* လူတွေ ဘာနဲ့ နေ
==============
( What Men Live By )
=================
... တစ်ခါက ဆိုင်မွန် လို့ ခေါ်တဲ့ ဖိနပ်ချုပ်သမား တယောက်က သူစိမ်းတစ်ယောက် လမ်းမှာ လဲ နေတာကို ကယ်ပြီး အိမ်ခေါ်လာတယ်။ ဆင်းရဲလို့ စားစရာမရှိရတဲ့အထဲ ပါးစပ်တစ်ပေါက် ပိုခေါ် လာရမလား ဆိုပြီး ဆိုင်မွန့်  မိန်းမ က အစ က မကြည်ဖြူပါဘူး။ နောက်တော့ ဆိုင်မွန် က သေမဲ့ လူကယ်တာ ဘုရားသခင်ရဲ့ အလိုအတိုင်းပါလို့  ဆိုလိုက်တော့မှ ဆိုင်မွန့် မိန်းမ စိတ်ပြောင်းသွားပြီး မရှိရှိတာချ ကျွေးပါတော့
တယ်။ အဲ့ဒီမှာ သူစိမ်း လူက မှုန်ကုပ်ကုပ်ဖြစ်နေ ရာ က တစုံတခု သိသွားသလို ပြုံးလိုက်ပါတယ်။ (ပထမ အပြုံး )
ဒီလို နဲ့ သူစိမ်းလူကို မိုက်ကယ် လို့  နာ မည်ပေးပြီး သူတို့ မိသားစုနဲ့ အတူနေစေပါတယ်။ တစ်နှစ်လောက်နေတော့ မိုက်ကယ်က ဆိုင်မွန်ကိုကူပြီး ဖိနပ်ချုပ်တာ လက်ရာကောင်းတော့ သူတို့  လုပ်ငန်း အောင်မြင်လာ ပါတယ်။
တစ်ရက်တော့ သူဋ္ဌေးကြီးတစ်ယောက်က အကောင်းစား သားရေတစ်ချပ်ယူပြီး ဆိုင်မွန်တို့ကို အကောင်းစားဘွတ်ဖိနပ်တစ်ရန်ကို
တစ်နှစ်အာမခံ ပေးပြီးချုပ်စေပါတယ်။ မိုက်ကယ်က ဖိနပ်အတိုင်းယူရင်းက
သူဌေးကြီးရဲ့ အနောက်ကို ကြည့်ပြီး ရုတ်တရက်ပြုံးလိုက်ပါတယ်။ (ဒုတိယ အပြုံး)
သူဌေးလည်း ပြုံးစေ့စေ့လုပ်နေတဲ့မိုက်က ယ်ကို
ကောင်းကောင်းချုပ် မဟုတ်လို့ ကတော့ ထောင်ချ ပြစ်မယ်ဆိုပြီး
ကြိမ်းသွားပါတယ်။ မိုက်ကယ်က လည်း ဘာမပြော ညာမပြော သားရေစကို
ဘွတ်ဖိနပ်မချုပ်ဘဲ ရုရှားလူ မျိုးများ သေ ရင်ဝတ်တဲ့ ညှပ်ဖိနပ်တစ်ရံ
ချုပ်ပါတော့တယ်။ ဆိုင် မွန်က " လုပ်ရက်လေခြင်း " ဆိုပြီး မိုက်ကယ်ကို ဆူ
နေတုန်း သူဌေးကတော် ရောက်လာပြီး သူဌေးကြီး ရုတ်တရက် သေသွားလို့  "
အသုဘဖိနပ်ပဲ ချုပ်ပေးပါတော့ " ဆိုတော့ .. အားလုံး အံ့အားသင့် ကြရပါတယ်။
ဒီလိုနဲ့ ခြောက်နှစ်လောက်နေတော့ ဆိုင်မွန်တို့ဆိုင်ကို အမျိုးသမီးတစ်ဦး၊အမွှာကလေးမ လေးနှစ်ယောက်နဲ့
ဖိနပ်လာချုပ်ပါတယ်။ ကလေးမလေး တစ်ယောက်က ခြေခွင်နေတော့ ဆိုင်မွန့်အမျိုး
သမီးက အကျိုးအကြောင်းမေးတော့ ဒီကလေးမလေးတွေ အမေက မွေးကာစ သူတို့ ကို
နို့တိုက်ရင်း ရုတ်တရက်သေတော့ ခြေထောက်ကို ဖိမိလို့ဖြစ်တယ် လို့ 
ဆိုပါတယ်။
ကလေးမလေးတွေအဖေက မမွေးခင် သစ်ပင်ပိသေ ပြီးတော့ မွေးပြီးရက်သားမှာပဲ အမေလည်း ဆုံးရှာ တော့ ခေါ်လာတဲ့အမျိုးသမီးကြီးကပဲ ကျွေမွေးထားပြီး သမီးအရင်းထက်တောင် ချစ်တယ်လို့  ဆိုပါတယ်။
ဒါကို ကြားတော့ မိုက်ကယ်ဟာ ရုတ်တရက် ပြုံးလိုက်ပြီး ကိုယ်ကအရောင်အဝါတွေ ထွက်ကာ နတ်သားတစ်ပါးအသွင် ပြောင်းသွား ပါတယ်။
အားလုံး အံသြနေတုန်း နတ်သားက သူဟာ သေမင်း တမာန်နတ်သား ပါတဲ့ ။ တစ်ရက် ဘုရားသခင်က ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ကို အခေါ် လွှတ်တော့ အမွှာလေးတွေကို ကြည့်မယ့်လူ မရှိမှာ ၊ သနားတာကြောင့် ဘုရားရှင်အမိန့်ကို လွန်ဆန်ပြီး ပြန်ခဲ့ပါတယ်။ ဒါနဲ့ ဘုရားရှင်က နတ်သားကို လူအဖြစ် ပြောင်းလဲလိုက်ပြီး လူ့ ပြည်သွားပြီး မေး ခွန်း သုံးခု အဖြေရမှ အပြစ်လွတ်စေ လို့ အမိန့် ချ ပါတယ်။
မေးခွန်း တွေက ...
၁။ လူတွေ ဘာကို ပိုင်ပါသလဲ?
၂။ လူတွေ မသိတာ ဘာလဲ?
၃။ လူတွေ ဘာနဲ့ အသက်ရှင်နေသလဲ?
တို့ ... ဖြစ်ပါတယ်။
...ပထမမေးခွန်းရဲ့ အဖြေက ဆင်းရဲတဲ့ ဆိုင်မွန် တို့မိသားစု စားစရာမရှိပေမယ့် သူစိမ်း တစ်ယောက်ကို မေတ္တာထားနိုင်တာ တွေ့တော့ လူတွေမှာ ဘယ်လောက် ဆင်းရဲနေပါစေ ထာဝရပေးနိုင်တာက မေတ္တာတရား ဆိုတာသိလိုက် ပါတယ်။
...ဒုတိယအဖြေကတော့ မာန်မာနထွားတဲ့ သူဌေးကြီး မနက်ဖြန် သေမှာကိုမသိဘဲ တစ်နှစ်ခံမယ့် ဖိနပ် အပ်နေချိန်မှာ သူ့ သူငယ်ချင်း သေမင်းနတ်သား ကိုတွေ့ တော့  " လူတွေမသိတာ မနက်ဖြန် သူတို့ သေနိုင်တာကို မသိတာပါလား " ..လို့ ...သိလိုက် ပါတယ်။
...တတိယအဖြေကတော့ အမွှာလေးနှစ်ယောက် မိဘမရှိရင် ဘယ်လိုမှ မရှင်သန်နိုင်ဘူး ထင်ခဲ့ပေမယ့် သူစိမ်းအမျိုးသမီးရဲ့ မေတ္တာကြောင့် ရှင်သန်နိုင်တာကို တွေ့ တော့ " လူတွေဟာ မေတ္တာတရား နဲ့ ထိတွေ့ ရင် ဆွေမျိုးအရင်း မရှိလည်း ရှင်သန်နိုင်ပါတယ် '.. ဆိုတာ ကိုသိလိုက်ပါတယ်။
... ပုံပြင်လေးရဲ့ အချုပ်ကတော့ လူတွေဟာ မနက်ဖြန် ဘာဖြစ်မယ် မသိပေမယ့် သူတို့ သန္တာန်မှာ ဘုရားရဲ့ပုံရိပ်ဖြစ်တဲ့ မေတ္တာတရားက ကိန်းအောင်း နေပါတယ်။ ဒီမေတ္တာတရားဟာ အနှိုင်းမဲ့ ဖြန့်ကျက် လို့  .. လူတွေ အသက်ရှင် နေထိုင်ဖို့  မရှိမဖြစ် လိုအပ်တယ် ဆိုတာပါပဲ။
( Leo Tolstoy)
( မူရင်းဘာသာပြန်သူကို credit ပေး ဂုဏ်ပြုပါသည် )
Aung Ko Htike
==============
( What Men Live By )
=================
... တစ်ခါက ဆိုင်မွန် လို့ ခေါ်တဲ့ ဖိနပ်ချုပ်သမား တယောက်က သူစိမ်းတစ်ယောက် လမ်းမှာ လဲ နေတာကို ကယ်ပြီး အိမ်ခေါ်လာတယ်။ ဆင်းရဲလို့ စားစရာမရှိရတဲ့အထဲ ပါးစပ်တစ်ပေါက် ပိုခေါ် လာရမလား ဆိုပြီး ဆိုင်မွန့်  မိန်းမ က အစ က မကြည်ဖြူပါဘူး။ နောက်တော့ ဆိုင်မွန် က သေမဲ့ လူကယ်တာ ဘုရားသခင်ရဲ့ အလိုအတိုင်းပါလို့  ဆိုလိုက်တော့မှ ဆိုင်မွန့် မိန်းမ စိတ်ပြောင်းသွားပြီး မရှိရှိတာချ ကျွေးပါတော့
တယ်။ အဲ့ဒီမှာ သူစိမ်း လူက မှုန်ကုပ်ကုပ်ဖြစ်နေ ရာ က တစုံတခု သိသွားသလို ပြုံးလိုက်ပါတယ်။ (ပထမ အပြုံး )
ဒီလို နဲ့ သူစိမ်းလူကို မိုက်ကယ် လို့  နာ မည်ပေးပြီး သူတို့ မိသားစုနဲ့ အတူနေစေပါတယ်။ တစ်နှစ်လောက်နေတော့ မိုက်ကယ်က ဆိုင်မွန်ကိုကူပြီး ဖိနပ်ချုပ်တာ လက်ရာကောင်းတော့ သူတို့  လုပ်ငန်း အောင်မြင်လာ ပါတယ်။
တစ်ရက်တော့ သူဋ္ဌေးကြီးတစ်ယောက်က အကောင်းစား သားရေတစ်ချပ်ယူပြီး ဆိုင်မွန်တို့ကို အကောင်းစားဘွတ်ဖိနပ်တစ်ရန်က
သူဌေးလည်း ပြုံးစေ့စေ့လုပ်နေတဲ့မိုက်က
ဒီလိုနဲ့ ခြောက်နှစ်လောက်နေတော့ ဆိုင်မွန်တို့ဆိုင်ကို အမျိုးသမီးတစ်ဦး၊အမွှာကလေးမ
ကလေးမလေးတွေအဖေက မမွေးခင် သစ်ပင်ပိသေ ပြီးတော့ မွေးပြီးရက်သားမှာပဲ အမေလည်း ဆုံးရှာ တော့ ခေါ်လာတဲ့အမျိုးသမီးကြီးကပဲ ကျွေမွေးထားပြီး သမီးအရင်းထက်တောင် ချစ်တယ်လို့  ဆိုပါတယ်။
ဒါကို ကြားတော့ မိုက်ကယ်ဟာ ရုတ်တရက် ပြုံးလိုက်ပြီး ကိုယ်ကအရောင်အဝါတွေ ထွက်ကာ နတ်သားတစ်ပါးအသွင် ပြောင်းသွား ပါတယ်။
အားလုံး အံသြနေတုန်း နတ်သားက သူဟာ သေမင်း တမာန်နတ်သား ပါတဲ့ ။ တစ်ရက် ဘုရားသခင်က ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ကို အခေါ် လွှတ်တော့ အမွှာလေးတွေကို ကြည့်မယ့်လူ မရှိမှာ ၊ သနားတာကြောင့် ဘုရားရှင်အမိန့်ကို လွန်ဆန်ပြီး ပြန်ခဲ့ပါတယ်။ ဒါနဲ့ ဘုရားရှင်က နတ်သားကို လူအဖြစ် ပြောင်းလဲလိုက်ပြီး လူ့ ပြည်သွားပြီး မေး ခွန်း သုံးခု အဖြေရမှ အပြစ်လွတ်စေ လို့ အမိန့် ချ ပါတယ်။
မေးခွန်း တွေက ...
၁။ လူတွေ ဘာကို ပိုင်ပါသလဲ?
၂။ လူတွေ မသိတာ ဘာလဲ?
၃။ လူတွေ ဘာနဲ့ အသက်ရှင်နေသလဲ?
တို့ ... ဖြစ်ပါတယ်။
...ပထမမေးခွန်းရဲ့ အဖြေက ဆင်းရဲတဲ့ ဆိုင်မွန် တို့မိသားစု စားစရာမရှိပေမယ့် သူစိမ်း တစ်ယောက်ကို မေတ္တာထားနိုင်တာ တွေ့တော့ လူတွေမှာ ဘယ်လောက် ဆင်းရဲနေပါစေ ထာဝရပေးနိုင်တာက မေတ္တာတရား ဆိုတာသိလိုက် ပါတယ်။
...ဒုတိယအဖြေကတော့ မာန်မာနထွားတဲ့ သူဌေးကြီး မနက်ဖြန် သေမှာကိုမသိဘဲ တစ်နှစ်ခံမယ့် ဖိနပ် အပ်နေချိန်မှာ သူ့ သူငယ်ချင်း သေမင်းနတ်သား ကိုတွေ့ တော့  " လူတွေမသိတာ မနက်ဖြန် သူတို့ သေနိုင်တာကို မသိတာပါလား " ..လို့ ...သိလိုက် ပါတယ်။
...တတိယအဖြေကတော့ အမွှာလေးနှစ်ယောက် မိဘမရှိရင် ဘယ်လိုမှ မရှင်သန်နိုင်ဘူး ထင်ခဲ့ပေမယ့် သူစိမ်းအမျိုးသမီးရဲ့ မေတ္တာကြောင့် ရှင်သန်နိုင်တာကို တွေ့ တော့ " လူတွေဟာ မေတ္တာတရား နဲ့ ထိတွေ့ ရင် ဆွေမျိုးအရင်း မရှိလည်း ရှင်သန်နိုင်ပါတယ် '.. ဆိုတာ ကိုသိလိုက်ပါတယ်။
... ပုံပြင်လေးရဲ့ အချုပ်ကတော့ လူတွေဟာ မနက်ဖြန် ဘာဖြစ်မယ် မသိပေမယ့် သူတို့ သန္တာန်မှာ ဘုရားရဲ့ပုံရိပ်ဖြစ်တဲ့ မေတ္တာတရားက ကိန်းအောင်း နေပါတယ်။ ဒီမေတ္တာတရားဟာ အနှိုင်းမဲ့ ဖြန့်ကျက် လို့  .. လူတွေ အသက်ရှင် နေထိုင်ဖို့  မရှိမဖြစ် လိုအပ်တယ် ဆိုတာပါပဲ။
( Leo Tolstoy)
( မူရင်းဘာသာပြန်သူကို credit ပေး ဂုဏ်ပြုပါသည် )
Aung Ko Htike
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။