘုရားနဲ့ မတွေ့ခဲ့ပါ။ တစ်ရက်ကျတော့ ရှေ့ မှာ ကန့်လန့်ကာ စီးဆင်းနေတဲ့ မြစ်ကြီးတစ်စင်း တွေ့ရပါတယ်။ ကူးစရာ လှေမတွေ့ပါ။ သူတောင်းစားလူငယ် တော်တော် ၀မ်းနည်းသွားပါတယ်။ ဘုရားလည်း ရှာမတွေ့၊ ရှေ့ ဆက်သွားလို့လည်း မရတော့ သူတောင်းစားလေးဟာ မြစ်ဘေးမှာ ဖင်ထိုင်ထိုင်ချပြီး တစ်ဟီဟီ ငိုချပါတော့တယ်။ သူ့ရဲ့ ငိုသံကို လိပ်ကြီးတစ်ကောင်ကြားတာနဲ့ ဘာလို့ငိုတာလဲဆိုပြီး လာရောက်မေးမြန်းပါတယ်။ အဲဒါနဲ့ သူတောင်းစားလေးက မြစ်ဖြတ်လို့ မရတဲ့အကြောင်း၊ ဘုရားကို သွားရှာတဲ့အကြောင်းရှင်းပြပါတယ်။လိပ်က
သူ့ကျောကို စီးပြီးသွားလို့ရတယ်လို့ ပြောပြီးမြစ်ဖြတ်ကူးဖို့
ကူညီပါတယ်။မြစ်ဖြတ်ပြီးမှ လိပ်က သူတောင်းစားလေးကို အကူအညီတောင်းပါတယ်။
“ ဘုရားကိုတွေ့ခဲ့လို့ရှိရ င်
ကျွန်တော့အတွက် လည်းမေးပေးပါအုန်း၊ ကျွန်တော်ဒီမြစ်မှာ ကျင့်ကြံနေတာ နှစ်
( ၅၀၀ ) ပြည့်တော့မယ်။ အခုထက်ထိ နဂါးမဖြစ်သေးဘူး၊
အဲဒါအကြောင်းရင်းသိချင်တယ်။ ” တဲ့
သူတောင်းစားလူငယ်ဟာ ခါတိုင်းလိုပါပဲ ကြည်ကြည်သာသာလက်ခံပြီး ခရီးဆက်ခဲ့ပြန်တယ်။
ရက်ပေါင်းအတော်ကြာခဲ့ပြန်တယ်။
တောတွေ တစ်စတစ်စ ပိုမိုထူထဲလာပါတယ်။ ဘုရားကို ရှာမတွေ့ခဲ့ပါ။
တစ်ရက်ကျတော့ မောလည်းမော၊ ဆာလည်းဆာတာနဲ့ သစ်ပင်တစ်ပင်ကို မှီပြီး
အိပ်မောကျသွားပါတယ်။
အိမ်မက်ထဲမှာ ဘုရားကြွလာပါတယ်။ ဘုရားက သူတောင်းစားလူငယ်ကို အရင်မေးမြန်းတော်မူပါတယ်။
“ ဟဲ့ မောင်မင်း၊ အဲလောက်ခရီးအဝေးကြီး ငါဘုရားကို လာရှာတာ ဘာကိစ္စရှိလို့လဲ”
“ စဉ်းစားဖြေရှင်းလို့ မရတဲ့ မေးခွန်းအချို့ ကို မေးမြန်းလျှောက်ထားလိုကြော င်းပါဘုရား”
“ အေး မောင်မင်းကို မေးခွန်း ( ၃ ) ခု မေးခွန့်ပြုပါတယ်။” ဘုရားက မေးခွန်း ၃ ခု မေးခွင့်ပေးလိုက်ပါတယ်။
သူတောင်းစားလူငယ်က စဉ်းစားပါတယ်။ မေးခွန်း ၃ ခုဆိုတော့ လိပ်ကြီးရဲ့ မေးခွန်းကို အရင်မေးရပါလိမ့်မယ်။ သူခမျှာ အနှစ် ငါးရာ ရှိရှာပြီ။ သူ့မေးခွန်းက အရေးအကြီးဆုံးဆိုပြီး လိပ်ကြီး ဘာကြောင့် နဂါး မဖြစသေးတဲ့ အကြောင်းကို လျှောက်ထားပါတော့တယ်။
“ သြော ဟိုလိပ်ကြီးလား၊ သူ့ခန္ဓာကိုယ်ပေါ်က လိပ်ခွန်ကြီးကို နှမျောနေလို့ပါ။” ဆိုပြီး ဘုရားက ဖြေကြားပါတယ်။ သူတောင်းစား လူငယ်က စဉ်းစားပြန်တယ်။ အင်း..ဆရာတော်ကြီးလည်း ကျင့်ကြံလာတာ နှစ်ရာနဲ့ ချီနေပြီ ဆရာတော်ကြီး ဘာလို့ တရားမအောင်သေးတဲ့ အကြောင်းလျှောက်ထားပြန်တယ်။
“ ဆရာတော်ကြီးက သူ့တောင်ဝှေးကို သံယောဇဉ် မဖြတ်နိုင်လို့ပါ။” လို့ ဘုရားက ဖြေကြားတော်မူတယ်။
တတိယမေးခွန်းကို သူတောင်းစားလေးက စဉ်းစားပြန်တယ်။ ဟိုသူဋ္ဌေး သမီးလည်း အလွန်သနားစရာ ကောင်းတယ်။ အသက် ၁၆ နှစ်တောင်ရှိပြီ စကားမပြောတတ်သေးဘူးဆိုတော့ အဲဒီအကြောင်းကို မေးအုန်းမှ ဆိုပြီး သူဋ္ဌေးသမီး ဘာဖြစ်လို့ စကားမပြောတတ်တာလဲ ဆိုပြီး လျှောက်ထားပြန်တယ်။
“ သူဋ္ဌေးသမီး သူ့ဖူးစာရှင်နဲ့ တွေ့တဲ့တစ်နေ့ကျရင် အလိုအလျောက် စကားပြောတတ်ပါလိမ့်မယ်။” လို့ ဘုရားက မိန့်ကြားတော်မူပြီး မြင်ကွင်းကနေ ပျောက်သွားပါတော့တယ်။
သူတောင်းစားလေး လန့်နိုးလာပါတယ်။ သူ့မေးချင်တဲ့ မေးခွန်း မမေးလိုက်ရပါ။ အဲဒါနဲ့ ငါ့ကုသိုလ်ပဲလေ ဟု ဆင်ခြင်ပြီး လာလမ်းအတိုင်း ပြန်ခဲ့ပါတော့တယ်။ မြစ်ကို ရောက်တော့ လိပ်ကြီးက စောင့်နေပါတယ်။ မြစ်ကူးဖို့ကို မစောင့်နိုင်တော့ပဲ ဘုရားနဲ့တွေ့ခဲ့သလား၊ ဘာကြောင့် နဂါးမဖြစ်သေးတာလဲ စသည်ဖြင့် မေးမြန်းပါတော့တယ်။ အဲဒါနဲ့ သူတောင်းစားလူငယ်လေးက “ အသင်လိပ်ကြီးက ခန္ဓာကိုယ်ပေါ်က အခွန်ကြီးကို နမျောနေလို့ မဟုတ်လား” လို့ ပြန်မေးလိုက်ပါတယ်။ လိပ်ကြီးခမျှာ ကြက်သီးမွေးညင်းကို ထသွားပါတော့တယ်။ သူတောင်းစားလေးကို ချောင်းကူးပေးလိုက်ပါတယ်။ လိပ်ခွန်ကို ချွတ်လိုက်ပြီး၊
“ အသင်လူငယ်၊ ဒီလိပ်ခွန်ပေါ်မှာ အလွန်တန်ဖိုးကြီးလှတဲ့ ပုလဲပွင့် ၂၄ ပွင့်ရှိပါတယ်။ သင့်ကိုပေးခဲ့မယ်ဆိုပြီး လိပ်ခွန်ကြီးကို ပေးလိုက်ပြီး ကောင်းကင်သို့ ပျံသန်းသွားပါတော့တယ်။
သူတောင်းစားလေးဟာ ပုလဲပွင့် ၂၄ ပွင့်ကိုယူပြီး ခရီးဆက်ထွက်ခဲ့ပြန်တယ်။ ဘုန်းကြီးကျောင်းကို ရောက်တော့ ဘုန်းတော်ကြီးကို “ အရှင်ဘုရားက တောင်ဝှေးကြီးကို သံယောဇဉ် မဖြတ်နိုင်လို့ မဟုတ်လား” လို့ မေးလိုက်ပါတယ်။
ဘုန်းတော်ကြီးက ဥာဏ်အလင်းရသွားပြီး “ ကျေးဇူးကြီးလှပါတယ် လူငယ်၊ ဒီတောင်ဝှေးကြီး သင့်ကို ပေးခဲ့ပြီ” ဟုပြောပြီး တောထဲဝင်သွားပါတော့တယ်။
သူတောင်းစားက ဆက်ပြီးခရီးထွက်ခဲ့ပြန်တယ်။
သူဋ္ဌေးရွာအ၀င်မှာ သူဋ္ဌေးသမီးက သူ့ကို အရင်တွေ့ပါတယ်။ “ ဖေဖေ၊ ဖေဖေ၊
ဟိုဘုရားကိုသွားရှာတဲ့ လူငယ်ပြန်လာပြီ” ဟုအော်ပြီး သူ့အိမ်ကို
ပြေးလွှားသွားပါတော့တယ်။
သူဋ္ဌေး သမီးစကားပြောတတ်သွားပါတယ်။ သူတောင်းစားလူငယ်နဲ့ သူဋ္ဌေးသမီးနဲ့ ညားသွားပါတယ်။
သူတောင်းစားလူငယ် ဘုရားကို မေးချင်တဲ့ မေးခွန်း မမေးလိုက်ရပါ။ ဒါပေမဲ့ သူလိုချင်တဲ့ အဖြေကိုတော့ သူရခဲ့ပါတယ်။
ပုံပြင်လေးကတော့ ဒါပါပဲ။ ပုံပြင်ကို အခြေခံပြီး ဘာသင်ခန်းစာ ရခဲ့ပါသလဲ၊ စာဖတ်သူ တစ်ယောက်နဲ့ တစ်ယောက် တူညီချင်မှ တူညီပေမဲ့ စိတ်ရင်းအတိုင်း အကျိုးပေးတယ်ဆိုတဲ့ အချက်တော့ အားလုံးလက်ခံကြမှာပါ။ ကုန်ဆုံးအောင် ဖတ်ရူ့ သူများအားလုံး အထူးကျေးဇူးတင်ပါတယ်။
Ref: we chat
Aung Ko Latt
xxxxxxxxxxxxxxxxxxxxxxxxxx
သဏ္ဍရီပုံပြင်လေးပါ။ ကြိုက်နှစ်သစ်လို့ တင်ပေးလိုက်ပါတယ်။
ရှေးရှေးတုန်းက တရုတ်ပြည်မြောက်ပိုင်းမှာ
ဒါပေမဲ့ ကြွက်တွေခိုးစားတာနဲ့ ကုန်ကုန်သွားပါသတဲ့၊ သူတောင်းစားလေးဟာ အလွန်စိတ်ဆိုးပြီး ညတစ်ညမှာ ကြွက်ကို စောင့်ဖမ်းပါတော့တယ်။ ကြွက်ကိုဖမ်းမယ်ပြုလိုက်၊
“ ဟေ့ ကြွက်စုတ်၊ သူဋ္ဌေးအိမ်တော့ မင်းသွားခိုးမစားဘူး၊ ငါရှိစုမဲ့စုလေးကိုတော့ မင်းကနေ့တိုင်းလာခိုးစားတ
“ အဲဒါ မင်းကုသိုလ်မကောင်းလို့ေ
“ ဘာဆိုင်တုန်း၊ ငါ့အတွက် ဘယ်တရားမလဲ။ စစ်ဘေးဒုက္ခသည်လည်း ဖြစ်ရသေး၊ ဆန်လေးစုတာတောင်မှ အခိုးစားခံရသေးဆိုတော့” သူတောင်းစားလေးက မကျေမနပ်နဲ့ ပြန်ပြောလိုက်တယ်။
“ တရားတာ မတရားတာ ငါမသိဘူး၊ မင်းမကျေနပ်ရင် ဘုရားကို သွားမေးလေ” လို့ ကြွက်က ပြန်ပြောလိုက်ပါတယ်။
သူတောင်းစားလေး လန့်နိုးလာပါတယ်။ သူဘုရားကို သွားရှာဖို့ စဉ်းစားတယ်။ ဘုရားကို ဆင်းရဲတွင်းကနေ လွတ်ရုန်းအောင် ဘယ်လိုလုပ်သင့်သလဲလို့ သွားမေးမယ်။ ဒါပေမဲ့ ဘုရားဘယ်မှာ ရှိသလဲ။ ဘယ်မှာ သွားရှာရမှာလဲ။ မျောက်မင်းဟာနုမာန်တို့ရဲ
အဲဒါနဲ့ သူတောင်းစားလေးဟာ ဘုရားရှာဖို့ အနောက်ဘက်ကို ဦးတည်ပြီး ခရီးထွက်ခဲ့ပါတော့တယ်။
ရက်အတန်ကြာလျှောက်ပြီးတဲ့အခ
“ ဒီလောက်တောင်မိုးချုပ်နေပြ
သူတောင်းစားက အကျိုးအကြောင်းရှင်းပြလိုက
“ ငါ့မှာသမီးတစ်ယောက်ရှိတယ်။ အသက် ၁၆ နှစ် ရှိပြီ၊ အခုထက်ထိ စကားမပြောတတ်သေးဘူး၊ တကယ်လို့ မင်းဘုရားကို တွေ့ ခဲ့လို့ရှိရင် ငါ့ သမီးကို စကားပြောတတ်အောင် ဘယ်လိုကုသရမလဲဆိုတာကိုပ
သူတောင်းစားလေးက သူဋ္ဌေးရဲ့ အကူအညီတောင်းခံမူကို ကြည်ကြည်သာသာလက်ခံပြီး ခရီးခဲ့တယ်။ တောအချို့ ကိုဖြတ်ရတယ်။ တောင်တွေကို ခက်ခက်ခဲခဲ ဖြတ်သန်းရတယ်။ တစ်ရက်ကျတော့ ဘုန်းကြီးကျောင်းတစ်ကျောင်
“ မင်းဘုရားကိုတွေ့ ရင် ဘုန်းကြီးအတွက်လည်း မေးခဲ့ပါအုန်း၊ ဘုန်းကြီးဒီမှာ ကျင့်ကြံနေတာ နှစ်ရာချီရှိနေပြီ၊ အခုထက်ထိ တရားမအောင်သေးဘူး၊ အဲဒါ ဘာကြောင့်လဲလို့ မေးပေးပါအုန်း” ဆိုပြီး စကားပါးလိုက်ပြန်ပါတယ်။သူေ
ရက်တော်တော်ကြာသွားပါတယ်။ ဘုရားနဲ့ မတွေ့ခဲ့ပါ။ တစ်ရက်ကျတော့ ရှေ့ မှာ ကန့်လန့်ကာ စီးဆင်းနေတဲ့ မြစ်ကြီးတစ်စင်း တွေ့ရပါတယ်။ ကူးစရာ လှေမတွေ့ပါ။ သူတောင်းစားလူငယ် တော်တော် ၀မ်းနည်းသွားပါတယ်။ ဘုရားလည်း ရှာမတွေ့၊ ရှေ့ ဆက်သွားလို့လည်း မရတော့ သူတောင်းစားလေးဟာ မြစ်ဘေးမှာ ဖင်ထိုင်ထိုင်ချပြီး တစ်ဟီဟီ ငိုချပါတော့တယ်။ သူ့ရဲ့ ငိုသံကို လိပ်ကြီးတစ်ကောင်ကြားတာနဲ့ ဘာလို့ငိုတာလဲဆိုပြီး လာရောက်မေးမြန်းပါတယ်။ အဲဒါနဲ့ သူတောင်းစားလေးက မြစ်ဖြတ်လို့ မရတဲ့အကြောင်း၊ ဘုရားကို သွားရှာတဲ့အကြောင်းရှင်းပြပ
“ ဘုရားကိုတွေ့ခဲ့လို့ရှိရ
သူတောင်းစားလူငယ်ဟာ ခါတိုင်းလိုပါပဲ ကြည်ကြည်သာသာလက်ခံပြီး ခရီးဆက်ခဲ့ပြန်တယ်။
ရက်ပေါင်းအတော်ကြာခဲ့ပြန်တယ
အိမ်မက်ထဲမှာ ဘုရားကြွလာပါတယ်။ ဘုရားက သူတောင်းစားလူငယ်ကို အရင်မေးမြန်းတော်မူပါတယ်။
“ ဟဲ့ မောင်မင်း၊ အဲလောက်ခရီးအဝေးကြီး ငါဘုရားကို လာရှာတာ ဘာကိစ္စရှိလို့လဲ”
“ စဉ်းစားဖြေရှင်းလို့ မရတဲ့ မေးခွန်းအချို့ ကို မေးမြန်းလျှောက်ထားလိုကြော
“ အေး မောင်မင်းကို မေးခွန်း ( ၃ ) ခု မေးခွန့်ပြုပါတယ်။” ဘုရားက မေးခွန်း ၃ ခု မေးခွင့်ပေးလိုက်ပါတယ်။
သူတောင်းစားလူငယ်က စဉ်းစားပါတယ်။ မေးခွန်း ၃ ခုဆိုတော့ လိပ်ကြီးရဲ့ မေးခွန်းကို အရင်မေးရပါလိမ့်မယ်။ သူခမျှာ အနှစ် ငါးရာ ရှိရှာပြီ။ သူ့မေးခွန်းက အရေးအကြီးဆုံးဆိုပြီး လိပ်ကြီး ဘာကြောင့် နဂါး မဖြစသေးတဲ့ အကြောင်းကို လျှောက်ထားပါတော့တယ်။
“ သြော ဟိုလိပ်ကြီးလား၊ သူ့ခန္ဓာကိုယ်ပေါ်က လိပ်ခွန်ကြီးကို နှမျောနေလို့ပါ။” ဆိုပြီး ဘုရားက ဖြေကြားပါတယ်။ သူတောင်းစား လူငယ်က စဉ်းစားပြန်တယ်။ အင်း..ဆရာတော်ကြီးလည်း ကျင့်ကြံလာတာ နှစ်ရာနဲ့ ချီနေပြီ ဆရာတော်ကြီး ဘာလို့ တရားမအောင်သေးတဲ့ အကြောင်းလျှောက်ထားပြန်တယ်။
“ ဆရာတော်ကြီးက သူ့တောင်ဝှေးကို သံယောဇဉ် မဖြတ်နိုင်လို့ပါ။” လို့ ဘုရားက ဖြေကြားတော်မူတယ်။
တတိယမေးခွန်းကို သူတောင်းစားလေးက စဉ်းစားပြန်တယ်။ ဟိုသူဋ္ဌေး သမီးလည်း အလွန်သနားစရာ ကောင်းတယ်။ အသက် ၁၆ နှစ်တောင်ရှိပြီ စကားမပြောတတ်သေးဘူးဆိုတော့
“ သူဋ္ဌေးသမီး သူ့ဖူးစာရှင်နဲ့ တွေ့တဲ့တစ်နေ့ကျရင် အလိုအလျောက် စကားပြောတတ်ပါလိမ့်မယ်။” လို့ ဘုရားက မိန့်ကြားတော်မူပြီး မြင်ကွင်းကနေ ပျောက်သွားပါတော့တယ်။
သူတောင်းစားလေး လန့်နိုးလာပါတယ်။ သူ့မေးချင်တဲ့ မေးခွန်း မမေးလိုက်ရပါ။ အဲဒါနဲ့ ငါ့ကုသိုလ်ပဲလေ ဟု ဆင်ခြင်ပြီး လာလမ်းအတိုင်း ပြန်ခဲ့ပါတော့တယ်။ မြစ်ကို ရောက်တော့ လိပ်ကြီးက စောင့်နေပါတယ်။ မြစ်ကူးဖို့ကို မစောင့်နိုင်တော့ပဲ ဘုရားနဲ့တွေ့ခဲ့သလား၊ ဘာကြောင့် နဂါးမဖြစ်သေးတာလဲ စသည်ဖြင့် မေးမြန်းပါတော့တယ်။ အဲဒါနဲ့ သူတောင်းစားလူငယ်လေးက “ အသင်လိပ်ကြီးက ခန္ဓာကိုယ်ပေါ်က အခွန်ကြီးကို နမျောနေလို့ မဟုတ်လား” လို့ ပြန်မေးလိုက်ပါတယ်။ လိပ်ကြီးခမျှာ ကြက်သီးမွေးညင်းကို ထသွားပါတော့တယ်။ သူတောင်းစားလေးကို ချောင်းကူးပေးလိုက်ပါတယ်။ လိပ်ခွန်ကို ချွတ်လိုက်ပြီး၊
“ အသင်လူငယ်၊ ဒီလိပ်ခွန်ပေါ်မှာ အလွန်တန်ဖိုးကြီးလှတဲ့ ပုလဲပွင့် ၂၄ ပွင့်ရှိပါတယ်။ သင့်ကိုပေးခဲ့မယ်ဆိုပြီး လိပ်ခွန်ကြီးကို ပေးလိုက်ပြီး ကောင်းကင်သို့ ပျံသန်းသွားပါတော့တယ်။
သူတောင်းစားလေးဟာ ပုလဲပွင့် ၂၄ ပွင့်ကိုယူပြီး ခရီးဆက်ထွက်ခဲ့ပြန်တယ်။ ဘုန်းကြီးကျောင်းကို ရောက်တော့ ဘုန်းတော်ကြီးကို “ အရှင်ဘုရားက တောင်ဝှေးကြီးကို သံယောဇဉ် မဖြတ်နိုင်လို့ မဟုတ်လား” လို့ မေးလိုက်ပါတယ်။
ဘုန်းတော်ကြီးက ဥာဏ်အလင်းရသွားပြီး “ ကျေးဇူးကြီးလှပါတယ် လူငယ်၊ ဒီတောင်ဝှေးကြီး သင့်ကို ပေးခဲ့ပြီ” ဟုပြောပြီး တောထဲဝင်သွားပါတော့တယ်။
သူတောင်းစားက ဆက်ပြီးခရီးထွက်ခဲ့ပြန်တယ်။
သူဋ္ဌေး သမီးစကားပြောတတ်သွားပါတယ်။ သူတောင်းစားလူငယ်နဲ့ သူဋ္ဌေးသမီးနဲ့ ညားသွားပါတယ်။
သူတောင်းစားလူငယ် ဘုရားကို မေးချင်တဲ့ မေးခွန်း မမေးလိုက်ရပါ။ ဒါပေမဲ့ သူလိုချင်တဲ့ အဖြေကိုတော့ သူရခဲ့ပါတယ်။
ပုံပြင်လေးကတော့ ဒါပါပဲ။ ပုံပြင်ကို အခြေခံပြီး ဘာသင်ခန်းစာ ရခဲ့ပါသလဲ၊ စာဖတ်သူ တစ်ယောက်နဲ့ တစ်ယောက် တူညီချင်မှ တူညီပေမဲ့ စိတ်ရင်းအတိုင်း အကျိုးပေးတယ်ဆိုတဲ့ အချက်တော့ အားလုံးလက်ခံကြမှာပါ။ ကုန်ဆုံးအောင် ဖတ်ရူ့ သူများအားလုံး အထူးကျေးဇူးတင်ပါတယ်။
Ref: we chat
Aung Ko Latt
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။