Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 14, 2013

ရော့ခ်သီချင်း ပြင်းရှရှတွေနဲ့ ကျက်သရေရှိတဲ့ မိန်းမသား သို့မဟုတ် သျှီ ....

Myanmar-Rock-Organization with She Singer
ရော့ခ်သီချင်း ပြင်းရှရှတွေနဲ့ ကျက်သရေရှိတဲ့ မိန်းမသား သို့မဟုတ် သျှီ ....

လတ်တလော အနုပညာ လှုပ်ရှားမှုတွေ ဘာတွေ လုပ်ဖြစ်နေလဲ။
မန္တလေး FM မှာ Talk Show တွေ လုပ်ဖြစ်နေတယ်။ သီချင်း စီးရီးအသစ်တွေ ထပ်ထွက်ဖို့ သီချင်းစုနေတယ်။ “ဂန္တဝင်စတား” စီးရီး ထွက်ပြီးကတည်းက နောက်ထပ် စီးရီးအသစ် ထပ်ထွက်ဖို့ပါ။ ဘယ်တော့ စီးရီးအသစ်တွေ ထွက်မယ် ဆိုတာကိုတော့ မပြောတတ်သေးပါဘူး။ ပိုက်ဆံစုနေလို့ (ရယ်လျက်)…။

မန္တလေး FM မှာ လုပ်ဖြစ်ခဲ့ပုံကတော့…။
မန္တလေး FM မှာ လုပ်ဖြစ်သွားတာက ForverGroup မိတ်ဆွေနဲ့ အစကတည်းက ခင်နေတာလေ။ သူတို့က မန္တလေး FM မှာ အနုပညာရှင် အနေနဲ့ ပါဝင်ရင် တစ်မျိုးထူးဆန်းမယ်ဆိုပြီး အကူအညီတောင်းလို့ လုပ်ဖြစ်သွားတာ။ အစတုန်းက City FM ပဲရှိတာ။ နောက်ထပ် မန္တလေး FM ထပ်ပေါ်လာတော့ ဝန်ထမ်းတွေချည်းပဲ မဟုတ်ဘဲနဲ့ အနုပညာရှင်တွေ အနေနဲ့ အားဖြည့်ပြီး လုပ်ဖြစ်သွားတာ။ အရင်တုန်းက မန္တလေး FM မှာ ဦးသုမောင် ရှိတယ်။ နောက် သျှီ၊ မြန်မာပိုင်းမှာ ဦးသန်းမြတ်စိုး၊ ဦးကိုင်ဇာ၊ အရင်တုန်းက ကိုမြင့်မိုးအောင်လည်း လုပ်ဖြစ်တယ်။ သျှီကတော့ မန္တလေး FM မှာ လုပ်ဖြစ်တာ သုံးနှစ်ရှိသွားပြီ။ နောက်ထပ်လည်း အဲဒီမှာ ကြာကြာလုပ်ဖြစ်မယ် မထင်ပါဘူး။ အလုပ်တွေက မအားလို့လေ။ မန္တလေး FM မှာ “သျှီနဲ့ ရောက်တတ်ရာရာ” ဆိုတဲ့ အစီအစဉ်၊ Heart to Heart အစီအစဉ်တွေကို တင်ဆက်နေပါတယ်။ Love is ကတော့ ပထမ လုပ်ပေးခဲ့တယ်။ နောက်တော့ သူများတွေကို လွှဲပေးလိုက်တယ်။
မန္တလေး FM မှာ ဓမ္မပဒ ရွတ်ဖြစ်ခဲ့ပုံကရော..။
ဓမ္မပဒ ရွတ်ဖြစ်တာကတော့ ဗုဒ္ဓရဲ့ တရားတွေထဲမှာ အတိုဆုံး၊ အလွယ်ဆုံးနဲ့ အဓိပ္ပာယ်တွေကလည်း အပြည့်ပါပြီးသားဆိုတော့ သျှီကိုယ်တိုင်လည်း ကြိုက်တယ်လေ။ အဲဒါနဲ့ ဓမ္မပဒ အစီအစဉ်လေး ရှိတယ်ပြောတော့…. သျှီကိုယ်တိုင်ပဲ ကြိုးစားပြီး ရွတ်ပေးမယ်ဆိုပြီး ကိုယ်တိုင် ရွတ်ပေးတာ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ စီးပွားရေး အခြေအနေအရ ဘုရားတွေလည်း မတက်နိုင်တော့ ကိုယ်နိုင်သလောက် အနေအထားနဲ့ အကူအညီ ပေးတာပါပဲ။ ဘာပဲပြောပြော ဒါလေး နားထောင်လိုက်လို့ စိတ်ချမ်းသာရတယ် ဆိုရင်ပဲ သျှီအနေနဲ့ ကုသိုလ်ရပါပြီ။
ရော့ခ်ဂီတပေါ် ခံယူထားတဲ့ သျှီရဲ့ ခံယူချက်က..။
ရော့ခ်ဂီတက သျှီရင်ထဲမှာ အကြိုက်ဆုံး ဂီတပါ။ ဒါပေမယ့် ဂီတကိုတော့ အကုန် ကြိုက်ပါတယ်။ Music is my soul ပေါ့။ ဂီတနဲ့ ပတ်သက်ရင် အကုန်ကြိုက်တယ်။ Rap လည်း ကြိုက်တယ်။ Hip Hop ကျတော့ သိပ်နားမလည်ဘူး။ အကြိုက်ဆုံးကတော့ ရော့ခ်ပဲ။ မိန်းကလေး တစ်ယောက်အနေနဲ့ သဘာဝအရ သီချင်း အေးအေးလေးတွေ ဆိုပြီး နားထောင်တာ မိန်းကလေး သဘာဝပဲလေ။ မြန်မာအမြင် မိန်းကလေးတစ်ယောက် အနေနဲ့ မဆိုင်ဘူးလို့ ပြောရမလား။ အော်ဟစ်ပြီးဆိုရတာ ရော့ခ်ဂီတကိုး။ ဟိုတုန်းကဆိုရင် သိပ်ပြီး လက်မခံကြဘူးလေ။ ဒါပေမယ့် ထူးထူးခြားခြား အနေနဲ့ ကိုယ်ကိုယ်တိုင်က အစွမ်းအစ ဘယ်လောက်ရှိမလဲ ဆိုပြီး ကြိုးစားကြည့်တာ။ လမ်းကြောင်းတည့် အောင်မြင်သွားတာပေါ့။ ရော့ခ်ဂီတကလည်း အော်ဟစ်ပြီး အားကုန် ဆိုရတာဆိုတော့ ငယ်ငယ်တုန်းကတော့ တစ်မျိုးပေါ့။ အသက်ကြီးလာပြီး သီချင်း ဆက်ဆိုဦးမယ် ဆိုရင် ပုံစံတစ်မျိုး ပြောင်းရမှာပေါ့။
ဆံပင်ရှည်၊ တီရှပ်၊ ဂျင်းဘောင်းဘီနဲ့က သျှီရဲ့ Logo လို့ ပြောလို့ရမလား။
အင်း.. အဲဒီလိုပြောလို့ ရတာပေါ့။ သျှီက လွတ်လွတ်လပ်လပ် free style ကို ကြိုက်တယ်။ ဂျင်းဘောင်းဘီ ဝတ်တာက တကယ်တမ်းလည်း free style ကျတယ်။ မိန်းကလေးတစ်ယောက် အနေနဲ့ ဂျင်းဘောင်းဘီ ဝတ်တာက အန္တရာယ်ကင်းပြီး ပိုပြီး လုံခြုံတယ်လို့ သျှီအနေနဲ့ ထင်တယ်။ ထဘီတို့ဆိုရင် သိပ်ပြီး မလုံခြုံဘူးလို့ ခံစားရတယ်လေ။ နောက်ပြီး သျှီဆိုရတဲ့ သီချင်း ကလည်း အပြေးအလွှား တက်တက်ကြွကြွ ဆိုရတဲ့ သီချင်းမျိုး ဆိုရင်တော့ ဂျင်းဘောင်းဘီနဲ့ ပိုလိုက်တယ်လေ။ အဲဒါကြောင့် တီရှပ်နဲ့ဂျင်းကို ငယ်ငယ်ကတည်းက ဝယ်ဖြစ်နေတာပေါ့။ ဆံပင်ရှည် ကတော့ ငယ်ငယ်ကတည်းက ကြိုက်တယ်။ ငယ်ငယ်ကတည်းက ဆံပင်ရှည်ရှည်နဲ့ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် တွေ့ရင် လိုက်ကြည့်တာဆိုတော့ ဆံပင်ရှည်ကို ကြိုက်ပြီး မညှပ်ဘဲ ဒီအတိုင်း ထားထားတာ။ ပရိသတ်ကလည်း သျှီကို ဆံပင်ရှည်နဲ့ ကြိုက်တယ် ဆိုတော့ ထားဖြစ်တာပေါ့။ ဒါပေမယ့် ပရိသတ်ကို ကြိုပြောချင်တာက တစ်ချိန်ချိန်ကျရင် ဆံပင်ပုံစံ ပြောင်းရင် ပရိသတ်ကို ခွင့်လွှတ်ပါလို့ ကြိုပြောထားပါရစေ။
သျှီအနေနဲ့ အရင်တုန်းက အဆိုတော်အပြင် သရုပ်ဆောင် လုပ်ဖို့ အစီအစဉ် ရှိခဲ့ဖူးလား။
အဆိုတော် အနေနဲ့ အောင်မြင်ခါစတုန်းက ကိုသားကြီးတို့ ဦးကျော်ဟိန်းတို့က သျှီကို သရုပ်ဆောင်လုပ်ဖို့ ပြောဖူးတယ်။ ဒါရိုက်တာထဲကဆိုရင် ဦးမျိုးမင်း၊ ဦးမီးပွားတို့က သရုပ်ဆောင်ဖို့ ခဏခဏ ကမ်းလှမ်းဖူးတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာရယ်။ နောက်ပြီး သျှီဆိုတာက ဂီတဘက်မှာ ပုံစံတစ်ခုနဲ့ မြင်ပြီးသားကို ရုပ်ရှင်ထဲမှာ ကာရိုက်တာအလိုက် လိုက်ပြီး သရုပ်ဆောင်ရမှာ ဆိုတော့ တစ်မျိုးကြီး ဖြစ်မလားဆိုပြီး တွေးခဲ့ဖူးတယ်။ ဝါသနာ မပါတာတော့ မဟုတ်ဘူး။ ဝါသနာပါတယ်။ လုပ်ရင်လည်း ပီပီပြင်ပြင် လုပ်ချင်ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက မလုပ်ဖြစ်ခဲ့ဘူးပေါ့လေ။
ဒါဆိုရင် ကိုထူးအိမ်သင်ရဲ့ နောက်ဆုံး အယ်လ်ဘမ်ထဲက “ဝေဒနာ” သီချင်း သရုပ်ဆောင်ခဲ့ပုံကကော။
(ရယ်လျက်) ဟုတ်တယ်။ ပန်းချီ ကိုကိုနိုင်နဲ့တွဲပြီး သရုပ်ဆောင်ထားတာ။ နောက်ပြီး ကိုငှက် (ထူးအိမ်သင်) ဆိုတာကလည်း ကိုယ်ကိုယ်တိုင် အရမ်း တန်ဖိုးထားတဲ့ အနုပညာရှင် တစ်ယောက် ဆိုတော့ ဝင်ပြီး သရုပ်ဆောင်ဖြစ်သွားတာ။ တကယ်တမ်းသာ သျှီအနေနဲ့ အကြိုက်ဆုံးဝင်ပြီး သရုပ်ဆောင်ချင်တာက “ငါတရားစီရင်ခန်း” ကို ဝင်ပြီး သရုပ်ဆောင်ချင်တာ။ အရမ်း အဓိပ္ပာယ်လေးနက်ပြီး သီချင်းပုံစံကလည်း ကြိုက်တော့ တကယ် performance နဲ့လုပ်ရင် အရမ်းကောင်းတာ။ တကယ်တမ်း လုပ်ချင်ခဲ့တာက အဲဒီသီချင်း။ သျှီမှာလည်း စိတ်ကူးတွေ အများကြီးရှိတယ်။ အဲဒါကို ဒါရိုက်တာ လုပ်ချင်တယ်။ စိတ္တဇဆန်တဲ့ပုံစံ ပိုကြိုက်တယ်။ သို့သော် သျှီက Blue Scale လေးတွေ ဆိုခဲ့တာဆိုတော့ “ဝေဒနာ” သီချင်းကို သရုပ်ဆောင် ဖြစ်ခဲ့တာပေါ့။ အမှန်အတိုင်း ပြောရရင် မိန်းကလေးပုံစံ နွဲ့နွဲ့နှောင်းနှောင်းလေးနဲ့ သရုပ်မဆောင်ချင်ဘူး။ တခြားတော့ မဟုတ်ဘူး။ “ငါတရားစီရင်ခန်း” သီချင်းမှာ ပိုပြီး သရုပ်ဆောင်ချင်လို့။
သျှီရဲ့ အိပ်ခန်းထဲမှာရော ထူးထူးခြားခြား အနေနဲ့ ဘာတွေ ထားတာမျိုးရှိလဲ။
သျှီရဲ့ အိပ်ခန်းထဲမှာ ထူးထူးခြားခြား ထားတာမျိုးတော့ မရှိဘူး။ သာမန် အိပ်ခန်း တစ်ခုပါပဲ။ ပြတင်းပေါက်တွေနဲ့ ခုတင်တစ်လုံး နောက်ပြီး ဗီရိုတွေ၊ စားပွဲတစ်လုံး ဒါပဲရှိတယ်။ ထူးခြားတာ တစ်ခုပြောရမယ် ဆိုရင်တော့ နံရံမှာ ကပ်ထားတဲ့ ဓာတ်ပုံဘောင်လေးတွေ တစ်ခုကကျတော့ ပရိသတ်တွေသိတဲ့ မင်းပဲကောင်းတယ် ဆိုတဲ့ သျှီရဲ့ “ကယ်တင်ခြင်း” သီချင်း၊ ဆရာဝင်းမင်းထွေး ရေးတဲ့ လက်ရေးမူလေး။ သျှီဘဝရဲ့ ပထမဆုံး ခြေလှမ်းမှတ်တိုင် တစ်ခုဆိုတော့ ဒါလေးကို ဘောင်လေးတစ်ခုနဲ့ ထားတားတယ်။ ကိုယ် စိတ်ဓာတ်ကျလို့ပဲ ဖြစ်ဖြစ်၊ အစွန်းထွက်သွားလို့ပဲ ဖြစ်ဖြစ် ဒီဘောင်လေးထဲက စာသားလေးကို ပြန်ကြည့်ဖြစ်တာပေါ့။
“ကယ်တင်ခြင်း” သီချင်းဆိုတာ သျှီရဲ့ Master Piece လို့ ပြောလို့ရတယ်နော်။ အဲဒီသီချင်းကို ကျော်နိုင်မယ့် သီချင်းမျိုးရော ထပ်ပေါ်ဖို့ မရှိဘူးလား။
သျှီရဲ့ ပရိသတ်အရင်းတွေကတော့ သျှီရဲ့သီချင်း တစ်ပုဒ်မကျန် သိတယ်။ အဲဒါတောင်မှ နောက်ဆုံးလုပ်တဲ့ One Lady Show မှ သျှီအနေနဲ့ အံ့သြသွားတာက ကိုယ်ကတောင် ကိုယ့်သီချင်းကို မေ့နေတယ်။ သူတို့က စင်အောက်က လိုက်ဆိုနေကြတာလေ။ အမြဲဆိုနေကျ သီချင်းတောင် သူတို့ လိုက်ဆိုနိုင်တယ်ဆိုတော့ ဒါ ပရိသတ်အစစ်တွေ၊ အမာခံတွေပဲလေ။ ခုဟာက Master Piece လို့ ပြောရမယ်ဆိုရင်တော့ ပထမအခွေမှာ “ကယ်တင်ခြင်း”၊ ဒုတိယအခွေမှာဆိုရင် “လေညှင်းလေး” ဆိုတဲ့ သီချင်းတွေ ပိုသိခဲ့တယ်။ တတိယ အခွေမှာကျတော့ A part of my life ဆိုပြီး ဘဝမှာ ဆိုခဲ့တဲ့ အင်္ဂလိပ် သီချင်းတွေစုပြီး ထုတ်ခဲ့တယ်။ အဲဒီ အခွေတုန်းကလည်း ဟိုးတောမှာ သီချင်းဆိုတုန်းက အင်္ဂလိပ် သီချင်းခွေထဲက သီချင်းကို တောင်းတော့ အရမ်းအံ့သြပြီး ပျော်ခဲ့ရဖူးတယ်။ နောက်တစ်ခါ “လိုချင်သောကမ္ဘာ” မှာဆိုရင် “မာစီးဒီး” သီချင်းဆိုရင် vocal only နဲ့စပြီး ဆိုရတာဆိုတော့ ထူးခြားခဲ့တယ်။ အဲဒီသီချင်းတွေက ပိုပြီး ပရိသတ်အတွက် အမှတ်တရ ဖြစ်ခဲ့တယ်။ နောက်တစ်ခု ရယ်ရတာက “ဆူးလေး” သီချင်း၊ အမှန်တော့ ကိုညီထွဋ်စဆိုခဲ့တာ၊ နောက်မှာ သျှီက ဒဏ္ဏာရီထဲမှာ စဆိုခဲ့တယ်။ အဲဒီတုန်းက ကယ်တင်ခြင်း ပိုပေါက်တယ်။ Live show ခေတ်မှာကျတော့ ဆူးလေးသီချင်းကို ထုတ်လုပ်သူက ပြန်ဆိုခိုင်းတော့ ပြန်ဆိုလိုက်တော့ အဲဒီသီချင်းက ပေါက်သွားရော။ အဲဒီတုန်းက သူတို့က မှားရေးလိုက်တာ။ အမှန်က တေးရေး ဝင်းမင်းထွေး၊ အဲဒီနေရာမှာ တေးရေး၊ တေးဆို သျှီဆိုပြီး ဖြစ်သွားတာ။ အဲဒါကို မသိတဲ့ ပရိသတ်က သျှီရေးပြီးဆိုတာ အရမ်းကောင်းတယ်လို့ လာပြောကြတာကို မနည်း ရှင်းယူရတယ်လေ။
Remark: 8 DAYS Cover အတွက် ထူးခြားသွားအောင်လို့ Black & White ကိုပဲ ရွေးဝတ်ပြီး ရိုက်ခဲ့တာ။ လောကမှာ ဆန့်ကျင်ဘက်ဆိုတာ ရှိရတာပဲလေ။ မိန်းမတစ်ယောက်က ယောက်ျားလေးလို နေလို့ မရဘူးလား။ ယောက်ျားလေး တစ်ယောက်ကရော မိန်းမတစ်ယောက်လို နူးညံ့လို့ မရဘူးလား၊ ရမှာပဲလေ။ လောကကြီးက ဆန့်ကျင်ဘက်တွေနဲ့ ဖွဲ့စည်းထားတာပဲလေ။

Credit - 8 Days Journal
October 17, 2012
Admin - \J/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။