#ကျွန်မဘဝ တကယ်ပဲ ဆိုးသလား
စင်္ကာပူက ထုတ်ဝေတဲ့ မဂ္ဂဇင်းတစ်စောင်မှာ Wendy Tan ဆိုတဲ့ အမျိုးသမီး ရေးထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ။
ကျွန်မရဲ့ ဘဝအခြေအနေဟာ ဆိုးလွန်းလှပါတယ်။ အလုပ်လုပ်ရတာ အဆင်မပြေဘူး။ အိမ်ထောင်ရေး အဆင်မပြေဘူး။ ဆွေမျိုးတွေနဲ့ အဆင်မပြေဘူး။ ကျွန်မဘဝမှာ ကြုံတွေ့နေရတာ မှန်သမျှဟာ အဆိုးတွေချည်းပါပဲ။ တစ်ခါတလေ ဒီဘဝကနေ တခြားဘဝတစ်ခုကို ကူးပြောင်းသွားချင်စိတ် ပေါ်လာမိတယ်။ တကယ်ပါ။ ကျွန်မ အဲဒီလို ခံစားနေရတာ ကြာပါပြီ။ ဒါပေမဲ့ မနေ့က ကျွန်မနဲ မကြာခင်ကမှ မိတ်ဆွေဖြစ်ခဲ့တဲ့ လူတစ်ယောက်နဲ့ စကားပြောပြီး ကျွန်မရဲ့ လက်ရှိဘဝကို စိတ်ပျက်နေတဲ့ အမြင်ဟာ လုံးဝပြောင်းလဲသွားခဲ့ပါတယ် ။ သူက အိန္ဒိယလူမျိုး စင်္ကာပူနိုင်ငံသားပါ။
သူက ကျွန်မကို ပြောပြတယ်။ သူဟာ အလုပ် ၂ ခု လုပ်နေရတယ်။ ဒါတောင် သူ့ရဲ့ လစဉ်ဝင်ငွေဟာ ဒေါ်လာ ၁၀၀၀ ပဲ ရတယ်။ စင်္ကာပူမှာ ဒေါ်လာ ၁၀၀၀ ဆိုတာ အနိမ့်ဆုံး လစာပါ။ သူ့မှာ မိန်းမနဲ့ ကလေး ၂ ယောက်ရှိတယ်။ သူ့မိဘနှစ်ယောက်နဲ့ ယောက္ခမနှစ်ယောက်ကိုလည်း အိမ်ပေါ်မှာ တင်ကျွေးထားရတယ်။ သူ့မိန်းမက ကလေးတွေနဲ့ အဖိုးကြီး အဖွားကြီးတွေကို ပြုစုနေရလို့ အလုပ်မလုပ်နိုင်ပါဘူး။ ဒါကြောင့် သူတို့ဟာ သူရတဲ့ လစာနဲ့ လောက်အောင် အရမ်းချွေတာသုံးနေကြရတယ်။ ဒါပေမဲ့ ကျွန်မမိတ်ဆွေကို မြင်တိုင်း အမြဲပျော်ရွှင်နေတာကို တွေ့ရတယ်။ (စကားမစပ် ကျွန်မဟာ ဘဏ်မန်နေဂျာတစ်ယောက် ဖြစ်လို့ လစာ ဒေါ်လာ ၆၀၀၀ လောက် ရနေပါတယ်။ ဒါပေမဲ့ အမြဲတမ်း စိတ်ဓာတ်ကျနေပါတယ်)။
ကျွန်မက သူ့ကို ဘဝကို ဒီလောက် ခက်ခက်ခဲခဲ ရုန်းကန်နေရပေမယ့် ဘာကြောင့် စိတ်ဓာတ်မကျတာလဲလို့ မေးလိုက်တော့ သူက အိန္ဒိယနိုင်ငံမှာ မြင်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကြောင့်ပါလို့ ပြန်ဖြေပါတယ်။ ပြီးတော့ သူက ခုလို ဆက်ပြောပြတယ်။
- "လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျွန်တော်ဟာ စင်္ကာပူမှာ အလုပ်လုပ်ရတာ စိတ်ဆင်းရဲလို့ အိန္ဒိယနိုင်ငံကို စိတ်ပြေလက်ပျောက် ထွက်သွားလိုက်တယ်။ ကျွန်တော်ဟာ မြို့သေးလေးတစ်ခုက ဆင်းရဲသားရပ်ကွက်က အိမ်တွေကြား ဖြတ်လျှောက်သွားရင်း မိန်းမတစ်ယောက်ဟာ ၄ နှစ်အရွယ် ကလေးလေးရဲ့ ညာဖက်လက်ကို ခွေးခြေတစ်ခုပေါ် တင်ပြီး ဓားမနဲ့ ခုတ်ဖြတ်လိုက်တာကို ကျွန်တော့်မျက်စိရှေ့မှာ တွေ့လိုက်ရတယ်။ ကလေးရဲ့ လက်ဟာ တံတောင်ဆစ်ကနေတိကနဲ ပြတ်ထွက်သွားပြီး မြေကြီးပေါ် ကျသွားတယ်။ ကလေးရဲ့ ပြတ်သွားတဲ့ လက်က သွေးတွေ ပန်းထွက်လာနေတယ်။ ကလေးဟာ နာလွန်းလို့ စူးစူးဝါးဝါး အသံကုန် အော်လိုက်တယ်။ အဲဒီညက ကျွန်တော်တည်းခိုခန်းထဲမှာ တစ်ညလုံး အိပ်မရဘူး။ ကလေးရဲ့ လက်ပြတ်ရယ်၊ သွေးတွေရယ်၊ ကလေးရဲ့ အော်သံကိုပဲ တစ်ညလုံး ကြားနေရတယ်။
- ကျွန်တော် အဲဒီနားက လူတွေကို မေးကြည့်တော့ ဓားနဲ့ ခုတ်တဲ့ မိန်းမဟာ ကလေးရဲ့ အမေပါတဲ့။ သူ ဘာလို့ ကလေးလက်ကို ဓားနဲ့ ခုတ်ဖြတ်လိုက်တာလဲ။ ကလေးဟာ ဆိုးလွန်းလို့ သူ့အမေဟာ စိတ်ဆိုးပြီး လုပ်လိုက်တာလားလို့ မေးကြည့်တော့ သူတို့က မဟုတ်ဘူးတဲ့။ ဘာကြောင့်လဲ သိလား ဝင်ဒီ။ သူတို့မှာ စားစရာ မရှိလို့ ကလေးကို တောင်းစားခိုင်းမလို့ အမေက ခုလို လုပ်လိုက်တာပါတဲ့။ တကယ် ဖြစ်ခဲ့တာပါ။ ယုံနိုင်စရာတောင် မရှိဘူးဗျာ"
- နောက်တနေ့မှာ ကျွန်တော်ဟာ စားသောက်ဆိုင်တစ်ခုမှာ နေ့လည်စာ စားနေတယ်။ မနေ့က အဖြစ်ကို ပြန်စဉ်းစားမိလိုက်လို့ လက်တွေတုန်ပြီး လက်ထဲက စားလက်စ ပေါင်မုန့်အပိုင်းလေးဟာ စားပွဲအောက်က မြေကြီးပေါ် ကျသွားတယ်။ ချက်ချင်းပဲ အနားက ကလေး ၅ ယောက် ၆ ယောက်လောက် ပြေးလာလာကြတယ်။ တစ်ယောက်က ပေါင်မုန့်အပိုင်းလေးကို ကောက်ယူလိုက်ပြီး ပေနေတဲ့ သဲတွေကို သူ့အင်္ကျီနဲ့ သုတ်လိုက်တယ်။ ပြီးတော့ သူက ပေါင်မုန့်ပိုင်းလေးကို တစ်ဖဲ့စီဖဲ့ပြီး သူ့သူငယ်ချင်းတွေကို ကျွေးတယ်။ ကလေးတွေဟာ ဆာလောင်နေကြလို့ ရတဲ့ အပဲ့လေးတွေကို ချက်ချင်းမြိုချကြတယ်။ ကျွန်တော် စိတ်မကောင်းလွန်းလို့ စားနေတာတွေကို ရပ်လိုက်ပြီး ကျွန်တော့်ကို လိုက်ပို့ပေးတဲ့ ကားမောင်းသမားကို အနီးဆုံးမှာ ရှိတဲ့ ပေါင်မုန့်ဆိုင်ကို လိုက်ပို့ခိုင်းလိုက်တယ်။ ပေါင်မုန့်ဆိုင်က ရှိသမျှ ပေါင်မုန့်တွေ အားလုံးကို ဝယ်လိုက်တယ်။
- ပေါင်မုန့်ဆိုင်ပိုင်ရှင်ဟာ
အရမ်းအံ့သြနေတယ်။ ကျွန်တော်ဟာ ပေါင်မုန့်အလုံး ၄၀၀ ကို စင်္ကာပူဒေါ်လာ ၁၀၀ ပဲ
ပေးရတယ်။ ပေါင်မုန့်တွေကို ကားပေါ်တင်ပြီး စောစောက စားသောက်ဆိုင်နားကို
ပြန်မောင်းခိုင်းလိုက်တယ်။ ဆိုင်နားမှာ ကားရပ်ပြီး လမ်းမှာ တွေ့သမျှ
ကလေးတွေကို ပေါင်မုန့် တစ်ယောက်တစ်လုံးစီ ဝေပေးလိုက်တယ်။ ကလေးတွေဟာ
ပျော်လွန်းလို့ ကျွန်တော် သူတို့ကို ကြည့်ပြီး ပျော်သွားလိုက်တာဗျာ။
စင်္ကာပူပိုက်ဆံ ၂၅ ပြားပဲ ပေးရတဲ့ ပေါင်မုန့်တစ်လုံးဟာ ကလေးတွေ မိသားစုအတွက်
၂ ရက် ၃ ရက်တော့ စားနိုင်မှာပါ။
- ကျွန်တော် အိန္ဒိယကနေ စင်္ကာပူကို အပြန်ခရီး လေယဉ်ပေါ်မှာ ခုလို စဉ်းစားနေမိတယ်။ ငါဟာ စင်္ကာပူလူမျိုး ဖြစ်ရတာ ကံကောင်းလိုက်တာ။ ငါ့မှာ ခြေလက်အစုံ ရှိတယ်။ ကျန်းမာတယ်။ အလုပ်ရှိတယ်။ မိသားစု ရှိတယ်။ ငါရတဲ့ လစာနဲ့ ငါ့မိသားစု စားလောက်တယ်။ ငါ့ ဘာလို့ စိတ်ဆင်းရဲနေရတာလဲ။ အိန္ဒိယက လူတွေထက် ငါ ခုလို စားနိုင် နေနိုင်တာ ဘုရားသခင်ရဲ့ ကျေးဇူးပါပဲ"
ကျွန်မ သူ့စကားကို နားထောင်နေရင်း မျက်ရည်တွေ စီးကျလာတယ်။ ပြီးတော့ ကျွန်မ စဉ်းစားမိတယ်။ ငါ့ဘဝဟာ တကယ်ပဲ ဆိုးနေလို့လားလို့ပါ။
သင် စိတ်ဆင်းရဲနေရင် သင့်ထက် ဆင်းရဲနွမ်းပါးသူတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ပါ။ သင်ဟာ သူတို့ထက် အများကြီး ကံကောင်းနေပါလားဆိုတဲ့ အသိဝင်လာပါလိမ့်မယ်။ သင် စိတ်ဆင်းရဲနေတာ ပျောက်သွားပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ
၀၅-၀၁-၂၀၁၈
စင်္ကာပူက ထုတ်ဝေတဲ့ မဂ္ဂဇင်းတစ်စောင်မှာ Wendy Tan ဆိုတဲ့ အမျိုးသမီး ရေးထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ။
ကျွန်မရဲ့ ဘဝအခြေအနေဟာ ဆိုးလွန်းလှပါတယ်။ အလုပ်လုပ်ရတာ အဆင်မပြေဘူး။ အိမ်ထောင်ရေး အဆင်မပြေဘူး။ ဆွေမျိုးတွေနဲ့ အဆင်မပြေဘူး။ ကျွန်မဘဝမှာ ကြုံတွေ့နေရတာ မှန်သမျှဟာ အဆိုးတွေချည်းပါပဲ။ တစ်ခါတလေ ဒီဘဝကနေ တခြားဘဝတစ်ခုကို ကူးပြောင်းသွားချင်စိတ် ပေါ်လာမိတယ်။ တကယ်ပါ။ ကျွန်မ အဲဒီလို ခံစားနေရတာ ကြာပါပြီ။ ဒါပေမဲ့ မနေ့က ကျွန်မနဲ မကြာခင်ကမှ မိတ်ဆွေဖြစ်ခဲ့တဲ့ လူတစ်ယောက်နဲ့ စကားပြောပြီး ကျွန်မရဲ့ လက်ရှိဘဝကို စိတ်ပျက်နေတဲ့ အမြင်ဟာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်
သူက ကျွန်မကို ပြောပြတယ်။ သူဟာ အလုပ် ၂ ခု လုပ်နေရတယ်။ ဒါတောင် သူ့ရဲ့ လစဉ်ဝင်ငွေဟာ ဒေါ်လာ ၁၀၀၀ ပဲ ရတယ်။ စင်္ကာပူမှာ ဒေါ်လာ ၁၀၀၀ ဆိုတာ အနိမ့်ဆုံး လစာပါ။ သူ့မှာ မိန်းမနဲ့ ကလေး ၂ ယောက်ရှိတယ်။ သူ့မိဘနှစ်ယောက်နဲ့ ယောက္ခမနှစ်ယောက်ကိုလည်း အိမ်ပေါ်မှာ တင်ကျွေးထားရတယ်။ သူ့မိန်းမက ကလေးတွေနဲ့ အဖိုးကြီး အဖွားကြီးတွေကို ပြုစုနေရလို့ အလုပ်မလုပ်နိုင်ပါဘူး။ ဒါကြောင့် သူတို့ဟာ သူရတဲ့ လစာနဲ့ လောက်အောင် အရမ်းချွေတာသုံးနေကြရတယ်။ ဒါပေမဲ့ ကျွန်မမိတ်ဆွေကို မြင်တိုင်း အမြဲပျော်ရွှင်နေတာကို တွေ့ရတယ်။ (စကားမစပ် ကျွန်မဟာ ဘဏ်မန်နေဂျာတစ်ယောက် ဖြစ်လို့ လစာ ဒေါ်လာ ၆၀၀၀ လောက် ရနေပါတယ်။ ဒါပေမဲ့ အမြဲတမ်း စိတ်ဓာတ်ကျနေပါတယ်)။
ကျွန်မက သူ့ကို ဘဝကို ဒီလောက် ခက်ခက်ခဲခဲ ရုန်းကန်နေရပေမယ့် ဘာကြောင့် စိတ်ဓာတ်မကျတာလဲလို့ မေးလိုက်တော့ သူက အိန္ဒိယနိုင်ငံမှာ မြင်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကြောင့်ပါလိ
- "လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျွန်တော်ဟာ စင်္ကာပူမှာ အလုပ်လုပ်ရတာ စိတ်ဆင်းရဲလို့ အိန္ဒိယနိုင်ငံကို စိတ်ပြေလက်ပျောက် ထွက်သွားလိုက်တယ်။ ကျွန်တော်ဟာ မြို့သေးလေးတစ်ခုက ဆင်းရဲသားရပ်ကွက်က အိမ်တွေကြား ဖြတ်လျှောက်သွားရင်း မိန်းမတစ်ယောက်ဟာ ၄ နှစ်အရွယ် ကလေးလေးရဲ့ ညာဖက်လက်ကို ခွေးခြေတစ်ခုပေါ် တင်ပြီး ဓားမနဲ့ ခုတ်ဖြတ်လိုက်တာကို ကျွန်တော့်မျက်စိရှေ့မှာ တွေ့လိုက်ရတယ်။ ကလေးရဲ့ လက်ဟာ တံတောင်ဆစ်ကနေတိကနဲ ပြတ်ထွက်သွားပြီး မြေကြီးပေါ် ကျသွားတယ်။ ကလေးရဲ့ ပြတ်သွားတဲ့ လက်က သွေးတွေ ပန်းထွက်လာနေတယ်။ ကလေးဟာ နာလွန်းလို့ စူးစူးဝါးဝါး အသံကုန် အော်လိုက်တယ်။ အဲဒီညက ကျွန်တော်တည်းခိုခန်းထဲမှာ တစ်ညလုံး အိပ်မရဘူး။ ကလေးရဲ့ လက်ပြတ်ရယ်၊ သွေးတွေရယ်၊ ကလေးရဲ့ အော်သံကိုပဲ တစ်ညလုံး ကြားနေရတယ်။
- ကျွန်တော် အဲဒီနားက လူတွေကို မေးကြည့်တော့ ဓားနဲ့ ခုတ်တဲ့ မိန်းမဟာ ကလေးရဲ့ အမေပါတဲ့။ သူ ဘာလို့ ကလေးလက်ကို ဓားနဲ့ ခုတ်ဖြတ်လိုက်တာလဲ။ ကလေးဟာ ဆိုးလွန်းလို့ သူ့အမေဟာ စိတ်ဆိုးပြီး လုပ်လိုက်တာလားလို့ မေးကြည့်တော့ သူတို့က မဟုတ်ဘူးတဲ့။ ဘာကြောင့်လဲ သိလား ဝင်ဒီ။ သူတို့မှာ စားစရာ မရှိလို့ ကလေးကို တောင်းစားခိုင်းမလို့ အမေက ခုလို လုပ်လိုက်တာပါတဲ့။ တကယ် ဖြစ်ခဲ့တာပါ။ ယုံနိုင်စရာတောင် မရှိဘူးဗျာ"
- နောက်တနေ့မှာ ကျွန်တော်ဟာ စားသောက်ဆိုင်တစ်ခုမှာ နေ့လည်စာ စားနေတယ်။ မနေ့က အဖြစ်ကို ပြန်စဉ်းစားမိလိုက်လို့ လက်တွေတုန်ပြီး လက်ထဲက စားလက်စ ပေါင်မုန့်အပိုင်းလေးဟာ စားပွဲအောက်က မြေကြီးပေါ် ကျသွားတယ်။ ချက်ချင်းပဲ အနားက ကလေး ၅ ယောက် ၆ ယောက်လောက် ပြေးလာလာကြတယ်။ တစ်ယောက်က ပေါင်မုန့်အပိုင်းလေးကို ကောက်ယူလိုက်ပြီး ပေနေတဲ့ သဲတွေကို သူ့အင်္ကျီနဲ့ သုတ်လိုက်တယ်။ ပြီးတော့ သူက ပေါင်မုန့်ပိုင်းလေးကို တစ်ဖဲ့စီဖဲ့ပြီး သူ့သူငယ်ချင်းတွေကို ကျွေးတယ်။ ကလေးတွေဟာ ဆာလောင်နေကြလို့ ရတဲ့ အပဲ့လေးတွေကို ချက်ချင်းမြိုချကြတယ်။ ကျွန်တော် စိတ်မကောင်းလွန်းလို့ စားနေတာတွေကို ရပ်လိုက်ပြီး ကျွန်တော့်ကို လိုက်ပို့ပေးတဲ့ ကားမောင်းသမားကို အနီးဆုံးမှာ ရှိတဲ့ ပေါင်မုန့်ဆိုင်ကို လိုက်ပို့ခိုင်းလိုက်တယ်။ ပေါင်မုန့်ဆိုင်က ရှိသမျှ ပေါင်မုန့်တွေ အားလုံးကို ဝယ်လိုက်တယ်။
- ပေါင်မုန့်ဆိုင်ပိုင်ရှင်ဟာ
- ကျွန်တော် အိန္ဒိယကနေ စင်္ကာပူကို အပြန်ခရီး လေယဉ်ပေါ်မှာ ခုလို စဉ်းစားနေမိတယ်။ ငါဟာ စင်္ကာပူလူမျိုး ဖြစ်ရတာ ကံကောင်းလိုက်တာ။ ငါ့မှာ ခြေလက်အစုံ ရှိတယ်။ ကျန်းမာတယ်။ အလုပ်ရှိတယ်။ မိသားစု ရှိတယ်။ ငါရတဲ့ လစာနဲ့ ငါ့မိသားစု စားလောက်တယ်။ ငါ့ ဘာလို့ စိတ်ဆင်းရဲနေရတာလဲ။ အိန္ဒိယက လူတွေထက် ငါ ခုလို စားနိုင် နေနိုင်တာ ဘုရားသခင်ရဲ့ ကျေးဇူးပါပဲ"
ကျွန်မ သူ့စကားကို နားထောင်နေရင်း မျက်ရည်တွေ စီးကျလာတယ်။ ပြီးတော့ ကျွန်မ စဉ်းစားမိတယ်။ ငါ့ဘဝဟာ တကယ်ပဲ ဆိုးနေလို့လားလို့ပါ။
သင် စိတ်ဆင်းရဲနေရင် သင့်ထက် ဆင်းရဲနွမ်းပါးသူတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ပါ။ သင်ဟာ သူတို့ထက် အများကြီး ကံကောင်းနေပါလားဆိုတဲ့ အသိဝင်လာပါလိမ့်မယ်။ သင် စိတ်ဆင်းရဲနေတာ ပျောက်သွားပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ
၀၅-၀၁-၂၀၁၈
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။