YoYarLay
အမှား ၄၅ခုပါ၍ ဖာဂူဆန်၏အထ္ထုပ္ပတ္တိ စာအုပ်ထုတ်ဝေသူ စာဖတ်ပရိသတ်များအား စာအုပ်ဖိုး ပြန်ပေးမည်
မန်ယူ ဂန္တ၀င်နည်းပြဟောင်း ဖာဂူဆန်၏ အထ္ထုပ္ပတ္တိစာအုပ်ကို ထုတ်ဝေသည့် Hodder and Stoughton ကုမ္ပဏီမှာ ၎င်းတို့၏ အမှားအယွင်းများကြောင့် စာအုပ်တန်ကြေး ပြန်လည်ပေးချေ
သွားမည်ဖြစ်ကြောင်း သိရသည်။ ဖာဂူဆန်၏ အထ္ထုပ္ပတ္တိစာအုပ်မှာ စတင်ရောင်းချသည့် အချိန်မှစ၍ တစ်ပတ်အတွင်း ၁၁၅၅၄၇အုပ် ရောင်းချခဲ့ရပြီး ၀တ္တုမဟုတ်သည့် စာအုပ်အမျိုး
အစားအနက...် ရောင်းအားအသွက်ဆုံး စာအုပ်အဖြစ် စံချိန်တင်ခဲ့သည်။

သို့သော် အဆိုပါစာအုပ်တွင် အမှားအယွင်း(၄၅)ခုအထိ ပါဝင်နေပြီး မန်ယူတွင် ရွိုင်ကိန်း ကစားခဲ့သည့် နှစ်ကာလ၊ မန်ယူအတွက် ရွိုင်ယန်ဂစ် ပွဲထွက်ကစားခဲ့စဉ်က အသက်အရွယ်နှင့် ဖာဂူဆန် နှလုံးခုန်စက်ထည့်သွင်းရသည့် ရက်စွဲများအား လွဲမှားရေးသားထားခြင်းအတွက် စာဖတ်ပရိသတ်များက အလွန်အမင်း ဒေါသထွက်နေကြသည်။ ယင်းအတွက်ကြောင့် Hodder and Stoughton ကုမ္ပဏီမှ စာဖတ်သူများအား ၀ယ်ယူသည့်ဆိုင်၊ ၀ယ်ယူခဲ့သည့်ဈေးနှုန်းတို့ ထည့်သွင်းဖော်ပြပြီး စာအုပ်ပြန်လည်ပေးပို့ပါက စာအုပ်တန်ကြေး ပြန်ပေးမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
http://yoyarlay.com/sport/football/38770-2013-11-18-18-02-39
ဇော်ထွန်း(ရိုးရာလေး)
http://yoyarlay.com/sport/football/38770-2013-11-18-18-02-39
ဇော်ထွန်း(ရိုးရာလေး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။