“ဒီ့ ထက် ပိုကောင်းတဲ့ နည်းလမ်း မရှိတာ သေချာပြီလား.”
ဒီတစ်ခါ ကျနော်ပြောချင်တာက ခေါက်ဆွဲ လုပ်တဲ့အကြောင်း မဟုတ်ပါ.. ဒါပေမယ့့်ဒီစာက ကျနော်သူငယ်ချင်းတစ်ယောက် ခေါက်ဆွဲ လုပ်တာနဲ့ ဆက်စပ်နေပါတယ်။လွန်ခဲ့တဲ့  ၆လ၇လလောက် ကတဲက.. သူ ဒီအလုပ် လုပ်ဖို့  စီစဉ်နေတာ၊နယ်က ခေါက်ဆွဲလုပ် နေတဲ့ သူ့ သူငယ်ချင်း တစ်ယောက်နဲ့ တိုင်ပင်တာ၊သု့ ကို ရန်ကုန်ကို ခေါ်ပြီး ခေါက်ဆွဲ လုပ်ဖို့ အစီအစဉ်တွေ ဆွဲနေတာကို သတိထားမိတယ်။
ဒါနဲ့ ဒီတစ်ခေါက် ရန်ကုန်ရောက်တော့ ..သူ့ ကို “လုပ်ငန်း အဆင်ပြေလား”.လို့ .မေးဖြစ်တယ်။သူက.. “နည်းနည်းတော့ အဆင်ပြေစ ပြုပါပြီကွာ”.လို့ ပြောပြီး သူရိုက်ထားတဲ့ ဗီဒီယို ၂ခုကို ဖွင့် ပြတယ်.. ခေါက်ဆွဲလုပ်နေတဲ့ ဗီဒီယို တွေ။
ပထမ ဗီဒီယိုမှာတွေ့ ရတာက..ခေါက်ဆွဲလုပ်ဖို့ ဂျုံလုံးကြီးကို နယ်နေတာ၊ ခေါက်ဆွဲဖတ်အမျှင်တွေ လုပ်လို့ ရအောင် ဒီဂျုံလုံးကြီးကို အပြားခတ် နေတာတွေကို တွေ့ ရတယ်..ဒလိမ့်တုန်းနဲ့ ဂျုံလုံးကြီးကို ဖိကြ၊ လူတွေလဲချွေးတလုံးလုံးနဲ့ ။ “ဒါက နယ်မှာ လုပ်တဲ့အတိုင်း စလုပ်တုန်းက”..လို့ သူက ပြောတယ်။ “အဲဒီတုန်းကဆို ပင်ပန်းလိုက်တာကွာ..ပိသာချိန် ၂၀လောက်ထွက်အောင် တနေကုန် လုပ်ရတယ်” ..လို့  ခပ်ညည်းညည်းလေးပြောတယ်။
“ဒါနဲ့ .ငါလဲ တခြားလုပ်တတ်တဲ့သူတွေ လိုက်မေးကြည့် တော့ ခေါက်ဆွဲက စက်အသေးလေးနဲ့  လုပ်ရင်တောင် ပိသာချိန် လေးငါးဆယ်တော့  အသာလေးရတယ်..ပြောတယ်၊ ဒါနဲ့ ငါလဲ စက်တလုံးဝယ်၊လုပ်တတ်တဲ့ တစ်ယောက်ကို ခေါ်လုပ်လိုက်တာ..အဟုတ်ပဲ ..တနေ
့အချိန် လေးငါးဆယ်တော့ မပင်မပန်းကို လုပ်နိုင်တယ်”..လို့  ဒုတိယ
ဗီဒီယိုက ပြတယ်။ဟုတ်ပါ့ ဗျာ.. လုပ်နေတဲ့သူလဲ အေးအေးဆေးဆေး။
ခေါက်ဆွဲတွေကလဲ လှလှပပ။
ဒါနဲ့ ဆက်စပ်ပြီး ကျနော်စဉ်းစားမိတယ်..ကျနော် တို
့က အလုပ်တစ်ခုကို လုပ်ရင်ဖြစ်ဖြစ် ၊ ပြသနာတစ်ခု ကို
ဖြေရှင်းရရင်ဖြစ်ဖြစ်.. ပထမဆုံးပေါ်လာတဲ့ အတွေး၊အဖြေ ကိုပဲ ဒီကိစ္စအတွက်
အကောင်းဆုံး၊ အသင့်တော်ဆုံး.လို့  တွေးလေ့၊ရွေးလေ
့ရှိတယ်၊ဆက်စဉ်းစားရင်တောင်
နောက်တစ်ခုလောက်ပဲ။ တကယ်တော့ ဒီ့ထက်ကောင်းတဲ့ နည်းတွေ၊ အဖြေတွေ
ရှိနိင်တယ်။ကျနော့် သူငယ်ချင်းအဖြစ်ကို ကြည့် လေ.. နယ်မှာ
ခေါက်ဆွဲလုပ်နေတဲ့ သူ့ သူငယ်ချင်းရဲ့ နည်းကို အစက အကောင်းဆုံး၊
အသင့်တော်ဆုံး လို့ ထင်ခဲ့တာ..ပြီးမှ ဒီ့ ထက်ကောင်းတဲ့ နည်းရှိပါလားလို
့သိလာတယ်။ လျှပ်စစ်မီးကို တီထွင်ခဲ့တဲ့  သောမတ်အက်ဒီဆင်က ပြောခဲ
့ဖူးတာကို သတိရတယ်.. “ပိုမိုကောင်းမွန်တဲ့ နည်းတစ်ခု အမြဲတမ်း
ရှိတယ်”..တဲ့ ။
ဒါကြောင့် ကျနော်တို့ ဘာပဲလုပ်လုပ် ကိုယ့် ကို်ယ်ကိုမေးကြရအောင်.. “ဒီ့ထက် ပိုကောင်းတဲ့ နည်းလမ်း မရှိတာ သေချာပြီလား”...လို့ ။
ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာ အောင်မျိုး
(အောက်တိုဘာ ၁၈၊၂၀၁၇)
ဒီတစ်ခါ ကျနော်ပြောချင်တာက ခေါက်ဆွဲ လုပ်တဲ့အကြောင်း မဟုတ်ပါ.. ဒါပေမယ့့်ဒီစာက ကျနော်သူငယ်ချင်းတစ်ယောက် ခေါက်ဆွဲ လုပ်တာနဲ့ ဆက်စပ်နေပါတယ်။လွန်ခဲ့တဲ့  ၆လ၇လလောက် ကတဲက.. သူ ဒီအလုပ် လုပ်ဖို့  စီစဉ်နေတာ၊နယ်က ခေါက်ဆွဲလုပ် နေတဲ့ သူ့ သူငယ်ချင်း တစ်ယောက်နဲ့ တိုင်ပင်တာ၊သု့ ကို ရန်ကုန်ကို ခေါ်ပြီး ခေါက်ဆွဲ လုပ်ဖို့ အစီအစဉ်တွေ ဆွဲနေတာကို သတိထားမိတယ်။
ဒါနဲ့ ဒီတစ်ခေါက် ရန်ကုန်ရောက်တော့ ..သူ့ ကို “လုပ်ငန်း အဆင်ပြေလား”.လို့ .မေးဖြစ်တယ်။သူက.. “နည်းနည်းတော့ အဆင်ပြေစ ပြုပါပြီကွာ”.လို့ ပြောပြီး သူရိုက်ထားတဲ့ ဗီဒီယို ၂ခုကို ဖွင့် ပြတယ်.. ခေါက်ဆွဲလုပ်နေတဲ့ ဗီဒီယို တွေ။
ပထမ ဗီဒီယိုမှာတွေ့ ရတာက..ခေါက်ဆွဲလုပ်ဖို့ ဂျုံလုံးကြီးကို နယ်နေတာ၊ ခေါက်ဆွဲဖတ်အမျှင်တွေ လုပ်လို့ ရအောင် ဒီဂျုံလုံးကြီးကို အပြားခတ် နေတာတွေကို တွေ့ ရတယ်..ဒလိမ့်တုန်းနဲ့ ဂျုံလုံးကြီးကို ဖိကြ၊ လူတွေလဲချွေးတလုံးလုံးနဲ့ ။ “ဒါက နယ်မှာ လုပ်တဲ့အတိုင်း စလုပ်တုန်းက”..လို့ သူက ပြောတယ်။ “အဲဒီတုန်းကဆို ပင်ပန်းလိုက်တာကွာ..ပိသာချ
“ဒါနဲ့ .ငါလဲ တခြားလုပ်တတ်တဲ့သူတွေ လိုက်မေးကြည့် တော့ ခေါက်ဆွဲက စက်အသေးလေးနဲ့  လုပ်ရင်တောင် ပိသာချိန် လေးငါးဆယ်တော့  အသာလေးရတယ်..ပြောတယ်၊ ဒါနဲ့ ငါလဲ စက်တလုံးဝယ်၊လုပ်တတ်တဲ့ တစ်ယောက်ကို ခေါ်လုပ်လိုက်တာ..အဟုတ်ပဲ
ဒါနဲ့ ဆက်စပ်ပြီး ကျနော်စဉ်းစားမိတယ်..ကျနော်
ဒါကြောင့် ကျနော်တို့ ဘာပဲလုပ်လုပ် ကိုယ့် ကို်ယ်ကိုမေးကြရအောင်.. “ဒီ့ထက် ပိုကောင်းတဲ့ နည်းလမ်း မရှိတာ သေချာပြီလား”...လို့ ။
ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာ အောင်မျိုး
(အောက်တိုဘာ ၁၈၊၂၀၁၇)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။