Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, November 22, 2013

အဆင့်မြင့်နည်းပညာသုံး အိမ်သာများနှင့် အိမ်သာယဉ်ကျေးမှု

Burma-Newselite
အဆင့်မြင့်နည်းပညာသုံး အိမ်သာများနှင့် အိမ်သာယဉ်ကျေးမှု
(7Day News Journal တွင်ဖော်ပြခဲ့သည့် ဆောင်းပါး)

ယခုတပတ် အိုင်တီကဏ္ဍတွင် ယခုနှစ်နိုဝင်ဘာလ ၁၉ ရက်နေ့ကစပြီး သတ်မှတ်လိုက်သည့် ကုလသမဂ္ဂ၏ ကမ္ဘာ့အိမ်သာများနေ့နှင့် တိုက်ဆိုင်ပြီး နိုင်ငံတကာက အဆင့်မြင့်နည်းပညာသုံး အိမ်သာများ အကြောင်း ပြောလိုပါသည်။

ရှေးယခင်ခေတ်ကလူများ အသက်တိုခဲ့ကြသည်မှာ တကိုယ်ရေ သန့်ရှင်းရေးမကောင်းခဲ့၍ ဖြစ်သည်။ တတိယနိုင်ငံများမှ ရောဂါ ဘယဖြစ်နှုန်း လူသေနှုန်းများပြားခြင်းကလည်း ယင်းတကိုယ်ရေ သန့်ရှင်းရေးကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အထောက်အထားများနှင့် ဆိုသည်။

ယင်းတကိုယ်ရည်သန့်ရှင်းနေရေးအတွက် အိမ်သာများက အသက်ရှင်ခြင်း သေခြင်းတို့ကိုပင် ဆုံးဖြတ်ပေးနိုင်သည်ဟု ဆိုလျှင် မှားမည်မထင်ပါ။ ကမ္ဘာတွင် လူပေါင်းသန်း ၂၅၀၀ က ပုံမှန် အိမ်သာ မရှိကြပါ။ သန်းတထောင်က ကြုံရာဟင်းလင်းပြင်တွင် အပေါ့အပါး စွန့်ကြသည်။ ယင်းတို့ကတဆင့် မိမိတို့ အစာလမ်းကြောင်းအတွင်းသို့
သောက်သုံးရေ၊ အစားအစာ၊နှင့် ခန္ဓာကိုယ်မှတဆင့် ဘက်တီးရီးယား
ရောဂါတို့ ၀င်ရောက်လာကြသည်။ လက်ကို သန့်စင်ခြင်းမရှိသည့် အဖြစ်တခုတည်းကပင် လူပေါင်းများစွာကို ရောဂါများစွာ ကူးစက်ဖြစ်ပွားစေသည်။ တတိယနိုင်ငံများက အိမ်သာများကို မြန်မာတို့ သိရှိကြပြီး ဖြစ်၍ အိမ်သာယဉ်ကျေးမှုကြီးမားသော နိုင်ငံတကာက အဆင့်မြင့် နည်းပညာသုံးအိမ်သာများအကြောင်းကို တင်ပြပါမည်။

ကမ္ဘာတွင် အဆင့်မြင့်နည်းပညာသုံးအိမ်သာ တီထွင်မှုတွင် ဂျပန်က ထိပ်ဆုံးကပြေးနေသည်။ အိမ်သာကို အညစ်အကြေးစွန့်သည့် နေရာ ဆိုသည်ထက်ပို၍ ထူးထူးခြားခြား တီထွင်လာကြသည်။ အိမ်သာကို အဆင့်မြင့်နည်းပညာသုံး တီထွင်ရုံမျှမက အနုပညာလက်ရာတခုလို အမြင်လှအောင်ပါ လွန်လွန်ကဲကဲပင် ဖန်တီးပြုလုပ်လာကြသည်။ ခလုတ်ပေါင်း များစွာဖြင့် ၀န်ဆောင်မှုများပြားလွန်းသဖြင့် ဂျပန်နိုင်ငံကို ပထမဆုံးအကြိမ် လာရောက်သူ ဧည့်သည်များကို မျက်စေ့လည် သွားစေနိုင်သည်။ ရေနွေး၊ လေပူတို့ ဖြင့် သန့်စင်ခြင်း၊ အနားကပ်ရက် အိမ်သာတွင် ရှိသူများ အားနာစရာအသံကို ဖုံးလွှမ်းစေသည့်
ရေဆွဲချသံများ၊ အပူချိန်ကို လိုသလို ချိန်နိုင်သည့် အနွေးပေး အိမ်သာအထိုင်များ၊ ဘက်တီးရီးယားကို ဖယ်ရှားသည့် သန့်စင်ရည်၊ အနံ့ဆိုးကို ဖယ်ရှားသည့် အနံ့သတ်ဆေး၊ ထိုင်ခုံ အလိုအလျှောက် တင်ခြင်းချခြင်း စသဖြင့် အိမ်သာကို လူများအဆင်ပြေစွာသုံးနိုင်ရန် တီထွင်လာကြသည်။ ဂျပန်နိုင်ငံရှိ အိမ်များတွင် ၇၃% ခန့်က အဆင့်မြင့်နည်းပညာသုံးအိမ်သာများရှိနေပြီး ယင်းအရေအတွက်သည် ဂျပန်အိမ်များတွင် ၀ယ်ယူတပ်ဆင်သည့် ပန်းကန်ဆေးစက် အရေအတွက်ထက် ၂ ဆပိုများသည်ဟု ဆိုသည်။

ပို၍ အဆင့်မြင့်နည်းပညာများတပ်ဆင်ထားသည့် ဂျပန်အိမ်သာများတွင်မူ ဆီးကို စစ်ဆေးသည့်၊ သွေးပေါင်ချိန်ကို တိုင်းတာသည့် စက်ကိရိယာများ တပ်ဆင်ထားပြီး ယင်းအချက်အလက်များကို မိမိ၏ ဆရာဝန်ထံ ကျန်းမာရေးစစ်ဆေးရန် တိုက်ရိုက်ပေးပို့ပေးသည်။ ယင်းနောက်ဆုံးပေါ် အိမ်သာကို မိမိ၏ စမတ်ဖုန်းမှလည်း ထိမ်းချုပ်နိုင်သည်ဟု ဆိုသည်။

အများသုံးအိမ်သာများတွင် နိုင်ငံကို လိုက်ပြီး သန့်စင်မှုစနစ်များ ကွဲပြားသည်ကိုလည်း တွေ့ရသည်။ စက္ကူအသုံးအဖြုန်းများသော အမေရိကန်နိုင်ငံတွင် အိမ်သာထိုင်ပေါ်တွင် ထိုင်ရန် ဖယောင်း စက္ကူများကို နေရာတိုင်းတွင်ထားပေးသည်။ အသုံးပြုသူများ တဦးနှင့် တဦး ရောဂါကူးစက်မှုကို ယင်း ဖယောင်းစက္ကူများ ခင်းထိုင်သည့်နည်းဖြင့် ကာကွယ်ခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံ အများသုံးအိမ်သာတွင် မိမိမထိုင်မီ ထိုင်ခုံကို သန့်စင်နိုင်ရန် ပိုးသပ်ဆေးရည်ထားရှိသည်။ နိုင်ငံတကာဧည့်သည်များ အ၀င်များလှသည့် ထိုင်းနိုင်ငံ အများသုံး အိမ်သာများတွင်မူ စက္ကူလုံးဝထားမပေးသည်ကို အတော်အံ့သြဘွယ် တွေ့ရသည်။ အိမ်သာအ၀င်ဝတွင် စက္ကူအနည်းငယ် ပါသော ပလပ်စတစ်ထုတ်များ ရောင်းချမှု တချို့ရှိသည်။

နိုင်ငံတကာ အိမ်သာများထဲတွင် လက်ဆေးပြီးသုတ်ရန် စက္ကူများ ထားရှိသော်လည်း နောက်ပိုင်းတွင် သဘာ၀၀န်းကျင် ထိမ်းသိမ်းရေး အတွက် စက္ကူ ချွေတာသည့်အနေနှင့် အပူပေး လက်အခြောက်ခံစက်များ အစားထိုးတပ်ဆင်လာကြသည်။

မည်သို့သော တီထွင်ဆန်းသစ်မှုများ ပြုလုပ်သည်ဖြစ်စေ အဓိက ရည်ရွယ်ချက်မှာ ကျန်းမာရေးအတွက် သန့်ရှင်းစေရေးပင် ဖြစ်သည်။

တတိယကမ္ဘာတွင် အိမ်သာကို အရေးကြီးလှသည့် လိုအပ်ချက် တခုဟု မြင်လာရန် လိုအပ်နေသေးသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကမ္ဘာ့အိမ်သာများနေ့ ကြေညာချိန်တွင် "မပြောသင့်ဘူးဆိုတဲ့ အမြင်တွေကို ပြောင်းလဲပြီး မိလ္လာစနစ်ပြုပြင်ရေးကို ကမ္ဘာ့ဖွံ့ဖြိုးမှုအတွက် ဦးစားပေးအဖြစ် ဆောင်ရွက်ရမယ်" ဟု
ပြောဆိုခဲ့သည်။

သန့်ရှင်းမှုမ၇ှိသောကြောင့် နှစ်စဉ်အသက် ၅ နှစ်အောက်ကလေးငယ် ၈ သိန်းကျော် သေဆုံးနေရကြောင်းလည်း UN စာရင်းများအရ
သိရသည်။ ဟင်းလင်းပြင်တွင် အညစ်အကြေးစွန့်ပစ်သည့် အလေ့အထ များကို ၂၀၂၅ တွင် အဆုံးသတ်နိုင်ရန် လှုံ့ဆော်သွားမည်ဟုလည်း ဘန်ကီမွန်းက ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင်လည်း အိမ်သာ ယဉ်ကျေးမှုကို လူတိုင်း အလေးထားတည်ဆောက်လာနိုင်သည်နှင့် အမျှ လူမှုအဆင့်အတန်းနှင့် အတူ လူ့မျိုးဆက်တို့၏ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း တင်ပြလိုပါသည်။

ခင်မေဇော် (၀ါရှင်တန်ဒီစီ)
7Day News Journal တွင်ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။