=== ကျနော်တို့ ဘယ်လောက် ကံကောင်း လိုက်ပါသလဲ ===
(How lucky we are...)
သင့်မှာ ရေခဲသေတ္တာထဲမှာ စားစရာရှိနေတယ်
ခါးကိုအလှဆင်ဖို့ရာ အဝတ်အစားတွေရှိနေတယ်
သင့်ခေါင်းပေါ်မှာခေါင်မိုးတစ်ခုရယ်...
နောက်ကျောခင်းအိပ်စရာ နေရာတစ်ခုရှိနေတယ်ဆိုရင်
သင်ဟာ ကမ္ဘာမှာရှိတဲ့ ၇၅ ရာခိုင်နှုန်းသော
လူတွေထက်ပိုမိုချမ်းသာပါတယ်။
(If you have food in your fridge, clothes on your back,
a roof over your head and a place to sleep
you are richer than 75% of the world.)
သင်ဟာဘဏ်ထဲမှာရော သင့်ပိုက်ဆံအိတ်ထဲမှာရော
နောက်ပြီး အလွယ်သုံးစရာ အကြွေငွေစလေးတွေရှိနေရင်
သင်ဟာ ကမ္ဘာမှာ ၈ ရာခိုင်နှုန်းသာလျှင်ရှိတဲ့
ချမ်းသာသူစာရင်းဝင်ဖြစ်နေပါပြီ။
(If you have money in the bank, your wallet,
and some spare change
you are among the top 8% of the world's wealthy.)
သင်ဟာ ဒီကနေ့မနက်မှာ နေမကောင်း ဖျားနာ ဘာမှမဖြစ်ဘဲ
အိပ်ရာက ကျန်းမာစွာ နိုးထလာတယ်ဆိုရင်တော့
ဒီတစ်ပတ်အတွင်းကမ္ဘာမှာ အသက်မရှင်နိုင်တော့တဲ့
သန်းနဲ့ချီတဲ့လူတွေထက် ပိုကံကောင်းပါတယ်။
(If you wake up this morning with health than illness
you are more blessed than the million people
who will not survive this week.)
သင်ဟာ စစ်ပွဲနွဲခဲ့ရတဲ့ အန္တရာယ်နဲ့မကြုံခဲ့ရဘူး
ထောင်အကျဉ်းချနှိပ်စက်ခံရတဲ့ဘဝနဲ့ ကင်းဝေးခဲ့ရင်
ဆိုးဆိုးဝါးဝါးဆာလောင်ငတ်ပြတ်မှုတွေကလွတ်ကင်းခဲ့ရင်
အဲဒါတွေကိုခံစားအသက်ရှင်နေရှာတဲ့
ကမ္ဘာ့ လူဦးရေ သန်း၅၀၀ ထက် သင်ဟာ ပိုကံကောင်းပါတယ်။
(If you have never experienced the danger of battle,
the agony of imprisonment or torture,
or the horrible pangs of starvation
you are luckier than 500 million people alive and suffering.)
အကယ်၍ သင်ဟာ ဒီကိုဖတ်နိုင်တယ်ဆိုရင်တော့
ကမ္ဘာမှာ စာဖတ်နိုင်စွမ်းမရှိရှာတဲ့ လူဦးရေ
သန်းပေါင်း ၃၀၀၀ ထက် သင်ဟာပိုပြီးကံကောင်းလှပါတယ်။
(If you can read this message,
you are more fortunate than 3 billion people in the world
who cannot read it at all.)
သင်ဟာ ဒီစာကိုဖတ်မိပြီး သင့်ရဲ့ မိတ်ဆွေတွေကို
ဝေမျှပြီး သင့်လိုပဲ သူတို့ ကံကောင်းကြောင်းကို
ဝမ်းမြောက်စွာ သိကြပါစေ . . . ။
(Be the first lucky persons and
SHARE this with your family & friends.)
post by နှင်းဆီဖူးလေးများ-Love BUDS

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။