Golden Land Myanmar
သဉ္ဇာနွယ်ဝင်းကို ပရိသတ်က ဒီလိုမေးတယ်
8 Days ဂျာနယ်မှာ ပရိသတ်မှ အမေး အနုပညာရှင် မှ အဖြေ ဆိုတဲ့ ပြည်သူ ချစ်တဲ့ အနုပညာ ရှင်တွေ ရဲ့ အကြောင်း ကို သူတို့ကို ချစ်တဲ့ ပရိသတ် က 8 Days မှ တစ်ဆင့် အနုပညာ ရှင် ထံ သွားရောက် မေးမြန်း ပြီး သိလိုသမျှ ဖော်ပြပေး လိုက်ပါတယ်။ “မင်္ဂလာ ပါ ခင်ဗျာ.. ကျွန်တော့် နာမည် ကတော့ ခွန်အောင်ဌေး ပါ ခင်ဗျာ။ ကျွန်တော် သိချင်တဲ့ သဉ္ဇာနွယ်ဝင်း ရဲ့အကြောင်း လေး တွေ ကို 8 Days ဂျာနယ် မှ တစ်...ဆင့် မေးပေး ပါ ခင်ဗျာ”
Q. သဉ္ဇာနွယ်ဝင်း ရဲ့ ဇာတိ ကို သိချင်ပါတယ်။
A. တောင်ကြီးမြို့ ဇာတိပါ။
Q. သဉ္ဇာနွယ်ဝင်း အခု လက် ရှိနေတဲ့ နေရပ် လိပ်စာ ကို သိချင်ပါ တယ်။
A. အမှတ် 20B၊ ၃ဝ၂၊ စမ်း ချောင်း မြို့နယ်၊ ရန်ကုန် မြို့ပါ။
Q. သဉ္ဇာနွယ်ဝင်း က မာန ကြီးတတ် လား ခင်ဗျာ။ ပရိသတ် တွေ နဲ့ တွေ့ရင် ဘယ်လို တုံ့ပြန် မှာလဲ။
A. မာန မကြီး တတ် ပါဘူး။ ပရိ သတ် တွေ နဲ့တွေ့ရင် ခင်မင် ရင်းနှီး စွာ နဲ့ ပြောဆို တတ်ပြီး ဓာတ်ပုံ တွေ လည်းရိုက်၊ ဓာတ်ပုံ တွေလည်း ပေး တတ်တာ ပရိသတ် အသိပါ။
Q. သဉ္ဇာနွယ်ဝင်း မှာ မောင် နှမတွေ ဘယ် နှစ်ယောက်ရှိလဲ။
A. မောင်နှမ ငါးယောက် ရှိပါ တယ်။
Q. သဉ္ဇာနွယ်ဝင်း သရုပ်ဆောင် တာ အရမ်းကောင်း ပါတယ်။ ဆက် ပြီး ကြိုးစား ပါနော်။ အားပေးနေမှာ။
A. ကျေးဇူးတင်ပါတယ်။ သ ရုပ်ဆောင် တဲ့ ဘက်မှာ လည်း အကောင်း ဆုံး ဖြစ်အောင် ကြိုးစား နေပါတယ်။
Q. သဉ္ဇာနွယ်ဝင်း ကျွန်တော့် ကို ဓာတ်ပုံ ပို့ပေး ပါနော်။
A. အပြင်မှာ တွေ့ရင်လည်း နှုတ်ဆက် နိုင်ပါတယ်။ ဓာတ်ပုံ ပို့ပေး ဖို့ အတွက် လိပ်စာ နဲ့၊ နာမည် မှတ် ထားပါတယ်။ ပို့ပေး လိုက်ပါ့မယ် နော်။
Q. သဉ္ဇာနွယ်ဝင်း က ဘာလူ မျိုးလဲ။
A. ဖေဖေက တရုတ် လူမျိုး၊ မေမေ က အင်းသူ စစ်စစ်ပေါ့။ ဒါ ကြောင့် ညီမက အင်း တရုတ် လူမျိုး ပါ။
Q. သဉ္ဇာနွယ်ဝင်း အနုပညာ နဲ့ ပတ်သက် ပြီး ဘာတွေ လုပ်နေလဲ။ နောက်ပြီး ဘာ ဇာတ်ကား တွေ ရိုက် နေလဲ။
A. ကိုမြင့်မြတ် နဲ့ ဇာတ်ကား နှစ်ကား ရိုက်ဖို့ လက်ခံ ထားတယ်။ ပြီးရင် တော့ ဟိန်းဝေယံ နဲ့ ရိုက်ဖို့ လက်ခံထားပါတယ်။
Q. သဉ္ဇာနွယ်ဝင်း တစ်ယောက် အောင်မြင် ကျော်ကြား လူကြိုက် များတဲ့ အနုပညာ ရှင် တစ်ယောက် ဖြစ်ပါစေ လို့ ကျွန်တော် ဆုတောင်း ပေးလိုက် ပါတယ် နော်။
A. ပေးတဲ့ ဆုနဲ့  ပြည့်ပါစေ။
8 Days

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။