Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 1, 2018

များများကြီးကိုလွဲနေတယ်



Myo Nyunt Thein added 2 new photos.

များများကြီးကိုလွဲနေတယ်
မနေ့ကတည်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကယားပြည်နယ် ဒေသခံ လူငယ်များ ဆွေးနွေးချက်ကို တိုက်ရိုက်ထုတ်လွှင့်မယ်ဆိုတာ သိပေမယ့် ထိုင်ကြည့်ပြီး နားထောင်နိုင်ဖို့ အချိန် မပေးခဲ့ဘူး။ နေ့လယ်လောက်ရောက်တော့ မိတ်ဆွေတစ်ယောက်နဲ့ အတွေ့မှာ
“ဆရာရေ … ဆရာ့အကြိုက်ပဲ … ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ ပညာရေးအမြင်”
ပိုပြီးတော့ စိတ်ဝင်စားမိပြန်တယ်။ ဒီနေ့မနက်တော့ သတင်းစာသွားယူပြီး အလောတကြီးရှာ ဆွေးနွေးချက် တွေကို အားရပါးရ ထိုင်ဖတ်မိပါတယ်။ တွေ့ပါပြီ
“ပညာရေးနဲ့ ပတ်သက်လို့ ဒီနိုင်ငံဟာ သိပ်ပြီးတော့ အဆင့်အတန်း နိမ့်သွားတာ အကြောင်းနှစ်ခုရှိပါတယ်” တဲ့ဗျာ။

ဘာတွေကြောင့်လဲ
၁။ ပညာရေးစနစ်ကိုက မကောင်းလို့ နိမ့်သွားတာ
၂။ ငြိမ်းချမ်းရေးမရှိလို့
နယ်စွန်နယ်ဖျားဒေသတွေမှာ နေထိုင်ရတဲ့ တိုင်းရင်းသားတွေက မငြိမ်းချမ်းလို့ စာမသင်နိုင်ဘူး။ ဒါကြောင့် ပညာမတတ်နိမ့်ကျနေတာ။
ဒါပေမဲ့ ရန်ကုန်နဲ မန္တလေးလို မြို့ကြီးတွေက ကျောင်းပိတ်ထားရတာမှ မဟုတ်တာလို့ ဒေါ်အောင်ဆန်းစုကြည် ကထောက်ပြတယ်။ ကျောင်းမပိတ်ရတဲ့နေရာတွေ ရှိနေပါလျက် ဘာကြောင့် ပညာရေး နိမ့်ကျနေသလဲ
“ကျောင်းမှာ သင်တဲ့ ပညာရေးစနစ်က မမှန်လို့”
ရှင်းပါတယ်နော် … ထပ်ပြောလိုက်ဦးမယ်
“ကျောင်းမှာ သင်တဲ့ ပညာရေးစနစ်က မမှန်လို့”
“မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က အရှေ့တောင်အာရှမှာတင် မဟုတ်ဘူး။ အာရှတိုက်တစ်ဝန်းမှာဆိုရင် နံပါတ်တစ် ပြေးတာပဲ။ အခု အဲဒီလို မဟုတ်ဘဲနဲ့ နံပါတ် နောက်ဆုံးလောက်က ဖြစ်နေတယ်။ အဲဒါကတော့ ပညာရေးစနစ် မမှန်ကန်ခဲ့လို့”
ကဲဗျာ … ရှက်တတ်ရင် ပြင်ပြီးတော့ ညာခဲ့သူတွေ သက်ရှိထင်ရှား ရှိနေသေးတာ။ လဲသေလိုက်ကြပါတော့။ အေးလေ မွေးတုန်းက ရှက်ကြောနဲ့ ချက်ကြော မှားဖြတ်တာ မခံရပေမယ့် “ပေါင်းစားရင်း အရိုးမကိုက်ရတဲ့ အရသာတွေသွားလို့ ရှက်ကြောကို ကိုယ့်ဘာသာကိုယ်ဖြတ်ထားသူတွေ” ဆိုတော့ လဲသေချင်လောက်အောင် နာမယ်လည်း မထင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်က ပြောသေးတယ်ဗျ
“တချို့တွေက ဒီကာလရဲ့ ၁၀ စုနှစ်တွေ ကြားထဲမှာ ကျောင်းသား လူငယ်တွေ ခံခဲ့ရတဲ့ ကိစ္စကတော့ အစမ်းသပ်ခံ ဖြစ်သွားတာပေါ့”
ကျွန်တော်တို့ သားသမီးတွေကို ကြွက်ကလေးတွေ၊ ဖားကလေးတွေလို ရင်ခွဲပက်လက် အသက်ထွက်အောင် စမ်းသပ်ခြင်း ခံခဲ့ရတာလေ။ ဆက်ပြောသေးတယ်
“ပညာရေးနဲ့ ပတ်သက်လို့ မူတစ်ခု ချလို့ရှိရင် တကယ်တော့ အနည်းဆုံး ၁၀ နှစ်လောက်တော့ ဦးတည်ပြီး ကြည့်ရမယ်”
ဒေါ်အောင်ဆန်းစုကြည်က ခုတစ်မျိုး၊ တော်ကြာတစ်မျိုး ပြောင်းချင်တိုင်းပြောင်း၊ စိတ်ကူးရ အမိန့်ကောက်ထုတ် နေတာတွေကို ရည်စူးပြောပုံရပါတယ်။ တစ်နေ့တစ်မျိုး မရိုးနိုင်အောင်သာ အမိန့်တွေနဲ့ ပြောင်းနေတာပါခင်ဗျာ။ သူတို့ မပြောင်းချင်တာတွေကိုတော့ ခုထိ မပြောင်းပါ။ သင်ရိုးနဲ့ဖတ်စာဆိုတာမျိုးတွေပါ။ ပြောင်းလိုက်ရင် အများကြီး ပုံနှိပ်ထားတာတွေ ထိခိုက်ကုန်မယ်လေဗျာ။
ဆက်ပြောသေးတယ်
“အားလုံးသိတဲ့ အင်္ဂလိပ်ဘာသာစကားမှာ ညံ့နေတဲ့ကိစ္စ။ အားနည်းနေတဲ့ကိစ္စ။ အခု အင်္ဂလိပ်ဘာသာစကားက မသုံးချင်လို့ မရဘူး။ တစ်ကမ္ဘာလုံးမှာ သုံးတယ်။ တစ်ကမ္ဘာလုံးနဲ့ ယှဉ်ပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် ဘာသာ စကား ကျွမ်းကျင်ဖို့လိုတယ်။ ၁၀ စုနှစ်ပေါင်းများစွာ အင်္ဂလိပ်ဘာသာစကား သင်ကြားမှုဟာ အားနည်းတဲ့ အခါကျတော့ သင်နိုင်တဲ့ ဆရာ ဆရာမတွေတောင် မရှိတော့ဘူးဖြစ်နေတယ်”
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား စိတ်မပူပါနဲ့ ကျွန်တော်တို့ ပညာရေးစနစ်မှာ အင်္ဂလိပ်လို မသင်နိုင်တော့တဲ့ အတွက် ပညာ့ ပညာရှင်တွေက အားလုံးကို မြန်မာမှုပြုပြီးတော့ သင်ပေးရေးဆိုပြီး လုပ်နေကြပါတယ်။ အင်္ဂလိပ်စာ မတတ်လို့ ဘာမှမဖြစ်ဘူးလို့ပြောလိုပြော၊ By name နဲ့ ဖိတ်ရင်တောင် နိုင်ငံခြား မလွှတ်ရဘူး ဆိုလိုဆို ထင်သလိုလုပ်နေပါတယ်။
“ဆရာ ဆရာမတွေ ကိုယ်တိုင်က အားနည်းတဲ့ စနစ်ထဲမှာ ကြီးလာပြီးတော့ ပညာသင်ယူခဲ့ရတာဆိုတော့ ဘယ်လို လုပ်ပြီး မှန်မှန်ကန်ကန် ပြန်သင်နိုင်မလဲ”
လက်ခံလိုက်ကြပါ ဆရာတို့ ဆရာမတို့။ မပျက် ပျက်အောင် ဖျက်ခဲ့တဲ့၊ စနစ်တကျဖျက်ခဲ့တဲ့ ပညာရေးစနစ် ဆိုးမှာ ကြီးပြင်းလာကြရပြီးတော့ အပျက်အဆိုးတွေကြားထဲမှာ အနေကြာ သေရွာပါ ပညာရေး ဖြစ်သွားတာ လက်ခံလိုက်ကြပါ။
ဒေါ်အောင်ဆန်းစုကြည် ထောက်ပြသွားတဲ့ အထဲမှာ အကြိုက်ဆုံးက
“အဓိကအစိုးရအနေနဲ့ အလေးထားတာက အသက်မွေးဝမ်းကျောင်းပညာ။ ပညာဆိုတာဟာ ကိုယ့်ဘဝကို ကိုယ်ကျောင်းနိုင်ဖို့ ပညာသင်တာပဲ။ ပညာတွေ သင်ထားပြီး ဘာမှ မလုပ်နိုင်ရင် စာအုပ်ကြီးတွေကိုင်ပြီးတော့ တစ်နေကုန် အိမ်မှာပဲ ထိုင်နေရင် ဘာမှ အသုံးမကျဘူး။ ကိုယ့်ဘဝ ကိုယ်ကျောင်းနိုင်အောင်လို့ဆိုတော့ အသက်မွေးဝမ်းကျောင်းပညာဟာ အင်မတန် အရေးကြီးပါတယ်” တဲ့ဗျာ။
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား
ကျွန်တော်တို့ ပညာရေးဝန်ကြီးကတော့ အောင်ချက်ညံ့ပြီး D ဖြစ်တဲ့သူတွေအားလုံးကို ဝိဇ္ဇာပြောင်းဖို့ အားပေးနေပါတယ်ခင်ဗျာ။
နည်းနည်းလေး မဟုတ်ပါခင်ဗျာ … များများကြီးကို လွဲနေပါတယ်။
တင်ညွန့်
၃၀.၁၂.၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။