စပျစ်ပင်စိုက်ပျိုးနည်းစနစ် များ
================
စပျစ်စိုက်ပျိုးရာတွင် အကြမ်းအားဖြင့် ပင်ထောင်စိုက်နည်း၊ ချုံပုတ်သဏ္ဍန် စိုက်နည်း၊ ကြိုးတန်းတင် စိုက်နည်းနှင့် စင်တင်စိုက်နည်း ဟူ၍ လေးမျိုးရှိသည်။
ပင်ထောင်စိုက်နည်း
များစွာကြီးထွားခြင်းမရှိသော
စပျစ်မျိုးများကိုသာ စိုက်ပျိုးသည်။ စပျစ်ပင်များကို တစ်တန်းနှင့် တစ်တန်း
၃-၁၀ ပေ အထိ လည်းကောင်း၊ တစ်ပင်နှင့်တစ်ပင် သုံးပေ ဆယ်ပေအထိလည်းကောင်း
ခွာပြီး မျိုးကိုလိုက်၍ စိုက်ပျိုး ကြပါသည်။ စပျစ်ပင်များအမြင့်ငါးပေခန့် ရှိလျှင် တစ်ပင်လျှင် တိုင်တစ်တိုင်စီထူ၍ ကပ်ပြီး ချည်ထားရသည်။
ချုံပုတ်သဏ္ဍန်စိုက်နည်း
ကောင်းစွာကြီးထွားခြင်းမရှိ သော
စပျစ်မျိုးကိုသာ အသုံးပြုသည်။ စပျစ်ပင် များကို တစ်တန်းနှင့် တစ်တန်း၊
တစ်ပင်နှင့်တစ်ပင် မျိုးကိုလိုက်၍ သုံးပေမှ ဆယ်ပေအထိ ထားပြီး စိုက်သည်။
အပင်ငယ်စဉ်တွင် တိုင်ထောင်ပေးရပြီး ပင်စည်များ တုတ်လာလျှင် တိုင်များကို
ဖယ်ထုတ်ပေးရသည်။
ကြိုးတန်းတင်စိုက်နည်း
ကြိုးတန်းတင်စိုက်နည်းတွင် လေးကိုင်း တန်းတင်စနစ်၊ သုံးကိုင်းတန်းတင် စနစ်နှင့် ယပ်တောင်သဏ္ဍန် တန်းတင်စနစ်ဟူ၍ သုံးမျိုးရှိပါသည်။
စပျစ်မျိုးများ၏ ကြီးထွားမှုကိုလိုက်၍ အတန်းကြား သုံးပေ ၁၂ ပေ အထိ လည်းကောင်း၊ အပင်ကြား သုံးပေ ၁၀ ပေအထိလည်းကောင်း စိုက်ပြီး တိုင်များကို ပေ ၃၀ တွင် တစ်တိုင်စီစိုက်၍ သွပ်ကြိုးတန်းကို တစ်တန်း ၊ နှစ်တန်း စသည်ဖြင့် တန်းပြီး စပျစ်ကိုင်းများကို သွပ်ကြိုးတန်းပေါ်တင်၍ စိုက်နည်းများ ဖြစ်ပါသည်။
စင်တင်စိုက်နည်း
စပျစ်ပင်များကို ဘူးစင်ကဲ့သို့ စင်များထိုးပေးပြီး စပျစ်ကိုင်းများတင် စိုက်သော နည်းစနစ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဤနည်းဖြင့် အောင်မြင်စွာ စိုက်ပျိုး လျှက်ရှိပါသည်။
မြန်မာနိုင်ငံတွင် လေးကိုင်းတန်းတင်စိုက်နည်းနှင့် စင်တင်စိုက်နည်းကို အသုံးပြုလျှက် ရှိပါသည်။
Source by - လယ်/ဆည်
================
စပျစ်စိုက်ပျိုးရာတွင် အကြမ်းအားဖြင့် ပင်ထောင်စိုက်နည်း၊ ချုံပုတ်သဏ္ဍန် စိုက်နည်း၊ ကြိုးတန်းတင် စိုက်နည်းနှင့် စင်တင်စိုက်နည်း ဟူ၍ လေးမျိုးရှိသည်။
ပင်ထောင်စိုက်နည်း
များစွာကြီးထွားခြင်းမရှိသေ
ချုံပုတ်သဏ္ဍန်စိုက်နည်း
ကောင်းစွာကြီးထွားခြင်းမရှိ
ကြိုးတန်းတင်စိုက်နည်း
ကြိုးတန်းတင်စိုက်နည်းတွင် လေးကိုင်း တန်းတင်စနစ်၊ သုံးကိုင်းတန်းတင် စနစ်နှင့် ယပ်တောင်သဏ္ဍန် တန်းတင်စနစ်ဟူ၍ သုံးမျိုးရှိပါသည်။
စပျစ်မျိုးများ၏ ကြီးထွားမှုကိုလိုက်၍ အတန်းကြား သုံးပေ ၁၂ ပေ အထိ လည်းကောင်း၊ အပင်ကြား သုံးပေ ၁၀ ပေအထိလည်းကောင်း စိုက်ပြီး တိုင်များကို ပေ ၃၀ တွင် တစ်တိုင်စီစိုက်၍ သွပ်ကြိုးတန်းကို တစ်တန်း ၊ နှစ်တန်း စသည်ဖြင့် တန်းပြီး စပျစ်ကိုင်းများကို သွပ်ကြိုးတန်းပေါ်တင်၍ စိုက်နည်းများ ဖြစ်ပါသည်။
စင်တင်စိုက်နည်း
စပျစ်ပင်များကို ဘူးစင်ကဲ့သို့ စင်များထိုးပေးပြီး စပျစ်ကိုင်းများတင် စိုက်သော နည်းစနစ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဤနည်းဖြင့် အောင်မြင်စွာ စိုက်ပျိုး လျှက်ရှိပါသည်။
မြန်မာနိုင်ငံတွင် လေးကိုင်းတန်းတင်စိုက်နည်းန
Source by - လယ်/ဆည်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။