Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 3, 2018

" ကပ်ဆိုး.. " (အသိပညာ ဆင်းရဲမှု၏ နောက်ကွယ်)

" ကပ်ဆိုး.. "
(အသိပညာ ဆင်းရဲမှု၏ နောက်ကွယ်)

ဒီစာကိုရေးသင့်မရေးသင့် စဉ်းစားနေတာကြာပြီ။
ဒါပေမယ့် နောက်ဆုံး ရေးသင့်တယ်ထင်လို့ ရင်ကွဲနာ ဗလပွနဲ့ ရေးလိုက်ရပါတယ်။

ဒေါ်မြနေတဲ့ လမ်းထဲမှာ ဒေါ်မြနဲ့ သိပ်ရင်းနှီးတဲ့ ကလေးမလေးတစ်ယောက်ရှိတယ်.. ။
သူ ၅ တန်းကျောင်းသူဘဝကတုန်းက ဒေါ်မြ အင်္ဂလိပ်စာ ပြပေးဖူးတယ်။ စေတနာ ဂိုက် ဆိုပါတော့ ...

ချောချောနုနု ဖြူဖြူဥဥ နဲ့ ကလေးမလေးဟာ ဒေါ်မြ ညီမလေး အရင်းလေး လိုပါပဲ။ အချိန်တွေကုန်တာ မြန်တယ်လို့ ခံစားရတာဟာ သူကလေးကိုယ့်ရှေ့မှာ ကြက်တောင်စည်းကလေးဘဝကနေ အပျိုပေါက်ကလေး ဖြစ်လာတာမြင်ရတဲ့ အခါတိုင်းပေါ့။

တနေ့ဒေါ်မြ အလုပ်ကိစ္စနဲ့ ရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်တွေ ကြိုဖို့ လေဆိပ်သွားမယ်လုပ်တယ်။ ကားမောင်းလာရင်း ဘစ်ကားဂိတ်မှာ သူ့ကို တွေ့လိုက်တယ်။
ဒါနဲ့ ဘယ်သွားမလို့လည်းမေးတော့ လှည်းတန်းက ကျူရှင်ကို.. တဲ့ ။
ကိုယ်လည်း ပြည်လမ်းကနေ လေဆိပ်သွားမှာမို့ လမ်းကြုံနေတာနဲ့ လာလာ မကြီးလိုက်ပို့ပေးမယ်ဆိုပြီး ကားပေါ်ခေါ်တင်တယ်။

သူ့ဆီ ဖုန်းတစ်ကော ဝင်အလာမှာ ရင်ကွဲနာ စပါတော့တယ်။ ခေတ်ကာလ ရေစီးကြောင်းအရ ၉ တန်းကျောင်းသူတစ်ယောက် hand phone ကိုင်တာ ပြဿနာမဟုတ်သလို ၊ ကိုင်ထားတဲ့ ဖုန်းဆီ ဖုန်းဝင်လာတာဟာ ဘာပြဿနာမှ မဟုတ်ပါဘူး။ ဒါပေမယ့် သူထုတ်ကိုင်လိုက်တဲ့ ဖုန်းက နောက်ဆုံးပေါ် iphoneအသစ်ကြီး ဖြစ်နေတာက ပြဿနာပါ။

ဒေါ်မြချက်ခြင်း ကားကို လမ်းဘေးထိုးရပ်လိုက်တယ်။ နောက်ကားတွေ ဟွန်းတီးလာတော့ တက္ကသိုလ် သထုံလမ်းထဲ ကွေ့ဝင်လိုက်တယ်။ သူဖုန်းပြောလို့ အပြီးမှာ ဒေါ်မြရဲ့ ရင်ကွဲနာ .. interview စပါတော့တယ်။

အဲ့ဒီဖုန်းဘယ်ကရလဲ ဆိုတော့ အိမ်က ဝယ်ပေးတာလို့ ဖြေပါတယ်။ သူ့အိမ်က အဲ့ဒီလောက်ထိ မပြည့်စုံတာ ဒေါ်မြ အသိဆုံးပါ။ သူအမျိုးမျိုး လိမ်ပါတယ်။ အသက် ၁၅ နှစ်ကလေးမ တစ်ယောက်ရဲ့ ရိုးစင်းလွန်းတဲ့ လိမ်ညာစကား တွေနဲ့ပေါ့။ နောက်ဆုံး ဒေါ်မြ အတင်းအကျပ် ခြိမ်းခြောက်မေးမှ သိခဲ့ရတဲ့ အမှန်တရားက သိပ်ကြောက်စရာ ကောင်းပါတယ် .. ။ တကယ့်ကို ရင်ကွဲနာပါပဲ။

Facebook ပေါ်က အကောင့်တစ်ခု ဆက်သွယ်လာတယ်။ နည်းနည်းရင်းနှီးလာတော့ စဆွယ်တယ် နိုင်ငံခြားက အပျိုစင်ဘဝကို လေလံတင်ပြီး ငွေရှာတဲ့ ကျောင်းသူ တွေအကြောင်း ၊ ဒီခေတ်ကြီးမှာ sex ကိစ္စဟာ သမီးရည်းစား ဖြစ်တာနဲ့ ပါလာတတ်တာမျိုးဆိုတဲ့ အကြောင်း ၊ ရည်းစားနဲ့ အလကား မအိပ်ခင် အပျိုစင် ဘဝကိုတန်ရာတန်ကြေးနဲ့ ရောင်းချသင့်ကြောင်း၊ ကိုယ့်ချစ်သူဆိုတာ ကိုယ့်ကို တကယ်ချစ်ရင် အပျိုစစ်စစ် မစစ်စစ် လက်သင့်ခံမှာသာ ဖြစ်ကြောင်း ၊ ခုဆို အနယ်နယ် အရပ်ရပ်က ကျောင်းသူတွေ လည်း ခုလိုဂအပျိုစင်ဘဝကို ရောင်းချနေကြကြောင်း စသည်ဖြင့် အမျိုးမျိုး ပြောတယ် တဲ့။ သူစဉ်းစားတယ် ။ မှန်နေတာပဲ.. လို့တွေးခဲ့တယ်။ သူ့သူငယ်ချင်းတွေလည်း ဘဲနဲ့ ဟော်တယ်သွားနေတာ မြင်နေရတာပဲ တဲ့။ သူလည်း ရည်းစားထားတော့မှာမို့ ဒီ sex ကိစ္စဟာ မကြာခင် သူရင်ဆိုင်ရတော့ ကိစ္စလို့ သူတွေးခဲ့တယ်။ သူကိုယ်တိုင်လည်း စမ်းသပ်ချင်နေပြီ ။ ဒီတော့ .. သူ့အပျိုစင်ဘဝက အလကားလား ... တန်ဖိုးနဲ့လား သူတွေးတယ်။

နောက်ဆုံး သူ့ အပျိုစင်ဘဝကို သိန်း ၂၀ နဲ့ သူတန်ဖိုးဖြတ်ခဲ့တယ် တဲ့။ သိန်း ၂၀ ဆိုတာ တရက် မုန့်ဖိုး ၁၅၀၀ ပဲရတဲ့ ကလေးတစ်ယောက်အတွက် သိပ်ကိုများပြားတဲ့ ငွေပမာဏပါ။ ဒေါ်မြလေ နားထောင်ရင်းနဲ့ ရင်ဘတ်တွေအောင့်လာတယ်။အလုပ်ကိစ္စပြီးတာနဲ့ ဆက်သွယ်လာတဲ့ ဘက်က ဘလော့ပြီး အဆက်အသွယ် အကုန် ဖြတ် လိုက်တယ်။ ဖုန်းနံပါတ်တစ်ခုပဲချန်ခဲ့တယ်။ ငွေလိုရင် ထပ်ဆက်သွယ်ပါ ပထမအကြိမ်လောက် မရတော့ ပေမယ့် ဒုတိယ အကြိမ်ဆိုလည်း မနည်းပါဘူး ဆိုလို့ ။ သူဒုတိယအကြိမ် .. ။

ရတဲ့ငွေတွေနဲ့ ဖုန်းအသစ်ဝယ်တယ်။ အိမ်ကို ကံစမ်းမဲပေါက်တာလို့ ပြောလို့ အမေက ဝမ်းတွေသာနေတာတဲ့။ အဝတ်အစားအသစ်တွေ ဝယ်တယ် ။ အိမ်က သတိမထားမိပါဘူးတဲ့။ သမီးရဲ့ တချို့သူငယ်ချင်းတွေ လည်း ချိတ်ကြတယ်။ အဆင်ပြေကြတယ်။ သူတို့က ကျောင်းတတ်နေတဲ့ သမီးတို့လို ကလေး တွေကို အဓိကထားတယ် ။ တချို့ သူငယ်ချင်းတွေက ရွှေတွေ ဝယ်ပြီး ဖွက်ထားတယ်တဲ့။ တချို့က သူငယ်ချင်းတွေ ဒကာခံတာလို့ အိမ်ကို လိမ်ပြောပြီး ခရီးတွေတောင် ထွက်ကြတာတဲ့။ အဲ့ဒီလို အဆွယ်ခံရတဲ့ အထဲမှာ ယောက်ျားလေးတွေလည်းပါတယ်။ သူတို့က ဈေးပိုရတယ် ... တဲ့။ တော်ရုံ နုနွဲ့နေတဲ့ ကလေးတွေ ကိုရွေးပြီး လိင်တူ ဝါသနာပါလာအောင် မြူဆွယ်ပြီးမှ ဈေးကွက်တင်တယ် .. တဲ့။ အဝတ်အစားသစ်တွေ ဖုန်းအသစ်တွေ အိတ်အသစ်တွေ နောက်ဆုံးပေါ် အသုံးအဆောင်တွေ ...
ဘုရားဘုရား ....
ဘုရားကယ်ပါ.... ။

ဒေါ်မြ ရင်ဘတ်တစ်ခုလုံးနာပြီး အော်ငိုချင်လာတယ်။
ဆိုးရွားလိုက်တဲ့ခေတ်ကြီးရယ် ...
အပျိုစင်ဘဝတန်ဖိုးဆိုတာ အဲ့ဒါမဟုတ်ဘူးလို့ .. ဘယ်လိုရှင်းပြရပါ့မလဲ။ သူဆုံးရှုံးသွားတာ အပျိုစင်ဘဝ မဟုတ်ဘူး ။ တန်ဖိုးအရှိဆုံး ငယ်ရွယ်လန်းဆန်းတဲ့ တတ်ကြွနေတဲ့ လူငယ်တစ်ယောက်ရဲ့ ကြိုးစားချင်စိတ် ဆိုတာ သူနားမလည်လောက်တော့ဘူး။

ကူးစက်နိုင်တဲ့ ရောဂါဆိုးတွေ ...
ငွေအချောင်လိုချင်တဲ့ စိတ်ရိုင်းတွေ ...
ငွေတန်ဖိုးနားမလည်တော့တဲ့ စိတ်မိုက်တွေ နဲ့ ...
နောက်တခါ သူငွေလို တိုင်း.....
ကြာလာရင်.....

ဒေါ်မြပြောခဲ့ဖူးတယ် ။ ပညာမဲ့ လူတန်းစား လက်ထဲ ဆိုရှယ်နက်ဝက် ထည့်ပေးတာဟာ အရူးလက်ထဲမီးတုတ် ထည့်ပေးလိုက်သလိုပဲ။ ဘယ်လို ပညာပေးရမလဲ ? ။ ဘယ်လိုတားမလဲ။ မပွင့်သင့်တဲ့ မျက်စိတွေပွင့်တယ်။ အတုမခိုးသင့်တာတွေခိုးတယ်။ Facebook မှာ လိုချင်စရာတွေများတယ်။
အိမ်က ဝယ်မပေးနိုင်တဲ့ အခါ...
သူငယ်ချင်းတွေကြားမှာ မျက်နှာမငယ်ချင်တဲ့ အခါ ...

ကိုယ့်တဘို့ပဲကြည့်တဲ့ အောက်တန်းစား ငွေရှာသူ အောက်တန်းစား လူယုတ်မာ ခေါင်းတွေ လက်ထဲမှာ သူ့လို ကလေးသာသာ ရိုးသားဖြူစင်တဲ့ လူငယ် ဘယ်လောက်များများ ဘဝပျက်ပြီးခဲ့ကြပြီလဲ???
ဒေါ်မြ ရင်ကွဲနာကျတယ် .. ဆက်မတွေးရဲဘူး။
ဒါဟာ ခေတ်ကာလရဲ့ ကပ်ဆိုးကြီးပဲလား??

ဒေါ်မြအနေနဲ့ ဘာမှ မလုပ်ပေးနိုင်ဘူး။ မတားဆီးနိုင်ဘူး။ မပြောင်းလဲပေးနိုင်ဘူး။ နောက်ဆုံး လုပ်ပေးနိုင်တာတစ်ခုက နီးစပ်ရာ မိဘတွေကို သတိပေးတာပါပဲ။
မိဘတွေ သတိထားပေးကြပါ..
ကိုယ့်သားသမီး က ...
ကိုယ်ပေးတာထက် ငွေပိုသုံးလာတဲ့အခါ..
ဟိုက ဒီက လက်ဆောင်တွေ ရလာတဲ့အခါ ..
ကံစမ်းမဲတွေ ပေါက်တာပါ ဆိုလာတဲ့အခါ ...
အလှပြင် ပစ္စည်းတွေ အိတ်အသစ်တွေ သူ့ဟာသူ ဝယ်လာတဲ့အခါ
သူငယ်ချင်းမွေးနေ့ဆိုပြီး ဆိုင်ကောင်းကောင်းတွေ တတ်စားတဲ့အခါ ... ။

စိတ်ချပါ မကြီး .. သမီးနောက်မလုပ်တော့ပါဘူး ဆိုပြီး ကားပေါ်က ဆင်းသွားတဲ့ သူ့လေသံမှာ အာမခံခြင်း မပါဘူး။ ပေါ့ပေါ့ပါးပါးလေးပဲ..
ပေါ့ပါးလွန်းလို့ ငွေဆိုတဲ့ လေနဲ့ အတူ ဘဝတစ်ခုလုံး လွင့်ကြေပျက်စီးသွားမှာ အမ စိတ်ပူမိတယ် ခလေးရယ်... ။ ။

မြခွါညို
အမှန်တကယ် ကြုံခဲ့ရတဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန်မို့ မိဘတွေ သတိထားနိုင်အောင် ရင်နာနာနဲ့ တင်ပေးလိုက်ရပါတယ်။

Credit အမမြ
Photo- internet (ပုံနှင့်စာမပက်သက်ပါ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။