သိမှတ်ဖွယ်ရာ ဗဟုသုတရွာ added 3 new photos.
"ဖခင်နှင့်တူသော ခေါင်းဆောင်"
✿✿✿✿✿✿✿✿✿✿✿✿✿✿
သူ့ အသက် ၂၁ နှစ်မှာ ပြင်သစ်နိုင်ငံသွား သင်္ဘော
တစ်စင်းပေါ်မှာ တောက်တိုမယ်ရ၊ခိုင်းသမျှအလုပ်တွေ
လုပ်ပေးရင်း သူ့နိုင်ငံကိုလိုနီပြင်သစ်တွေ
လက်အောက်ကနေ လွတ်မြောက်ဖို့အတွက် ပြင်သစ်သို့
တစ်ကိုယ်တော် စွန့်စားထွက်လာခဲ့တယ်။
နိုင်ငံခြားတိုင်းပြည်တွေမှာ ပန်းကန်ဆေးတဲ့အလုပ်၊
သန့်ရှင်းရေးအလုပ်ကြုံရာကျပန်းအလုပ်တွေ
အကုန်လုပ်သည် ။အလုပ်တွေ၊နေရာတွေ ပြောင်းသွားပေမယ့်
သူ့ခေါင်းထဲရှိနေတဲ့ တစ်ခုတည်းသော
ရည်မှန်းမှန်းချက်သည်က သူ့နိုင်ငံ လုံးဝ
လွတ်လပ်ရေးရရှိရေးပဲ။
သူသည် ကလေးတွေကိုအလွန်ချစ်တတ်သည်။
တိရစ္ဆာန်လေးတွေအပေါ် သနားကြင်နာတတ်သည်။
အလွန်ရိုးရှင်းစွာ နေထိုင်သူလည်းဖြစ်သည်။
ကဗျာတွေရေးသည်။ စာပေကိုလည်း
အလွန်မြတ်နိုးသူဖြစ်သည်။
(ဘုန်းနိုင်ထွန်းကိုခရက်ဒစ်ပေးပါတယ်)
သူသည် တခြားမဟုတ်။ ဗီယက်နမ်နိုင်ငံ၏
အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းပင်ဖြစ်သည်။
သူ သမ္မတရာထူး ထမ်းဆောင်ချိန် ကာကီရောင်
အင်္ကျီအနွမ်းလေးကို အမြဲဝတ်ဆင်တတ်သည်။
သူအမြဲစီးတတ်သော ဖိနပ်ကလေးမှာလည်း ကားတာယာဖြင့်ပြုလုပ်ထားသော
ဆင်းရဲသားတို့စီးသော ဖိနပ်မျိုးပင်ဖြစ်သည်။
သူသည် သူ့အတွက်ပေးထားသော ခမ်းနားတဲ့ သမ္မတနန်းတော်ထဲတွင်မနေ။
သမ္မတနန်းတော် ဥယျဉ်အတွင်းမှာ အခန်းငယ်နှစ်ခုပါတဲ့ ခြေတံအိမ်ရှည်တစ်လုံးဆောက်ပြီး နေထိုင်သည်။
သီးနှံများကို ကိုယ်တိုင်စိုက်ပျိုးပြီး
စားသောက်ချိန်တွင် ၀န်ထမ်းများနဲ့အတူတကွ သွားရောက်စားသောက်တတ်သည်။
နိုင်ငံ၏ခေါင်းဆောင်ဖြစ်နေသော်လည်း
တစ်သက်တာပတ်လုံး ရိုးရှင်းစွာနေထိုင်းရင်း
တိုင်းပြည်တာဝန်ကို စေတနာ၊မေတ္တာ၊ဂရုဏာ၊
ပညာတို့ဖြင့် ကျေပွန်စွာ ထမ်းဆောင်သွားလေသည်။
ယနေ့ ဗီယက်နမ်နိုင်ငံ၏ မြို့တော်အား ဖခင်ကြီးကို
လေးစား၊တန်ဖိုးထားသောအားဖြင့်
"ဟိုချီမင်း" ဟု အမည်ပေး၍ ဂုဏ်ပြုထားလေတော့သည်။
အထက်ဖော်ပြပါ အကြောင်းရာကို လေ့လာဖတ်ရှု့ပြီးနောက် ကျနော်တို့တိုင်းပြည်ခေါင်းဆောင်တွေက
တိုင်းပြည်ဆင်းရဲနေချိန်မှာ သူတို့အခွင့်အရေတွေအကြောင်း၊ငွေကြေးတွေအကြောင်းပြောဆိုနေတာ သိရတော့
အဲဒီခေါင်းဆောင်တွေဟာ ကျနော်တို့မြန်မာနိုင်ငံအတွက် နောက်ထပ်ခေါင်းဆောင်တွေ အဖြစ်မတင်မြှောက်သင့်တော့ဘူး၊မဖြစ်ထိုက်ဘူးဆိုတာ ကျနော့်အတွက်ပိုပြီး၊ပိုပြီး
ထင်၇ှားလာလေတော့သည်။
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။